< yohanaH 11 >
1 anantaraM mariyam tasyA bhaginI marthA cha yasmin vaithanIyAgrAme vasatastasmin grAme iliyAsar nAmA pIDita eka AsIt|
၁ဗေသနိရွာသားလာဇရုဆိုသူသည်ဖျားနာ လျက်ရှိ၏။ ဗေသနိရွာတွင်ညီအစ်မဖြစ်ကြ သောမာရိနှင့်မာသတို့နေထိုင်ကြ၏။-
2 yA mariyam prabhuM sugandhitelaina marddayitvA svakeshaistasya charaNau samamArjat tasyA bhrAtA sa iliyAsar rogI|
၂(ဤမာရိကားသခင်ယေရှု၏ခြေတော်ထက် မှာဆီမွှေးသွန်းလောင်း၍ မိမိဆံပင်ဖြင့်သုတ် ပေးသူဖြစ်၏။ ဖျားနာနေသူလာဇရုသည် ဤမာရိ၏မောင်တည်း။)-
3 apara ncha he prabho bhavAn yasmin prIyate sa eva pIDitostIti kathAM kathayitvA tasya bhaginyau preShitavatyau|
၃ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
4 tadA yIshurimAM vArttAM shrutvAkathayata pIDeyaM maraNArthaM na kintvIshvarasya mahimArtham Ishvaraputrasya mahimaprakAshArtha ncha jAtA|
၄ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။
5 yIshu ryadyapimarthAyAM tadbhaginyAm iliyAsari chAprIyata,
၅သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။-
6 tathApi iliyAsaraH pIDAyAH kathaM shrutvA yatra AsIt tatraiva dinadvayamatiShThat|
၆လာဇရုဖျားနာနေကြောင်းကိုကြားတော်မူ လျှင် ကိုယ်တော်သည်မိမိရောက်ရှိရာအရပ် တွင်နှစ်ရက်တိုင်တိုင်ဆက်၍နေတော်မူ၏။-
7 tataH param sa shiShyAnakathayad vayaM puna ryihUdIyapradeshaM yAmaH|
၇ထိုနောက်ကိုယ်တော်က ``ယုဒပြည်သို့ငါတို့ တစ်ဖန်သွားကြကုန်အံ့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
8 tataste pratyavadan, he guro svalpadinAni gatAni yihUdIyAstvAM pAShANai rhantum udyatAstathApi kiM punastatra yAsyasi?
၈တပည့်တော်တို့က ``အရှင်ဘုရား၊ လူတို့သည် ကိုယ်တော်အားမကြာမီကပင်ခဲနှင့်ပေါက် ရန်ကြိုးစားကြပါ၏။ ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော'' ဟုမေးလျှောက်ကြ၏။
9 yIshuH pratyavadat, ekasmin dine kiM dvAdashaghaTikA na bhavanti? kopi divA gachChan na skhalati yataH sa etajjagato dIptiM prApnoti|
၉ကိုယ်တော်က ``တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိ သည်မဟုတ်လော။ နေ့အချိန်၌သွားလာသူ သည်နေ၏အလင်းရောင်ကိုမြင်ရသဖြင့် ခလုတ်မထိဘဲကောင်းစွာသွားလာနိုင်၏။-
10 kintu rAtrau gachChan skhalati yato hetostatra dIpti rnAsti|
၁၀ညအချိန်၌သွားလာသူမူကားအလင်း ရောင်ကိုမရသဖြင့် ခလုတ်ထိ၍လဲတတ်၏'' ဟုမိန့်တော်မူ၏။-
11 imAM kathAM kathayitvA sa tAnavadad, asmAkaM bandhuH iliyAsar nidritobhUd idAnIM taM nidrAto jAgarayituM gachChAmi|
၁၁ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။
12 yIshu rmR^itau kathAmimAM kathitavAn kintu vishrAmArthaM nidrAyAM kathitavAn iti j nAtvA shiShyA akathayan,
