< yAkUbaH 3 >
1 he mama bhrAtaraH, shikShakairasmAbhi rgurutaradaNDo lapsyata iti j nAtvA yUyam aneke shikShakA mA bhavata|
၁ငါ့ညီအစ်ကိုတို့၊ ဆရာဖြစ်သောငါတို့သည် အခြားသူများထက်ပို၍ကျပ်တည်းစွာစစ် ဆေးစီရင်ခြင်းခံရကြမည်ကိုသိမှတ် ကြလျက်သင်တို့တွင်ဆရာဖြစ်လိုသူ မများစေနှင့်။-
2 yataH sarvve vayaM bahuviShayeShu skhalAmaH, yaH kashchid vAkye na skhalati sa siddhapuruShaH kR^itsnaM vashIkarttuM samarthashchAsti|
၂ငါတို့အပေါင်းသည်မကြာခဏမှားတတ် ကြ၏။ အဘယ်အခါ၌မျှအပြောအဆို မမှားသောသူသည်ပြည့်ဝစုံလင်သောသူ ဖြစ်၏။ ထိုသို့သောသူသည် မိမိကိုယ်တစ် ကိုယ်လုံးကိုထိန်းချုပ်နိုင်သူဖြစ်ပေသည်။-
3 pashyata vayam ashvAn vashIkarttuM teShAM vaktreShu khalInAn nidhAya teShAM kR^itsnaM sharIram anuvarttayAmaH|
၃ငါတို့သည်မြင်းကိုဇက်ခွံ့၍ငါတို့အမိန့် ကိုလိုက်နာစေနိုင်၏။ ငါတို့လိုရာသို့သွား စေနိုင်၏။-
4 pashyata ye potA atIva bR^ihadAkArAH prachaNDavAtaishcha chAlitAste. api karNadhArasya mano. abhimatAd atikShudreNa karNena vA nChitaM sthAnaM pratyanuvarttante|
၄အလွန်ကြီးသောသင်္ဘောများကိုလေပြင်း တိုက်ခတ်နေချိန်၌ပင်လျှင် တက်မငယ်အား ဖြင့်ထိန်းချုပ်ကာတက်မကိုင်အလိုရှိရာ ဘက်သို့လှည့်စေနိုင်၏။-
5 tadvad rasanApi kShudratarA NgaM santI darpavAkyAni bhAShate| pashya kIdR^i NmahAraNyaM dahyate. alpena vahninA|
၅လျှာသည်လည်းထိုနည်းအတိုင်းပင်ဖြစ် ပေသည်။ ယင်းသည်ကိုယ်ခန္ဓာ၏သေးငယ်သော အင်္ဂါအစိတ်အပိုင်းမျှသာဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။ အလွန်ကြီးသောသစ်တောကိုသေးငယ်သော မီးပွားကလေးက လောင်ကျွမ်းစေနိုင်သည် ကိုစဉ်းစားကြည့်ပါလေ။-
6 rasanApi bhaved vahniradharmmarUpapiShTape| asmada NgeShu rasanA tAdR^ishaM santiShThati sA kR^itsnaM dehaM kala Nkayati sR^iShTirathasya chakraM prajvalayati narakAnalena jvalati cha| (Geenna )
၆လျှာသည်မီးနှင့်တူ၍အပြစ်ဒုစရိုက်ဖြင့် ပြည့်ဝသောကမ္ဘာဖြစ်၏။ ယင်းသည်ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်တည်ရှိကာ၊ ငါတို့၏ကိုယ်ခန္ဓာတစ်ခုလုံးသို့အပြစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေလေသည်။ လျှာသည်ငရဲမှ ရရှိသည့်မီးဖြင့်ငါတို့၏ဘဝတစ်ခု လုံးကိုကျွမ်းလောင်စေတတ်၏။- (Geenna )
7 pashupakShyurogajalacharANAM sarvveShAM svabhAvo damayituM shakyate mAnuShikasvabhAvena damayA nchakre cha|
၇လူသည်အခြားသတ္တဝါများဖြစ်သောသားရဲ တိရစ္ဆာန်၊ ငှက်၊ တွားတတ်သည့်သတ္တဝါ၊ ငါးတို့ ကိုကျိုးနွံယဉ်ပါးအောင်ပြုနိုင်၏။ ပြုလည်း ပြုခဲ့ပေပြီ။-
8 kintu mAnavAnAM kenApi jihvA damayituM na shakyate sA na nivAryyam aniShTaM halAhalaviSheNa pUrNA cha|
၈သို့ရာတွင်လျှာကိုမူကားအဘယ်သူမျှ ကျိုးနွံအောင်မပြုနိုင်။ ယင်းသည်သေစေတတ် သောအဆိပ်နှင့်ပြည့်ဝလျက်ထိန်းချုပ်၍မရ အောင်ဆိုးရွားလေသည်။-
9 tayA vayaM pitaram IshvaraM dhanyaM vadAmaH, tayA cheshvarasya sAdR^ishye sR^iShTAn mAnavAn shapAmaH|
၉ငါတို့သည်ခမည်းတော်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးရာ၌လျှာကိုအသုံးပြု ကြ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားတော်မူသောလူတို့ကိုကျိန်ဆဲရာ ၌လည်းယင်းကိုပင်အသုံးပြုကြ၏။-
10 ekasmAd vadanAd dhanyavAdashApau nirgachChataH| he mama bhrAtaraH, etAdR^ishaM na karttavyaM|
၁၀နှုတ်တစ်ခုထဲမှချီးကူးခြင်းနှင့်ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်။-
11 prasravaNaH kim ekasmAt ChidrAt miShTaM tikta ncha toyaM nirgamayati?
