< Књига пророка Амоса 4 >

1 Чујте ову реч, краве васанске, које сте у гори самаријској, које криво чините убогима и сатирете сиромахе, које говорите господарима својим: Донесите да пијемо.
ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့ သောက်ဘို့ယူခဲ့ကြဟုဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့၊ ဤစကားတော်ကိုနားထောင် ကြလော့။
2 Закле се Господ Господ светошћу својом да ће вам ево доћи дани, те ће вас извлачити кукама, и остатак ваш удицама рибарским.
အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။
3 И кроз проломе ћете изаћи, свака на према се, и побацаћете шта буде у дворовима, говори Господ.
သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
4 Идите у Ветиљ, и чините безакоње, у Галгалу множите безакоње своје, и приносите свако јутро жртве своје, треће године десетке своје;
ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်းသွား၍ များစွာသောပြစ်မှားခြင်းခြင်းကို ပြုကြလော့။ နံနက်တိုင်းပူဇော်သောယဇ်ကို၎င်း၊ သုံးနှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့ကြလော့။
5 И палите жртву захвалну од хлеба киселог, и огласите жртве драговољне и разгласите, јер вам је тако мило, синови Израиљеви, говори Господ Господ.
လုယူသောဥစ္စာထဲကကျေးဇူးချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော၍ကြော်ငြာစေကြလော့။ အိုဣသရေလအမျိုးသားတို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
6 И зато вам ја дадох да су вам чисти зуби по свим градовима вашим и да нема хлеба нигде по свим местима вашим; али се не обратисте к мени, говори Господ.
ငါသည်လည်း၊ သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်းပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ၏။
7 А ја вам устегох дажд, кад још три месеца беху до жетве, и пустих дажд на један град, а на други град не пустих дажда, један се крај накваси, а други крај, на који не дажде, посуши се.
စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။
8 Тако два и три града иђаху у један град да пију воде, и не могаху се напити; ипак се не обратисте к мени, говори Господ.
ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
9 Бих вас сушом и медљиком; гусенице изједоше обиље у вртовима вашим и у виноградима вашим и на смоквама вашим и на маслинама вашим; ипак се не обратисте к мени, говори Господ.
လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
10 Послах у вас помор као у Мисир, побих мачем младиће ваше и одведох коње ваше, и учиних те се подизаше смрад из логора вашег и у ноздрве ваше; ипак се не обратисте к мени, говори Господ.
၁၀အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက်စေပြီ။ မြင်းတို့ကိုသိမ်းသွားစေပြီ။ သင်တို့တပ်၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း၌လှိုင်စေပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
11 Затирах вас као што Господ затре Содом и Гомор, и бејасте као главња истргнута из огња; ипак се не обратисте к мени, говори Господ.
၁၁ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကိုငါမှောက်လှန်၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
12 Зато ћу ти тако учинити, Израиљу; и што ћу ти тако учинити, приправи се, Израиљу, да сретнеш Бога свог.
၁၂သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ အထက်က ပြုသကဲ့သို့ သင်တို့၌ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သော ကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။
13 Јер ето Оног који је сазидао горе и који је створио ветар и јавља човеку шта мисли, чини од зоре таму, и ходи по висинама земаљским; име Му је Господ Бог над војскама.
၁၃တောင်တို့ကို လုပ်၍လေကိုဖန်ဆင်းထသော၊ လူစိတ်အကြံအစည်ကို လူအားဘော်ပြထသော၊ နံနက် အလင်းကို အမိုက်ဖြစ်စေထသော၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။

< Књига пророка Амоса 4 >