< mArkaH 15 >
1 atha prabhAte sati pradhAnayAjakAH prA ncha upAdhyAyAH sarvve mantriNashcha sabhAM kR^itvA yIshuM bandhayitva pIlAtAkhyasya deshAdhipateH savidhaM nItvA samarpayAmAsuH|
၁နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးတို့သည် ကျမ်းတတ်ဆရာများ၊ ဘာသာရေးခေါင်းဆောင် များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင်အပေါင်း တို့နှင့် အလျင်အမြန်တွေ့ဆုံ၍တိုင်ပင်ကြ၏။ ထိုနောက်သခင်ယေရှုကိုချည်နှောင်ကာ ပိလတ် မင်းထံသို့ခေါ်ဆောင်၍အပ်လိုက်ကြ၏။-
2 tadA pIlAtastaM pR^iShTavAn tvaM kiM yihUdIyalokAnAM rAjA? tataH sa pratyuktavAn satyaM vadasi|
၂ပိလတ်မင်းက ``သင်သည်ယုဒရှင်ဘုရင်မှန် သလော'' ဟုကိုယ်တော်အားမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည့်အတိုင်းမှန်၏'' ဟုမိန့်တော်မူ၏။
3 aparaM pradhAnayAjakAstasya bahuShu vAkyeShu doShamAropayA nchakruH kintu sa kimapi na pratyuvAcha|
၃ယဇ်ပုရောဟိတ်ကြီးတို့သည်ကိုယ်တော်အပေါ် အပြစ်များစွာစွပ်စွဲကြ၏။-
4 tadAnIM pIlAtastaM punaH paprachCha tvaM kiM nottarayasi? pashyaite tvadviruddhaM katiShu sAdhyeShu sAkShaM dadati|
၄သို့ဖြစ်၍တစ်ဖန်ပိလတ်မင်းကကိုယ်တော် အား ``သင်သည်မည်သို့မျှမဖြေဘဲနေပါ သလော။ သင့်အပေါ်မည်မျှအပြစ်တင်သည် ကိုကြည့်ပါ'' ဟုဆို၏။
5 kantu yIshustadApi nottaraM dadau tataH pIlAta AshcharyyaM jagAma|
၅သခင်ယေရှုသည်ဆိတ်ဆိတ်နေတော်မူသဖြင့် ပိလတ်မင်းသည်အံ့သြလေ၏။
6 apara ncha kArAbaddhe kastiMshchit jane tanmahotsavakAle lokai ryAchite deshAdhipatistaM mochayati|
၆ပိလတ်မင်းသည်ပသခါပွဲအခါကျတိုင်း ပြည်သူတို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး လေ့ရှိ၏။-
7 ye cha pUrvvamupaplavamakArShurupaplave vadhamapi kR^itavantasteShAM madhye tadAnoM barabbAnAmaka eko baddha AsIt|
၇ထိုအချိန်၌ပုန်ကန်ထကြွမှုနှင့်လူသတ်မှု ဖြင့် အကျဉ်းခံနေရသူများရှိ၏။ ထိုသူတို့ အထဲတွင်ဗာရဗ္ဗဆိုသူတစ်ဦးလည်းပါ၏။-
8 ato hetoH pUrvvAparIyAM rItikathAM kathayitvA lokA uchchairuvantaH pIlAtasya samakShaM nivedayAmAsuH|
၈လူပရိသတ်တို့သည်ပွဲတော်အခါ၌အစဉ် အလာရှိသည်အတိုင်းတောင်းခံရန်ပိလတ် မင်းထံလာရောက်ကြသောအခါ၊-
9 tadA pIlAtastAnAchakhyau tarhi kiM yihUdIyAnAM rAjAnaM mochayiShyAmi? yuShmAbhiH kimiShyate?
