< Luki 17 >

1 A uèenicima reèe: nije moguæe da ne doðu sablazni; ali teško onome s koga dolaze;
တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
2 Bolje bi mu bilo da mu se vodenièni kamen objesi o vratu, i da ga bace u more, nego da sablazni jednoga od ovijeh malijeh.
ဤသူငယ်တစုံတယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ် ၌ ချခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏။
3 Èuvajte se. Ako ti sagriješi brat tvoj, nakaraj ga; pa ako se pokaje, oprosti mu.
သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံး မလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။
4 I ako ti sedam puta na dan sagriješi, i sedam puta na dan doðe k tebi i reèe: kajem se, oprosti mu.
တနေ့ခြင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့် ၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။
5 I rekoše apostoli Gospodu: dometni nam vjere.
တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်း ပန်ကြလျှင်၊
6 A Gospod reèe: kad biste imali vjere koliko zrno gorušièno, i rekli biste ovome dubu: išèupaj se i usadi se u more, i poslušao bi vas.
သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ်၍ ပင်လယ်၌စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့ စကားကို နားထောင်လိမ့်မည်။
7 Koji pak od vas kad ima slugu koji ore ili èuva stoku pa kad doðe iz polja, reèe mu: hodi brzo i sjedi za trpezu?
အစေအပါးသည် လယ်ထွန်သော်၎င်း၊ သိုး၊ နွားကျောင်းသော်၎င်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သော အခါ၊ ထိုအစေအပါးကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။
8 Nego ne kaže li mu: ugotovi mi da veèeram, i zapregni se te mi služi dok jedem i pijem, pa onda i ti jedi i pij?
ထိုအစေအပါးကို၊ ငါစားစရာဘို့ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။
9 Eda li æe on zahvaliti sluzi tome kad svrši što mu se zapovjedi? Ne vjerujem.
ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူး မတင်။
10 Tako i vi kad svršite sve što vam je zapovjeðeno, govorite: mi smo zaludne sluge, jer uèinismo što smo bili dužni èiniti.
၁၀ထိုနည်းတူမှာ ထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါးဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။
11 I kad iðaše u Jerusalim, on prolažaše izmeðu Samarije i Galileje.
၁၁ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည် နှင့်ဂါလိလဲပြည်စပ်ကြား၌ ရှောက်သွားတော်မူ၏။
12 I kad ulažaše u jedno selo sretoše ga deset gubavijeh ljudi, koji staše izdaleka,
၁၂ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသော သူတကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊
13 I podigoše glas govoreæi: Isuse uèitelju! pomiluj nas.
၁၃သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။
14 I vidjevši ih reèe im: idite i pokažite se sveštenicima. I oni iduæi oèistiše se.
၁၄ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။
15 A jedan od njih vidjevši da se iscijeli povrati se hvaleæi Boga iza glasa,
၁၅ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီး သော အသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။
16 I pade nièice pred noge njegove, i zahvali mu. I to bješe Samarjanin.
၁၆ခြေတော်ရင်း၌ ပြပ်ဝပ်၍ ကျေးဇူတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူဖြစ် သတည်း။
17 A Isus odgovarajuæi reèe: ne iscijeliše li se desetorica? Gdje su dakle devetorica?
၁၇ယေရှုကလည်း၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက် သောသူတို့သည် အဘယ်မှာရှိကြသနည်း။
18 Kako se meðu njima koji ne naðe da se vrati da zahvali Bogu, nego sam ovaj tuðin?
၁၈ဤတပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက် မျှ မရှိသလောဟု မေးတော်မူပြီးမှ၊
19 I reèe mu: ustani, idi; vjera tvoja pomože ti.
၁၉သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော် မူ၏။
20 A kad ga upitaše fariseji: kad æe doæi carstvo Božije? odgovarajuæi reèe im: carstvo Božije neæe doæi da se vidi;
၂၀ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေး လျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။
21 Niti æe se kazati: evo ga ovdje ili ondje; jer gle, carstvo je Božije unutra u vama.
၂၁ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။
22 A uèenicima reèe: doæi æe vrijeme kad æete zaželjeti da vidite jedan dan sina èovjeèijega, i neæete vidjeti.
၂၂တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တရက်ကိုမျှ တွေ့ မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည်။
23 I reæi æe vam: evo ovdje je, ili: eno ondje; ali ne izlazite, niti tražite.
၂၃ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။
24 Jer kako što munja sine s neba, i zasvijetli se preko svega što je pod nebom, tako æe biti i sin èovjeèij u svoj dan.
၂၄ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။
25 Ali mu najprije treba mnogo postradati, i okrivljenu biti od roda ovoga.
၂၅ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။
26 I kako je bilo u vrijeme Nojevo onako æe biti u dane sina èovjeèijega:
၂၆နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။
27 Jeðahu, pijahu, ženjahu se, udavahu se do onoga dana kad Noje uðe u kovèeg, i doðe potop i pogubi sve.
၂၇နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။
28 Tako kao što bi u dane Lotove: jeðahu, pijahu, kupovahu, prodavahu, saðahu, zidahu;
၂၈ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊
29 A u dan kad iziðe Lot iz Sodoma, udari oganj i sumpor iz neba i pogubi sve.
၂၉လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊
30 Tako æe biti i u onaj dan kad æe se javiti sin èovjeèij.
၃၀လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။
31 U onaj dan koji se desi na krovu a pokuæstvo njegovo u kuæi, neka ne silazi da ga uzme; i koji se desi u polju, tako neka se ne vraæa natrag.
၃၁ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။
32 Opominjite se žene Lotove.
၃၂လောတ၏မယားကို အောက်မေ့ကြလော့။
33 Koji poðe da saèuva dušu svoju, izgubiæe je; a koji je izgubi, oživljeæe je.
၃၃အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။
34 Kažem vam: u onu noæ biæe dva na jednome odru, jedan æe se uzeti a drugi æe se ostaviti;
၃၄ငါဆိုသည်ကား၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
35 Dvije æe mljeti zajedno, jedna æe se uzeti a druga æe se ostaviti;
၃၅ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
36 Dva æe biti na njivi, jedan æe se uzeti a drugi æe se ostaviti.
၃၆လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊
37 I odgovarajuæi rekoše mu: gdje, Gospode? A on im reèe: gdje je strvina onamo æe se i orlovi skupiti.
၃၇သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေ လင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။

< Luki 17 >