< От Марка 1 >

1 Начало Евангелия Иисуса Христа, Сына Божия,
ဘုရားသခင် သား တော် ယေရှု ခရစ် ၏ ဧဝံဂေလိ တရား၏ အစ ကို ဆိုပေအံ့။
2 как написано у пророков: вот, Я посылаю Ангела Моего пред лицем Твоим, который приготовит путь Твой пред Тобою.
အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင့် ရှေ့ ၌ ငါစေလွှတ် ၏။
3 Глас вопиющего в пустыне: приготовьте путь Господу, прямыми сделайте стези Ему.
တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေ ကြလော့ဟု လာသည်နှင့်အညီ၊
4 Явился Иоанн, крестя в пустыне и проповедуя крещение покаяния для прощения грехов.
ယောဟန် သည် တော ၌ ဗတ္တိဇံ ကိုပေးလျက်၊ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာနောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လျက် ပေါ်ထွန်း ၏။
5 И выходили к нему вся страна Иудейская и Иерусалимляне, и крестились от него все в реке Иордане, исповедуя грехи свои.
ယေရုရှလင် မြို့သားများမှစ၍ ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍ မိမိ တို့ အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။
6 Иоанн же носил одежду из верблюжьего волоса и пояс кожаный на чреслах своих, и ел акриды и дикий мед.
ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သောအဝတ်ကိုဝတ် လျက်၊ ခါး ၌ သားရေ ခါးပန်း ကို စည်း လျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ၏။
7 И проповедывал, говоря: идет за мною Сильнейший меня, у Которого я недостоин, наклонившись, развязать ремень обуви Его;
ဟော ချက်စကား ဟူမူကား ၊ ငါ့ ထက် တတ်စွမ်း နိုင်သောသူ သည် ငါ့ နောက် ကြွလာ ၏။ ထိုသူ ၏ ခြေနင်း တော်ကြိုး ကိုမျှ ငုံ့ ၍ဖြည် ခြင်းငှာငါမထိုက် ။
8 я крестил вас водою, а Он будет крестить вас Духом Святым.
ငါ သည် သင် တို့အား ရေ ၌ဗတ္တိဇံ ကိုပေး၏။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ သင် တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
9 И было в те дни, пришел Иисус из Назарета Галилейского и крестился от Иоанна в Иордане.
ထိုအခါ ယေရှု သည် ဂါလိလဲ ပြည်နာဇရက် မြို့မှ ကြွလာ ၍ ယောဟန် လက်ဖြင့် ယော်ဒန် မြစ်၌ ဗတ္တိဇံကို ခံ တော်မူ၏။
10 И когда выходил из воды, тотчас увидел Иоанн разверзающиеся небеса и Духа, как голубя, сходящего на Него
၁၀ရေ မှ ပေါ် ထစဉ်တွင်ကောင်းကင် ကွဲ ၍ ဝိညာဉ် တော်သည်ချိုးငှက် ကဲ့သို့ ကိုယ်တော် အပေါ် ၌ဆင်းသက် တော်မူသည်ကို မြင် ရ၍၊
11 И глас был с небес: Ты Сын Мой возлюбленный, в Котором Мое благоволение.
၁၁သင် ကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
12 Немедленно после того Дух ведет Его в пустыню.
၁၂ထိုခဏခြင်း တွင် ဝိညာဉ် တော်သည် ယေရှု ကိုတော သို့ သွား စေတော်မူ၏။
13 И был Он там в пустыне сорок дней, искушаемый сатаною, и был со зверями; и Ангелы служили Ему.
၁၃အရက် လေးဆယ် ပတ်လုံးထိုတော ၌ နေ ၍ စာတန် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိ တော်မူ၏။ ကောင်းကင်တမန် တို့သည်လည်း လုပ်ကျွေး ကြ၏။
14 После же того, как предан был Иоанн, пришел Иисус в Галилею, проповедуя Евангелие Царствия Божия
၁၄ယောဟန် သည် ထောင် ထဲသို့ရောက်သည်နောက် ၊ ယေရှု သည် ဂါလိလဲ ပြည်သို့ ကြွ တော်မူလျှင် ၊
15 и говоря, что исполнилось время и приблизилось Царствие Божие: покайтесь и веруйте в Евангелие.
၁၅အချိန် ပြည့်စုံ ပြီ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် တည်လုနီး ပြီ၊ နောင်တရ ကြလော့။ ဧဝံဂေလိ တရား ကို ယုံကြည် ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကိုဟော တော်မူ၏။
16 Проходя же близ моря Галилейского, увидел Симона и Андрея, брата его, закидывающих сети в море, ибо они были рыболовы.