၉ပိလတ်မင်းက ``သင်တို့သည်ယုဒရှင်ဘုရင် အား လွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။-
10 yataH pradhAnayAjakA IrShyAta eva yIshuM samArpayanniti sa viveda|
၁၀ထိုသို့မေးသည့်အကြောင်းမှာယဇ်ပုရောဟိတ် ကြီးတို့သည် သခင်ယေရှုအားမနာလိုသဖြင့် မိမိထံသို့ပို့အပ်ကြကြောင်းကိုသိသော ကြောင့်ဖြစ်၏။
11 kintu yathA barabbAM mochayati tathA prArthayituM pradhAnayAjakA lokAn pravarttayAmAsuH|
၁၁ယဇ်ပုရောဟိတ်ကြီးတို့လှုံ့ဆော်သဖြင့် လူအပေါင်း တို့သည်သခင်ယေရှုအစားဗာရဗ္ဗအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးရန်တောင်းဆိုကြ၏။-
12 atha pIlAtaH punaH pR^iShTavAn tarhi yaM yihUdIyAnAM rAjeti vadatha tasya kiM kariShyAmi yuShmAbhiH kimiShyate?
၁၂ပိလတ်မင်းက ``ယုဒရှင်ဘုရင်ဟုသင်တို့ခေါ် သူကို ငါအဘယ်သို့ပြုရမည်နည်း'' ဟုပြန်၍ မေး၏။
13 tadA te punarapi prochchaiH prochustaM krushe vedhaya|
၁၃သူတို့က ``ထိုသူကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ပါ'' ဟုပြန်၍ဟစ်အော်ကြ၏။
14 tasmAt pIlAtaH kathitavAn kutaH? sa kiM kukarmma kR^itavAn? kintu te punashcha ruvanto vyAjahrustaM krushe vedhaya|
၁၄ပိလတ်မင်းက ``အဘယ်ကြောင့်နည်း။ သူသည် အဘယ်အပြစ်ကိုကူးလွန်သနည်း'' ဟုမေး၏။ လူတို့သည် ``ထိုသူကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်ပါ'' ဟုပို၍ပင်ကျယ်စွာဟစ်အော်ကြ၏။
15 tadA pIlAtaH sarvvAllokAn toShayitumichChan barabbAM mochayitvA yIshuM kashAbhiH prahR^itya krushe veddhuM taM samarpayAmbabhUva|
၁၅ပိလတ်မင်းသည်လူပရိသတ်ကိုကျေနပ်စေလို သဖြင့် ဗာရဗ္ဗကိုလွှတ်၍သခင်ယေရှုကိုကြိမ် ဒဏ်ခတ်ပြီးလျှင် လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ရန်အပ်လိုက်၏။
16 anantaraM sainyagaNo. aTTAlikAm arthAd adhipate rgR^ihaM yIshuM nItvA senAnivahaM samAhuyat|
၁၆စစ်သားများသည်ကိုယ်တော်ကိုဘုရင်ခံမင်း ၏အိမ်တော်ဝင်းသို့ခေါ်ဆောင်သွားပြီးလျှင် တပ်ခွဲတစ်ခုလုံးကိုစုရုံးစေ၏။-
17 pashchAt te taM dhUmalavarNavastraM paridhApya kaNTakamukuTaM rachayitvA shirasi samAropya
၁၇ထိုနောက်ကိုယ်တော်အားနီမောင်းသောအဝတ် ကိုဝတ်ဆင်စေ၍ ဆူးခက်ဖြင့်ရက်သောသရဖူ ကိုဆောင်းပေးပြီးနောက်၊-
18 he yihUdIyAnAM rAjan namaskAra ityuktvA taM namaskarttAmArebhire|
၁၈``ယုဒရှင်ဘုရင်သက်တော်ရှည်ပါစေသော'' ဟုပြက်ရယ်ပြုလျက်အရိုအသေပေးကြ၏။-
19 tasyottamA Nge vetrAghAtaM chakrustadgAtre niShThIva ncha nichikShipuH, tathA tasya sammukhe jAnupAtaM praNomuH
၁၉ဦးခေါင်းတော်ကိုကူလုံးနှင့်ရိုက်ကြ၏။ ကိုယ် တော်ကိုတံတွေးနှင့်ထွေးကြ၏။ ရှေ့တော်၌ ဒူးထောက်လျက်ဦးညွှတ်ရှိခိုးကြ၏။-
