< 5 Мојсијева 25 >

1 Кад је распра међу људима па дођу на суд да им суде, тада правога нека оправдају, а кривога нека осуде.
လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။
2 И ако криви заслужује бој, тада судија нека заповеди да га повале и бију пред њим, на број према кривици његовој.
ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကို ချ၍၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။
3 До четрдесет удараца нека заповеди да му ударе, не више, да се не би поништио брат твој у твојим очима, кад би му се ударило више удараца.
သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
4 Немој завезати уста волу кад врше.
စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
5 Кад браћа живе заједно па умре један од њих без деце, онда жена умрлога да се не уда из куће за другог; брат његов нека отиде к њој и узме је за жену и учини јој дужност деверску.
အတူနေသော ညီအစ်ကို တို့တွင်၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ။ သူ၏လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။
6 И први син ког она роди нека се назове именом брата његовог умрлог, да не погине име његово у Израиљу.
ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည်။
7 Ако ли онај човек не би хтео узети снахе своје, онда снаха његова нека дође на врата пред старешине, и каже: Неће девер мој да подигне брату свом семе у Израиљу, неће да ми учини дужности деверске.
ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊
8 Тада нека га дозову старешине места оног и разговоре се с њим; па ако се он упре и каже: Нећу да је узмем;
မြို့၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ် မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊
9 Онда нека приступи к њему снаха његова пред старешинама, и нека му изује обућу с ноге његове и пљуне му у лице, и проговоривши нека каже: Тако ваља да буде човеку који неће да зида куће брата свог.
သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏ မျက်နှာ၌ တံထွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ၌ ဤသို့ ပြုသင့်သည်ဟု သူ့အား ပြန်ပြောရမည်။
10 И он нека се зове у Израиљу: Дом босога.
၁၀နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။
11 Ако би се свадили људи, један с другим, па би дошла жена једног да отме мужа свог из руке другог који га бије, и пруживши руку своју ухватила би га за мошнице.
၁၁လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလို သောငှာ ခိုက်ရန်ပြုသော သူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊
12 Одсеци јој руку; нека не жали око твоје.
၁၂ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိ သည် သူ့ကို မသနားရ။
13 Немој имати у торби својој двојаку меру, велику и малу.
၁၃သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအ လေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ။
14 Немој имати у кући својој двојаку ефу, велику и малу.
၁၄သင့်အိမ်၌ ခြားနားသော ခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ။
15 Мера потпуна и права нека ти је; ефа потпуна и права нека ти је, да би ти се продужили дани твоји у земљи коју ти даје Господ Бог твој.
၁၅သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ တန်ဆာ များကိုသာ သုံးရမည်။
16 Јер је гад пред Господом Богом твојим ко год чини тако, ко год чини криво.
၁၆အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအ ပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏။
17 Опомињи се шта ти је учинио Амалик кад иђосте на путу кад иђасте из Мисира,
၁၇သင်သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွား သောအခါ၊
18 Како те дочека на путу и поби на крају све уморне који иђаху за тобом, кад си био сустао и изнемогао, и не боја се Бога.
၁၈သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသော သူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ ဆီးကြို၍ လုပ်ကြံ ကြောင်းကို၎င်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို ၎င်း၊ အောက်မေ့လော့။
19 Зато кад те Господ Бог твој смири од свих непријатеља твојих унаоколо у земљи коју ти даје Господ Бог твој да је наследиш, тада затри спомен Амалику под небом; не заборави.
၁၉သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌ နေသောရန်သူအပေါင်းတို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့ မလျော့ရ။

< 5 Мојсијева 25 >