၁၆ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ရှိမုန် နှင့် အန္ဒြေ ညီအစ်ကို နှစ်ယောက်သည် တံငါ ဖြစ် ၍ ၊ အိုင် တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင် တော်မူလျှင် ၊
17 И сказал им Иисус: идите за Мною, и Я сделаю, что вы будете ловцами человеков.
၁၇ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကို မျှားသောတံငါ ဖြစ် စေခြင်းငှာငါပြု မည် ဟု အမိန့် တော်ရှိသော် ၊
18 И они тотчас, оставив свои сети, последовали за Ним.
၁၈ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
19 И, пройдя оттуда немного, Он увидел Иакова Зеведеева и Иоанна, брата его, также в лодке починивающих сети;
၁၉ထိုမှအနည်းငယ် လွန် ပြန်လျှင် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် ညီအစ်ကို နှစ်ယောက်တို့သည် လှေ ပေါ်မှာ ပိုက်ကွန် ပြင် နေသည်ကိုမြင် ၍ ချက်ခြင်း ခေါ် တော်မူ၏။
20 и тотчас призвал их. И они, оставив отца своего Зеведея в лодке с работниками, последовали за Ним.
၂၀ထိုသူတို့သည်လည်း လှေ ပေါ်မှာ ရှိသောသူငှား တို့နှင့်တကွ အဘ ဇေဗေဒဲ ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက် ကြ၏။
21 И приходят в Капернаум; и вскоре в субботу вошел Он в синагогу и учил.
၂၁ကပေရနောင် မြို့သို့ သွား ကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
22 И дивились Его учению, ибо Он учил их, как власть имеющий, а не как книжники.
၂၂ပရိသတ်တို့သည်လည်း ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩ ကြ၏။ အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ မ ဟုတ်၊ အစိုးရ သောသူနည်းတူ ဆုံးမ ဩဝါဒပေးတော်မူ၏။
23 В синагоге их был человек, одержимый духом нечистым, и вскричал:
၂၃ထိုသူ တို့၏ တရားစရပ် ၌ ညစ်ညူး သောနတ် စွဲ သောသူ ရှိ ၍ ၊
24 оставь! что Тебе до нас, Иисус Назарянин? Ты пришел погубить нас! знаю Тебя, кто Ты, Святый Божий.
၂၄ဪ နာဇရက် မြို့သားယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏။ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော် လေ၏။
25 Но Иисус запретил ему, говоря: замолчи и выйди из него.
၂၅ယေရှု ကလည်း တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့” ဟု ဆုံးမ တော်မူလျှင်၊
26 Тогда дух нечистый, сотрясши его и вскричав громким голосом, вышел из него.
၂၆ညစ်ညူး သောနတ် သည် ထိုသူ ကို တောင့်မာ စေပြီးမှ ၊ ကြီး သောအသံ နှင့် အော်ဟစ် ၍ထွက်သွား ၏။
27 И все ужаснулись, так что друг друга спрашивали: что это? что это за новое учение, что Он и духам нечистым повелевает со властью, и они повинуются Ему?
၂၇လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤအမှုသည် အဘယ်သို့နည်း။ ဤ ဆုံးမ ခြင်းအသစ် သည် အဘယ်သို့ နည်း။ ညစ်ညူး သောနတ် တို့ကိုပင် အာဏာ နှင့် မှာထား ၍၊ သူတို့သည် နားထောင် ကြသည်တကားဟု အချင်းချင်း မေးမြန်း ပြောဆို ကြ၏။
28 И скоро разошлась о Нем молва по всей окрестности в Галилее.
၂၈သတင်း တော်သည်လည်း ဂါလိလဲ ပြည်အရပ်ရပ် တို့၌ ချက်ချင်း နှံ့ပြား ကျော်စောလေ၏။
29 Выйдя вскоре из синагоги, пришли в дом Симона и Андрея, с Иаковом и Иоанном.
၂၉တရားစရပ် မှ ထွက် ကြလျှင် ၊ ရှိမုန် ၊ အန္ဒြေ တို့အိမ် သို့ ယာကုပ် ၊ ယောဟန် နှင့်တကွ ချက်ခြင်း သွား ကြ ၏။
30 Теща же Симонова лежала в горячке; и тотчас говорят Ему о ней.
၃၀ရှိမုန် ၏ယောက္ခမ သည် ဖျားနာ စွဲ၍ တုံးလုံး နေသည်အကြောင်း ကို အလျင်အမြန် လျှောက် ကြ၏။
31 Подойдя, Он поднял ее, взяв ее за руку; и горячка тотчас оставила ее, и она стала служить им.