20 itthamupahasya dhUmravarNavastram uttAryya tasya vastraM taM paryyadhApayan krushe veddhuM bahirninyushcha|
၂၀ဤသို့ပြောင်လှောင်ကြပြီးလျှင်နီမောင်းသော အဝတ်ကိုချွတ်၍ ကိုယ်တော်၏အဝတ်တော်ကို ပြန်ဝတ်ပေးကြ၏။ ထိုနောက်လက်ဝါးကပ်တိုင် တွင်တင်၍သတ်ရန်ကိုယ်တော်ကိုခေါ်ဆောင် သွားကြ၏။
21 tataH paraM sekandarasya ruphasya cha pitA shimonnAmA kurINIyaloka ekaH kutashchid grAmAdetya pathi yAti taM te yIshoH krushaM voDhuM balAd dadhnuH|
၂၁ထိုအချိန်၌ (အာလေဇန္ဒြုနှင့်ရုဖုတို့၏အဖ၊ ကုရေနေပြည်သား) ရှိမုန်သည်ကျေးလက်တော ရွာဘက်မှလာ၏။ စစ်သားတို့သည်သူ့ကိုအတင်း အကြပ်ခေါ်၍ ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို ထမ်းစေ၏။-
22 atha gulgaltA arthAt shiraHkapAlanAmakaM sthAnaM yIshumAnIya
၂၂ထိုနောက်ကိုယ်တော်ကိုဂေါလဂေါသနာမည် တွင်သောအရပ်သို့ခေါ်ဆောင်သွားကြ၏။ ဂေါလဂေါသ၏အနက်ကားဦးခေါင်းခွံ အရပ်ဟူ၏။-
23 te gandharasamishritaM drAkShArasaM pAtuM tasmai daduH kintu sa na jagrAha|
၂၃သူတို့သည်မုရန်နှင့်ရောစပ်ထားသောစပျစ် ရည်ကို ကိုယ်တော်အားတိုက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည်သောက်တော်မမူ။-
24 tasmin krushe viddhe sati teShAmekaikashaH kiM prApsyatIti nirNayAya
၂၄ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေယူကြ၏။-
25 tasya paridheyAnAM vibhAgArthaM guTikApAtaM chakruH|
၂၅ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အချိန်မှာ နံနက်ကိုးနာရီဖြစ်၏။-
26 aparam eSha yihUdIyAnAM rAjeti likhitaM doShapatraM tasya shiraUrdvvam AropayA nchakruH|
၂၆ကိုယ်တော်၏ပြစ်မှုကိုကမ္ပည်းရေးထိုး၍လက်ဝါး ကပ်တိုင်အထက်တွင်တင်ထားသည်ကား ``ယုဒ ရှင်ဘုရင်'' ဟူ၍ဖြစ်သတည်း။-
27 tasya vAmadakShiNayo rdvau chaurau krushayo rvividhAte|
၂၇ကိုယ်တော်နှင့်အတူဋ္ဌားပြနှစ်ယောက်ကိုလက် ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက် တွင်တစ်ယောက်လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ကြ၏။-
28 tenaiva "aparAdhijanaiH sArddhaM sa gaNito bhaviShyati," iti shAstroktaM vachanaM siddhamabhUta|
၂၈(ဤသို့လျှင် ``ရာဇဝတ်မှုကူးလွန်သူများစာ ရင်းတွင်ကိုယ်တော်ပါဝင်၏'' ဟူသောကျမ်းစကား သည်မှန်၍လာတော့၏။)
29 anantaraM mArge ye ye lokA gamanAgamane chakruste sarvva eva shirAMsyAndolya nindanto jagaduH, re mandiranAshaka re dinatrayamadhye tannirmmAyaka,
၂၉လမ်းသွားလမ်းလာသူတို့သည်ခေါင်းညိတ်လျက် ``ဟဲ့ဗိမာန်တော်ကိုဖြိုဖျက်၍သုံးရက်အတွင်း ပြန်လည်တည်ဆောက်မည့်သူ၊-