၁၂တပည့်တော်တို့က ``အရှင်၊ သူသည်အိပ်ပျော် လျက်နေပါမူကျန်းမာလာပါလိမ့်မည်'' ဟု လျှောက်ကြ၏။
13 he guro sa yadi nidrAti tarhi bhadrameva|
၁၃သခင်ယေရှုကလာဇရုသေကြောင်းကို ရည်မှတ်၍ထိုသို့မိန့်တော်မူသော်လည်း သာ မန်အိပ်ပျော်ကြောင်းကိုဆိုလိုတော်မူသည် ဟုတပည့်တော်တို့ထင်မှတ်ကြ၏။-
14 tadA yIshuH spaShTaM tAn vyAharat, iliyAsar amriyata;
၁၄သို့ဖြစ်၍သခင်ယေရှုက ``လာဇရုသည် သေပြီ။-
15 kintu yUyaM yathA pratItha tadarthamahaM tatra na sthitavAn ityasmAd yuShmannimittam AhlAditohaM, tathApi tasya samIpe yAma|
၁၅ထိုအရပ်၌ငါမရှိခဲ့သည်မှာသင်တို့ယုံ ကြည်လာကြစေရန်ပင်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သူ့ထံသို့သွားကြကုန်အံ့'' ဟု ပွင့်လင်းစွာမိန့်တော်မူ၏။
16 tadA thomA yaM didumaM vadanti sa sa NginaH shiShyAn avadad vayamapi gatvA tena sArddhaM mriyAmahai|
၁၆(အမြွှာပူးဟုနာမည်တွင်သည့်) သောမက ``ငါ တို့သည်လည်းသခင်နှင့်အတူအသေခံရန် လိုက်သွားကြကုန်အံ့'' ဟုမိမိ၏အဖော် တပည့်တော်တို့အားပြောဆို၏။
17 yIshustatropasthAya iliyAsaraH shmashAne sthApanAt chatvAri dinAni gatAnIti vArttAM shrutavAn|
၁၇သခင်ယေရှုရောက်တော်မူသောအခါလာဇရု အားသင်္ဂြိုဟ်ခဲ့သည်မှာလေးရက်မျှရှိပြီဖြစ် ကြောင်းတွေ့ရှိတော်မူ၏။-
18 vaithanIyA yirUshAlamaH samIpasthA kroshaikamAtrAntaritA;
၁၈ဗေသနိရွာသည်ယေရုရှလင်မြို့နှင့်နှစ် မိုင်ပင်မဝေးချေ။
19 tasmAd bahavo yihUdIyA marthAM mariyama ncha bhyAtR^ishokApannAM sAntvayituM tayoH samIpam AgachChan|
၁၉ယုဒအမျိုးသားအမြောက်အမြားပင် မာရိနှင့်မာသတို့၏မောင်သေဆုံးသော ကြောင့်သူတို့ကိုနှစ်သိမ့်ရန်လာရောက်ကြ ၏။
20 marthA yIshorAgamanavArtAM shrutvaiva taM sAkShAd akarot kintu mariyam geha upavishya sthitA|
၂၀မာသသည်သခင်ယေရှုကြွလာတော်မူ ကြောင်းကိုကြားလျှင် ခရီးဦးကြိုပြုရန် ထွက်သွား၏။ မာရိမူကားအိမ်တွင်ထိုင် လျက်နေရစ်၏။-
21 tadA marthA yIshumavAdat, he prabho yadi bhavAn atrAsthAsyat tarhi mama bhrAtA nAmariShyat|
၂၁မာသက ``အရှင်ဘုရား၊ အရှင်သာဤ အရပ်တွင်ရှိခဲ့ပါမူကျွန်မ၏မောင်သေ မည်မဟုတ်ပါ။-
22 kintvidAnImapi yad Ishvare prArthayiShyate Ishvarastad dAsyatIti jAne. ahaM|
၂၂ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။
23 yIshuravAdIt tava bhrAtA samutthAsyati|
၂၃သခင်ယေရှုက ``သင်၏မောင်သည်အသက် ပြန်၍ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
24 marthA vyAharat sheShadivase sa utthAnasamaye protthAsyatIti jAne. ahaM|
၂၄မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။-
25 tadA yIshuH kathitavAn ahameva utthApayitA jIvayitA cha yaH kashchana mayi vishvasiti sa mR^itvApi jIviShyati;
၂၅သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
26 yaH kashchana cha jIvan mayi vishvasiti sa kadApi na mariShyati, asyAM kathAyAM kiM vishvasiShi? (aiōn )