၃၁ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏လက် ကိုကိုင် လျက် ချီကြွ တော်မူသည် ခဏခြင်းတွင် သူသည် အဖျား ပျောက် ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
32 При наступлении же вечера, когда заходило солнце, приносили к Нему всех больных и бесноватых.
၃၂နေ ဝင် ၍ ည အချိန်ရောက် လျှင် ၊ မကျန်းမမာ သောသူ နှင့် နတ်ဆိုးစွဲ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ ၊
33 И весь город собрался к дверям.
၃၃တစ်မြို့လုံး သည် တံခါး နား မှာစုဝေး လျက်ရှိ ကြ၏။
34 И Он исцелил многих, страдавших различными болезнями; изгнал многих бесов, и не позволял бесам говорить, что они знают, что Он Христос.
၃၄အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။
35 А утром, встав весьма рано, вышел и удалился в пустынное место, и там молился.
၃၅နံနက် အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထ ပြီးလျှင် တော အရပ် သို့ ထွက်ကြွ ၍ ဆုတောင်း တော်မူ၏။
36 Симон и бывшие с ним пошли за Ним
၃၆ရှိမုန် နှင့် သူ ၏အပေါင်းအဖော် တို့သည် လိုက် ၍ ရှာကြသော်၊
37 и, найдя Его, говорят Ему: все ищут Тебя.
၃၇ကိုယ်တော် ကိုတွေ့ လျှင် လူအပေါင်း တို့သည် ကိုယ်တော် ကို ရှာ ကြပါသည်ဟုလျှောက်ဆို ၏။
38 Он говорит им: пойдем в ближние селения и города, чтобы Мне и там проповедывать, ибо Я для того пришел.
၃၈ကိုယ်တော်ကလည်း “ငါသည် နီးစပ် သောမြို့ ရွာတို့၌ တရား ဟောခြင်းငှာ သွား ကြကုန်အံ့။ ထိုသို့ အလို့ငှာ ငါကြွလာ ပြီ” ဟုမိန့်တော်မူ ၍ ၊
39 И Он проповедывал в синагогах их по всей Галилее и изгонял бесов.
၃၉ဂါလိလဲ ပြည်အရပ်ရပ် တရားစရပ် တို့၌ တရား ဟောလျက် နတ်ဆိုး တို့ကို နှင်ထုတ် လျက်နေတော်မူ၏။
40 Приходит к Нему прокаженный и, умоляя Его и падая пред Ним на колени, говорит Ему: если хочешь, можешь меня очистить.
၄၀နူနာစွဲ သောသူတစ်ယောက်သည် အထံ တော်သို့ လာ ၍ ဒူးထောက် လျက် ၊ ကိုယ်တော်အလိုရှိ လျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
41 Иисус, умилосердившись над ним, простер руку, коснулся его и сказал ему: хочу, очистись.
၄၁ယေရှုသည် သနား သောစိတ်ရှိသဖြင့် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ လျှက် ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ” ဟု မိန့် တော်မူ၏။
42 После сего слова проказа тотчас сошла с него, и он стал чист.
၄၂ထိုသို့ မိန့်တော်မူသည် ခဏခြင်း တွင် နူနာ ပျောက် ၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။
43 И, посмотрев на него строго, тотчас отослал его
၄၃ယေရှုကလည်း၊ “သင်သတိပြု ။”
44 и сказал ему: смотри, никому ничего не говори, но пойди, покажись священнику и принеси за очищение твое, что повелел Моисей, во свидетельство им.
၄၄“အဘယ်သူ အား စကားတစ်ခွန်းကိုမျှမ ပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ သန့်ရှင်း ခြင်းသို့ ရောက်သည်အတွက် ၊ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟု မြစ်တား ၍ ချက်ခြင်း လွှတ် လိုက်တော်မူ၏။
45 А он, выйдя, начал провозглашать и рассказывать о происшедшем, так что Иисус не мог уже явно войти в город, но находился вне, в местах пустынных. И приходили к Нему отовсюду.
၄၅ထိုသူ သည်ထွက်သွား ၍ စကား များ သောအားဖြင့်ထို အကြောင်းကို အနှံ့အပြား ကျော်စော၏။ ထို့ကြောင့် ကိုယ်တော် သည် နောက်တစ်ဖန်မြို့ ထဲသို့ ထင်ရှား စွာမဝင် ရ ဘဲ။ မြို့ပြင် တော အရပ် ၌ သာ နေ တော်မူ၍ အရပ်ရပ် တို့မှ အထံ တော်သို့ ရောက်လာ ကြ၏။

< От Марка 1 >