< Иеремия 3 >

1 Говорят: “если муж отпустит жену свою, и она отойдет от него и сделается женою другого мужа, то может ли она возвратиться к нему? Не осквернилась ли бы этим страна та?” А ты со многими любовниками блудодействовала, - и однако же возвратись ко Мне, говорит Господь.
ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍၊ အခြားသော သူ၏မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသော ရည်းစားတို့၌မှီဝဲ၍ မှားယွင်းသော် လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ၏။
2 Подними глаза твои на высоты и посмотри, где не блудодействовали с тобою? У дороги сидела ты для них, как Аравитянин в пустыне, и осквернила землю блудом твоим и лукавством твоим.
မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေ ဘူးသောအရပ် တစုံတခုကို ရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့် ၎င်း ပြည်ကို ညစ်ညူးစေပြီ။
3 За то были удержаны дожди, и не было дождя позднего; но у тебя был лоб блудницы, ты отбросила стыд.
မိုဃ်းခေါင်၍ နောက်မိုဃ်းတိုင်အောင် မရွာ သော်လည်း၊ သင်သည် ပြည်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်း သဘောကိုပယ်ရှားပြီ။
4 Не будешь ли ты отныне взывать ко Мне: “Отец мой! Ты был путеводителем юности моей!
ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော် သည် အကျွန်ုပ်အသက်ငယ်စဉ်၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော။
5 Неужели всегда будет Он во гневе? и неужели вечно будет удерживать его в Себе?” Вот, что говоришь ты, а делаешь зло и преуспеваешь в нем.
ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူ မည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည် လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင် သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။
6 Господь сказал мне во дни Иосии царя: видел ли ты, что делала отступница, дочь Израиля? Она ходила на всякую высокую гору и под всякое ветвистое дерево и там блудодействовала.
ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသ ရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက်၍၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း ပြည်တန်ဆာလုပ်လေပြီ။
7 И после того, как она все это делала, Я говорил: “возвратись ко Мне”; но она не возвратилась; и видела это вероломная сестра ее Иудея.
သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမ ယုဒသည် ကြည့်မြင်လေ၏။
8 И Я видел, что, когда за все прелюбодейные действия отступницы, дочери Израиля, Я отпустил ее и дал ей разводное письмо, вероломная сестра ее Иудея не убоялась, а пошла и сама блудодействовала.
ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုန်ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက် သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။
9 И явным блудодейством она осквернила землю и прелюбодействовала с камнем и деревом.
သူသည် မတရားသော မေထုန်ကိုပြု၍ အလွန် လော်လည်သောအားဖြင့် ပြည်ကို ညစ်ညူးစေ၍၊ ကျောက် နှင့်၎င်း၊ သစ်တုံးနှင့်၎င်း မှားယွင်းလေ၏။
10 Но при всем этом вероломная сестра ее Иудея не обратилась ко Мне всем сердцем своим, а только притворно, говорит Господь.
၁၀ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက် သော ညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်၍ မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
11 И сказал мне Господь: отступница, дочь Израилева, оказалась правее, нежели вероломная Иудея.
၁၁တဖန်ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်ကား၊ သစ္စာပျက်သော ယုဒသည် ဖောက်ပြန်သော ဣသရေလထက် အပြစ်ကြီး၏။
12 Иди и провозгласи слова сии к северу, и скажи: возвратись, отступница, дочь Израилева, говорит Господь. Я не изолью на вас гнева Моего; ибо Я милостив, говорит Господь, - не вечно буду негодовать.
၁၂သင်သည် သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘော ရှိ၏။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။
13 Признай только вину твою: ибо ты отступила от Господа Бога твоего и распутствовала с чужими под всяким ветвистым деревом, а гласа Моего вы не слушали, говорит Господь.
၁၃သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှား ယွင်းသော အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။
14 Возвратитесь, дети-отступники, говорит Господь, потому что Я сочетался с вами, и возьму вас по одному из города, по два из племени, и приведу вас на Сион.
၁၄အိုဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့များထဲက တမြို့လျှင် လူ တယောက်၊ အမျိုးသားချင်း အစုစုထဲက တစုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။
15 И дам вам пастырей по сердцу Моему, которые будут пасти вас с знанием и благоразумием.
၁၅ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ ၌ ခန့်ထား၍၊ သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။
16 И будет, когда вы размножитесь и сделаетесь многоплодными на земле, в те дни, говорит Господь, не будут говорить более: “ковчег завета Господня”; он и на ум не придет, и не вспомнят о нем, и не будут приходить к нему, и его уже не будет.
၁၆ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွါး များပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာ တော်ဟူ၍ နောက်တဖန် မပြောမဆိုရ။ ထိုသေတ္တာတော် ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တဖန် မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။
17 В то время назовут Иерусалим престолом Господа; и все народы ради имени Господа соберутся в Иерусалим и не будут более поступать по упорству злого сердца своего.
၁၇ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ ပလ္လင်ဟူ၍ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် လည်း၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ထိုပလ္လင် သို့ စည်းဝေးကြလိမ့်မည်။ နောက်တဖန် မိမိတို့၌ ဆိုး သောစိတ်နှလုံးခိုင်မာခြင်းသဘောသို့ လိုက်၍ မကျင့် ရကြ။
18 В те дни придет дом Иудин к дому Израилеву, и пойдут вместе из земли северной в землю, которую Я дал в наследие отцам вашим.
၁၈ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုး နှင့် ပေါင်းဘော်လျက်၊ မြောက်မျက်နှာအရပ်က တစု တည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဘို့၊ ငါပေးဘူး သော ပြည်သို့ ရောက်ကြလိမ့်မည်။
19 И говорил Я: как поставлю тебя в число детей и дам тебе вожделенную землю, прекраснейшее наследие множества народов? И сказал: ты будешь называть Меня отцом твоим и не отступишь от Меня.
၁၉ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထားရ အံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေခံရာ ပြည်ကိုသင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။
20 Но поистине, как жена вероломно изменяет другу своему, так вероломно поступили со Мною вы, дом Израилев, говорит Господь.
၂၀အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည်ငါ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
21 Голос слышен на высотах, жалобный плач сынов Израиля о том, что они извратили путь свой, забыли Господа Бога своего.
၂၁ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့၌ ငိုကြွေး၍ တောင်းပန်သောအသံကို ငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွှဲ၍၊ မိမိတို့ဘုရား သခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။
22 Возвратитесь, мятежные дети: Я исцелю вашу непокорность. - Вот, мы идем к Тебе, ибо Ты - Господь Бог наш.
၂၂အိုဖောက်ပြန်သော သူငယ်၊ သင်တို့ပြန်လာ ကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်။ သူတို့ ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြ ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
23 Поистине, напрасно надеялись мы на холмы и на множество гор; поистине, в Господе Боге нашем спасение Израилево!
၂၃အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာ အကြောင်း ဖြစ်တော်မူ၏။
24 От юности нашей эта мерзость пожирала труды отцов наших, овец их и волов их, сыновей их и дочерей их.
၂၄ရှက်ဘွယ်သော အရာသည် အကျွန်ုပ်တို့၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့ သိုး နွား၊ သားသမီး များကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား၍ ကုန်ပါပြီ။
25 Мы лежим в стыде своем, и срам наш покрывает нас, потому что мы грешили пред Господом Богом нашим, - мы и отцы наши, от юности нашей и до сего дня, и не слушались голоса Господа Бога нашего.
၂၅အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်း မူကား၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ၏။

< Иеремия 3 >