< Амос 1 >
1 Слова Амоса, одного из пастухов Фекойских, которые он слышал в видении об Израиле во дни Озии, царя Иудейского, и во дни Иеровоама, сына Иоасова, царя Израильского, за два года перед землетрясением.
၁ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။
2 И сказал он: Господь возгремит с Сиона и даст глас Свой из Иерусалима, и восплачут хижины пастухов, и иссохнет вершина Кармила.
၂အာမုတ်က၊ ``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။ ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။ သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍ ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။''
3 Так говорит Господь: за три преступления Дамаска и за четыре не пощажу его, потому что они молотили Галаад железными молотилами.
၃ထာဝရဘုရားက``ဒမာသက်မြို့သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရတော့ မည်။ သူတို့သည်ဂိလဒ်ပြည်သူတို့အပေါ် ရိုင်းစိုင်းရက်စက်ကြမ်းကြုတ်ခဲ့လေပြီ။-
4 И пошлю огонь на дом Азаила, и пожрет он чертоги Венадада.
၄ထို့ကြောင့်ငါသည်ဟာဇေလမင်းမျိုး အပေါ်သို့မီးမိုးရွာစေပြီး ဗင်ဟာဒဒ် မင်း၏ရဲတိုက်များကိုပြာချလိုက်မည်။-
5 И сокрушу затворы Дамаска, и истреблю жителей долины Авен и держащего скипетр - из дома Еденова, и пойдет народ Арамейский в плен в Кир, говорит Господь.
၅ငါသည်ဒမာသက်မြို့တံခါးများကိုချေ မှုန်း၍ အာဝင်ချိုင့်နှင့်ဗေသေဒင်မြို့တွင်ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ရှုရိပြည်သား တို့သည်ကိရပြည်သို့သုံ့ပန်းအဖြစ်နှင့် လိုက်ပါသွားရမည်'' ဟုမိန့်တော်မူ၏။
6 Так говорит Господь: за три преступления Газы и за четыре не пощажу ее, потому что они вывели всех в плен, чтобы предать их Едому.
၆ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။-
7 И пошлю огонь в стены Газы, и пожрет чертоги ее.
၇သို့ကြောင့်ငါသည်ဂါဇမြို့ရိုးများ အပေါ်သို့မီးမိုးရွာစေပြီး ဂါဇ ရဲတိုက်များကိုပြာချလိုက်မည်။-
8 И истреблю жителей Азота и держащего скипетр в Аскалоне, и обращу руку Мою на Екрон, и погибнет остаток Филистимлян, говорит Господь Бог.
၈အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။
9 Так говорит Господь: за три преступления Тира и за четыре не пощажу его, потому что они передали всех пленных Едому и не вспомнили братского союза.
၉ထာဝရဘုရားက``တုရုမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သို့ပြည်နှင်ဒဏ်ပေးခဲ့ပြီ။ ကိုယ် တိုင်ချုပ်ဆိုခဲ့သောမဟာမိတ်စာချုပ်ကို ချိုးဖောက်ခဲ့ပြီ။-
10 Пошлю огонь в стены Тира, и пожрет чертоги его.
၁၀ထို့ကြောင့်ငါသည်တုရုမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး တုရုရဲတိုက်များကို ပြာချလိုက်မည်ဟုမိန့်တော်မူ၏။
11 Так говорит Господь: за три преступления Едома и за четыре не пощажу его, потому что он преследовал брата своего мечом, подавил чувства родства, свирепствовал постоянно во гневе своем и всегда сохранял ярость свою.
၁၁ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-
12 И пошлю огонь на Феман, и пожрет чертоги Восора.
၁၂ထို့ကြောင့်ငါသည်တေမန်မြို့ပေါ်သို့မီးမိုး ရွာစေပြီး ဗောဇရရဲတိုက်များကိုပြာချ လိုက်မည်'' ဟုမိန့်တော်မူ၏။
13 Так говорит Господь: за три преступления сынов Аммоновых и за четыре не пощажу их, потому что они рассекали беременных в Галааде, чтобы расширить пределы свои.
၁၃ထာဝရဘုရားက``အမ္မုန်ပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့၏နယ်ချဲ့လိုသော လောဘကြောင့် နယ်ချဲ့စစ်ပွဲများ၌ဂိလဒ် ပြည်သူကိုယ်ဝန်ဆောင်တို့၏ဝမ်းကိုပင် ဖောက်ခွဲကာသတ်ဖြတ်ခဲ့လေပြီ။-
14 И запалю огонь в стенах Раввы, и пожрет чертоги ее, среди крика в день брани, с вихрем в день бури.
၁၄ထို့ကြောင့်ငါသည်ရဗ္ဗာမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး ရဗ္ဗာရဲတိုက်များကို ပြာချလိုက်မည်။ စစ်တိုက်သောနေ့၌အော် သံဟစ်သံတညံညံကြားရပြီး တိုက်ပွဲ သည်မုန်တိုင်းတမျှပြင်းထန်လိမ့်မည်။-
15 И пойдет царь их в плен, он и князья его вместе с ним, говорит Господь.
၁၅သူတို့ဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ပြည်ပသို့ဖမ်းသွားခြင်းခံရမည်'' ဟု မိန့်တော်မူ၏။