၂၆ငါ့ကိုယုံကြည်၍ယခုအသက်ရှင်လျက်ရှိ သောသူသည်လည်း အဘယ်အခါမျှသေရ လိမ့်မည်မဟုတ်။ ငါ့စကားကိုသင်ယုံပါ သလော'' ဟုမေးတော်မူ၏။ (aiōn )
27 sAvadat prabho yasyAvataraNApekShAsti bhavAn saevAbhiShiktta Ishvaraputra iti vishvasimi|
၂၇မာသက ``ယုံပါ၏သခင်။ အရှင်သည်ဤ လောကသို့ကြွလာမည့်ဘုရားသခင်၏ သားတော်မေရှိယဖြစ်တော်မူသည်ကို ကျွန်မယုံပါ၏'' ဟုလျှောက်၏။
28 iti kathAM kathayitvA sA gatvA svAM bhaginIM mariyamaM guptamAhUya vyAharat gururupatiShThati tvAmAhUyati cha|
၂၈ဤသို့လျှောက်ထားပြီးလျှင်မာသသည်အိမ် သို့ပြန်၍ညီမမာရိကိုတိတ်တဆိတ်ခေါ် ပြီးနောက် ``ဆရာတော်ကြွလာတော်မူပြီ။ သင့်အားမေးလျက်နေသည်'' ဟုပြောကြား၏။-
29 kathAmimAM shrutvA sA tUrNam utthAya tasya samIpam agachChat|
၂၉ထိုစကားကိုကြားလျှင်မာရိသည်အလျင် အမြန်ထ၍အထံတော်သို့သွားလေ၏။-
30 yIshu rgrAmamadhyaM na pravishya yatra marthA taM sAkShAd akarot tatra sthitavAn|
၃၀သခင်ယေရှုသည်ကားရွာထဲသို့မဝင်ရသေး။ မာသသွားရောက်ကြိုဆိုရာအရပ်မှာပင်ရှိ တော်မူ၏။-
31 ye yihUdIyA mariyamA sAkaM gR^ihe tiShThantastAm asAntvayana te tAM kShipram utthAya gachChantiM vilokya vyAharan, sa shmashAne rodituM yAti, ityuktvA te tasyAH pashchAd agachChan|
၃၁မာရိအားနှစ်သိမ့်စကားပြောကြားရန်အိမ် တွင်ရှိနေကြသောလူတို့သည်မာရိအလျင် အမြန်ထ၍ထွက်သွားသည်ကိုမြင်လျှင် ငို ကြွေးရန်သင်္ချိုင်းသို့သွားသည်ဟုထင်မှတ် ကြ၏။ သို့ဖြစ်၍သူတို့သည်မာရိ၏နောက် သို့လိုက်သွားကြ၏။
32 yatra yIshuratiShThat tatra mariyam upasthAya taM dR^iShTvA tasya charaNayoH patitvA vyAharat he prabho yadi bhavAn atrAsthAsyat tarhi mama bhrAtA nAmariShyat|
၃၂မာရိသည်သခင်ယေရှုရှိရာအရပ်သို့ရောက် သောအခါ ကိုယ်တော်ကိုမြင်သဖြင့်ခြေတော် ရင်းမှာပျပ်ဝပ်လျက် ``အရှင်ဘုရား၊ အရှင် သာဤအရပ်မှာရှိတော်မူခဲ့ပါလျှင်ကျွန်မ မောင်သည်သေမည်မဟုတ်ပါ'' ဟုလျှောက် ထား၏။
33 yIshustAM tasyAH sa Ngino yihUdIyAMshcha rudato vilokya shokArttaH san dIrghaM nishvasya kathitavAn taM kutrAsthApayata?
၃၃သခင်ယေရှုသည်မာရိငိုယိုနေသည်ကို လည်းကောင်း၊ သူနှင့်အတူပါလာကြသော လူတို့သည်လည်းငိုယိုနေကြသည်ကိုလည်း ကောင်းမြင်တော်မူသဖြင့် စိတ်တော်အလွန် လှုပ်ရှားလျက်စိတ်မချမ်းမသာဖြစ်တော်မူ၏။-
34 te vyAharan, he prabho bhavAn Agatya pashyatu|
၃၄ကိုယ်တော်က ``သူ့အလောင်းကိုအဘယ်မှာ သင်္ဂြိုဟ်ကြသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သခင်ကြွ၍ကြည့်တော်မူ ပါ'' ဟုလျှောက်ထားကြ၏။-
၃၅သခင်ယေရှုသည်မျက်ရည်ကျတော်မူ၏။
36 ataeva yihUdIyA avadan, pashyatAyaM tasmin kidR^ig apriyata|
၃၆ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။-
37 teShAM kechid avadan yondhAya chakShuShI dattavAn sa kim asya mR^ityuM nivArayituM nAshaknot?
