< 1-e Петра 4 >
1 Итак, как Христос пострадал за нас плотию, то и вы вооружитесь тою же мыслью; ибо страдающий плотию перестает грешить,
၁ခရစ်တော်သည်ကာယဝေဒနာခံတော်မူခဲ့ ရာသင်တို့သည်လည်းကိုယ်တော်၏ခံယူချက် မျိုးရှိရကြမည်။ အဘယ်ကြောင့်ဆိုသော်ကာယ ဝေဒနာခံပြီးသူသည်အပြစ်ဒုစရိုက်နှင့် ပြတ်စဲပြီဖြစ်သောကြောင့်ဖြစ်၏။-
2 чтобы остальное во плоти время жить уже не по человеческим похотям, но по воле Божией.
၂သို့ဖြစ်၍ဤလောကတွင်သင်တို့အသက် ရှင်ရန်ကြွင်းကျန်သေးသည့်အချိန်ကာလ၌ လူတို့တပ်မက်ခြင်းစိတ်ဆွဲဆောင်ရာသို့ မလိုက်ဘဲဘုရားသခင်၏အလိုတော် ကိုလိုက်၍အသက်ရှင်ရကြမည်။-
3 Ибо довольно, что вы в прошедшее время жизни поступали по воле языческой, предаваясь нечистотам, похотям мужеложству, скотоложству, помыслам, пьянству, излишеству в пище и питии и нелепому идолослужению;
၃လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံ ကြည်သူများပြုကျင့်သကဲ့သို့အတန်ကြာ စွာပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြု ထိုက်သည်ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်း တို့တွင်ပါဝင်ခဲ့ကြ၏။-
4 почему они и дивятся, что вы не участвуете с ними в том же распутстве, и злословят вас.
၄ယခုမှာမူသင်တို့သည်မယုံကြည်သူတို့ နှင့်အတူယင်းသို့အပျော်ကြူး၍ စည်းမဲ့ ကမ်းမဲ့သက်ရှင်လှုပ်ရှားမှုများတွင်မပါဝင် ကြတော့ပေ။ သို့ဖြစ်၍သူတို့သည်အံ့သြ လျက်သင်တို့ကိုစော်ကားပြောဆိုကြ၏။-
5 Они дадут ответ Имеющему вскоре судить живых и мертвых.
၅ဤသို့ပြုကြသည့်အတွက်သူတို့သည်အသက် ရှင်သူနှင့်သေသူများအား တရားစီရင်ရန် အသင့်ရှိနေတော်မူသောဘုရားသခင်၏ ထံတော်၌စစ်ဆေးစီရင်ခြင်းကိုခံရလတ္တံ့။-
6 Ибо для того и мертвым было благовествуемо, чтобы они, подвергшись суду по человеку плотию, жили по Богу духом.
၆ဤအကြောင်းကြောင့်သေလွန်သူတို့သည်ဘုရား သခင်ဝိညာဉ်အားဖြင့်အသက်ရှင်နိုင်ကြစေ ရန် သူတို့အားသတင်းကောင်းကိုကြေညာရ ခြင်းဖြစ်၏။ ထိုသူတို့သည်ကာယအားဖြင့် အသက်ရှင်စဉ်အခါကလူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကိုခံခဲ့ရသူများဖြစ် သည်။
7 Впрочем близок всему конец. Итак будьте благоразумны и бодрствуйте в молитвах.
၇အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-
8 Более же всего имейте усердную любовь друг ко другу, потому что любовь покрывает множество грехов.
၈အထူးသဖြင့်အချင်းချင်းအားအမှန်တကယ် ချစ်ရကြမည်။ အဘယ်ကြောင့်ဆိုသော်မေတ္တာ သည်များစွာသောအပြစ်တို့ကိုဖုံးအုပ်စေ နိုင်သောကြောင့်ဖြစ်၏။-
9 Будьте страннолюбивы друг ко другу без ропота.
၉သင်တို့သည်မညည်းမညူဘဲအချင်းချင်း အားကျေပွန်စွာဧည့်ဝတ်ပြုကြလော့။-
10 Служите друг другу, каждый тем даром, какой получил, как добрые домостроители многоразличной благодати Божией.
