< 1 Madzimambo 8 >

1 Ipapo Soromoni akaunganidza pamberi pake vakuru veIsraeri navatungamiri vamarudzi muJerusarema namadzishe emhuri dzavaIsraeri, kuti vauyise areka yesungano yaJehovha kubva kuZioni, Guta raDhavhidhi.
ထိုအခါ ထာဝရဘုရား၏ ပဋိညာဉ်သည် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့ လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီး အသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရု ရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊
2 Vanhu vose veIsraeri vakaungana pana Mambo Soromoni panguva yomutambo mumwedzi waEtanimi, unova mwedzi wechinomwe.
ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည် ရှိသော သတ္တမလ၌လုပ်သောပွဲအတွင်းတွင် ရှောလမုန် မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။
3 Vakuru vose veIsraeri vakati vasvika, vaprista vakatakura areka,
ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်း တို့သည်လာ၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရ ဘုရား၏ သေတ္တာတော်ကို ထမ်းလျက်၊
4 uye vakauyisa areka yaJehovha, neTende Rokusangana nemidziyo yose yakatsaurwa yaiva mairi. Vaprista navaRevhi vakazvitakura,
ပရိသတ်စည်းဝေးရာ တဲတော်၊ တဲတော်နှင့် ဆိုင်၍ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရော ဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
5 uye Mambo Soromoni neungano yose yeIsraeri yakanga yaungana paari, vakanga vanaye pamberi peareka, vachibayira makwai nehando zvakawanda zvokuti zvakanga zvisingagoni kuverengwa nokuwanda kwazvo.
ရှောလမုန်မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့ မှာ ယဇ်ပူဇော်ကြ၏။
6 Ipapo vaprista vakatakura areka yesungano yaJehovha vakaenda nayo kunzvimbo yayo munzvimbo tsvene yomukati metemberi, muNzvimbo Tsvene-tsvene, vakaigadzika pasi pamapapiro amakerubhi.
ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။
7 Makerubhi akatambanudza mapapiro awo pamusoro penzvimbo yeareka uye akafukidza areka namatanda ayo okutakurisa.
ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ၏။
8 Matanda aya akanga akareba zvokuti miromo yawo yaionekwa munhu ari paNzvimbo Tsvene pamberi penzvimbo tsvene yomukati, asi kwete munhu ari kunze kweNzvimbo Tsvene; uye achiripo nanhasi.
ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာန တော်၌သာထင်၍ ယနေ့တိုင်အောင် ရှိကြ၏။
9 Muareka makanga musina chinhu kunze kwamahwendefa maviri amabwe ayo akanga aiswamo naMozisi paHorebhi, Jehovha paakaita sungano navaIsraeri mushure mokunge vabuda muIjipiti.
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ ၌ အဘယ်အရာမျှမရှိ။
10 Vaprista vakati vabuda paNzvimbo Tsvene, gore rakazadza temberi yaJehovha.
၁၀ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
11 Uye vaprista vakatadza kuita shumiro yavo nokuda kwegore, nokuti kubwinya kwaJehovha kwakazadza temberi yaJehovha.
၁၁ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။
12 Ipapo Soromoni akati, “Jehovha ati anoda kugara mukati merima guru;
၁၂ရှောလမုန်ကလည်း၊ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကား တော်ရှိ၏။
13 zvirokwazvo ndakuvakirai temberi yakanakisisa, nzvimbo yamungagara nokusingaperi.”
၁၃အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာ အိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ် တည်ဆောက်ပါပြီဟု မြွက်ဆို၏။
14 Ungano yose yaIsraeri imire ipapo, mambo akatendeukira kwavari akavaropafadza.
၁၄တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုး ပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တပ် နေကြ၏။
15 Zvino akati: “Ngaarumbidzwe Jehovha, Mwari waIsraeri, uyo ashandisa ruoko rwake kuzadzisa zvaakavimbisa nomuromo wake kuna baba vangu Dhavhidhi.