၃၇အချို့သောသူတို့ကမူ ``မျက်မမြင်ကို မျက်စိမြင်စေသောသူသည်လာဇရုကို မသေရအောင်မတတ်နိုင်ပါသလော'' ဟု ဆိုကြ၏။
38 tato yIshuH punarantardIrghaM nishvasya shmashAnAntikam agachChat| tat shmashAnam ekaM gahvaraM tanmukhe pAShANa eka AsIt|
၃၈သခင်ယေရှုသည်တစ်ဖန်စိတ်တော်အလွန် လှုပ်ရှားလျက်သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထို ဂူ၏အဝင်ဝကိုကျောက်တုံးဖြင့်ပိတ်ထား၏။-
39 tadA yIshuravadad enaM pAShANam apasArayata, tataH pramItasya bhaginI marthAvadat prabho, adhunA tatra durgandho jAtaH, yatodya chatvAri dinAni shmashAne sa tiShThati|
၃၉သခင်ယေရှုက ``ကျောက်တုံးကိုရွှေ့လိုက်ကြ လော့'' ဟုမိန့်တော်မူ၏။ သေလွန်သူ၏အစ်မ၊ မာသက ``အရှင် ဘုရား၊ ယခုအခါဆိုလျှင်အနံ့ထွက် နေပါလိမ့်မည်။ သူသေသည်မှာလေးရက် ရှိပါပြီ'' ဟုလျှောက်၏။
40 tadA yIshuravAdIt, yadi vishvasiShi tarhIshvarasya mahimaprakAshaM drakShyasi kathAmimAM kiM tubhyaM nAkathayaM?
၄၀သခင်ယေရှုက ``သင်ယုံကြည်လျှင်ဘုရား သခင်၏ဘုန်းအသရေတော်ကိုမြင်ရလိမ့် မည်ဟူ၍ငါပြောသည်မဟုတ်လော'' ဟု မိန့်တော်မူ၏။-
41 tadA mR^itasya shmashAnAt pAShANo. apasArite yIshurUrdvvaM pashyan akathayat, he pita rmama nevesanam ashR^iNoH kAraNAdasmAt tvAM dhanyaM vadAmi|
၄၁သို့ဖြစ်၍လူတို့သည်ကျောက်တုံးကိုရွှေ့လိုက် ကြ၏။ ထိုအခါသခင်ယေရှုသည်အထက် သို့မျှော်ကြည့်လျက် ``ခမည်းတော်၊ ကိုယ်တော် ရှင်သည်အကျွန်ုပ်၏ပတ္ထနာကိုနားညောင်း တော်မူသဖြင့်ကျေးဇူးတော်ကြီးပါ၏။-
42 tvaM satataM shR^iNoShi tadapyahaM jAnAmi, kintu tvaM mAM yat prairayastad yathAsmin sthAne sthitA lokA vishvasanti tadartham idaM vAkyaM vadAmi|
၄၂ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။-
43 imAM kathAM kathayitvA sa prochchairAhvayat, he iliyAsar bahirAgachCha|
၄၃ထိုနောက် ``လာဇရု၊ ထွက်ခဲ့လော့'' ဟုကျယ်စွာ အမိန့်ပေးတော်မူ၏။-
44 tataH sa pramItaH shmashAnavastrai rbaddhahastapAdo gAtramArjanavAsasA baddhamukhashcha bahirAgachChat| yIshuruditavAn bandhanAni mochayitvA tyajatainaM|
၄၄ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။
45 mariyamaH samIpam AgatA ye yihUdIyalokAstadA yIshoretat karmmApashyan teShAM bahavo vyashvasan,
၄၅ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။-
46 kintu kechidanye phirUshinAM samIpaM gatvA yIshoretasya karmmaNo vArttAm avadan|
၄၆သို့ရာတွင်အချို့တို့သည်ဖာရိရှဲများ၏ ထံသို့သွား၍ သခင်ယေရှုပြုတော်မူသော အမှုကိုပြောကြားကြ၏။-
47 tataH paraM pradhAnayAjakAH phirUshinAshcha sabhAM kR^itvA vyAharan vayaM kiM kurmmaH? eSha mAnavo bahUnyAshcharyyakarmmANi karoti|
၄၇သို့ဖြစ်၍ယဇ်ပုရောဟိတ်ကြီးများနှင့် ဖာရိရှဲများသည်ယုဒတရားလွှတ်တော်ဆိုင် ရာအစည်းအဝေးကိုခေါ်ဖိတ်၍ ``ဤသူသည် များစွာသောအံ့သြဖွယ်နိမိတ်လက္ခဏာတို့ ကိုပြလျက်နေ၏။ ငါတို့အဘယ်ကြောင့်မည် သို့မျှမပြုဘဲနေကြသနည်း။-
