< yohanaH 7 >
1 tataH paraM yihUdIyalokAstaM hantuM samaihanta tasmAd yIshu ryihUdApradeshe paryyaTituM nechChan gAlIl pradeshe paryyaTituM prArabhata|
၁ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။-
2 kintu tasmin samaye yihUdIyAnAM dUShyavAsanAmotsava upasthite
၂ယုဒအမျိုးသားတို့၏သစ်ခက်တဲနေ့ကောက် သိမ်းပွဲတော်အခါကားနီးကပ်၍လာ၏။-
3 tasya bhrAtarastam avadan yAni karmmANi tvayA kriyante tAni yathA tava shiShyAH pashyanti tadarthaM tvamitaH sthAnAd yihUdIyadeshaM vraja|
၃သို့ဖြစ်၍ညီတော်များကကိုယ်တော်အား ``သင် ပြုသောအမှုအရာများကိုသင့်တပည့်တို့ တွေ့မြင်နိုင်ကြစေရန် ဤအရပ်မှထွက်ခွာ၍ ယုဒပြည်သို့သွားပါလော့။-
4 yaH kashchit svayaM prachikAshiShati sa kadApi guptaM karmma na karoti yadIdR^ishaM karmma karoShi tarhi jagati nijaM parichAyaya|
၄မည်သူမဆိုထင်ပေါ်ကျော်ကြားလိုလျှင် အဘယ်အမှုကိုမျှလျှို့ဝှက်စွာပြုလေ့မရှိ။ သင်သည်ဤသို့အံ့သြဖွယ်အမှုအရာများ ကိုပြုမည်ဆိုပါက သင်၏အကြောင်းကိုကမ္ဘာ ကသိအောင်ပြုပါလော့'' ဟုဆိုကြ၏။-
5 yatastasya bhrAtaropi taM na vishvasanti|
၅(ညီတော်များသည်ပင်လျှင်ကိုယ်တော်ကို မယုံကြည်ကြ။)
6 tadA yIshustAn avochat mama samaya idAnIM nopatiShThati kintu yuShmAkaM samayaH satatam upatiShThati|
၆သခင်ယေရှုက ``ငါ့အချိန်မကျရောက်သေး။ သင်တို့အချိန်ကားအစဉ်ကျရောက်လျက်ရှိ၏။-
7 jagato lokA yuShmAn R^itIyituM na shakruvanti kintu mAmeva R^itIyante yatasteShAM karmANi duShTAni tatra sAkShyamidam ahaM dadAmi|
၇ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-
8 ataeva yUyam utsave. asmin yAta nAham idAnIm asminnutsave yAmi yato mama samaya idAnIM na sampUrNaH|
၈ထိုပွဲတော်သို့သင်တို့သွားကြကုန်။ ငါကား ငါ့အချိန်မကျရောက်သေးသဖြင့်သွား လိမ့်မည်မဟုတ်'' ဟုပြန်၍မိန့်တော်မူ၏။-
9 iti vAkyam ukttvA sa gAlIli sthitavAn
၉ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ဂါလိလဲပြည်တွင်ဆက်၍နေတော်မူ၏။
10 kintu tasya bhrAtR^iShu tatra prasthiteShu satsu so. aprakaTa utsavam agachChat|
၁၀ထိုပွဲတော်သို့ညီတော်များထွက်သွားကြ ပြီးမှသခင်ယေရှုသည်လည်းထိုပွဲသို့ မထင်မရှားကြွတော်မူ၏။-
11 anantaram utsavam upasthitA yihUdIyAstaM mR^igayitvApR^ichChan sa kutra?
၁၁ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။-
12 tato lokAnAM madhye tasmin nAnAvidhA vivAdA bhavitum ArabdhavantaH| kechid avochan sa uttamaH puruShaH kechid avochan na tathA varaM lokAnAM bhramaM janayati|
၁၂လူပရိသတ်သည်ကိုယ်တော်နှင့်ပတ်သက်၍ များစွာတီးတိုးပြောဆိုလျက်နေကြကုန်၏။ လူအချို့တို့က ``ဤသူသည်သူတော်ကောင်း ဖြစ်သည်'' ဟုဆိုကြ၏။ အချို့ကမူ ``သူတော် ကောင်းမဟုတ်။ လူပရိသတ်အားမှောက်မှား လမ်းလွဲစေသူဖြစ်၏'' ဟုဆိုကြ၏။-
13 kintu yihUdIyAnAM bhayAt kopi tasya pakShe spaShTaM nAkathayat|
၁၃သို့ရာတွင်ယုဒအာဏာပိုင်တို့ကိုကြောက် ကြသဖြင့် ကိုယ်တော်၏အကြောင်းကိုမည်သူ မျှပွင့်လင်းစွာမပြောရဲကြ။
14 tataH param utsavasya madhyasamaye yIshu rmandiraM gatvA samupadishati sma|
၁၄ပွဲတော်ကျင်းပရက်ထက်ဝက်မျှလွန်သော အခါ သခင်ယေရှုသည်ဗိမာန်တော်သို့ကြွ ၍ဟောပြောသွန်သင်လျက်နေတော်မူ၏။-
15 tato yihUdIyA lokA AshcharyyaM j nAtvAkathayan eShA mAnuSho nAdhItyA katham etAdR^isho vidvAnabhUt?
