< Brojevi 29 >

1 A sedmoga mjeseca prvi dan da imate sveti sabor; posla ropskoga nijednoga ne radite; to da vam je trubni dan.
သင်​တို့​သည်​သတ္တ​မ​လ၊ ပ​ထ​မ​နေ့​တွင် စု​ဝေး ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။ ထို​နေ့​တွင်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ရ​မည်။-
2 I prinesite žrtvu paljenicu za miris ugodni Gospodu, jedno tele, jednoga ovna, sedam jaganjaca od godine zdravijeh;
ထာ​ဝ​ရ​ဘုရား​အား​အ​ပြစ်​အ​နာ​ကင်း​သော နွား​ထီး​ပျို​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့် တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ် မီး​ရှို့​ပူ​ဇော်​ရ​မည်။-
3 A dar uz njih bijeloga brašna smiješana s uljem tri desetine uz tele i dvije desetine uz ovna,
မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော သော​မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော် ရ​မည်။ နွား​ထီး​နှင့်​အ​တူ​မုန့်​ညက်​ခြောက်​ပေါင် ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့်​ညက် လေး​ပေါင်​ကို​လည်း​ကောင်း၊-
4 I po jednu desetinu uza svako jagnje od sedam jaganjaca;
သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
5 I jednoga jarca za grijeh, radi oèišæenja vašega;
ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​လူ​တို့​အ​တွက်​သန့်​စင်​မှု ဝတ်​ကို​ပြု​ရ​မည်။-
6 Osim žrtve paljenice u poèetku mjeseca i dara njezina, i osim svagdašnje žrtve paljenice i dara njezina i naljeva njihovijeh po uredbi njihovoj, za miris ugodni, za žrtvu ognjenu Gospodu.
လ​စဉ်​လ​ဆန်း​တစ်​ရက်​နေ့​တွင်​ပူ​ဇော်​သည့် မီး​ရှို့​ရာ​သ​ကာ၊ ၎င်း​နှင့်​တွဲ​ဖက်​သော​ဘော​ဇဉ် သကာ၊ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​၎င်း​နှင့်​တွဲ​ဖက် သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​အ​ပြင် ဤ​သကာ​များ​ကို​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။
7 I deseti dan toga mjeseca sedmoga da imate sveti sabor; i muèite duše svoje; ne radite nikakoga posla;
သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့​၌​အ​စား အ​စာ​မစား​ရ၊ အ​လုပ်​မ​လုပ်​ရ။-
8 Nego prinesite Gospodu za miris ugodni žrtvu paljenicu, jedno tele, jednoga ovna, sedam jaganjaca od godine, a neka vam je zdravo;
အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘုရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
9 I dar uz njih bijeloga brašna pomiješana s uljem tri desetine uz tele, dvije desetine uz ovna,
မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော သော​မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော် ရ​မည်။ နွား​ထီး​နှင့်​အ​တူ​မုန့်​ညက်​ခြောက်​ပေါင် ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့်​ညက် လေး​ပေါင်​ကို​လည်း​ကောင်း၊-
10 Po jednu desetinu uza svako jagnje od onijeh sedam jaganjaca;
၁၀သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့် ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
11 Jarca jednoga za grijeh, osim žrtve za grijeh radi oèišæenja, i osim svagdašnje žrtve paljenice i dara njezina i naljeva njihovijeh.
၁၁ထို့​အ​ပြင်​လူ​တို့​သန့်​စင်​မှု​ဝတ်​အ​တွက်​ပူ ဇော်​သော​ဆိတ်၊ နေ့​စဉ်​ပူ​ဇော်​သည့်​မီး​ရှို့​ရာ ယဇ်​နှင့်​တ​ကွ​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည် သ​ကာ​တို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဆိတ်​ထီး​တစ်​ကောင်​ကို​ပူ​ဇော် ရ​မည်။
12 I petnaesti dan toga mjeseca sedmoga da imate sveti sabor; nijednoga posla ropskoga ne radite; nego praznujte praznik Gospodu sedam dana.
၁၂သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့ တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သော​ဤ​ပွဲ​တော်​ကို​ခု​နစ် ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ထို​ရက်​များ​တွင် အ​လုပ်​မ​လုပ်​ရ။-
13 I prinesite žrtvu paljenicu, ognjenu žrtvu za ugodni miris Gospodu, trinaest telaca, dva ovna, èetrnaest jaganjaca od godine, a neka su zdravi;
၁၃ပ​ထ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
14 I dar uz njih brašna bijeloga smiješana s uljem po tri desetine uza svako tele od trinaest telaca, po dvije desetine uza svakoga ovna od ona dva ovna,
၁၄မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော​သော မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ နွား​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​ခြောက် ပေါင်​ကို​လည်း​ကောင်း၊ သိုး​ထီး​တစ်​ကောင်​စီ​နှင့် အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း​ကောင်း၊-
15 I po jednu desetinu uza svako jagnje od onijeh èetrnaest jaganjaca;
၁၅သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း၊ လို​အပ်​သော​စ​ပျစ် ရည်​သကာ​များ​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
