< Jovanu 14 >

1 Da se ne plaši srce vaše, vjerujte Boga, i mene vjerujte.
တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။
2 Mnogi su stanovi u kuæi oca mojega. A da nije tako, kazao bih vam: idem da vam pripravim mjesto.
ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။
3 I kad otidem i pripravim vam mjesto, opet æu doæi, i uzeæu vas k sebi da i vi budete gdje sam ja.
ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။
4 I kuda ja idem znate, i put znate.
ငါသည် အဘယ်အရပ်သို့သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ဟုမိန့်တော်မူ၏။
5 Reèe mu Toma: Gospode! ne znamo kuda ideš; i kako možemo put znati?
သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိ သည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊
6 Isus mu reèe: ja sam put i istina i život; niko neæe doæi k ocu do kroza me.
ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
7 Kad biste mene znali onda biste znali i oca mojega; i otsele poznajete ga, i vidjeste ga.
သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။
8 Reèe mu Filip: Gospode! pokaži nam oca, i biæe nam dosta.
ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊
9 Isus mu reèe: toliko sam vrijeme s vama i nijesi me poznao, Filipe? koji vidje mene, vidje oca; pa kako ti govoriš: pokaži nam oca?
ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။
10 Zar ne vjeruješ da sam ja u ocu i otac u meni? Rijeèi koje vam ja govorim ne govorim od sebe; nego otac koji stoji u meni on tvori djela.
၁၀ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။
11 Vjerujte meni da sam ja u ocu i otac u meni; ako li meni ne vjerujete, vjerujte mi po tijem djelima.
၁၁ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။
12 Zaista, zaista vam kažem: koji vjeruje mene, djela koja ja tvorim i on æe tvoriti, i veæa æe od ovijeh tvoriti: jer ja idem k ocu svojemu;
၁၂ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသသောအမှုတို့ကို ပြုလိမ့်မည်။ ထို အမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွား၍၊
13 I šta god zaištete u oca u ime moje, ono æu vam uèiniti, da se proslavi otac u sinu.
၁၃သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။
14 I ako što zaištete u ime moje, ja æu uèiniti.
၁၄သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။
15 Ako imate ljubav k meni, zapovijesti moje držite.
၁၅ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊
16 I ja æu umoliti oca, i daæe vam drugoga utješitelja da bude s vama vavijek: (aiōn g165)
၁၆ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ (aiōn g165)
17 Duha istine, kojega svijet ne može primiti, jer ga ne vidi niti ga poznaje; a vi ga poznajete, jer u vama stoji, i u vama æe biti.
၁၇ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော် သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။
18 Neæu vas ostaviti sirotne; doæi æu k vama.
၁၈ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။
19 Još malo i svijet mene više neæe vidjeti; a vi æete me vidjeti; jer ja živim, i vi æete življeti.
၁၉ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
20 U onaj æete vi dan doznati da sam ja u ocu svojemu, i vi u meni, i ja u vama.
၂၀ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည်ငါ၌ရှိသည်ကို၎င်း။ ငါသည် သင်တို့၌ရှိသည်ကို ၎င်း၊ ထိုနေ့၌သင်တို့သည် သိရကြလိမ့်မည်။
21 Ko ima zapovijesti moje i drži ih on je onaj što ima ljubav k meni; a koji ima ljubav k meni imaæe k njemu ljubav otac moj; i ja æu imati ljubav k njemu, i javiæu mu se sam.
၂၁ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော် မူ၏။
22 Reèe mu Juda, ne Iskariotski: Gospode! šta je to da æeš se nama javiti a ne svijetu?
၂၂ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှား ဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။
23 Isus odgovori i reèe mu: ko ima ljubav k meni, držaæe rijeè moju; i otac moj imaæe ljubav k njemu: i k njemu æemo doæi, i u njega æemo se staniti.
၂၃ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်။
24 Koji nema ljubavi k meni ne drži mojijeh rijeèi; a rijeè što èujete nije moja nego oca koji me posla.
၂၄ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။
25 Ovo vam kazah dok sam s vama.
၂၅ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။
26 A utješitelj Duh sveti, kojega æe otac poslati u ime moje, on æe vas nauèiti svemu i napomenuæe vam sve što vam rekoh.
၂၆ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်း သော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ၏။
27 Mir vam ostavljam, mir svoj dajem vam: ne dajem vam ga kao što svijet daje, da se ne plaši srce vaše, i da se ne boji.
၂၇ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။
28 Èuste da vam ja kazah: idem, i doæi æu k vama. Kad biste imali ljubav k meni, onda biste se obradovali što rekoh: idem k ocu; jer je otac moj veæi od mene.
၂၈ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင်ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။
29 I sad vam kazah, prije dok se nije zbilo, da vjerujete kad se zbude.
၂၉ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှါ၊ မရောက်မှီယခုပင်သင်တို့အား ငါ ပြောနှင့်ပြီ။
30 Veæ neæu mnogo govoriti s vama; jer ide knez ovoga svijeta, i u meni nema ništa.
၃၀ယခုမှစ၍ ငါသည်သင်တို့နှင့်များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။
31 Nego da vidi svijet da imam ljubav k ocu, i kao što mi zapovjedi otac onako tvorim. Ustanite, hajdemo odavde.
၃၁ငါသည် ခမည်းတော်ကိုချစ်သည်ကို၎င်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကို၎င်း၊ လောကီသားတို့သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။

< Jovanu 14 >