30 adhunAtmAnam avitvA krushAdavaroha|
၃၀လက်ဝါးကပ်တိုင်ပေါ်မှဆင်းခဲ့လော့။ သင့်ကိုယ် ကိုသင်ကယ်တင်လော့'' ဟုဆို၍ကိုယ်တော်ကို သရော်ကြ၏။-
31 ki ncha pradhAnayAjakA adhyApakAshcha tadvat tiraskR^itya parasparaM chachakShire eSha parAnAvat kintu svamavituM na shaknoti|
၃၁ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများသည်ပြောင်လှောင်ကြ၏။ ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။-
32 yadIsrAyelo rAjAbhiShiktastrAtA bhavati tarhyadhunaina krushAdavarohatu vayaM tad dR^iShTvA vishvasiShyAmaH; ki ncha yau lokau tena sArddhaM krushe. avidhyetAM tAvapi taM nirbhartsayAmAsatuH|
၃၂ဣသရေလရှင်ဘုရင်၊ မေရှိယအရှင်သည် လက်ဝါးကပ်တိုင်မှယခုဆင်းခဲ့ပါစေ။ သို့ ဆင်းသည်ကိုမြင်ရလျှင်ငါတို့ယုံကြည် ပေအံ့'' ဟုအချင်းချင်းပြောဆိုလျက် သရော်ကြ၏။ ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင် အတင်ခံရသောသူများကလည်း ကိုယ်တော် ကိုပြက်ရယ်ပြုကြ၏။
33 atha dvitIyayAmAt tR^itIyayAmaM yAvat sarvvo deshaH sAndhakArobhUt|
၃၃မွန်းတည့်ချိန်မှစ၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျ လေ၏။-
34 tatastR^itIyaprahare yIshuruchchairavadat elI elI lAmA shivaktanI arthAd "he madIsha madIsha tvaM paryyatyAkShIH kuto hi mAM?"
၃၄မွန်းလွဲသုံးနာရီချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်စွာကြွေး ကြော်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူသနည်း'' ဟူ၏။
35 tadA samIpasthalokAnAM kechit tadvAkyaM nishamyAchakhyuH pashyaiSha eliyam AhUyati|
၃၅အနီးတွင်ရပ်နေသူလူအချို့တို့သည်ထို စကားကိုကြားလျှင် ``ကြည့်လော့။ သူသည် ဧလိယကိုခေါ်လျက်နေ၏'' ဟုဆိုကြ၏။-
36 tata eko jano dhAvitvAgatya spa nje. amlarasaM pUrayitvA taM naDAgre nidhAya pAtuM tasmai dattvAvadat tiShTha eliya enamavarohayitum eti na veti pashyAmi|
၃၆လူတစ်ယောက်သည်ပြေး၍ပုံးရေကိုပင်လယ် ရေမြှုပ်ဖြင့်စုပ်ယူ၏။ ထိုနောက်ရေမြှုပ်ကိုကူ ရိုးအဖျားတွင်တပ်၍ ကိုယ်တော်အားသောက်ရန် ဆက်ကပ်လျက် ``သူ့ကိုကယ်ရန်ဧလိယလာ မလာငါတို့ကြည့်ကြကုန်အံ့'' ဟုဆို၏။
37 atha yIshuruchchaiH samAhUya prANAn jahau|
၃၇သခင်ယေရှုသည်ကျယ်စွာကြွေးကြော်တော် မူပြီးနောက်အသက်ချုပ်တော်မူ၏။-
38 tadA mandirasya javanikordvvAdadhaHryyantA vidIrNA dvikhaNDAbhUt|
၃၈ထိုအခါဗိမာန်တော်ကန့်လန့်ကာသည် အထက် စွန်းမှအောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။-
39 ki ncha itthamuchchairAhUya prANAn tyajantaM taM dR^iShdvA tadrakShaNAya niyukto yaH senApatirAsIt sovadat naroyam Ishvaraputra iti satyam|