16 I jednoga jarca za grijeh, osim svagdašnje žrtve paljenice i dara njezina i naljeva njezina.
၁၆ထို့​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​များ​ကို​နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့် တ​ကွ​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့ အ​ပြင်​ပူ​ဇော်​ရ​မည်။
17 A drugi dan dvanaest telaca, dva ovna, èetrnaest jaganjaca od godine zdravijeh,
၁၇ဒု​တိ​ယ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​နှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့် လေး​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
18 I dar njihov i naljev njihov, uz teoce, uz ovnove i uz jaganjce, po broju njihovu, kako je ureðeno;
၁၈ထို့​အ​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့် သကာ​များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
19 I jarca jednoga za grijeh, osim svagdašnje žrtve paljenice i dara njezina i naljeva njezina.
၁၉
20 A treæi dan jedanaest telaca, dva ovna i èetrnaest jaganjaca od godine zdravijeh;
၂၀တ​တိ​ယ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော နွား​ထီး​ပျို​တစ်​ဆယ့်​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ် ဆယ့်​လေး​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
21 I darove njihove i naljeve njihove, uz teoce, uz ovnove i uz jaganjce, po broju njihovu, kako je ureðeno;
၂၁ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
22 I jednoga jarca za grijeh, osim svagdašnje žrtve paljenice i dara njezina i naljeva njezina.
၂၂
23 A èetvrti dan deset telaca, dva ovna, èetrnaest jaganjaca od godine zdravijeh;
၂၃စ​တုတ္ထ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ဆယ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။-
24 I dar njihov i naljeve njihove, uz teoce, uz ovnove i uz jaganjce, po broju njihovu, kako je ureðeno;
၂၄ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
25 I jednoga jarca za grijeh, osim svagdašnje žrtve paljenice i dara njezina i naljeva njezina.
၂၅
26 A peti dan devet telaca, dva ovna, èetrnaest jaganjaca od godine zdravijeh;
၂၆ပဉ္စ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ကိုး​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို ပူ​ဇော်​ရ​မည်။-
27 I dar njihov i naljeve njihove, uz teoce, uz ovnove i uz jaganjce, po broju njihovu, kako je ureðeno;
၂၇ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
28 I jednoga jarca za grijeh, osim svagdašnje žrtve paljenice i dara njezina i naljeva njezina.
၂၈
29 A šesti dan osam telaca, dva ovna, èetrnaest jaganjaca od godine zdravijeh,
၂၉ဆ​ဋ္ဌ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ရှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။-
30 I dar njihov i naljeve njihove, uz teoce, uz ovnove i uz jaganjce, po broju njihovu, kako je ureðeno;
၃၀ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
31 I jednoga jarca za grijeh, osim svagdašnje žrtve paljenice i dara njezina i naljeva njezina.
၃၁
32 A sedmi dan sedam telaca, dva ovna, èetrnaest jaganjaca od godine zdravijeh,
၃၂သတ္တ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ခု​နစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ် သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင် ကို​ပူ​ဇော်​ရ​မည်။-
33 I dar njihov i naljeve njihove, uz teoce, uz ovnove i uz jaganjce, po broju njihovu, kako je ureðeno;
၃၃ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သ​ကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
34 I jarca za grijeh, osim svagdašnje žrtve paljenice i dara njezina i naljeva njezina.
၃၄
35 A osmi dan da vam je praznik; nijednoga posla ropskoga ne radite.
၃၅အ​ဋ္ဌ​မ​နေ့​တွင်​သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ရ မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။-
36 Nego prinesite žrtvu paljenicu, žrtvu ognjenu za ugodni miris Gospodu, jedno tele, jednoga ovna, sedam jaganjaca od godine zdravijeh,
၃၆အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
37 I dar njihov i naljeve njihove, uz tele, uz ovna i uz jaganjce, po broju njihovu, kako je ureðeno;
၃၇ထို့​ပြင်​ပထ​မ​နေ့​၌​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
38 I jednoga jarca za grijeh, osim svagdašnje žrtve paljenice i dara njezina i naljeva njezina.
၃၈
39 To prinosite Gospodu na praznike svoje, osim onoga što biste po zavjetu ili od svoje volje prinijeli za žrtve paljenice ili darove ili naljeve ili žrtve zahvalne.
၃၉ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကား​သတ်​မှတ်​ထား​သော ပွဲ​နေ့​များ​၌ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ မည့်​မီး​ရှို့​ရာ​သ​ကာ​များ၊ ဘော​ဇဉ်​သကာ​များ၊ စ​ပျစ်​ရည်​သကာ​များ​နှင့်​မိတ်​သ​ဟာ​ယ​သကာ များ​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။ ဤ​သကာ​များ​သည်​က​တိ​ဝတ်​ဖြည့်​သော​သကာ၊ စေ​တ​နာ​အ​လျောက်​ဆက်​သ​သော​သကာ​များ အ​ပြင်​ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​သော​သကာ များ​ဖြစ်​သည်။
40 I kaza Mojsije sinovima Izrailjevijem sve što zapovjedi Gospod.
၄၀သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​ကို ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကြား​ပြော​လေ​၏။

< Brojevi 29 >