< Luki 5 >

1 Jedanput pak kad narod naleže k njemu da slušaju rijeè Božiju on stajaše kod jezera Genisaretskoga,
တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းမြင် တော်မူ၏။
2 I vidje dvije laðe gdje stoje u kraju, a ribari bijahu izišli iz njih i ispirahu mreže:
တံငါတို့သည် လှေထဲကထွက်၍ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။
3 I uljeze u jednu od laði koja bješe Simonova, i zamoli ga da malo odmakne od kraja; i sjedavši uèaše narod iz laðe.
ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှါ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။
4 A kad presta govoriti, reèe Simonu: hajde na dubinu, i bacite mreže svoje te lovite.
စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ၏။
5 I odgovarajuæi Simon reèe mu: uèitelju! svu noæ smo se trudili, i ništa ne uhvatismo: ali po tvojoj rijeèi baciæu mrežu.
ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ။ သို့ရာ တွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။
6 I uèinivši to uhvatiše veliko mnoštvo riba, i mreže im se prodriješe.
ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။
7 I namagoše na društvo koje bješe na drugoj laði da doðu da im pomognu; i doðoše, i napuniše obje laðe tako da se gotovo potope.
အခြားသော လှေတစင်း၌ရှိသော အပေါင်းအဘော်တို့သည်လာ၍ကူညီစေခြင်းငှါ သူတို့ကို အမှတ် ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။
8 A kad vidje Simon Petar, pripade ka koljenima Isusovijem govoreæi: iziði od mene, Gospode! ja sam èovjek griješan.
ရှိမုန် ပေတရုသ်မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကိုဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသော သူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။
9 Jer bijaše ušao strah u njega i u sve koji bijahu s njim od mnoštva riba koje uhvatiše;
အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကိုထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့်ပါသမျှသောသူတို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
10 A tako i u Jakova i Jovana, sinove Zevedejeve, koji bijahu drugovi Simonovi. I reèe Isus Simonu: ne boj se; otsele æeš ljude loviti.
၁၀ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
11 I izvukavši obje laðe na zemlju ostaviše sve, i otidoše za njim.
၁၁ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
12 I kad bješe Isus u jednom gradu, i gle, èovjek sav u gubi: i vidjevši Isusa pade nièice moleæi mu se i govoreæi: Gospode! ako hoæeš možeš me oèistiti.
၁၂ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြစ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။
13 I pruživši ruku dohvati ga se, i reèe: hoæu, oèisti se. I odmah guba spade s njega.
၁၃ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟုမိန့်တော်မူလျက်၊ လက်ထောက်ကိုဆန့်၍ ထိုသူကိုတို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်လေ ၏။
14 I on mu zapovjedi da nikom ne kazuje: nego idi i pokaži se svešteniku, i prinesi dar za oèišæenje svoje, kako je zapovjedio Mojsije za svjedoèanstvo njima.
၁၄ယေရှုကလည်း၊ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့် ယဇ်ပရောဖိတ်ထံသို့သွား၍ ကိုယ်ကို ပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည့်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟုမိန့်တော်မူ၏။
15 Ali se glas o njemu još veæma razlažaše, i mnoštvo naroda stjecaše se da ga slušaju i da ih iscjeljuje od njihovijeh bolesti.
၁၅သို့သော်လည်း သိတင်းတော်သည်သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရား နာလိုသောငါ၎င်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသော၎င်း၊ စုဝေးလျက်ရှိကြ၏။
16 A on odlažaše u pustinju i moljaše se Bogu.
၁၆ကိုယ်တော်သည် တောအရပ်သို့ကြွ၍ ဆုတောင်းလေ့ရှိတော်မူ၏။
17 I jedan dan uèaše on, i ondje sjeðahu fariseji i zakonici koji bijahu došli iz sviju sela Galilejskijeh i Judejskijeh i iz Jerusalima; i sila Gospodnja iscjeljivaše ih.
၁၇တနေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲ ပြည်မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်ဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှါ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။
18 I gle, ljudi donesoše na odru èovjeka koji bješe uzet, i tražahu da ga unesu i metnu preda nj;
၁၈ထိုအခါ လက်ခြေသေသောသူတယောက်ကို အိမ်ယာနှင့်တကွ အထံသို့ဆောင်ခဲ့၍၊ ရှေ့တော်၌ သွင်း ထားခြင်းငှါ ရှာကြံကြ၏။
19 I ne našavši kuda æe ga unijeti od naroda, popeše se na kuæu i kroz krov spustiše ga s odrom na srijedu pred Isusa.
၁၉လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကိုမတွေ့သဖြင့်၊ အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိမ်ယာနှင့်တကွ လူများ အလည်ယေရှု၏ ရှေ့တော်သို့ လျှော့ချကြ၏။
20 I vidjevši vjeru njihovu reèe mu: èovjeèe! opraštaju ti se grijesi tvoji.
၂၀ကိုယ်တော်သည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကို လွတ် စေပြီဟု မိန့်တော်မူ၏။
21 I poèeše pomišljati književnici i fariseji govoreæi: ko je ovaj što huli na Boga? Ko može opraštati grijehe osim jednoga Boga?