၁၅ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။
16 tadA yIshuH pratyavochad upadeshoyaM na mama kintu yo mAM preShitavAn tasya|
၁၆သခင်ယေရှုက ``ငါဟောပြောသွန်သင်သော တရားသည်ငါ၏တရားမဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်၏တရားဖြစ်၏။-
17 yo jano nideshaM tasya grahIShyati mamopadesho matto bhavati kim IshvarAd bhavati sa ganastajj nAtuM shakShyati|
၁၇ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
18 yo janaH svataH kathayati sa svIyaM gauravam Ihate kintu yaH prerayitu rgauravam Ihate sa satyavAdI tasmin kopyadharmmo nAsti|
၁၈မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။-
19 mUsA yuShmabhyaM vyavasthAgranthaM kiM nAdadAt? kintu yuShmAkaM kopi tAM vyavasthAM na samAcharati| mAM hantuM kuto yatadhve?
၁၉မောရှေသည်သင်တို့အားပညတ်တရားကို ပေးသည်မဟုတ်လော။ သို့သော်လည်းသင်တို့ တစ်စုံတစ်ယောက်မျှ ထိုပညတ်တရားကို မကျင့်သုံးကြ။ သင်တို့သည်ငါ့ကိုသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်း'' ဟု မိန့်တော်မူ၏။
20 tadA lokA avadan tvaM bhUtagrastastvAM hantuM ko yatate?
၂၀လူပရိသတ်က ``သင်သည်နတ်မိစ္ဆာပူးဝင်နေ သူဖြစ်၏။ အဘယ်သူသည်သင့်ကိုသတ်ရန် ကြိုးစားကြံစည်လျက်နေပါသနည်း'' ဟု ဆိုကြ၏။
21 tato yIshuravochad ekaM karmma mayAkAri tasmAd yUyaM sarvva mahAshcharyyaM manyadhve|
၂၁သခင်ယေရှုက ``ဥပုသ်နေ့၌အံ့သြဖွယ်အမှု တစ်ခုကိုငါပြုသောအခါ သင်တို့အားလုံး ပင်အံ့အားသင့်သွားကြ၏။-
22 mUsA yuShmabhyaM tvakChedavidhiM pradadau sa mUsAto na jAtaH kintu pitR^ipuruShebhyo jAtaH tena vishrAmavAre. api mAnuShANAM tvakChedaM kurutha|
၂၂မောရှေကသင်တို့၏ကလေးသူငယ်များအား အရေဖျားလှီးမင်္ဂလာပေးရန်ပညတ်ခဲ့၏။ သို့ ဖြစ်၍သင်တို့သည်ဥပုသ်နေ့၌ပင်လျှင် အရေ ဖျားလှီးမင်္ဂလာကိုပြုကြ၏။ (အမှန်စင်စစ် အရေဖျားလှီးမင်္ဂလာကိုစတင်စီရင်ခဲ့သူ မှာ မောရှေမဟုတ်ဘဲသင်တို့ဘိုးဘေးများ ဖြစ်ပေသည်။)-
23 ataeva vishrAmavAre manuShyANAM tvakChede kR^ite yadi mUsAvyavasthAma NganaM na bhavati tarhi mayA vishrAmavAre mAnuShaH sampUrNarUpeNa svastho. akAri tatkAraNAd yUyaM kiM mahyaM kupyatha?
