< Mateju 15 >

1 Tada pristupiše k Isusu književnici i fariseji od Jerusalima govoreæi:
ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊
2 Zašto uèenici tvoji prestupaju obièaje starijeh? Jer ne umivaju ruku svojijeh kad hljeb jedu.
ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊
3 A on odgovarajuæi reèe im: zašto i vi prestupate zapovijest Božiju za obièaje svoje?
ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။
4 Jer Bog zapovijeda govoreæi: poštuj oca i mater; i koji opsuje oca ili mater smræu da umre.
ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။
5 A vi kažete: ako koji reèe ocu ili materi: prilog je èim bih ti ja mogao pomoæi;
သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊
6 Može i da ne poštuje oca svojega ili matere. I ukidoste zapovijest Božiju za obièaje svoje.
ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။
7 Licemjeri! dobro je za vas prorokovao Isaija govoreæi:
လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
8 Ovi ljudi približavaju se k meni ustima svojijem, i usnama poštuju me; a srce njihovo daleko stoji od mene.
လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု
9 No zaludu me poštuju uèeæi naukama i zapovijestima ljudskima.
နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။
10 I dozvavši ljude, reèe im: slušajte i razumijte.
၁၀ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့နားထောင် နားလည်ကြလော့။
11 Ne pogani èovjeka što ulazi u usta; nego što izlazi iz usta ono pogani èovjeka.
၁၁ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူး စေသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။
12 Tada pristupiše uèenici njegovi i rekoše mu: znaš li da fariseji èuvši tu rijeè sablazniše se?
၁၂တပည့်တော်တို့သည်ချဉ်းကပ်၍၊ ယခုမိန့်တော်မူသောစကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟုလျှောက်ကြ၏။
13 A on odgovarajuæi reèe: svako drvo koje nije usadio otac moj nebeski, iskorijeniæe se.
၁၃ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည်။
14 Ostavite ih: oni su slijepi voði slijepcima; a slijepac slijepca ako vodi, oba æe u jamu pasti.
၁၄ထိုသူတို့ကိုရှိပါလေစေ။ သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။
15 A Petar odgovarajuæi reèe mu: kaži nam prièu ovu.
၁၅ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟုလျှောက်လျှင်၊
16 A Isus reèe: eda li ste i vi još nerazumni?
၁၆ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက်နေသေးသလော။
17 Zar još ne znate da sve što ulazi u usta u trbuh ide, i izbacuje se napolje?
၁၇ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကိုနားမလည်ကြသေးသလော။
18 A što izlazi iz usta od srca izlazi, i ono pogani èovjeka.
၁၈ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်၏။
19 Jer od srca izlaze zle misli, ubistva, preljube, kurvarstva, kraðe, lažna svjedoèanstva, hule na Boga.
၁၉မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊
20 I ovo je što pogani èovjeka, a neumivenijem rukama jesti ne pogani èovjeka.
၂၀လူကို ညစ်ညူးစေသောအရာဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူး စေသည်မဟုတ်ဟု မိန့်တော်မူ၏။
21 I izišavši odande Isus otide u krajeve Tirske i Sidonske.
၂၁ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူလျှင်၊
22 I gle, žena Hananejka iziðe iz onijeh krajeva, i povika k njemu govoreæi: pomiluj me Gospode sine Davidov! moju kæer vrlo muèi ðavo.
၂၂ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မ ကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။
23 A on joj ne odgovori ni rijeèi. I pristupivši uèenici njegovi moljahu ga govoreæi: otpusti je, kako vièe za nama.
၂၃တပည့်တော်တို့သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။
24 A on odgovarajuæi reèe: ja sam poslan samo k izgubljenijem ovcama doma Izrailjeva.
၂၄ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။
25 A ona pristupivši pokloni mu se govoreæi: Gospode pomozi mi!
၂၅ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊
26 A on odgovarajuæi reèe: nije dobro uzeti od djece hljeb i baciti psima.
၂၆ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။
27 A ona reèe: da, Gospode, ali i psi jedu od mrva što padaju s trpeze njihovijeh gospodara.
၂၇မိန်းမကလည်းမှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊
28 Tada odgovori Isus, i reèe joj: o ženo! velika je vjera tvoja; neka ti bude kako hoæeš. I ozdravi kæi njezina od onoga èasa.
၂၈အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။
29 I otišavši Isus odande, doðe k moru Galilejskom, i popevši se na goru, sjede ondje.
၂၉ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော် မူ၏။
30 I pristupiše k njemu ljudi mnogi koji imahu sa sobom hromijeh, slijepijeh, nijemijeh, uzetijeh i drugijeh mnogijeh, i položiše ih k nogama Isusovijem, i iscijeli ih,
၃၀များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။
31 Tako da se narod divljaše, videæi nijeme gdje govore, uzete zdrave, hrome gdje idu, i slijepe gdje gledaju; i hvališe Boga Izrailjeva.
၃၁အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကို၎င်း၊ ချို့တဲ့သောသူ သည် ပကတိဖြစ်သည်ကို၎င်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို၎င်း၊ မျက်စိကန်းသောသူသည် မြင်ရ သည်ကို၎င်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ် တော်ကို ချီးမွမ်းကြ၏။
32 A Isus dozvavši uèenike svoje reèe: žao mi je ovoga naroda, jer veæ tri dana stoje kod mene i nemaju šta jesti; a nijesam ih rad otpustiti gladne da ne oslabe na putu.
၃၂ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊ ဤလူများကိုငါသနား၏။ သုံးရက်ပတ်လုံးငါနှင့်အတူရှိ ကြပြီ။ စားစရာအလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမှီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူလျှင်၊
33 I rekoše mu uèenici njegovi: otkuda nam u pustinji toliki hljeb da se nasiti toliki narod?
၃၃တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ် ၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊
34 I reèe im Isus: koliko hljebova imate? A oni rekoše: sedam, i malo ribice.
၃၄ယေရှုက၊ သင်တို့တွင်မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံးနှင့် အနည်းငယ်မျှ သော ငါးကောင်ကလေးရှိပါသည်ဟု ပြန်လျှောက်ကြ၏။
35 I zapovjedi narodu da posjedaju po zemlji.
၃၅ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။
36 I uzevši onijeh sedam hljebova i ribe, i davši hvalu, prelomi, i dade uèenicima svojijem, a uèenici narodu.
၃၆မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူတော်ကိုချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။
37 I jedoše svi, i nasitiše se; i nakupiše komada što preteèe sedam kotarica punijeh.
၃၇လူအပေါင်းတို့သည် စား၍ဝကြပြီးမှ၊ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ ခုနှစ်တောင်း အပြည့် ရကြ၏။
38 A onijeh što su jeli bijaše èetiri hiljade ljudi, osim žena i djece.
၃၈စားသောသူအရေအတွက်ကား၊ မိန်းမနှင့်သူငယ် ကိုမဆိုဘဲ ယောက်ျားလေးထောင်ရှိသတည်း။
39 I otpustivši narod uðe u laðu, i doðe u okoline Magdalske.
၃၉ထိုလူများတို့ကို လွှတ်တော်မူပြီးမှ၊ လှေစီး၍ မာဂဒါလကျေးလက်သို့ ရောက်တော်မူ၏။

< Mateju 15 >