< Dela apostolska 19 >

1 Dogodi se pak, kad bješe Apolos u Korintu, da Pavle prolažaše gornje zemlje, i doðe u Efes, i našavši neke uèenike
အာပေါလုသည် ကောရိန္တုမြို့၌နေစဉ်၊ ပေါလုသည်အထက် အရပ်များကို ရှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊
2 Reèe im: jeste li primili Duha svetoga kad ste vjerovali? A oni mu rekoše: nijesmo ni èuli da ima Duh sveti.
သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။
3 A on im reèe: na što se dakle krstiste? A oni rekoše: na krštenje Jovanovo.
ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။
4 A Pavle reèe: Jovan krsti krštenjem pokajanja, govoreæi narodu da vjeruju onoga koji æe za njim doæi, to jest, Hrista Isusa.
ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်။
5 A kad to èuše, krstiše se u ime Gospoda Isusa.
ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံကြ၏။
6 A kad Pavle metnu ruke na njih, siðe Duh sveti na njih, i govorahu jezike i proricahu.
ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။
7 A bijaše ljudi svega oko dvanaest.
ထိုသူတို့သည် အရေအတွက်အားဖြင့် တကျိပ် နှစ်ယောက်မျှ လောက်ရှိသတည်း။
8 I ušavši u zbornicu govoraše slobodno tri mjeseca uèeæi i uvjeravajuæi za carstvo Božije.
ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။
9 I kad neki bijahu otvrdnuli i svaðahu se huleæi na put Gospodnji pred narodom, otstupi od njih i odluèi uèenike, pa se prepiraše svaki dan u školi nekoga Tirana.
အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲ နေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊
10 I ovo je bivalo dvije godine, tako da svi koji življahu u Aziji, i Jevreji i Grci, èuše rijeè Gospoda Isusa.
၁၀တုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
11 I Bog èinjaše ne mala èudesa rukama Pavlovijem,
၁၁ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ်၍၊
12 Tako da su i èalme i ubrušèiæe znojave od tijela njegova nosili na bolesnike, i oni se iscjeljivahu od bolesti, i duhovi zli izlažahu iz njih.
၁၂ပေါလုသုံးသောပဝါ၊ ခါးပန်းတခုခုကို အနာရောဂါရှိသောသူ တို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့်ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။
13 I poèeše neki od Jevreja, koji se skitahu i zaklinjahu ðavole, spominjati nad onima u kojima bijahu zli duhovi ime Gospoda Isusa govoreæi: zaklinjemo vas Isusom koga Pavle propovijeda.
၁၃ထိုအခါအရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြော သော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာ ပေး၏ဟုဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။
14 A bijahu nekijeh sedam sinova Skeve Jevrejina, poglavara sveštenièkoga, koji ovo èinjahu.
၁၄သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။
15 A duh zli odgovarajuæi reèe: Isusa poznajem, i Pavla znam; ali vi ko ste?
၁၅နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကို လည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင်၊
16 I skoèivši na njih èovjek u kome bješe zli duh nadvlada ih, i pritište ih poda se tako da goli i izranjeni utekoše iz one kuæe.
၁၆နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှအဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။
17 I ovo doznadoše svi koji življahu u Efesu, i Jevreji i Grci; i uðe strah u sve njih, i velièaše se ime Gospoda Isusa.
၁၇ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏ နာမတော် ကိုချီးမွမ်းကြ၏။
18 I mnogi od onijeh što vjerovahu, dolažahu te se ispovijedahu i kazivahu šta su uèinili.
၁၈ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ၏။
19 A mnogi od onijeh koji èarahu, sabravši knjige svoje spaljivahu ih pred svima; i proraèuniše i naðoše da su vrijedele pedeset hiljada groša.
၁၉နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ၏။ စာစောင် အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။
20 Tako zdravo rastijaše i nadvlaðivaše rijeè Gospodnja.
၂၀ထိုသို့သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။
21 I kad se ovo svrši, namisli Pavle da proðe preko Maæedonije i Ahaje, i da ide u Jerusalim, i reèe: pošto budem tamo, valja mi i Rim vidjeti.