၂၃ဤသို့လျှင်မောရှေ၏ပညတ်တရားမချိုး ဖောက်ရန် သင်တို့သည်ဥပုသ်နေ့တွင်အရေဖျား လှီးမင်္ဂလာပေးလျှင် ငါသည်ဥပုသ်နေ့၌လူ တစ်ဦးတစ်ယောက်အားပကတိကျန်းမာ လာစေသောအခါ၌မူ အဘယ်ကြောင့်ငါ့ အားအမျက်ထွက်ကြသနည်း။-
24 sapakShapAtaM vichAramakR^itvA nyAyyaM vichAraM kuruta|
၂၄အပြင်အပလက္ခဏာကိုထောက်၍မစီရင် မဆုံးဖြတ်ကြနှင့်။ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြလော့'' ဟုမိန့်တော်မူ၏။
25 tadA yirUshAlam nivAsinaH katipayajanA akathayan ime yaM hantuM cheShTante sa evAyaM kiM na?
၂၅ယေရုရှလင်မြို့သားအချို့တို့က ``ဤသူကို အာဏာပိုင်ကသတ်ရန်ရှာကြံနေကြသည် မဟုတ်ပါလော။-
26 kintu pashyata nirbhayaH san kathAM kathayati tathApi kimapi a vadantyete ayamevAbhiShiktto bhavatIti nishchitaM kimadhipatayo jAnanti?
၂၆ကြည့်ပါ။ သူသည်အထင်အရှားဟောပြောသွန် သင်လျက်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားမတားမြစ်ပါတကား။ ဤသူသည် မေရှိယအရှင်ဖြစ်ကြောင်းကိုအာဏာပိုင်တို့ ကအကယ်ပင်သိရှိကြလေသလော။ သို့ရာ တွင်ဤသူ၏ဇာတိကိုငါတို့သိကြ၏။-
27 manujoyaM kasmAdAgamad iti vayaM jAnomaH kintvabhiShiktta Agate sa kasmAdAgatavAn iti kopi j nAtuM na shakShyati|
၂၇မေရှိယအရှင်ကြွလာတော်မူချိန်၌မူကား ထိုအရှင်၏ဇာတိကိုမည်သူမျှမသိနိုင်ရာ'' ဟုဆိုကြ၏။
28 tadA yIshu rmadhyemandiram upadishan uchchaiHkAram ukttavAn yUyaM kiM mAM jAnItha? kasmAchchAgatosmi tadapi kiM jAnItha? nAhaM svata Agatosmi kintu yaH satyavAdI saeva mAM preShitavAn yUyaM taM na jAnItha|
၂၈ကိုယ်တော်သည်ဗိမာန်တော်ထဲတွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``သင်တို့ငါ့ကို သိကြ၏။ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင်ငါသည်ကိုယ့်အခွင့် အာဏာအရလာသည်မဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်သည်သစ္စာနှင့်ပြည့်စုံ တော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။-
29 tamahaM jAne tenAhaM prerita agatosmi|
၂၉ငါသည်ထိုအရှင်၏ထံမှလာသောကြောင့် လည်းကောင်း၊ ထိုအရှင်သည်ငါ့ကိုစေလွှတ် တော်မူသောကြောင့်လည်းကောင်း ငါသည်ထို အရှင်ကိုသိ၏'' ဟုကြွေးကြော်တော်မူ၏။
30 tasmAd yihUdIyAstaM dharttum udyatAstathApi kopi tasya gAtre hastaM nArpayad yato hetostadA tasya samayo nopatiShThati|
၃၀လူတို့သည်ကိုယ်တော်အားဖမ်းဆီးရန်အခွင့် ကိုရှာကြံကြသော်လည်းအချိန်မကျသေး သဖြင့် ကိုယ်တော်အားအဘယ်သူမျှမဖမ်း မဆီးကြ။-
31 kintu bahavo lokAstasmin vishvasya kathitavAnto. abhiShikttapuruSha Agatya mAnuShasyAsya kriyAbhyaH kim adhikA AshcharyyAH kriyAH kariShyati?