၁၅ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊
16 Nokuti akati, ‘Kubvira pazuva randakabudisa vanhu vangu Israeri kubva muIjipiti, handina kusarudza guta rorudzi rupi rweIsraeri kuti ndivake temberi, kuti Zita rangu rive ipapo, asi ndakasarudza Dhavhidhi kuti atonge vanhu vangu Israeri.’
၁၆ငါ၏ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင်များတို့တွင် မြို့တစုံ တမြို့ကို ငါမရွေးသေးသော်လည်း၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ၊ ဒါဝိဒ်ကို ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
17 “Baba vangu Dhavhidhi, mumwoyo mavo vaida kuvakira Zita raJehovha, Mwari weIsraeri, temberi.
၁၇ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊
18 Asi Jehovha akati kuna baba vangu Dhavhidhi, ‘Nokuti zvakanga zviri mumwoyo mako kuti uvakire Zita rangu temberi, wakaita zvakanaka kuva naizvozvo mumwoyo mako.
၁၈ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်တော်တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ။
19 Kunyange zvakadaro, iwe hausi kuzovaka temberi iyi, asi mwanakomana wako, wauchabereka ndiye achavakira Zita rangu temberi.’
၁၉သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။
20 “Jehovha achengeta chivimbiso chaakaita: ini ndatevera panzvimbo yababa vangu Dhavhidhi, uye zvino ndigere pachigaro chokutonga chaIsraeri, sokuvimbisa kwakaita Jehovha, uye ndavakira Zita raJehovha, Mwari weIsraeri, temberi.
၂၀ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိပ် အရာကိုခံရ၍၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့အိမ်တော်ကို တည်ဆောက်လေပြီ။
21 Imomo ndakagadzira nzvimbo yeareka, iyo ine sungano yaJehovha yaakaita namadzibaba edu paakavabudisa kubva muIjipiti.”
၂၁ငါတို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ၊ ထာဝရ ဘုရားနှုတ်ဆောင်သောအခါ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာ အရပ်ကို ထိုအိမ်တော်၌ လုပ်လေပြီဟု မြွက်ဆို၏။
22 Ipapo Soromoni akamira pamberi pearitari yaJehovha pamberi peungano yose yaIsraeri, akatambanudza maoko ake kudenga,
၂၂တဖန်ရှောလမုန်သည် ထာဝရဘုရား၏ ယဇ် ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာ နေ၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက်၊
23 akati, “Jehovha, Mwari weIsraeri, hakuna mumwe Mwari akaita semi kumusoro kudenga kana pasi panyika, imi munochengeta sungano yorudo yavaranda venyu vanofamba pamberi penyu nomwoyo wavo wose.
၂၃အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ အထက်ကောင်းကင်ဘုံနှင့်အောက်အရပ်မြေကြီး ပေါ်မှာ ကိုယ်တော်နှင့်တူသော ဘုရားတဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။
24 Makachengeta chivimbiso chenyu kumuranda wenyu Dhavhidhi baba vangu; makavimbisa nomuromo wenyu uye mazvizadzisa noruoko rwenyu sezvazviri nhasi.
၂၄အကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိ တော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ။
25 “Zvino Jehovha, Mwari waIsraeri, chengeterai muranda wenyu Dhavhidhi baba vangu, zvivimbiso zvamakamuitira pamakati, ‘Pamberi pangu hapangazoshayikwi munhu anokutevera pachigaro choushe cheIsraeri, kana vana vako vakachenjera pane zvose zvavanoita, vakafamba pamberi pangu sezvawakaita iwe.’
၂၅အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်က၊ သင်သည် ငါ့ရှေ့မှာကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှါ၊ မိမိတို့ သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသ ရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏ အမျိုးမင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော် မူပါ။
26 Naizvozvo zvino, haiwa Mwari waIsraeri, ndinokumbira kuti shoko renyu ramakavimbisa kumuranda wenyu Dhavhidhi baba vangu riitike.
