< Галатима 6 >

1 Браћо! Ако и упадне човек у какав грех, ви духовни исправљајте таквога духом кротости, чувајући себе да и ти не будеш искушан.
ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
2 Носите бремена један другог, и тако ћете испунити закон Христов.
ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။
3 Јер ако ко мисли да је шта, а није ништа, умом вара себе.
အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။
4 А сваки да испита своје дело, и тада ће сам у себи имати славу, а не у другом.
လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။
5 Јер ће сваки своје бреме носити.
အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။
6 А који се учи речи нека даје део од сваког добра ономе који га учи.
နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
7 Не варајте се: Бог се не да ружити; јер шта човек посеје оно ће и пожњети.
အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။
8 Јер који сеје у тело своје, од тела ће пожњети погибао; а који сеје у дух, од духа ће пожњети живот вечни. (aiōnios g166)
မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ (aiōnios g166)
9 А добро чинити да нам се не досади; јер ћемо у своје време пожњети ако се не уморимо.
ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
10 Зато дакле док имамо времена да чинимо добро свакоме, а особити онима који су с нама у вери.
၁၀ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။
11 Видите колико вам написах руком својом!
၁၁အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့်သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။
12 Који хоће да се хвале по телу они вас нагоне да се обрезујете, само да не буду гоњени за крст Христов.
၁၂မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အနိုင်အ ထက်သွေးဆောင်တတ်ကြ၏။
13 Јер ни они сами који се обрезују не држе закон, него хоће да се ви обрезујете да се вашим телом хвале.
၁၃အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေး အဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အလိုရှိကြ၏။
14 А ја Боже сачувај да се чим другим хвалим осми крстом Господа нашег Исуса Христа, ког ради разапе се мени свет, и ја свету.
၁၄ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါးဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည် လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
15 Јер у Христу Исусу нити шта помаже обрезање ни необрезање, него нова твар.
၁၅အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။
16 И колико их год по овом правилу живе, на њима биће мир и милост, и на Израиљу Божијем.
၁၆ဤနည်းဥပဒေသအတိုင်းကျင့်သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလ အမျိုး အပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော။
17 Више да ми нико не досађује, јер ја ране Господа Исуса на телу свом носим.
၁၇ယခုမှစ၍ အဘယ်သူမျှငါ့ကို မနှောက်ရှက်စေနှင့်။ ငါ့ကိုယ်၌ သခင်ယေရှုဒဏ်ချက်ရာကို ငါဆောင် ၏။
18 Благодат Господа нашег Исуса Христа са духом вашим, браћо. Амин.
၁၈ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။

< Галатима 6 >