၃၁ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။
32 tataH paraM lokAstasmin itthaM vivadante phirUshinaH pradhAnayAjakA ncheti shrutavantastaM dhR^itvA netuM padAtigaNaM preShayAmAsuH|
၃၂ဤသို့ကိုယ်တော်၏အကြောင်းကိုလူတို့တီး တိုးပြောဆိုနေကြသည်ကိုဖာရိရှဲများ ကြားကြ၏။ သို့ဖြစ်၍သူတို့နှင့်ယဇ်ပုရော ဟိတ်ကြီးများသည် ကိုယ်တော်ကိုဖမ်းဆီး ရန်အစောင့်တပ်သားအချို့ကိုစေလွှတ် လိုက်ကြ၏။-
33 tato yIshuravadad aham alpadinAni yuShmAbhiH sArddhaM sthitvA matprerayituH samIpaM yAsyAmi|
၃၃သခင်ယေရှုကလူတို့အား ``ငါသည်သင်တို့ နှင့်အတူခေတ္တခဏသာနေပြီးလျှင်ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ငါသွား ရမည်။-
34 mAM mR^igayiShyadhve kintUddeshaM na lapsyadhve ratra sthAsyAmi tatra yUyaM gantuM na shakShyatha|
၃၄သင်တို့သည်ငါ့ကိုရှာသော်လည်းတွေ့ကြလိမ့် မည်မဟုတ်။ ထိုမှတစ်ပါးငါရောက်ရှိမည့် အရပ်သို့သင်တို့မသွားနိုင်ကြ'' ဟုမိန့်တော် မူ၏။
35 tadA yihUdIyAH parasparaM vakttumArebhire asyoddeshaM na prApsyAma etAdR^ishaM kiM sthAnaM yAsyati? bhinnadeshe vikIrNAnAM yihUdIyAnAM sannidhim eSha gatvA tAn upadekShyati kiM?
၃၅ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။-
36 no chet mAM gaveShayiShyatha kintUddeshaM na prApsyatha eSha kodR^ishaM vAkyamidaM vadati?
၃၆သူက `သင်တို့ငါ့ကိုရှာသော်လည်းတွေ့လိမ့်မည် မဟုတ်။ ငါရောက်ရှိမည့်အရပ်သို့သင်တို့မသွား နိုင်ကြ' ဟုဆိုချေသည်။ ဤစကားများ၏အနက် ကားအဘယ်သို့နည်း'' ဟုအချင်းချင်းမေးမြန်း ကြ၏။
37 anantaram utsavasya charame. ahani arthAt pradhAnadine yIshuruttiShThan uchchaiHkAram Ahvayan uditavAn yadi kashchit tR^iShArtto bhavati tarhi mamAntikam Agatya pivatu|
၃၇ပွဲတော်၏နောက်ဆုံးနေ့နှင့်အရေးကြီးဆုံး နေ့၌ သခင်ယေရှုသည်ရပ်လျက် ``ရေငတ် သူသည်ငါ့ထံသို့လာ၍သောက်လော့။-
38 yaH kashchinmayi vishvasiti dharmmagranthasya vachanAnusAreNa tasyAbhyantarato. amR^itatoyasya srotAMsi nirgamiShyanti|
၃၈ကျမ်းစာလာသည်အတိုင်း `ငါ့ကိုယုံကြည်သူ ၏စိတ်နှလုံးအထဲမှအသက်ရေသည်စမ်း ချောင်းသဖွယ်စီးထွက်နေလိမ့်မည်' '' ဟု ကြွေးကြော်တော်မူ၏။-
39 ye tasmin vishvasanti ta AtmAnaM prApsyantItyarthe sa idaM vAkyaM vyAhR^itavAn etatkAlaM yAvad yIshu rvibhavaM na prAptastasmAt pavitra AtmA nAdIyata|
၃၉သခင်ယေရှုသည်ဘုန်းအသရေပွင့်တော်မမူ သေးသဖြင့် ဝိညာဉ်တော်ကိုလည်းကိုယ်တော် ကိုသက်ဝင်ယုံကြည်သူတို့အားမပေးမအပ် ရသေးပေ။ သို့ဖြစ်၍ထိုသူတို့ခံယူကြရ မည့်ဝိညာဉ်တော်ကိုရည်မှတ်၍ ဤသို့ကြွေး ကြော်တော်မူခြင်းဖြစ်၏။
40 etAM vANIM shrutvA bahavo lokA avadan ayameva nishchitaM sa bhaviShyadvAdI|
၄၀ပရိသတ်အထဲမှလူအများပင်ဤသို့ကိုယ်တော် ကြွေးကြော်တော်မူသည်ကိုကြားကြ၏။ သို့ဖြစ်၍ သူတို့က ``ဤသူသည်ဧကန်ပင်ပရောဖက်ဖြစ်၏'' ဟုဆိုကြ၏။
41 kechid akathayan eShaeva sobhiShikttaH kintu kechid avadan sobhiShikttaH kiM gAlIl pradeshe janiShyate?
၄၁အချို့သောသူတို့က ``ဤသူသည်မေရှိယ ဖြစ်သည်ဟုဆိုကြ၏။'' သို့ရာတွင်အချို့က မေရှိယသည်ဂါလိလဲပြည်မှပေါ်ထွန်းပါ မည်လော။-
42 sobhiShiktto dAyUdo vaMshe dAyUdo janmasthAne baitlehami pattane janiShyate dharmmagranthe kimitthaM likhitaM nAsti?