၂၁ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရား သခင်မှတပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။
22 A kad razumje Isus pomisli njihove, odgovarajuæi reèe im: šta mislite u srcima svojijem?
၂၂ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ် ကြသနည်း။
23 Šta je lakše reæi: opraštaju ti se grijesi tvoji? ili reæi: ustani i hodi?
၂၃အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင် ထ၍ လှမ်းသွားလော့ ပြောလွယ်သလော။
24 Nego da znate da vlast ima sin èovjeèij na zemlji opraštati grijehe, reèe uzetome: ) tebi govorim: ustani i uzmi odar svoj i idi kuæi svojoj.
၂၄လူသားသည်မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါထလော့။ ကိုယ်အိမ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော။ သင်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။
25 I odmah ustade pred njima, i uze na èemu ležaše, i otide kuæi svojoj hvaleæi Boga.
၂၅ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ၍ အိမ်ယာကိုဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။
26 I svi se upropastiše, i hvaljahu Boga, i napunivši se straha govorahu: èuda se nagledasmo danas!
၂၆ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ်သော အမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
27 I potom iziðe, i vidje carinika po imenu Levija gdje sjedi na carini, i reèe mu: hajde za mnom.
၂၇ထိုနောက်ကိုယ်တော်သည် ထကြွ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကိုမြင်သော ငါနောက်သို့လိုက်လော့ မိန့်တော်မူ၏။
28 I ostavivši sve, ustade i poðe za njim.
၂၈ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပြစ်လေရဲ့ ထ၍နောက်တော်သို့လိုက်လေ၏။
29 I zgotovi mu Levije kod kuæe svoje veliku èast; i bješe mnogo carinika i drugijeh koji sjeðahu s njim za trpezom.
၂၉ထိုနောက်မှလေဝိသည် ကိုယ်တော်အဘို့အလို့ငှါ မိမိအိမ်၌ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများ နှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။
30 I vikahu na njega književnici i fariseji govoreæi uèenicima njegovijem: zašto s carinicima i grješnicima jedete i pijete?
၃၀ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က သင်တို့သည် အခွန်ခံသောသူ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်ကြသနည်းဟု တပည့်တော် တို့ကိုကဲ့ရဲ့အပြစ်တင်ကြ၏။
31 I odgovarajuæi Isus reèe im: ne trebaju zdravi ljekara nego bolesni.
၃၁ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိ ကြ၏။
32 Ja nijesam došao da dozovem pravednike nego grješnike na pokajanje.
၃၂ဖြောင့်မတ်သောသူတို့သည် နောင်တသို့ ခေါ်ခြင်းငှါလာသည်မဟုတ် ဆိုးသောသူတို့ကိုခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။
33 A oni mu rekoše: zašto uèenici Jovanovi poste èesto i mole se Bogu, tako i farisejski; a tvoji jedu i piju?
၃၃လူအချို့တို့က၊ ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက်နေကြ ပါသနည်းဟု လျှောက်ကြ၏။
34 A on im reèe: možete li svatove natjerati da poste dok je ženik s njima?
၃၄ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။
35 Nego æe doæi dani kad æe se oteti od njih ženik, i onda æe postiti u one dane.
၃၅မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည်။ ထိုကာလ အခါသူတို့သည် အစာရှောင်ကြလိမ့်မည်။
36 Kaza im pak i prièu: niko ne meæe zakrpe od nove haljine na staru haljinu, inaèe æe i novu razdrijeti, i staroj ne lièi što je od novoga.
၃၆ဥပမာကား၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ် တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ်။
37 I niko ne ljeva vina novoga u mjehove stare; inaèe prodre novo vino mjehove i ono se prolije, i mjehovi propadnu;
၃၇၎င်းနည်း၊ ဟောင်းသောသားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။
38 Nego vino novo u mjehove nove treba ljevati, i oboje æe se saèuvati.
၃၈အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက် စီး။
39 I niko pivši staro neæe odmah novoga; jer veli: staro je bolje.
၃၉ဟောင်းသောစပျစ်ရည်ကိုသောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ခြင်းအလို မရှိတတ်။ ဟောင်းသော စပျစ်ရည်သာ၍ ကောင်းသည်ကိုသိ၏ဟုမိန့်တော်မူ၏။

< Luki 5 >