၁၁စမ်းရေပေါက်တစ်ခုတည်းမှရေချိုရေခါး ထွက်လာတတ်ပါသလော။-
12 he mama bhrAtaraH, uDumbarataruH kiM jitaphalAni drAkShAlatA vA kim uDumbaraphalAni phalituM shaknoti? tadvad ekaH prasravaNo lavaNamiShTe toye nirgamayituM na shaknoti|
၁၂ငါ့ညီအစ်ကိုတို့၊ သဖန်းပင်သည်သံလွင်သီး ကိုသီးနိုင်ပါသလော။ စပျစ်ပင်သည်သဖန်း သီးကိုသီးနိုင်ပါသလော။ ထို့အတူရေငံ သည်လည်းရေချိုကိုမဖြစ်ပေါ်စေနိုင်။
13 yuShmAkaM madhye j nAnI subodhashcha ka Aste? tasya karmmANi j nAnamUlakamR^idutAyuktAnIti sadAchArAt sa pramANayatu|
၁၃သင်တို့အထဲတွင်အတတ်အလိမ္မာနှင့်ဉာဏ် ပညာရှိသူတစ်စုံတစ်ယောက်ရှိလျှင်ထိုသူ သည် မိမိပညာရှိမှုကိုဉာဏ်ပညာနှင့်၊ နှိမ့်ချ သောစိတ်ဖြင့်ပြုကျင့်သည့်အကျင့်ကောင်း အားဖြင့်သက်သေပြပါစေ။-
14 kintu yuShmadantaHkaraNamadhye yadi tikterShyA vivAdechChA cha vidyate tarhi satyamatasya viruddhaM na shlAghadhvaM nachAnR^itaM kathayata|
၁၄သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။-
15 tAdR^ishaM j nAnam UrddhvAd AgataM nahi kintu pArthivaM sharIri bhautika ncha|
၁၅ထိုကဲ့သို့သောပညာသည်အထက်မှသက် ရောက်သည့်ပညာမဟုတ်။ လောကီဆန်သော၊ အသွေးအသားနှင့်ဆိုင်သော၊ နတ်မိစ္ဆာတို့နှင့် ပတ်သက်သောပညာသာလျှင်ဖြစ်ပေသည်။-
16 yato hetorIrShyA vivAdechChA cha yatra vedyete tatraiva kalahaH sarvvaM duShkR^ita ncha vidyate|
၁၆အဘယ်ကြောင့်ဆိုသော်မနာလိုစိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့သည်မငြိမ်မဝပ်ရုန်းရင်းဆန် ခတ်မှု၊ ဆိုးညစ်ယုတ်မာမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့်တည်း။-
17 kintUrddhvAd AgataM yat j nAnaM tat prathamaM shuchi tataH paraM shAntaM kShAntam AshusandheyaM dayAdisatphalaiH paripUrNam asandigdhaM niShkapaTa ncha bhavati|
၁၇သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-
18 shAntyAchAribhiH shAntyA dharmmaphalaM ropyate|
၁၈ငြိမ်းချမ်းရေးဆောင်ရွက်သူတို့ငြိမ်းချမ်းစွာ စိုက်ပျိုးသည့်မျိုးစေ့များမှဖြစ်ပွားသည့် အသီးအပွင့်ကားကောင်းမြတ်ခြင်းပေတည်း။