၂၁ထိုနောက်မှပေါလုက၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့ သို့သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊
22 I posla u Maæedoniju dvojicu od onijeh koji ga služahu, Timotija i Erasta; a on osta neko vrijeme u Aziji.
၂၂မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။
23 A u ono vrijeme podiže se ne mala buna puta radi Gospodnjega,
၂၃ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊
24 Jer nekakav zlatar, po imenu Dimitrije, koji graðaše Dijani srebrne crkvice i davaše majstorima ne mali posao,
၂၄ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ် တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ်၏။
25 On skupi ove i drugijeh ovakovijeh stvari majstore, i reèe: ljudi! vi znate da od ovoga posla mi imamo dobitak za svoje življenje;
၂၅ထိုသူသည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမား များကိုစုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤ အတတ်ကိုသင်တို့သိကြ၏။
26 I vidite i èujete da ne samo u Efesu nego gotovo po svoj Aziji ovaj Pavle odvrati narod mnogi, govoreæi: to nijesu bogovi što se rukama èovjeèijim grade.
၂၆ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှ တို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တရှောက်လုံးကုန် မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။
27 I ne samo što æe ova nesreæa doæi na naš zanat da ne prolazi, nego se neæe mariti ni za crkvu velike boginje Dijane, i propašæe velièanstvo one koju sva Azija i vasioni svijet poštuje.
၂၇ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တရှောက် လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။
28 A kad oni ovo èuše, napuniše se gnjeva, i vikahu govoreæi: velika je Dijana Efeska!
၂၈ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။
29 I sav se grad napuni bune: i navalivši jednodušno na zborište uhvatiše Gaja i Aristarha iz Maæedonije, drugove Pavlove.
၂၉တမြို့လုံးရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ၏။
30 A kad Pavle šæaše da ide meðu narod, ne dadoše mu uèenici.
၃၀ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ၏။
31 A neki i od Azijskijeh poglavara koji mu bijahu prijatelji, poslaše k njemu svjetujuæi ga da ne izlazi na zborište.
၃၁ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း၊ ပွဲခံရာ စရပ်ထဲသို့ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။
32 Jedni pak vikahu jedno a drugi drugo; jer bijaše sabor smuæen, i najviše ih ne znadijahu zašto su se skupili.
၃၂စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တယောက် တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင်မိမိတို့မသိကြ။
33 A jedni od naroda izvukoše Aleksandra, kad ga Jevreji izvedoše. A Aleksandar mahnuvši rukom šæaše da odgovori narodu.
၃၃ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာ စကားကို လူများတို့ အား ပြောခြင်းငှါ အလိုရှိ၏။
34 A kad ga poznaše da je Jevrejin, povikaše svi u glas, i vikahu oko dva sahata: velika je Dijana Efeska.
၃၄သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ၏။
35 A pisar utišavši narod reèe: ljudi Efesci! Ko je taj èovjek koji ne zna da grad Efes slavi veliku boginju Dijanu i njezin kip nebeski?
၃၅မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော။
36 Kad dakle to ne može niko odreæi, valja vi da budete mirni, i ništa naglo da ne èinite;
၃၆ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ် ၍၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ၏။
37 Jer dovedoste ove ljude koji niti su crkvu Dijaninu pokrali, niti hule na vašu boginju.
၃၇သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ၊ ဗိမာန်တော်ကိုလုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့ ၏ ဘုရားကိုမကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။
38 A Dimitrije i majstori koji su s njim ako imaju kakvu tužbu, imaju sudovi, i imaju namjesnici, neka tuže jedan drugoga.
၃၈ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။
39 Ako li što drugo ištete, neka se izvidi na pravoj skupštini.
၃၉သို့မဟုတ်သင်တို့သည် အခြားအမှုကို အစီရင်ခံ လိုလျှင်၊ တရားသောအစည်းအဝေး၌စီရင်ရလိမ့်မည်။
40 Jer se bojimo da ne budemo tuženi za današnju bunu; a nijednoga uzroka nema kojijem bismo se mogli opravdati za ovu bunu.
၄၀ယနေ့ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစုံတခုမျှ မရှိဟု၊
41 I ovo rekavši raspusti narod koji se bješe sabrao.
၄၁ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။

< Dela apostolska 19 >