< Књига пророка Јеремије 41 >

1 А седмог месеца дође Исмаило, син Нетаније сина Елисаминог, царског рода, и кнезови цареви, десет људи с њим, ка Годолији сину Ахикамовом у Миспу, и једоше онде у Миспи с њим.
သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သားနာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့ သို့လာ၍၊ ထိုမြို့၌တစုတည်းစားသောက်ကြ၏။
2 Потом уста Исмаило, син Нетанијин и десет људи што беху с њим, и убише мачем Годолију, сина Ахикама сина Сафановог; тако погубише оног кога беше поставио цар вавилонски над земљом.
ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူ တကျိပ်တို့သည် ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည် အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကိုထားနှင့်ခုတ်၍ သတ်ကြ၏။
3 И све Јудејце који беху с њим, с Годолијом, у Миспи, и Халдејце који се затекоше онде, војнике, поби Исмаило.
ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိ ထံ၌ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။
4 А сутрадан, пошто уби Годолију, док још нико не дозна,
ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊
5 Дођоше људи из Сихема, из Силома и из Самарије, осамдесет људи, обријане браде и раздртих хаљина и испарани по телу, и имаху у рукама дар и кад, да принесу у дом Господњи.
ရှေခင်မြို့၊ရှိလောမြို့၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသော ကိုယ်ရှိလျက်၊ ပူဇော သက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ၏။
6 Тада Исмаило, син Нетанијин, изиђе им из Миспе на сусрет и иђаше плачући, и сретавши се с њима рече им: Ходите ка Годолији, сину Ахикамовом.
ထိုသူတို့ကို ကြိုဆိုအံ့သောငှါ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ၏။
7 А кад дођоше усред града, покла их Исмаило, син Нетанијин, с људима који беху с њим и баци их у јаму.
မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလ နှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်း ထဲသို့ ပစ်ချကြ၏။
8 А међу њима се нађе десет људи који рекоше Исмаилу: Немој нас погубити, јер имамо сакривено благо у пољу, пшенице и јечма и уља и меда. И остави их, и не поби их с браћом њиховом.
ထိုသူတို့တွင်ပါသော လူတကျိပ်တို့က၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
9 А јама у коју побаца Исмаило сва телеса људи које поби уз Годолију беше она коју начини цар Аса бојећи се Васе цара Израиљевог; и Исмаило син Нетанијин напуни је побијених људи.
ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။
10 И зароби Исмаило сав остатак народа што беше у Миспи, кћери цареве и сав народ што беше остао у Миспи, над којим беше поставио Невузардан заповедник стражарски Годолију, сина Ахикамовог; и заробивши их Исмаило, син Нетанијин, пође да пређе к синовима Амоновим.
၁၀ထိုအခါအဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန် အပ်သောမင်းသမီးများအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။
11 Али Јоанан, син Каријин, и све војводе што беху с њим чуше све зло што учини Исмаило син Нетанијин.
၁၁ထိုသို့နာသနိသား ဣရှမေလပြုသော အမှုဆိုး အလုံစုံတို့ကို၊ ကာရသားယောဟနန်နှင့် သူ့ထံ၌ရှိသမျှ သော တပ်မှူးတို့သည်ကြားလျှင်၊
12 Тада узеше све своје људе и пођоше да ударе на Исмаила, сина Нетанијиног, ког нађоше код велике воде у Гаваону.
၁၂လူအပေါင်းတို့ကို ခေါ်၍၊ နာသနိသား ဣရှ မေလကိုတိုက်ခြင်းငှါ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နား မှာတွေ့လေ၏။
13 И сав народ што беше с Исмаилом кад виде Јоанана сина Каријиног и све војводе што беху с њим, обрадова се,
၁၃ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသား ယောဟနန်နှင့်သူ၌ပါသော တပ်မှူး အပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။
14 И сав народ што Исмаило зароби из Миспе обрну се и отиде к Јоанану, сину Каријином.
၁၄ထိုအခါမိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။
15 А Исмаило син Нетанијин побеже с осам људи од Јоанана, и отиде к синовима Амоновим.
၁၅နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသား တို့ထံသို့ သွားလေ၏။
16 И тако Јоанан, син Каријин и све војводе што беху с њим узеше сав остатак народа што повратише од Исмаила, сина Нетанијиног, који убивши Годолију, сина Ахикамовог, беше их одвео из Миспе, војнике и жене и децу и дворане, и одведоше их из Гаваона;
၁၆ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎င်း၊ မိဇပါမြို့မှ၎င်းနှုတ်၍ ကျန်ကြွင်းသော သူတည်း ဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ် များ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန်၍၊
17 И отишавши стадоше у гостионици Химамовој код Витлејема; да би отишли и прешли у Мисир,
၁၇ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား၍ နေကြ၏။
18 Ради Халдејаца, јер их се бојаху, што Исмаило, син Нетанијин, уби Годолију, сина Ахикамовог, ког беше поставио цар вавилонски над земљом.
၁၈အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိ သား ဣရှမေလသတ်သောကြောင့်၊ ခါလဒဲလူတို့ကို ကြောက်ကြ၏။

< Књига пророка Јеремије 41 >