< 1 Makoronike 21 >

1 Satani akamukira Israeri akakurudzira Dhavhidhi kuti averenge vaIsraeri.
နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။
2 Saka Dhavhidhi akati kuna Joabhu navatungamiri vamapoka avarwi, “Endai mundoverenga vaIsraeri vose kubva kuBheerishebha kusvikira kuDhani. Uye mugozondiudza kuitira kuti ndizive kuti vangani variko.”
ဒါဝိဒ်ကလည်း၊လူပေါင်းမည်မျှ ရှိသည်ကို ငါသိ မည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလအမျိုးသားတို့ ကိုရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့ သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အား မိန့်တော်မူ၏။
3 Asi Joabhu akapindura akati, “Jehovha ngavawedzere uwandu hwavarwi vake kakapetwa kazana. Ishe wangu mambo, ava vose havasi pasi petsoka dzenyu here? Seiko ishe wangu muchida kuita izvi? Sei muchida kuuyisa mhosva kuna Israeri?”
ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အဆတရာ တိုးပွါးစေခြင်းငှါ ပြုတော်မူပါစေ သော။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလလူအပေါင်း တို့သည် သခင်၏ကျွန်ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ် ၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလအမျိုး ပြစ်မှားစရာ အကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ၏။
4 Zvisinei, shoko ramambo rakakunda raJoabhu, saka Joabhu akabvapo akaenda muIsraeri yose uye akadzokera kuJerusarema.
သို့သော်လည်း အမိန့်တော်သည် ယွာဘစကား ကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလပြည် တရှောက်လုံးသို့ သွားပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်လာ၏။
5 Joabhu akataurira Dhavhidhi uwandu hwavarwi achiti muIsraeri yose maiva navanhu vaigona kubata munondo vaisvika miriyoni nezana rezviuru zvavarume, vachisanganisira zviuru mazana mana nemakumi manomwe muJudha.
လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက်၍၊ ဣသ ရေလအမျိုး၌ ထားကိုင်သူရဲတသန်းနှင့် တသိန်း၊ ယုဒ အမျိုး၌ ထားကိုင်သူရဲလေးသိန်းနှင့် ခုနစ်သောင်းရှိ၏။
6 Asi Joabhu haana kusanganisira Revhi naBhenjamini mukuverenga uku, nokuti kurayira kwamambo kwakanga kwakaipa kwazvo kwaari.
သို့ရာတွင် ယွာဘသည် အမိန့်တော်ကို ရွံ့သော ကြောင့်၊ လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို အခြားသော အမျိုးထဲသို့သွင်း၍ မရေတွက်။
7 Kurayira uku kwakanga kwakaipawo pamberi paMwari, saka akaranga Israeri.
ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့်၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော် မူမည်ဖြစ်၍၊
8 Ipapo Dhavhidhi akati kuna Mwari, “Ndakatadza zvikuru pandakaita chinhu ichi. Zvino ndinokumbirawo kuti mubvise kuipa kwomuranda wenyu. Ndakaita sebenzi kwazvo.”
ဒါဝိဒ်က၊ အကျွန်ုပ်ပြုမိသော အမှု၌အလွန် ပြစ်မှားပါပြီ။ ကိုယ်တော်ကျွန်၏ အပြစ်ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သော အမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ၏။
9 Jehovha akati kuna Gadhi muoni waDhavhidhi,
ထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဂဒ်ကို ခေါ်၍၊
10 “Enda undotaurira Dhavhidhi kuti, ‘Zvanzi naJehovha: Ndinokupa zvinhu zvitatu zvokusarudza. Zvisarudzire chaunoda kuti ndikuitire ndichikuranga.’”
၁၀ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကို သင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးလော့ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
11 Saka Gadhi akaenda kuna Dhavhidhi akati kwaari, “Zvanzi naJehovha: ‘Sarudza pakati peizvi:
၁၁ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊
12 Makore matatu enzara, mwedzi mitatu yokutsvairwa pamberi pavavengi vako, minondo yavo ichikuparadzai, kana kuti mazuva matatu omunondo waJehovha, mazuva edenda munyika mutumwa waJehovha achiparadza panyika yose yaIsraeri.’ Zvino saka zvisarudzirei kuti ndinganopindura sei uyo akandituma.”
