< Екклесиаст 8 >

1 Кто - как мудрый, и кто понимает значение вещей? Мудрость человека просветляет лице его, и суровость лица его изменяется.
အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။
2 Я говорю: слово царское храни, и это ради клятвы пред Богом.
ဘုရားသခင့် ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင် အမိန့် တော်ကို စောင့် လော့။
3 Не спеши уходить от лица его, и не упорствуй в худом деле; потому что он, что захочет, все может сделать.
သမ္မာ သတိလစ်၍ အထံ တော်မှမ ထွက် နှင့်။ မ ကောင်းသောအမှု ကို မဆွဲမကိုင်နှင့်။ အလိုတော် ရှိသည် အတိုင်း စီရင် တော်မူမည်။
4 Где слово царя, там власть; и кто скажет ему: “что ты делаешь?”
ရှင်ဘုရင် အမိန့် တော်၌ တန်ခိုး ပါ၏။ ကိုယ်တော် သည် အဘယ်သို့ ပြု သနည်းဟု အဘယ်သူ ဆို ရာ သနည်း။
5 Соблюдающий заповедь не испытает никакого зла: сердце мудрого знает и время и устав;
အမိန့် တော်ကိုစောင့် သောသူသည် ရာဇဝတ် နှင့် လွတ် လိမ့်မည်။ ပညာရှိ သောသူ၏ စိတ်နှလုံး သည်လည်း ၊ ကာလ အချိန်ကို၎င်း၊ စီရင် ရသောအခွင့်ကို၎င်းသိမြင် တတ်၏။
6 потому что для всякой вещи есть свое время и устав; а человеку великое зло оттого,
လူကြံစည် သမျှ အဘို့ ၊ ကာလ အချိန်နှင့် စီရင် ရသော အခွင့်ရှိ ၏။ သို့သော်လည်း ၊ လူ သည် အလွန် ဆင်းရဲ ခြင်းကို ခံရ၏။
7 что он не знает, что будет; и как это будет - кто скажет ему?
နောက်ဖြစ် လတံ့သောအရာ ကိုမ သိ။ အဘယ်သို့ ဖြစ် လတံ့သည်ကို တစုံတယောက်မျှမပြော နိုင်ရာ။
8 Человек не властен над духом, чтобы удержать дух, и нет власти у него над днем смерти, и нет избавления в этой борьбе, и не спасет нечестие нечестивого.
နံဝိညာဉ် ကို အစိုးရ၍ ချုပ် ထားနိုင်သော လူ တယောက် မျှမရှိ။ သေ ချိန် ရောက်သောအခါ တန်ခိုး မ ရှိ။ ထို စစ်မှု ထဲက ထွက် စရာအခွင့်မ ရှိ။ ဒုစရိုက်ကို ပြုသော်လည်း၊ ဒုစရိုက် သည် ထိုအမှုထဲက မ ကယ် မနှုတ်နိုင်။
9 Все это я видел, и обращал сердце мое на всякое дело, какое делается под солнцем. Бывает время, когда человек властвует над человеком во вред ему.
ဤ အမှုအရာအလုံးစုံ တို့ကို ငါတွေ့မြင် ပြီ။ နေ အောက် မှာပြု လေသမျှ တို့ကို ဆင်ခြင် ပြီ။ မိမိ အကျိုးပျက် အောင် တယောက် ကို တယောက် အုပ်စိုး သောအချိန် လည်း ရှိ၏။
10 Видел я тогда, что хоронили нечестивых, и приходили и отходили от святого места, и они забываемы были в городе, где они так поступали. И это - суета!
၁၀ထို မှတပါး၊ သန့်ရှင်း ရာအရပ် ဌာနတော်သို့ သွား လာသောအဓမ္မ လူတို့သည် သင်္ဂြိုဟ် ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မ ပြု ဘူးသောမြို့ ၌ သူတို့ကိုအဘယ်သူမျှ မအောက်မေ့ ကြောင်းကို ၎င်းငါမြင် ပြီ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
11 Не скоро совершается суд над худыми делами; от этого и не страшится сердце сынов человеческих делать зло.