၂၆အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။
27 “Chingava chokwadi here kuti Mwari angagara panyika? Tarirai, matenga kana nokudengadenga hazvingagoni kukukwanai. Ko, kuzoti temberi iyi yandakuvakirai!
၂၇သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း။
28 Kunyange zvakadaro, teererai munyengetero womuranda wenyu nokukumbira kwake, haiwa Jehovha Mwari wangu. Inzwai kudanidzira nomunyengetero uri kuitwa nomuranda wenyu pamberi penyu nhasi.
၂၈သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။
29 Meso enyu ngaarambe akatarisa temberi iyi usiku namasikati, nzvimbo iyi yamakataura muchiti, ‘Zita rangu richavapo,’ kuti muzonzwa munyengetero unonamatwa nomuranda wenyu akatarisa kunzvimbo ino.
၂၉ဤမည်သော အရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ် တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင် တော်မူပါ။
30 Inzwai kukumbira kwomuranda wenyu, nokwavanhu venyu Israeri pavanozonamata vakatarisa kunzvimbo ino. Inzwai muri kudenga kwamunogara, uye kana manzwa mugoregerera.
၃၀ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
31 “Kana munhu achinge atadzira muvakidzani wake, akanzi apike mhiko uye akauya akapika mhiko pamberi pearitari yenyu mutemberi ino,
၃၁လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊
32 ipapo inzwai muri kudenga uye muwane zvamunoita. Tongai pakati pavaranda venyu, mupe mhosva kumutadzi nokuisa pamusoro wake iye zvaanenge aita. Mururamisire akarurama nokumupa zvakafanira kururama kwake.
၃၂ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
33 “Kana vanhu venyu Israeri vachinge vakundwa navavengi vavo, nokuti vakutadzirai, uye vakadzokazve kwamuri, vakapupura zita renyu, vakanamata nokukumbira kwamuri mutemberi, ino,
၃၃ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍၊ နာမတော် ကိုဝန်ခံလျက်၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင်၊
34 ipapo inzwai muri kudenga mugoregerera chivi chavanhu venyu Israeri, uye mugovadzosera kunyika yamakapa madzibaba avo.
၃၄ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။
35 “Kana denga richinge razarirwa mvura ikasanaya nokuti vanhu venyu vakutadzirai, pavanonamata vakatarisa kunzvimbo ino, uye vakapupura zita renyu, vakatendeuka kubva kuchivi chavo nokuti mavaranga,
၃၅ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော် မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊
36 ipapo inzwai muri kudenga uye mugoregerera chivi chavaranda venyu, vanhu venyu Israeri. Vadzidzisei nzira yakanaka yavanofanira kurarama nayo, uye nayisai mvura panyika yamakapa vanhu venyu kuti ive nhaka yavo.
၃၆ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ။
37 “Kana nzara kana denda zvikauya panyika, kana nyunje, kana muhuvhe, mhashu, kana ndongwe kana muvengi wavo akavakomba mune ripi zvaro ramaguta avo, zvisinei kuti inyatwa ipi kana kuti idenda ripi rauya,
၃၇ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ်၊ အနာရောဂါတစုံတခု ရောက်သောအခါ၊
38 uye, kana munyengetero kana chikumbiro chaitwa naani zvake wavanhu venyu Israeri, mumwe nomumwe achiziva zvinomutambudza mumwoyo make, akatambanudzira maoko ake kutemberi ino,
၃၈ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊
39 ipapo inzwai muri kudenga kwamunogara. Regererai mugowana zvamunoita; mugoitira mumwe nomumwe maererano nazvose zvaanoita, sezvo muchiziva mwoyo wake (nokuti imi chete ndimi munoziva zviri mumwoyo momunhu wose),
၃၉ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။
40 kuti vakutyei mazuva ose avanorarama panyika yamakapa madzibaba edu.
