< Sofonias 3 >

1 Ai da suja e contaminada, da cidade opressora!
မိ​မိ​၏​မြို့​သား​များ​ကို​ပင်​လျှင်​ညှင်း​ပန်း နှိပ်​စက်​ကာ​အ​ကျင့်​ပျက်​ပုန်​ကန်​တတ်​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​၏။-
2 Ela não ouve a voz, nem aceita o castigo; não confia no SENHOR, não se achega a seu Deus.
ထို​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော် ကို​နား​မ​ထောင်။ ကိုယ်​တော်​၏​စည်း​ကမ်း​ကို မ​လိုက်​နာ။ ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား မှု​မ​ပြု။ ကိုယ်​တော်​၏​ကူ​မ​မှု​ကို​လည်း​မ တောင်း​ခံ​ခဲ့။-
3 Seus príncipes no meio dela são leões que rugem; seus juízes são lobos da noite que nada deixam para a manhã [seguinte].
ထို​ပြည်​ကို​အုပ်​ချုပ်​သော​အ​ရာ​ရှိ​တို့​သည် ခြင်္သေ့​ငယ်​များ​နှင့်​တူ​ကြ​၏။ တ​ရား​စီ​ရင် သူ​တို့​သည်​လည်း​လော​ဘ​ရ​မက်​ကြီး​လွန်း သ​ဖြင့် နံ​နက်​ချိန်​တိုင်​အောင်​အ​ရိုး​တစ်​ချောင်း ကို​မျှ​မ​စွန့်​ပစ်​နိုင်​သည့်​ဝံ​ပု​လွေ​ငယ်​များ နှင့်​တူ​ကြ​၏။-
4 Seus profetas são levianos, homens enganadores; seus sacerdotes profanam o santuário, [e] violentam a lei.
ပ​ရော​ဖက်​တို့​သည်​တာ​ဝန်​မဲ့​ပြု​လုပ်​တတ် သည့်​သစ္စာ​ဖောက်​များ​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​ညစ် ညမ်း​စေ​၍ ဘု​ရား​သ​ခင်​၏​ပညတ်​တ​ရား တော်​ကို​မိ​မိ​တို့​အ​ကျိုး​ရှိ​ရာ​ရှိ​ကြောင်း လှည့်​ကွက်​ဆင်​၍​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို ကြ​၏။-
5 O SENHOR é justo em meio dela, não faz perversidade; de manhã ele tira seu juízo à luz, nunca falha; mas o injusto não conhece a vergonha.
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့ တွင်​ရှိ​နေ​တော်​မူ​ပါ​သေး​၏။ ကိုယ်​တော် သည်​တ​ရား​သော​အ​မှု​ကို​သာ​လျှင်​ပြု တော်​မူ​၍​မ​တ​ရား​သည့်​အ​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ​ပြု​တော်​မ​မူ။ နံ​နက်​တိုင်း​မိ​မိ ၏​လူ​မျိုး​တော်​အား​မ​လွဲ​မ​သွေ​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။ သို့​သော်​လည်း ထို​အ​ရပ်​ရှိ​လူ​မ​သ​မာ​တို့​သည်​မ​ကောင်း မှု​ကို​ဆက်​လက်​ပြု​ကျင့်​လျက်​နေ​ကြ​ပေ သည်။ သူ​တို့​တွင်​ရှက်​ကြောက်​မှု​လည်း​မ​ရှိ ကြ။
6 Exterminei as nações; suas muralhas estão arruinadas, suas ruas estão desertas, de maneira que ninguém passe por elas; suas cidades estão desoladas de maneira que ninguém restou, nenhum morador sequer.
ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ ကို​လုံး​ဝ​ဖျက်​ဆီး​ခဲ့​လေ​ပြီ။ သူ​တို့​၏​မြို့ များ​ကို​သုတ်​သင်​ဖျက်​ဆီး​၍​မြို့​တံ​တိုင်း များ၊ ရဲ​တိုက်​များ​ကို​လည်း​ယို​ယွင်း​ပျက် စီး​စေ​လေ​ပြီ။ မြို့​တို့​သည်​လူ​သူ​ဆိတ်​ငြိမ် လျက်​လမ်း​တို့​သည်​လည်း​ဟာ​လာ​ဟင်း လင်း​ဖြစ်​လျက်​နေ​ကြ​၏။ လူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ကြ​တော့​ပေ။-
7 Eu dizia: Certamente me temerás, aceitarás a correção; para que assim sua morada não seja destruída [por] tudo aquilo que eu havia determinado sobre ela. Porém eles se levantaram de manhã e corromperam todos os seus atos.