48 yadIdR^ishaM karmma karttuM na vArayAmastarhi sarvve lokAstasmin vishvasiShyanti romilokAshchAgatyAsmAkam anayA rAjadhAnyA sArddhaM rAjyam AChetsyanti|
၄၈သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။
49 tadA teShAM kiyaphAnAmA yastasmin vatsare mahAyAjakapade nyayujyata sa pratyavadad yUyaM kimapi na jAnItha;
၄၉ထိုသူတို့တွင်ထိုနှစ်အတွက် ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖဆိုသူက ``သင်တို့ သည်ပညာမဲ့ကြပါသည်တကား။-
50 samagradeshasya vinAshatopi sarvvalokArtham ekasya janasya maraNam asmAkaM ma Ngalahetukam etasya vivechanAmapi na kurutha|
၅၀ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။-
51 etAM kathAM sa nijabuddhyA vyAharad iti na,
၅၁ယင်းသို့ဆိုရာ၌သူသည် မိမိကိုယ်ပိုင်ဉာဏ် ဖြင့်ဆိုသည်မဟုတ်။ ထိုနှစ်အတွက်ယဇ်ပု ရောဟိတ်မင်းဖြစ်လျက် ယုဒအမျိုးသား တစ်ရပ်လုံးအတွက်လည်းကောင်း၊ ထိုမျှမက အရပ်ရပ်တွင် ကွဲလွင့်နေသောဘုရားသခင် ၏လူစုတော်ဝင်များကိုတစ်စုတစ်ရုံးတည်း ဖြစ်စေရန်လည်းကောင်း ကိုယ်တော်အသေခံ တော်မူမည့်အကြောင်းကြိုတင်ဟောကြား ခြင်းဖြစ်သတည်း။
52 kintu yIshUstaddeshIyAnAM kAraNAt prANAn tyakShyati, dishi dishi vikIrNAn Ishvarasya santAnAn saMgR^ihyaikajAtiM kariShyati cha, tasmin vatsare kiyaphA mahAyAjakatvapade niyuktaH san idaM bhaviShyadvAkyaM kathitavAn|
၅၂
53 taddinamArabhya te kathaM taM hantuM shaknuvantIti mantraNAM karttuM prArebhire|
၅၃ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။-
54 ataeva yihUdIyAnAM madhye yIshuH saprakAshaM gamanAgamane akR^itvA tasmAd gatvA prAntarasya samIpasthAyipradeshasyephrAyim nAmni nagare shiShyaiH sAkaM kAlaM yApayituM prArebhe|
၅၄သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
55 anantaraM yihUdIyAnAM nistArotsave nikaTavarttini sati tadutsavAt pUrvvaM svAn shuchIn karttuM bahavo janA grAmebhyo yirUshAlam nagaram AgachChan,
၅၅ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။-
56 yIshoranveShaNaM kR^itvA mandire daNDAyamAnAH santaH parasparaM vyAharan, yuShmAkaM kIdR^isho bodho jAyate? sa kim utsave. asmin atrAgamiShyati?
၅၆ထိုသူတို့သည်သခင်ယေရှုကိုရှာလျက်နေ ကြ၏။ သူတို့သည်ဗိမာန်တော်တွင်စုရုံးမိ ကြသောအခါ ``သူသည်ဤပွဲတော်သို့လာ ပါမည်လော။ မလာမည်မှာသေချာ၏။ သင် တို့အဘယ်သို့ထင်ကြသနည်း'' ဟုအချင်း ချင်းမေးမြန်းပြောဆိုကြ၏။-
57 sa cha kutrAsti yadyetat kashchid vetti tarhi darshayatu pradhAnayAjakAH phirUshinashcha taM dharttuM pUrvvam imAm Aj nAM prAchArayan|
၅၇ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများ ကမည်သူမဆိုသခင်ယေရှုရှိရာအရပ် ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန်အကြောင်း ကြားရမည်ဟုအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သတည်း။