၄၀ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံးကိုယ်တော် ကို ကြောက်ရွံပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ်၍၊ ဆုတောင်းသော သူတို့၏ စိတ်နှလုံး သဘောကိုသိလျက်၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ။
41 “Zvino kana ari mutorwa, asiri wavanhu venyu Israeri asi anouya achibva kunyika iri kure nokuda kwezita renyu,
၄၁ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊
42 nokuti vanhu vachanzwa nezvezita renyu guru, ruoko rwenyu rune simba noruoko rwenyu rwakatambanudzwa, paanouya akanyengetera akatarisa kutemberi ino,
၄၂
43 ipapo inzwai muri kudenga kwamunogara, uye mugoita chinhu chipi nechipi chinokumbirwa kwamuri nomutorwa uyu, kuti marudzi ose enyika azive zita renyu uye agokutyai, sezvinoitwa navanhu venyu Israeri, uye kuti vazive kuti imba ino yandavaka ine Zita renyu.
၄၃ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။
44 “Kana vanhu venyu vakaenda kundorwa navavengi vavo, kwose kwamunovatuma, uye pavanonyengetera kuna Jehovha vakatarisa kuguta ramakasarudza netemberi yandavakira Zita renyu,
၄၄ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအား ဆုတောင်းကြလျှင်၊
45 ipapo muri kudenga, inzwai munyengetero wavo nechikumbiro chavo, uye mugovabatsira pane zvavanorwira.
၄၅သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော် မူပါ။
46 “Kana vakakutadzirai, nokuti hakuna munhu asingatadzi, imi mukavatsamwira, mukavaisa mumaoko omuvengi, uye akavaita nhapwa munyika yake, kure kana pedyo;
၄၆မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊
47 uye kana vakapinduka pamwoyo munyika umo mavari nhapwa, uye vakatendeuka nokudemba kwamuri munyika yavatapi vavo, vakati, ‘Takaita, zvakaipa zvisakarurama;’
၄၇ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုး ညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊
48 uye kana vakadzokera kwamuri nomwoyo nomweya wavo wose munyika yavavengi vavo avo vakavatapa vakanyengetera kwamuri vakatarisa kunyika yamakapa madzibaba avo, vakatarisa kuguta ramakasarudza netemberi yandavakira Zita renyu;
၄၈သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆိုတောင်းလျှင်၎င်း၊
49 ipapo, muri kudenga, kwamunogara, inzwai munyengetero wavo nechikumbiro chavo, uye mugovabatsira pane zvavanorwira.
၄၉သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။
50 Muregerere vanhu venyu, vakakutadzirai; muvaregerere pamhosva dzose dzavakapara kwamuri, mugoita kuti vakavatapa vavanzwire tsitsi;
၅၀ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှား သော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသော သူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာ စိတ်သဘောကို ပေးတော်မူပါ။
51 nokuti vanhu venyu nenhaka yenyu vamakabudisa kubva muIjipiti, vira romoto.
၅၁အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။
52 “Meso enyu ngaaone chikumbiro chomuranda wenyu nechikumbiro chavanhu venyu Israeri, uye muteerere kwavari nguva dzose pavanochema kwamuri.
၅၂ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကား အလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ။
53 Nokuti makavasarudza pamarudzi ose enyika kuti vave nhaka yenyu, sezvamakataura nokumuranda wenyu Mozisi, imi Jehovha Mwari, pamakabudisa madzibaba edu kubva muIjipiti.”
၅၃အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေ ခြင်းငှါ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူ ပြီအရှင် ထာဝရဘုရားဟု ပဌနာပြုလေ၏။
54 Zvino Soromoni akati apedza munyengetero uyu wose nokukumbira uku kuna Jehovha, akasimuka achibva pamberi pearitari yaJehovha, paakanga akapfugama namabvi ake, maoko ake akatambanudzirwa kudenga.
၅၄ထိုသို့ရှောလမုန်သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းပဌနာပြု၍ ပြီးသောအခါ၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ၍၊
55 Akamira akaropafadza ungano yose yeIsraeri nenzwi guru akati:
၅၅မတ်တတ်နေပြီးလျှင်၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသော စကားဟူမူကား၊
56 “Jehovha ngaarumbidzwe, iye akapa zororo kuvanhu vake Israeri sezvaakavimbisa chaizvoizvo. Hapana kana shoko rimwe chete risina kuitika pazvivimbiso zvose zvakanaka zvaakapa nokumuranda wake Mozisi.