ထို​စဉ်​အ​ခါ​က​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ကာ​ငါ​ပေး​သည့် စည်း​ကမ်း​ကို​လိုက်​နာ​ကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ ငါ​၏​သွန်​သင်​ဆုံး​မ​ချက် ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​ကြ လိမ့်​မည်​မ​ဟုတ်​ဟူ​၍​လည်း​ကောင်း​ငါ ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​မ​ကြာ​ခ​ဏ သူ​တို့​သည်​အ​ကျင့်​ဆိုး​ကို​ပြု​မြဲ​ပြု လျက်​နေ​ကြ​၏။
8 Portanto esperai em mim, diz o SENHOR, pelo dia em que me levantarei para o despojo; porque minha determinação é ajuntar as nações, reunir os reinos, para derramar sobre eles minha indignação, todo o ardor de minha ira; pois toda a terra será consumida pelo o fogo do meu zelo.
ထာ​ဝ​ရ​ဘု​ရား​က``စောင့်​မျှော်​၍​နေ​လော့။ လူ မျိုး​တ​ကာ​တို့​အား​ငါ​ထ​၍​ပြစ်​တင်​စွပ်​စွဲ မည့်​နေ့​ရက်​ကာ​လ​ကို​စောင့်​မျှော်​၍​နေ​လော့။ ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​ခံ​စား​စိမ့် သော​ငှာ၊ လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ ကို​စု​သိမ်း​ရန်​ငါ​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ ပြီ။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည်​ငါ​၏ အ​မျက်​တော်​မီး​ဖြင့်​ကျွမ်း​လောင်​ပျက်​စီး ၍​သွား​လိမ့်​မည်။
9 Então certamente darei lábio puro aos povos, para que todos invoquem o nome do SENHOR, para que lhe sirvam em unidade.
``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။-
10 Dalém dos rios de Cuxe, meus adoradores, a filha de meus dispersos, me trarão oferta.
၁၀ပျံ့​လွင့်​နေ​သော​ငါ​၏​လူ​မျိုး​တော်​သည် ဝေး​လံ​သော​ဆူ​ဒန်​ပြည်​မှ​ပင်​လျှင်​ငါ့​ထံ သို့​ပူ​ဇော်​သ​ကာ​များ​ကို​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-
11 Naquele dia não serás envergonhada por nenhum de teus atos com que transgrediste contra mim; porque então tirarei do meio de ti os que se alegram por tua soberba, e nunca mais te exaltarás por causa do meu monte santo.
၁၁အို ငါ​၏​လူ​မျိုး​တော်၊ ထို​အ​ခါ​သင်​တို့ သည်​ငါ့​ကို​ပုန်​ကန်​ခဲ့​သည့်​အ​တွက်​ရှက် ကြောက်​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။ ငါ သည်​မာ​န​ကြီး​သူ​မောက်​မာ​ထောင်​လွှား သူ​မှန်​သ​မျှ​ကို​ပယ်​ရှင်း​မည်​ဖြစ်​၍ သင် တို့​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌ မျှ​ယေ​ရု​ရှ​လင်​မြို့​ရှိ ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သည့်​တောင်​တော်​ပေါ်​တွင်​ငါ့​ကို​ပုန် ကန်​ကြ​တော့​မည်​မ​ဟုတ်။-
12 Mas farei restar no meio de ti um povo humilde e pobre; e eles confiarão no nome do SENHOR.
၁၂စိတ်​နှ​လုံး​နှိမ့်​ချ​နူး​ညံ့​သိမ်​မွေ့​သည့်​လူ​စု ကို​ထို​အ​ရပ်​တွင်​ငါ​ချန်​ထား​မည်။ သူ​တို့ သည်​လည်း​ငါ့​ထံ​သို့​လာ​ရောက်​ခို​လှုံ​ကြ လိမ့်​မည်။-
13 O restante de Israel não cometerá perversidade, nem falarão mentiras, nem se achará em suas bocas língua enganosa; em vez disso eles serão apascentados e se deitarão, e não haverá quem os espante.
၁၃အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သည့်​ဣ​သ ရေ​လ​ပြည်​သား​တို့​သည်​အ​ဘယ်​သူ​ကို မျှ​ပြစ်​မှား​ကြ​လိမ့်​မည်​မ​ဟုတ်။ မု​သား စ​ကား​ပြော​ဆို​မှု​ကို​သော်​လည်း​ကောင်း၊ လိမ်​လည်​လှည့်​စား​ရန်​ကြိုး​စား​မှု​ကို​သော် လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ တို့​သည်​ကောင်း​စား​ကြ​လိမ့်​မည်။ အ​ဘယ် သူ​ကို​မျှ​မ​ကြောက်​မ​လန့်​ရ​ဘဲ ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
14 Canta alegremente, ó filha de Sião; grita de alegria, ó Israel; alegra-te e anima-te de todo coração, ó filha de Jerusalém.
