< Rimljanima 8 >

1 Nikakva dakle sad nema osuðenja onima koji su u Hristu Isusu i ne hode po tijelu nego po Duhu.
ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။
2 Jer zakon duha koji oživljava u Hristu Isusu, oprostio me je od zakona grjehovnoga i smrti.
ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ်ပြီ။
3 Jer što zakonu bješe nemoguæe, jer bješe oslabljen tijelom, posla Bog sina svojega u oblièju tijela grjehovnoga, i za grijeh osudi grijeh u tijelu,
ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။
4 Da se pravda zakona ispuni u nama koji ne živimo po tijelu nego po duhu;
အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။
5 Jer koji su po tijelu tjelesno misle, a koji su po duhu duhovno misle.
ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိ နှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘော ရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။
6 Jer tjelesno mudrovanje smrt je, a duhovno mudrovanje život je i mir.
ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။
7 Jer tjelesno mudrovanje neprijateljstvo je Bogu, jer se ne pokorava zakonu Božijemu niti može.
အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရးသခင်၏ တရားတော်အလို သို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။
8 A koji su u tijelu ne mogu Bogu ugoditi.
ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်ကြ။
9 A vi nijeste u tijelu nego u duhu; jer Duh Božij u vama živi. A ako ko nema Duha Hristova, on nije njegov.
သို့သော်လည်း ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။
10 A ako je Hristos u vama, onda je tijelo mrtvo grijeha radi a Duh živ pravde radi.
၁၀ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။
11 A ako li živi u vama Duh onoga koji je vaskrsao Isusa iz mrtvijeh, onaj koji je podigao Hrista iz mrtvijeh oživljeæe i vaša smrtna tjelesa Duhom svojijem koji živi u vama.
၁၁ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။
12 Tako dakle, braæo, nijesmo dužni tijelu da po tijelu živimo.
၁၂သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန် ဖြစ်ကြသည်မဟုတ်။
13 Jer ako živite po tijelu, pomrijeæete; ako li duhom poslove tjelesne morite, življeæete.
၁၃သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။
14 Jer koji se vladaju po duhu Božijemu oni su sinovi Božiji.
၁၄ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။
15 Jer ne primiste duha ropstva, opet da se bojite; nego primiste Duha posinaèkoga, kojijem vièemo: Ava, oèe!
၁၅အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက် ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။
16 Ovaj Duh svjedoèi našemu duhu da smo djeca Božija.
၁၆ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေ ခံတော်မူ၏။
17 A kad smo djeca i našljednici smo: našljednici dakle Božiji, a sunašljednici Hristovi: jer s njim stradamo da se s njim i proslavimo.
၁၇သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။
18 Jer mislim da stradanja sadašnjega vremena nijesu ništa prema slavi koja æe nam se javiti.
၁၈ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။
19 Jer èekanje tvari èeka da se jave sinovi Božiji.
၁၉ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ၏။
20 Jer se tvar pokori propadljivosti ne od svoje volje nego za volju onoga koji je pokori) na nad,
၂၀ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။
21 Da æe se i sama tvar oprostiti od ropstva raspadljivosti na slobodu slave djece Božije.
၂၁ဘုရားသခင်သားထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။
22 Jer znamo da sva tvar uzdiše i tuži s nama dosad.
၂၂ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။
23 A ne samo ona, nego i mi koji novinu duha imamo, i mi sami u sebi uzdišemo èekajuæi posinjenja i izbavljenja tijelu svojemu.
၂၃ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။
24 Jer se nadom spasosmo. A nad koji se vidi nije nad; jer kad ko vidi što, kako æe mu se nadati?
၂၄ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ။ တွေ့မြင်သော အရာကိုအဘယ်ကြောင့် မြော်လင့်ရမည်နည်း။
25 Ako li se nadamo onome što ne vidimo, èekamo s trpljenjem.
၂၅ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။
26 A tako i Duh pomaže nam u našijem slabostima: jer ne znamo za što æemo se moliti kao što treba, nego sam Duh moli se za nas uzdisanjem neiskazanijem.
၂၆ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
27 A onaj što ispituje srca zna što je misao Duha, jer po volji Božijoj moli se za svete.
၂၇စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်း မူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့် အညီစောင့်မ တော်မူ၏။
28 A znamo da onima koji ljube Boga sve ide na dobro, koji su pozvani po namjerenju.
၂၈ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။
29 Jer koje naprijed pozna one i odredi da budu jednaki oblièju sina njegova, da bi on bio prvoroðeni meðu mnogom braæom.
၂၉ဘုရားသခင်၏သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရား သခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။
30 A koje odredi one i dozva; a koje dozva one i opravda; a koje opravda one i proslavi.
၃၀ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။
31 Šta æemo dakle reæi na ovo? Ako je Bog s nama, ko æe na nas?
၃၁သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။
32 Koji dakle svoga sina ne poštedje, nego ga predade za sve nas, kako dakle da nam s njim sve ne daruje?
၃၂မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။
33 Ko æe optužiti izbrane Božije? Bog koji pravda?
၃၃ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ ၌တည်စေသောသူကား ဘုရားသခင်ပေတည်း။
34 Ko æe osuditi? Hristos Isus, koji umrije, pa još i vaskrse, koji je s desne strane Bogu, i moli za nas?
၃၄အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌နေလျက်၊ ငါတို့ အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။
35 Ko æe nas rastaviti od ljubavi Božije? Nevolja li ili tuga? ili gonjenje? ili glad? ili golotinja? ili strah? ili maè? kao što stoji napisano:
၃၅ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း။
36 Za tebe nas ubijaju vas dan, drže nas kao ovce koje su za klanje.
၃၆အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။
37 Ali u svemu ovome pobjeðujemo onoga radi koji nas je ljubio.
၃၇မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။
38 Jer znam jamaèno da ni smrt, ni život, ni anðeli, ni poglavarstva, ni sile, ni sadašnje, ni buduæe,
၃၈အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
39 Ni visina, ni dubina, ni druga kakva tvar može nas razdvojiti od ljubavi Božije, koja je u Hristu Isusu Gospodu našemu.
၃၉အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။

< Rimljanima 8 >