၅၆ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက်၊
57 Jehovha Mwari wedu ngaave nesu sezvaaiva namadzibaba edu; ngaarege kuzotisiya kana kutirasa.
၅၇ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။
58 Ngaaite kuti mwoyo yedu yose ive yake, kuti tifambe munzira dzake dzose tichichengeta mirayiro, mitemo nezvaakareva izvo zvaakapa madzibaba edu.
၅၈လမ်းတော်တို့သို့ လိုက်စေခြင်းငှါ၎င်း၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို စောင့်ရှောက်စေခြင်းငှါ၎င်း၊ ငါတို့စိတ်နှလုံးကို အထံတော်သို့ သွေးဆောင်တော်မူပါစေသော။
59 Zvino mashoko angu aya, andanyengetera pamberi paJehovha, ngaave pedyo naJehovha Mwari wedu masikati nousiku, kuti asimudzire zvinorwirwa nomuranda wake nezvinorwirwa navanhu vake Israeri nezvinenge zvichidiwa zuva nezuva,
၅၉ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသော ဘုရားသခင်မရှိ ကြောင်းကို၎င်း၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိ ကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့၏အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော်၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော်၌ ရှိပါ စေသော။
60 kuti vanhu vose vapanyika vazive kuti Jehovha ndiMwari, uye kuti hakuna mumwe.
၆၀
61 Asi mwoyo yenyu inofanira kuva yakapiwa zvachose kuna Jehovha Mwari wedu, kuti murarame nemitemo yake uye muteerere mirayiro yake sezvamuri kuita iye zvino.”
၆၁သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ၊ အထံတော်၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ၏။
62 Zvino mambo navaIsraeri vose vakabayira zvibayiro pamberi paJehovha.
၆၂ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသ ရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ယဇ်ပူဇော်ကြ၏။
63 Soromoni akabayira chibayiro chezvipiriso zvokuwadzana kuna Jehovha; zviuru makumi maviri nezviviri zvemombe nezviuru zana namakumi maviri zvamakwai nembudzi. Saizvozvo mambo navaIsraeri vose vakakumikidza temberi yaJehovha.
၆၃နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယ ယဇ် ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနု မောဒနာပြုကြ၏။
64 Musi iwoyo mambo akakumikidza chikamu chapakati chechivanze chaiva pamberi petemberi yaJehovha, uye ndipo paakabayira zvipiriso zvinopiswa, zvipiriso zvezviyo, namafuta ezvipiriso zvokuwadzana nokuti aritari yendarira yaiva pamberi paJehovha yakanga yakanyanya kuita duku kuti ikwane zvipiriso zvinopiswa, zvipiriso zvezviyo, namafuta ezvipiriso zvokuwadzana.
၆၄ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက်။
65 Saka Soromoni akaita mutambo uyu panguva iyoyo, neIsraeri yose pamwe chete naye, ungano huru kwazvo, vanhu vachibva kuRebho Hamati vachisvika kuWadhi yeIjipiti. Vakaupemberera pamberi paJehovha Mwari wedu kwamazuva manomwe namamwe manomwe pamusoro, mazuva gumi namana pamwe chete.
၆၅ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ၊ ငါတို့ဘုရား သခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်နှစ်လီ၊ တဆယ် လေးရက်ပတ်လုံး ပွဲခံတော်မူ၏။
66 Pazuva rakatevera akaita kuti vanhu vaende. Vanhu vakaropafadza mambo vakaenda kumisha yavo vane rufaro mumwoyo mavo nokuda kwezvinhu zvakanaka zvose Jehovha zvaakanga aitira muranda wake Dhavhidhi navanhu vake Israeri.
၆၆ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းကြီး ပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူး တော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။

< 1 Madzimambo 8 >