၁၄အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ဝမ်း​မြောက်​စွာ ကြွေး​ကြော်​သီ​ဆို​ကြ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သူ၊စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရွှင်​လန်း​ဝမ်း​မြောက်​လော့။
15 O SENHOR afastou os julgamentos contra ti, exterminou teu inimigo; o SENHOR, Rei de Israel, está no meio de ti; nunca mais verás mal algum.
၁၅ကိုယ်​တော်​သည်​သင်​တို့​အား​အ​တိုက်​အ​ခံ ပြု​သူ​များ​ကို​ဖယ်​ရှား​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ​များ​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယ​ခု​သင်​တို့​သည်​ကြောက်​လန့်​စ​ရာ အ​ကြောင်း​မ​ရှိ​တော့​ပြီ။
16 Naquele dia se dirá a Jerusalém: Não temas, Sião, não se enfraqueçam tuas mãos.
၁၆ထို​နေ့​တွင်​ယေ​ရု​ရှ​လင်​မြို့​အား​ဤ​သို့​ဆို လိမ့်​မည်။ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်။ သင်​သည်​လက်​မှိုင်​ချ​၍​မ​နေ​နှင့်။
17 O SENHOR está no meio de ti, guerreiro que salva; ele terá prazer em ti com alegria; ele [te] aquietará em seu amor, se encherá de alegria por causa de ti com júbilo.
၁၇သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​သည်​အောင်​ပွဲ​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အ​ပေါ်​ဝမ်း မြောက်​အား​ရ​မှု ရှိ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​လည်း​သင့်​အား ဘ​ဝ​သစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​တွက်​ကြည်​နူး​ပျော် ရွှင်​ကာ သီ​ချင်း​ကူး​ဧ​တော်​မူ​လိမ့်​မည်။''
18 Ajuntarei aos que se entristecem [de saudade] das reuniões solenes; eles eram teus; para eles a humilhação dela era uma peso.
၁၈``ပွဲ​လမ်း​သ​ဘင်​၌​ပျော်​ရွှင်​သော​သူ​များ ကဲ့​သို့ ရွှင်​မြူး​တော်​မူ​လိမ့်​မည်'' ထာ​ဝ​ရ​ဘု​ရား​က ``ဝမ်း​နည်း​ရ​မှု​ကို​ရပ်​စဲ​၍၊- သင်​၏​အ​သ​ရေ​ပျက်​မှု​ကို​သင်​၏​ဝန်​ထုပ် အ​ဖြစ်​မှ ဖယ်​ရှား​လိုက်​လေ​ပြီ။
19 Eis que naquele tempo acabarei com todos os teus opressores; e salvarei a manca, e ajuntarei a expulsa; e os tornarei louvor e renome em toda terra em que foram envergonhados.
၁၉သင့်​ကို​ညှင်း​ပန်း​နှိပ်​စက်​သူ​များ​အား​ငါ အ​ပြစ်​ဒဏ် ခတ်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​အ​ပေါင်း​ကို ကယ်​ဆယ်​၍၊ ပြည်​နှင်​ဒဏ်​သင့်​သူ​များ​ကို​မိ​မိ​တို့​ပြည်​သို့ ခေါ်​ဆောင်​လာ​မည်။ သူ​တို့​၏​အ​ရှက်​ရ​မှု​ကို​ဂုဏ်​အ​သ​ရေ​ရှိ​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​မည်။ က​မ္ဘာ​သူ​က​မ္ဘာ​သား​တို့​သူ​တို့​ကို ချီး​ကူး​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
20 Naquele tempo eu vos trarei de volta, naquele tempo eu vos ajuntarei; pois vos tornarei renome e louvor entre todos os povos da terra, quando eu vos resutaurar de vosso infortúnio diante de vossos olhos, diz o SENHOR.
၂၀ကွဲ​လွင့်​နေ​သူ​သင်​တို့​၏​အ​မျိုး​သား​များ အား မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​လာ​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ငါ​သည်​သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် ထင်​ပေါ်​ကျော်​ကြား​စေ​မည်။ သင်​တို့​ကို​တစ်​ဖန်​ပြန်​လည်​ကောင်း​စား စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဇေ​ဖ​နိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

< Sofonias 3 >