၄၂မေရှိယသည်ဒါဝိဒ်မင်း၏သားမြေးဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်နေထိုင်ခဲ့သည့်ဗက်လင် ရွာမှပေါ်ထွန်းလိမ့်မည်ဟူ၍လည်းကောင်း ကျမ်း စာလာသည်မဟုတ်ပါလော'' ဟုဆိုကြ၏။-
43 itthaM tasmin lokAnAM bhinnavAkyatA jAtA|
၄၃သို့ဖြစ်၍ကိုယ်တော်နှင့်ပတ်သက်၍လူပရိသတ် စိတ်သဘောကွဲလွဲလျက်နေကြ၏။-
44 katipayalokAstaM dharttum aichChan tathApi tadvapuShi kopi hastaM nArpayat|
၄၄လူအချို့တို့သည်ကိုယ်တော်ကိုဖမ်းဆီးလို ကြ၏။ သို့သော်လည်းအဘယ်သူမျှမဖမ်း မဆီးကြ။
45 anantaraM pAdAtigaNe pradhAnayAjakAnAM phirUshinA ncha samIpamAgatavati te tAn apR^ichChan kuto hetostaM nAnayata?
၄၅အစောင့်တပ်သားများသည်ယဇ်ပုရောဟိတ်ကြီး များနှင့်ဖာရိရှဲများထံသို့ပြန်လာကြသော အခါ သူတို့က ``အဘယ်ကြောင့်ထိုသူ့ကိုသင် တို့ဖမ်းဆီးခေါ်ဆောင်၍မလာကြသနည်း'' ဟုမေးကြ၏။
46 tadA padAtayaH pratyavadan sa mAnava iva kopi kadApi nopAdishat|
၄၆အစောင့်တပ်သားများက ``ဤသူဟောပြော သကဲ့သို့မည်သူမျှမဟောစဖူးပါ'' ဟု ဆိုကြ၏။
47 tataH phirUshinaH prAvochan yUyamapi kimabhrAmiShTa?
၄၇ဖာရိရှဲများက ``သင်တို့သည်လည်းသူ၏လှည့် စားခြင်းကိုခံရကြပြီလော။-
48 adhipatInAM phirUshinA ncha kopi kiM tasmin vyashvasIt?
၄၈ငါတို့ခေါင်းဆောင်များနှင့်ဖာရိရှဲများအထဲ မှတစ်ဦးတစ်ယောက်သည် ထိုသူကိုယုံကြည် ပါသလော။-
49 ye shAstraM na jAnanti ta ime. adhamalokAeva shApagrastAH|
၄၉ဤလူထုသည်ပညတ်တရားကိုမသိသော ကြောင့် ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံကြ ရပြီတကား'' ဟုဆိုကြ၏။
50 tadA nikadImanAmA teShAmeko yaH kShaNadAyAM yIshoH sannidhim agAt sa ukttavAn
၅၀ထိုသူအထဲတွင်နိကောဒင်ပါ၏။ သူသည်ယခင် ကသခင်ယေရှု၏ထံတော်သို့လာဖူး၏။-
51 tasya vAkye na shrute karmmaNi cha na vidite. asmAkaM vyavasthA kiM ka nchana manujaM doShIkaroti?
၅၁နိကောဒင်က ``ငါတို့တရားအရအဘယ် အမှုကိုကူးလွန်ကြောင်းစစ်ဆေးခြင်းကိုမပြု၊ တရားခံအားချေပပြောဆိုခွင့်ကိုလည်းမပေး ဘဲတစ်စုံတစ်ယောက်ကိုအပြစ်စီရင်နိုင်ပါ သလော'' ဟုဆို၏။
52 tataste vyAharan tvamapi kiM gAlIlIyalokaH? vivichya pashya galIli kopi bhaviShyadvAdI notpadyate|
၅၂ထိုသူတို့က ``သင်သည်လည်းဂါလိလဲပြည် သားပေလော။ ကျမ်းစာတော်ကိုလေ့လာကြည့် ပါလျှင်ဂါလိလဲပြည်မှအဘယ်ပရောဖက် မျှမပေါ်ထွန်းသည်ကိုသင်သိရလိမ့်မည်'' ဟု ဆိုကြ၏။
53 tataH paraM sarvve svaM svaM gR^ihaM gatAH kintu yIshu rjaitunanAmAnaM shilochchayaM gatavAn|
၅၃