၁၂သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသော ဘေး၊ သုံးလပတ်လုံး သင့်ကို ရန်သူလိုက်မှီ၍ ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော် ၌ ကာလနာတည်းဟူသောထာဝရဘုရား၏ ထားတော် ကို၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ကိုင်၍ ဣသရေလပြည် တရှောက်လုံးကို ဖျက်ဆီးသော ဘေးတို့တွင် တပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည် ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
13 Dhavhidhi akati kuna Gadhi, “Ndiri mukutambudzika kukuru kwazvo. Rega hako ndiwire mumaoko aJehovha nokuti tsitsi dzake dzakakura kwazvo, asi musandirega ndichiwira mumaoko avanhu.”
၁၃ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟုဂဒ်အားပြန်ပြော၏။
14 Saka Jehovha akatumira denda muIsraeri uye zviuru makumi manomwe zvavarume veIsraeri vakawira pasi vakafa.
၁၄ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၌ ကာလနာကို လွှတ်လိုက်တော်မူ၍ လူခုနစ်သောင်း သေကြ၏။
15 Uye Jehovha akatuma mutumwa kuti aparadze Jerusarema, asi mutumwa uya paakanga achiita izvi Jehovha akazviona uye akazvidemba nokuda kwedambudziko iri akati kumutumwa aiparadza vanhu, “Zvakwana! Dzosa ruoko rwako.” Mutumwa waJehovha ipapo akanga akamira paburiro raArauna muJebhusi.
၁၅ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှါ ဘုရား သခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည် အတိုင်း၊ ကောင်းကင်တမန် ဖျက်ဆီးမည်ဟု အားထုတ် သောအခါ၊ ထာဝရဘုရားသည် ကြည့်ရှုလျက်၊ ထိုဘေး ကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင် တမန်သည်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်း အနားမှာ ရပ်နေ၏။
16 Dhavhidhi akatarisa kumusoro akaona mutumwa waJehovha akamira pakati pedenga nenyika, aine munondo muruoko rwake akarutambanudzira pamusoro peJerusarema. Ipapo Dhavhidhi navakuru vose vakapfeka masaga, vakawira pasi vakatsikitsira zviso zvavo.
၁၆ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည်ယေရုရှလင်မြို့အပေါ် မှာထား ကို မိုးလျက်မိုဃ်းကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေ သည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
17 Dhavhidhi akati kuna Mwari, “Handisini here ndakarayira kuti varwi vose vaverengwe? Ndini ndakatadza ndikaita zvakaipa, ava vanongova makwai chete. Vakaiteiko? Haiwa Jehovha, Mwari wangu, regai ruoko rwenyu ruwire pandiri ini nemhuri yangu, asi musarega denda iri riri pamusoro pavanhu venyu.”
၁၇ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်း ငှါ စီရင်သော သူကား အကျွန်ုပ်ဖြစ်ပါသည်မဟုတ်လော။ အကျွန်ုပ်ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသို့ တို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ် ခတ်ခြင်းငှါ လက်တော်ကိုသူတို့အပေါ်သို့ ရောက်စေ တော်မမူပါနှင့်။ အကျွန်ုပ် နှင့်အကျွန်ုပ်အဆွေအမျိုး အပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။
18 Ipapo mutumwa waJehovha akarayira Gadhi kuti ataurire Dhavhidhi kuti akwire andovakira Jehovha aritari muburiro raArauna muJebhusi.
၁၈ထိုအခါဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရော န၏ကောက်နယ်တလင်း၌ထာဝရဘုရား အဘို့ယဇ်ပလ္လင် ကို တည်စေခြင်းငှါ ပြောရမည်အကြောင်း၊ ထာဝရဘုရား ၏ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့်၊
19 Saka Dhavhidhi akakwidza mukuteerera shoko rakanga rataurwa naGadhi muzita raJehovha.
၁၉ဂဒ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော် အတိုင်း ဒါဝိဒ်သည် သွားလေ၏။
20 Arauna paakanga achipura zviyo, akacheuka akaona mutumwa; vanakomana vake vana vaaiva navo vakanohwanda.
၂၀အရောနသည်စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့် ၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။
21 Ipapo Dhavhidhi akaswedera, uye Arauna paakatarisa akamuona, akasiya buriro akakotamira pasi pamberi paDhavhidhi akaisa chiso chake pasi.