၁၀သင်တို့အားလုံးပင်လျှင်ဝိညာဉ်ဆုကျေးဇူး တစ်ပါးပါးကိုခံယူရရှိကြ၏။ သင်တို့သည် ဘုရားသခင်၏ဆုကျေးဇူးတော်အမျိုးမျိုး ကိုထိန်းသိမ်းစောင့်ရှောက်ရသူများအနေဖြင့် မိမိတို့ခံယူရရှိသည့်ဆုကျေးဇူးတော်ကို အချင်းချင်းတို့၏အကျိုးအတွက်အသုံး ပြုကြလော့။-
11 Говорит ли кто, говори как слова Божии; служит ли кто, служи по силе, какую дает Бог, дабы во всем прославлялся Бог через Иисуса Христа, Которому слава и держава во веки веков. Аминь. (aiōn )
၁၁တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။ (aiōn )
12 Возлюбленные! Огненного искушения, для испытания вам посылаемого, не чуждайтесь, как приключения для вас странного,
၁၂ချစ်ဆွေတို့၊ သင်တို့၏ယုံကြည်ခြင်းကိုစစ် ဆေးရန်အတွက် ယခုသင်တို့ပြင်းပြစွာစုံစမ်း နှောင့်ယှက်ခြင်းကိုခံနေရကြသည်ကိုမအံ့ သြကြနှင့်။ ထိုအမှုအရာများသည်သင်တို့ အတွက်မထူးဆန်းပေ။-
13 но как вы участвуете в Христовых страданиях, радуйтесь, да и в явление славы Его возрадуетесь и восторжествуете.
၁၃အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြ လော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေ တော်ပေါ်လွင်ထင်ရှားသောအခါသင်တို့သည် အလွန်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။-
14 Если злословят вас за имя Христово, то вы блаженны, ибо Дух Славы, Дух Божий почивает на вас. Теми Он хулится, а вами прославляется.
၁၄သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-
15 Только бы не пострадал кто из вас, как убийца, или вор, или злодей, или как посягающий на чужое;
၁၅သင်တို့တွင်မည်သူတစ်စုံတစ်ယောက်မျှလူသတ် မှု၊ ခိုးမှု၊ ရာဇဝတ်မှုသို့မဟုတ်သူတစ်ပါး၏ ကိစ္စတွင်ဝင်ရောက်စွက်ဖက်မှုဖြင့်ပြစ်ဒဏ်မခံ ရစေနှင့်။-
16 а если как Христианин, то не стыдись, но прославляй Бога за такую участь.
၁၆သို့ရာတွင်ခရစ်ယာန်ဖြစ်သောကြောင့်ပြစ် ဒဏ်ခံရပါမူကားရှက်စရာအကြောင်းမရှိ။ ခရစ်တော်၏နာမကြောင့်ခံရလျှင်ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်း၏။
17 Ибо время начаться суду с дома Божия; если же прежде с нас начнется, то какой конец непокоряющимся Евангелию Божию?
၁၇တရားစီရင်တော်မူရာအချိန်သည်ကျရောက် လာလေပြီ။ ဘုရားသခင်၏လူစုတော်ဝင်တို့ သည်တရားစီရင်တော်မူခြင်းကိုပထမ ဦးစွာခံရကြမည်။ ငါတို့သည်ဦးစွာတရား စီရင်တော်မူခြင်းခံရကြလျှင်ဘုရားသခင် ၏သတင်းကောင်းကိုမယုံကြည်သူတို့မည် သို့ဖြစ်လိမ့်မည်နည်း။-
18 И если праведник едва спасается, то нечестивый и грешный где явится?
၁၈ကျမ်းစာတော်ကဖော်ပြသည်နှင့်အညီ ``အကယ်၍သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန်ခက်ခဲပါမူ ဘုရားတရားမဲ့သည့်အပြစ်ကူးသူတို့အဖို့ မည်သို့ဖြစ်လိမ့်မည်နည်း''
19 Итак страждущие по воле Божией да предадут Ему, как верному Создателю, души свои, делая добро.
၁၉သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။