၃၉ကိုယ်တော်၏ရှေ့တွင်ရပ်နေသူတပ်မှူးသည် ကိုယ် တော်အသက်ချုပ်တော်မူပုံကိုမြင်သဖြင့် ``ဤသူကားအကယ်ပင်ဘုရားသခင်၏ သားတော်ဖြစ်၏'' ဟုဆို၏။
40 tadAnIM magdalInI marisam kaniShThayAkUbo yoseshcha mAtAnyamariyam shAlomI cha yAH striyo
၄၀အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
41 gAlIlpradeshe yIshuM sevitvA tadanugAminyo jAtA imAstadanyAshcha yA anekA nAryo yIshunA sArddhaM yirUshAlamamAyAtAstAshcha dUrAt tAni dadR^ishuH|
၄၁သူတို့သည်ကိုယ်တော်ဂါလိလဲပြည်တွင်ရှိ တော်မူခဲ့စဉ် နောက်တော်သို့လိုက်၍လုပ်ကျွေး သမှုပြုကြသူများဖြစ်၏။ သူတို့အပြင် ကိုယ်တော်နှင့်ယေရုရှလင်မြို့သို့လိုက်လာ သောအခြားအမျိုးသမီးများလည်းထို အရပ်တွင်ရှိနေကြ၏။
42 athAsAdanadinasyArthAd vishrAmavArAt pUrvvadinasya sAyaMkAla Agata
၄၂ထိုနေ့ကား (ဥပုသ်နေ့အကြို) ပြင်ဆင်ရာအဖိတ် နေ့ဖြစ်၏။ ညနေချမ်းအချိန်ကျသောအခါ အရိမဿဲမြို့သားယောသပ်ရောက်ရှိလာ၏။ သူ သည်ဂုဏ်အသရေကြီးမြင့်သူ၊ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်တည် မည့်အချိန်ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည် အရဲတင်းစွာပိလတ်မင်းထံသို့ဝင်ပြီးလျှင် သခင်ယေရှု၏အလောင်းတော်ကိုတောင်းလေ၏။-
43 IshvararAjyApekShyarimathIyayUShaphanAmA mAnyamantrI sametya pIlAtasavidhaM nirbhayo gatvA yIshordehaM yayAche|
၄၃
44 kintu sa idAnIM mR^itaH pIlAta ityasambhavaM matvA shatasenApatimAhUya sa kadA mR^ita iti paprachCha|
၄၄ပိလတ်မင်းသည်ကိုယ်တော်အသက်ချုပ်တော်မူ ပြီဖြစ်ကြောင်းကိုကြားသော် အံ့အားသင့်သွား သဖြင့်တပ်မှူးကိုခေါ်၍ ကိုယ်တော်အသက်ချုပ် တော်မူသည်မှာမည်မျှကြာပြီဖြစ်ကြောင်း ကိုစုံစမ်းမေးမြန်း၏။-
45 shatasemanApatimukhAt tajj nAtvA yUShaphe yIshordehaM dadau|
၄၅သူသည်တပ်မှူး၏အစီရင်ခံချက်ကိုကြား ရပြီးနောက် ယောသပ်အားအလောင်းတော်ကို ယူခွင့်ပြု၏။-
46 pashchAt sa sUkShmaM vAsaH krItvA yIshoH kAyamavarohya tena vAsasA veShTAyitvA girau khAtashmashAne sthApitavAn pAShANaM loThayitvA dvAri nidadhe|
၄၆ယောသပ်သည်ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်း တော်ကိုလက်ဝါးကပ်တိုင်မှချ၍ထိုပိတ်ဖြင့် ပတ်၏။ ထိုနောက်ကျောက်ဆောင်ကိုထွင်းထားသည့် သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကာဂူဝကိုကျောက်တုံး ကြီးလှိမ့်၍ပိတ်ထားလိုက်၏။-
47 kintu yatra sosthApyata tata magdalInI mariyam yosimAtR^imariyam cha dadR^ishatR^iH|
၄၇အလောင်းတော်ကိုသင်္ဂြိုဟ်သည့်နေရာကို မာဂဒလရွာသူမာရိနှင့်ယောသေ၏ အမိမာရိတို့တွေ့မြင်ရကြ၏။