၁၁အဓမ္မ အမှု ကို အလျင်အမြန် စစ်ကြော ၍၊ ဒဏ် မ ပေးသောကြောင့် ၊ လူ သား တို့သည် အဓမ္မ အမှုကို ပြု ခြင်းငှါ ၊ ခိုင်မာ စွာ သဘော ထားကြ၏။
12 Хотя грешник сто раз делает зло и коснеет в нем, но я знаю, что благо будет боящимся Бога, которые благоговеют пред лицем Его;
၁၂အဓမ္မ လူသည် အကြိမ်တရာ တိုင်အောင်အဓမ္မ အမှုကိုပြု ၍ ၊ အသက် တာရှည်သော်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်း သောအကျိုးကိုခံရ ကြမည်ဟု ငါ အမှန် သိ ၏။
13 а нечестивому не будет добра, и, подобно тени, недолго продержится тот, кто не благоговеет пред Богом.
၁၃အဓမ္မ လူကား၊ ဘုရား သခင်ရှေ့ တော်၌ မ ကြောက် မရွံ့သောကြောင့် ၊ ကောင်း သောအကျိုးကို မ ခံရ။ အရိပ် နှင့် တူသော မိမိ အသက်လည်း မ ရှည် ရ။
14 Есть и такая суета на земле: праведников постигает то, чего заслуживали бы дела нечестивых, а с нечестивыми бывает то, чего заслуживали бы дела праведников. И сказал я: и это - суета!
၁၄မြေကြီး ပေါ် မှာ ဖြစ် တတ်သော အနတ္တ အမှု တပါးဟူမူကား၊ အဓမ္မ လူပြုသောအမှု ကြောင့် ခံ ထိုက် သည်အတိုင်း ၊ ဖြောင့်မတ် သောသူအချို့တို့သည် အပြစ်ကိုခံရ ကြ၏။ ထိုနည်းတူ ၊ ဖြောင့်မတ် သောသူ ပြုသောအမှု ကြောင့် ခံ ထိုက်သည်အတိုင်း ၊ အဓမ္မ လူအချို့တို့သည် အကျိုးကိုခံရ ကြ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ် သည်ဟု ငါ့သဘော ရှိ၏။
15 И похвалил я веселье; потому что нет лучшего для человека под солнцем, как есть, пить и веселиться: это сопровождает его в трудах во дни жизни его, которые дал ему Бог под солнцем.
၁၅ထိုအခါ ပျော်မွေ့ ခြင်းအမှုကို ငါ ချီးမွမ်း ၏။ အကြောင်း မူကား၊ လူ သည်နေ အောက် မှာ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မ ရှိ။ နေ အောက် မှာ ဘုရား သခင်ပေး သနားတော်မူသောအသက် ကာလ ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
16 Когда я обратил сердце мое на то, чтобы постигнуть мудрость и обозреть дела, которые делаются на земле, и среди которых человек ни днем, ни ночью не знает сна,
၁၆လူအချို့တို့သည် တနေ့ နှင့် တညဉ့်လုံး မ အိပ် ဘဲ နေတတ်သည်ဖြစ်၍၊ ပညာ တရားကို သိ ခြင်းငှါ ၎င်း၊ မြေကြီး ပေါ်မှာပြု သောအမှု များကို ကြည့်ရှု ခြင်းငှါ ၎င်း ၊ ငါသည် ကိုယ် နှလုံး ကို နှိုးဆော် ၏။
17 тогда я увидел все дела Божии и нашел, что человек не может постигнуть дел, которые делаются под солнцем. Сколько бы человек ни трудился в исследовании, он все-таки не постигнет этого; и если бы какой мудрец сказал, что он знает, он не может постигнуть этого.
၁၇ဘုရား သခင်ပြုတော်မူသောအမှု အလုံးစုံ တို့ကို ငါကြည့်ရှု သောအခါ ၊ နေ အောက် မှာ ပြု သောအမှု များကို လူ သည် စစ် ၍ မ ကုန်နိုင်။။ ကြိုးစား ၍ စစ် သော်လည်း ၊ အကုန်အစင်မ သိ နိုင်။။ ထိုမျှ မက၊ ပညာရှိ သောသူသည် ငါသိမည်ဟု ကြံ သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။

< Екклесиаст 8 >