< Псалми 139 >

1 Господе! Ти ме кушаш и знаш.
အိုထာဝရဘုရား၊ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။
2 Ти знаш кад седам и кад устанем; Ти знаш помисли моје издалека;
အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော် မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နား လည်တော်မူ၏။
3 Кад ходим и кад се одмарам, Ти си око мене, и све путеве моје видиш.
အကျွန်ုပ်သွားသောလမ်းကို၎င်း၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။
4 Још нема речи на језику мом, а Ти, Господе, гле, већ све знаш.
အကျွန်ုပ်သည် စကားတခွန်းကိုမျှ မမြွက်သော် လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။
5 Састраг и спред Ти си ме заклонио, и ставио на ме руку своју.
ကိုယ်တော်သည်အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား ၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကိုတင်တော်မူပြီ။
6 Чудно је за ме знање Твоје, високо, не могу да га докучим.
ထိုသို့သော ဥာဏ်သည် အံ့ဩဘွယ်ဖြစ်၍၊ အကျွန်ုပ်မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ် မမှီနိုင်ပါ။
7 Куда бих отишао од духа Твог, и од лица Твог куда бих побегао?
ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
8 Да изађем на небо, Ти си онде. Да сиђем у пакао, онде си. (Sheol h7585)
ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော် မူ၏။ (Sheol h7585)
9 Да се дигнем на крилима од зоре, и преселим се на крај мора:
နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌ နေလျှင်၊
10 И онде ће ме рука Твоја водити, и држати ме десница Твоја.
၁၀ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။
11 Да кажем: Да ако ме мрак сакрије; али је и ноћ као видело око мене.
၁၁အကယ်၍ မှောင်မိုက်သည်ငါ့ကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျှင်၊ ညဉ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။
12 Ни мрак неће замрачити од Тебе, и ноћ је светла као дан: мрак је као видело.
၁၂အကယ်စင်စစ်မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညဉ့်သည် နေကဲ့သို့ လင်းပါ၏။ မှောင်မိုက်သဘောနှင့်အလင်းသဘောသည် တူပါ၏။
13 Јер си Ти створио шта је у мени, саставио си ме у утроби матере моје.
၁၃ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ကပ်ကို ပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော် မူပြီ။
14 Хвалим Те, што сам дивно саздан. Дивна су дела Твоја, и душа моја то зна добро.
၁၄အကျွန်ုပ်သည် ကြောက်မက်ဘွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဘွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည်အမှန်သိပါ၏။
15 Ниједна се кост моја није сакрила од Тебе, ако и јесам саздан тајно, откан у дубини земаљској.
၁၅မထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း ၍၊ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူသော အခါ၊ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှား လျက်ရှိပါ၏။
16 Заметак мој видеше очи Твоје, у књизи је Твојој све то записано, и дани забележени, кад их још није било ниједног.
၁၆မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကို လည်း ကိုယ်တော်သည်ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာ တို့ကို ပြုပြင်၍ တစုံတခုမျှ မရှိမှီကာလတွင်၊ ကိုယ်တော်၏ စာရင်း၌အကုန်အစင်မှတ်သားလျက် ရှိကြပါ၏။
17 Како су ми недокучиве помисли Твоје, Боже! Како им је велик број!
၁၇အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန် များပြားကြပါ၏။
18 Да их бројим, више их је него песка. Кад се пробудим, још сам с Тобом.
၁၈ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံး နှင့်အမျှမက သာ၍များပြားကြပါ၏။အကျွန်ုပ်သည် နိုးသောအခါကိုယ်တော်ထံ၌ အစဉ်ရှိပါ၏။
19 Да хоћеш, Боже, убити безбожника! Крвопије, идите од мене.
၁၉အိုဘုရားသခင်၊ ကိုယ်တော်သည် မတရားသော သူတို့ကို ကွပ်မျက်တော်မူပါစေသော။ လူအသက်ကို သတ်တတ်သောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။
20 Они говоре ружно на Тебе; узимају име Твоје узалуд непријатељи Твоји.
၂၀ထိုသူတို့သည် ကိုယ်တော်တဘက်၌ မနာလို သောစိတ်နှင့်ပြောဆို၍၊ ကိုယ်တော်၏ရန်သူတို့သည် မတရားသဖြင့် ဝါကြွားကြပါ၏။
21 Зар да не мрзим на оне, који на Те мрзе, Господе, и да се не гадим на оне који устају на Тебе?
၂၁အိုထာဝရဘုရား၊ ကိုယ်တော်ကို မုန်းသောသူ တို့ကို အကျွန်ုပ်မုန်းပါသည်မဟုတ်လော။ အာဏာတော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာပါသည် မဟုတ် လော။
22 Пуном мрзошћу мрзим на њих; непријатељи су ми.
၂၂ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ၏။ ကိုယ် ရန်သူကဲ့သို့ မှတ် ပါ၏။
23 Окушај ме, Боже, и познај срце моје, испитај ме, и познај помисли моје.
၂၃အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ။
24 И види јесам ли на злом путу, и води ме на пут вечни.
၂၄ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက် သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော် မူပါ။

< Псалми 139 >