< Apokalipsa 19 >

1 I poslije ovoga èuh glas veliki naroda mnogoga na nebu gdje govori: aliluja! spasenije i slava i èast i sila Gospodu našemu;
ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူအများတို့၏ အသံကြီးကား၊ ဟာလေ လုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။
2 Jer su istiniti i pravi sudovi njegovi, što je osudio kurvu veliku, koja pokvari zemlju kurvarstvom svojijem, i pokajao krv slugu svojijeh od ruke njezine.
စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော် ကျွန်တို့၏ အသွေး ကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။
3 I drugom rekoše: aliluja! I dim njezin izlažaše va vijek vijeka. (aiōn g165)
တဖန်တုံ၊ ဟာလေလုယဟူ၍၎င်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည်ဟူ၍၎င်း ပြောဆိုကြ၏။ (aiōn g165)
4 I padoše dvadeset i èetiri starješine, i èetiri životinje, i pokloniše se Bogu koji sjeðaše na prijestolu, govoreæi: amin, aliluja!
အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပြင်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။
5 I glas iziðe od prijestola koji govori: hvalite Boga našega sve sluge njegove, i koji ga se bojite, i mali i veliki.
ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။
6 I èuh kao glas naroda mnogoga, i kao glas voda mnogijeh, i kao glas gromova jakijeh, koji govore: aliluja! jer caruje Gospod Bog svedržitelj.
တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင် သည် စိုးစံတော်မူ၏။
7 Da se radujemo i veselimo, i da damo slavu njemu; jer doðe svadba jagnjetova, i žena njegova pripravila se;
ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။
8 I dano joj bi da se obuèe u svilu èistu i bijelu: jer je svila pravda svetijeh.
ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချော မူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။
9 I reèe mi: napiši: blago onima koji su pozvani na veèeru svadbe jagnjetove. I reèe mi: ove su rijeèi istinite Božije.
ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကား သည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍၎င်း ငါ့အားပြောဆို၏။
10 I padnuvši pred nogama njegovima poklonih mu se; i reèe mi: gle, nemoj, ja sam sluga kao i ti i braæa tvoja koja imaju svjedoèanstvo Isusovo. Bogu se pokloni; jer je svjedoèanstvo Isusovo Duh proroštva.
၁၀ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ ခြေရင်း၌ ပြပ်ဝပ်၏ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို၏။
11 I vidjeh nebo otvoreno, i gle, konj bijel, i koji sjeðaše na njemu zove se vjeran i istinit, i sudi po pravdi i vojuje.
၁၁ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာ ဟူသောမည်၊ သမ္မာဟူသော အမည်ရှိသတည်း။ ထိုသူ သည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။
12 A oèi su mu kao plamen ognjeni, i na glavi njegovoj krune mnoge, i imaše ime napisano, kojega niko ne zna do on sam.
၁၂မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်း တော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ၏။
13 I bješe obuèen u haljinu crvenu od krvi, i ime se njegovo zove: rijeè Božija.
၁၃အသွေး၌နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။
14 I vojske nebeske iðahu za njim na konjma bijelijem, obuèene u svilu bijelu i èistu.
၁၄ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။
15 I iz usta njegovijeh iziðe maè oštar, da njime pobije neznabošce; i on æe ih pasti s palicom gvozdenom; i on gazi kacu vina srdnje i gnjeva Boga svedržitelja.
၁၅လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သန်လျင်သည် ခံတွင်းတော်ထဲကထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ဒေါသအမျက်တော် ၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။
16 I ima na haljini i na stegnu svome ime napisano: car nad carevima i gospodar nad gospodarima.
၁၆ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမ တော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း ရေးထားလျက်ရှိ၏။
17 I vidjeh jednoga anðela gdje stoji na suncu i povika glasom velikijem govoreæi svima pticama koje lete ispod neba: doðite i skupite se na veliku veèeru Božiju,
၁၇ကောင်းကင်တမန်တပါးသည် နေထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင်၏။
18 Da jedete mesa od careva, i mesa od vojvoda, i mesa od junaka, i mesa od konja i od onijeh koji sjede na njima, i mesa od sviju slobodnjaka i robova, i od malijeh i od velikijeh.
၁၈သူသည် မိုဃ်းကောင်းကင်အလယ်၌ ပျံတတ် သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊ အစေခံကျွန်၊ လူလွှတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှါ ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။
19 I vidjeh zvijer i careve zemaljske i vojnike njihove skupljene da se pobiju s onijem što sjedi na konju i s vojskama njegovijem.
၁၉သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။
20 I bi uhvaæena zvijer, i s njom lažni prorok koji uèini pred njom znake kojima prevari one koji primiše žig zvijerin i koji se poklanjaju ikoni njezinoj: živi biše baèeni oboje u jezero ognjeno, koje gori sumporom. (Limnē Pyr g3041 g4442)
၂၀သားရဲကို ဘမ်းမိကြ၏။ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ (Limnē Pyr g3041 g4442)
21 A ostali pobijeni biše maèem onoga što sjedi na konju, koji iziðe iz usta njegovijeh: i sve se ptice nasitiše od mesa njihova.
၂၁ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။

< Apokalipsa 19 >