၂၁ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကိုမြင်လျှင်၊ ကောက်နယ်တလင်း မှဆင်း၍ ဒါဝိဒ်ရှေ့မှာဦးချပြပ်ဝပ်လေ၏။
22 Dhavhidhi akati kwaari, “Ndipewo nzvimbo yeburiro rako kuti ndigovakira Jehovha aritari, kuti denda riri pavanhu rimiswe. Nditengeserewo nomutengo waro wakazara.”
၂၂ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင် ကို ငါတည်လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်းအရပ် ကို အဘိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော်၊
23 Arauna akati kuna Dhavhidhi, “Ritorei henyu! Ishe wangu mambo ngavaite zvinovafadza. Tarirai ndichakupai nzombe yezvibayiro zvinopiswa, matanda okupurisa dzive huni, uye zviyo zvive zvipiriso zvoupfu. Ndichakupai zvose izvi.”
၂၃အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်ဘို့နွားများ၊ ထင်းဘို့ ကောက်နယ်တန်ဆာ များ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဂျုံစပါးများအလုံးစုံကို ကျွန် တော်ဆက်ပါ၏ဟု ဒါဝိဒ်အားလျှောက်လျှင်၊
24 Asi mambo Dhavhidhi akapindura Arauna akati, “Kwete, ndinoda kutenga nomutengo wakazara. Handingatori ndichipa Jehovha zvinhu zvako iwe kana kubayira chipiriso chinopiswa chandisina kuripira.”
၂၄ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး၍ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရားအဘို့ ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာ ယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့်၊
25 Saka Dhavhidhi akaripira Arauna mashekeri mazana matanhatu egoridhe kuti apiwe nzvimbo iyi.
၂၅ရွှေခြောက်ပိဿာကို ချိန်ပေး၍ ထိုအရပ်ကို ဝယ်ပြီးမှ၊
26 Dhavhidhi akavaka aritari kuna Jehovha ipapo uye akapa zvipiriso zvinopiswa nezvipiriso zvokuwadzana. Akadana kuna Jehovha uye Jehovha akamupindura nomoto wakabva kudenga ukaenda paaritari yezvipiriso zvinopiswa.
၂၆ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ မီးရှို့ ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပဌနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင် ပေါ်သို့ မီကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။
27 Ipapo Jehovha akataurira mutumwa iye akadzorera munondo wake mumuhara wawo.
၂၇ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ကောင်းကင်တမန်သည် မိမိထားကို ထားအိမ်၌သွင်းထား ပြန်၏။
28 Panguva iyoyo Dhavhidhi paakaona kuti Jehovha akanga amupindura paburiro raArauna muJebhusi, akapa zvipiriso ipapo.
၂၈ထာဝရဘုရားသည် ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင် လျှင်၊ ထိုအရပ်၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ၏။
29 Tabhenakeri yaJehovha yakanga yagadzirwa naMozisi murenje. Nearitari yezvipiriso zvinopiswa zvakanga zviri panzvimbo yakakwirira paGibheoni panguva iyoyo.
၂၉တော၌မောရှေလုပ်ခဲ့သော ထာဝရဘုရား၏ တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည်၊ ထိုကာလ၌ ဂိဗောင် မြို့၌ မြင့်သောအရပ်ပေါ်မှာရှိ၏။
30 Asi Dhavhidhi haaikwanisa kuenda pamberi payo kundobvunza Mwari nokuti aitya munondo womutumwa waJehovha.
၃၀ဒါဝိဒ်သည်ထာဝရဘုရား၏ ကောင်းကင်တမန်ထားကို ကြောက်သောကြောင့်၊ ထိုယဇ် ပလ္လင်သို့ သွား၍ဘုရားသခင်ကို မမေးမလျှောက်ဝံ့။

< 1 Makoronike 21 >