< Титу 3 >
1 Опомињи их да буду покорни и послушни господарима и заповедницима, и готови на свако добро дело;
၁တိုင်းပြည်အုပ်ချုပ်သူများနှင့်အာဏာပိုင်များ ၏အုပ်စိုးခြင်းကိုဝန်ခံ၍ သူတို့၏စကားကို နားထောင်ကြရန်လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စမှန်သမျှကိုဆောင်ရွက်ဖို့အသင့်ရှိ ကြရန်လည်းကောင်း သင်၏လူစုအားသတိ ပေးလော့။-
2 Ни на кога да не хуле, да се не свађају, него да буду мирни, сваку кротост да показују свим људима,
၂မည်သူ့အကြောင်းကိုမျှမကောင်းမပြောဘဲ ငြိမ်းချမ်းခင်မင်စွာနေထိုင်ကြစေရန်နှင့် အစဉ်အမြဲလူခပ်သိမ်းတို့အားသိမ်မွေ့စွာ ဆက်ဆံကြစေရန်သူတို့အားပြောကြား လော့။-
3 Јер и ми бејасмо некада луди, и непокорни, и преварени, служећи различним жељама и сластима, у пакости и зависти живећи, мрски будући и мрзећи један на другог.
၃အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
4 А кад се показа благодат и човекољубље Спаса нашег Бога,
၄သို့ရာတွင်ငါတို့ကယ်တင်ရှင်ဘုရားသခင် ၏ကရုဏာတော်နှင့်မေတ္တာတော်ပေါ်လွင်ထင် ရှားလာသောအခါ၊-
5 Не за дела праведна која ми учинисмо, него по својој милости спасе нас бањом прерођења и обновљењем Духа Светог,
၅ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
6 Ког изли на нас обилно кроз Исуса Христа Спаситеља нашег,
၆ဘုရားသခင်သည်ငါတို့၏ကယ်တင်ရှင် ယေရှုခရစ်အားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ကိုငါတို့အပေါ်သို့ကြွယ်ဝစွာသွန်း လောင်းတော်မူ၏။-
7 Да се оправдамо благодаћу Његовом, и да будемо наследници живота вечног по нади. (aiōnios )
၇ယင်းသို့ပြုတော်မူခြင်းမှာငါတို့သည်ကျေးဇူး တော်အားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံမှုကိုရရှိကာ ငါတို့မျှော်လင့်တောင့်တသည့် ထာဝရအသက်ကိုခံယူရကြစေရန်ပင် ဖြစ်ပေသည်။- (aiōnios )
8 Сине Тите! Истинита је реч, и у овоме хоћу да утврђујеш, да се они који вероваше Богу труде и старају за добро дело: ово је корисно људима и добро.
၈ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-
9 А лудих запиткивања и тефтера од племена, и свађа и препирања о закону клони се; јер је то некорисно и празно.
၉သို့ရာတွင်အကျိုးမဲ့ငြင်းခုံခြင်း၊ ရှည်လျား သောဆွေစဉ်မျိုးဆက်စာရင်းများပြုလုပ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ကိုရှောင်ကြဉ်လော့။ ထိုသို့ ပြုမူခြင်းများသည်မည်သို့မျှအသုံးမဝင်၊ အကျိုးလည်းမရှိ။-
10 Човека јеретика по првом и другом саветовању клони се,
၁၀စိတ်ဝမ်းကွဲပြားမှုများကိုဖြစ်စေသောသူအား အနည်းဆုံးနှစ်ကြိမ်သတိပေးပြီးနောက်သူ နှင့်ထပ်မံ၍မည်သို့မျှမဆက်ဆံနှင့်။-
11 Знајући да се такав изопачио, и греши, и сам је себе осудио.
၁၁ထိုသို့သောသူသည်ဖောက်ပြန်သောသူဖြစ် ကြောင်းသင်သိ၏။ ထိုသူ့အပြစ်သည်သူအပြစ် ရှိကြောင်းကိုသက်သေထူလျက်ရှိပေသည်။
12 Кад пошаљем к теби Артему или Тихика, постарај се да дођеш к мени у Никопољ, јер сам намислио да онде зимујем.
၁၂အာတေမကိုဖြစ်စေ၊ တုခိတ်ကိုဖြစ်စေသင့်ထံ သို့ငါစေလွှတ်လိုက်သောအခါ ငါရှိရာနိကော ပလိမြို့သို့အစွမ်းကုန်ကြိုးစား၍လာခဲ့လော့။ ထိုမြို့တွင်ဆောင်းရာသီအတွင်းနေထိုင်ရန် ငါဆုံးဖြတ်ပြီးဖြစ်၏။-
13 Зину законика и Апола лепо опреми да имају све што им треба.
၁၃ရှေ့နေဖြစ်သူဇေနနှင့်အာပေါလုတို့ခရီးပြု နိုင်ရန်အတွက်အစွမ်းကုန်ကူညီဆောင်ရွက် ပေးလော့။ သူတို့တွင်လိုလေသေးမရှိရ အောင်လည်းကူညီလိုက်ပါ။-
14 Али и наши нека се уче напредовати у добрим делима, ако где буде од потребе да не буду без рода.
၁၄စားဝတ်နေရေးအတွက်အမှန်တကယ်လိုအပ် သည်တို့ကိုရရှိနိုင်ရန် ငါတို့၏လူစုသည် ကောင်းသောအသက်မွေးမှုကိုပြုကြရန်သွန် သင်လော့။ မိမိတို့၏လုပ်အားကိုအချည်းနှီး မဖြစ်စေရကြ။
15 Поздрављају те сви који су са мном. Поздрави све који нас љубе у вери. Благодат са свима вама. Амин.
၁၅ငါနှင့်အတူနေသူအပေါင်းတို့ကသင့်အား နှုတ်ဆက်လိုက်၏။ ယုံကြည်ခြင်းတရား၌ငါ တို့၏မိတ်ဆွေများအားနှုတ်ဆက်လော့။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ အားလုံးခံစားရကြပါစေသော။ တိတုသြဝါဒစာပြီး၏။