< Jeremias 44 >

1 Palavra que veio a Jeremias quanto a todos os judeus habitantes na terra do Egito, que moravam em Migdol, Tafnes, Nofe, e na terra de Patros, dizendo:
ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​ပြည်​မိ​ဂ​ဒေါ​လ မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့​နှင့်​တောင်​ပိုင်း​ဒေ​သ ၌​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ရည်​မှတ်​၍ ငါ့​အား​ဗျာ​ဒိတ်​ပေး​တော် မူ​၏။-
2 Assim diz o SENHOR dos exércitos, Deus de Israel: Vós vistes todo o mal que eu trouxe sobre Jerusalém e sobre todas as cidades de Judá; e eis que hoje elas estão desoladas, e ninguém nelas habita;
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာဝ​ရ​ဘု​ရား​က``ယေ​ရု ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​တို့​အား​ငါ အ​ဘယ်​သို့​ကပ်​သင့်​စေ​သည်​ကို သင်​တို့​ကိုယ် တိုင်​တွေ့​မြင်​ခဲ့​ရ​လေ​ပြီ။ ထို​မြို့​များ​သည် ယ​ခု​တိုင်​အောင်​ပင်​ယို​ယွင်း​ပျက်​စီး​ကာ လူ​သူ​ဆိတ်​ငြိမ်​လျက်​ရှိ​ကြ​၏။-
3 Por causa da maldade deles, que fizeram para me irritar, indo oferecer incenso, [e] servindo a outros deuses que nunca conheceram, nem eles, nem vós, nem vossos pais.
ယင်း​သို့​ငါ​ဖြစ်​စေ​ရ​သည့်​အ​ကြောင်း​မှာ​ထို မြို့​တို့​မှ​မြို့​သူ​မြို့​သား​များ​သည်​မ​ကောင်း မှု​များ​ကို​ပြု​၍ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ကြ လျက် သူ​တို့​ကိုယ်​တိုင်​သင်​တို့​နှင့်​သင်​တို့ ဘိုး​ဘေး​များ​အ​ဘယ်​အ​ခါ​က​မျှ​ရှိ မ​ခိုး​ဝတ်​မ​ပြု​ခဲ့​သည့်​ဘု​ရား​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ကြ​၏။-
4 E enviei até vós todos os meus servos, os profetas, persistindo em enviá-los, dizendo: Não façais, pois, esta coisa abominável, e eu odeio.
ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့ အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​ငါ​မုန်း ထား​စက်​ဆုပ်​သည့်​အ​မှု​ကို​မ​ပြု​ရန်​ပြော ကြား​ခဲ့​ကြ​၏။-
5 Porém não obedeceram, nem inclinaram seus ouvidos para se converterem de sua maldade, para não oferecer incenso a outros deuses.
သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ပ​မာ​ဏ​မ​ပြု​ကြ။ အ​ခြား​ဘုရား​များ အား​ယဇ်​ပူ​ဇော်​သည့်​အ​ကျင့်​ကို​လည်း မ​ဖျောက်​ကြ။-
6 Por isso se derramou minha indignação e minha ira, e acendeu-se nas cidades de Judá e nas ruas de Jerusalém, e tornaram-se em desolação e em destruição tal como está hoje.
သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု ရှ​လင်​လမ်း​များ​အ​ပေါ်​သို့ ငါ​၏​ဒေါ​သ အ​မျက်​တော်​ကို​သွန်း​လောင်း​၍ ထို​မြို့​တို့​ကို မီး​လောင်​စေ​တော်​မူ​၏။ ထို​မြို့​များ​သည်​ယို ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ်​ပြီး​လျှင် ယ​နေ့ တွေ့​မြင်​နေ​ရ​သည့်​အ​တိုင်း​လူ​တို့​ရှေ့​တွင် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​၏။
7 Agora pois, assim diz o SENHOR dos exércitos, Deus de Israel: Por que fazeis tão grande mal contra vossas almas, para serdes eliminados homem e mulher, criança e bebê de peito, do meio de Judá, sem que vos sobre um restante sequer;
``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​က သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​အ​ပေါ်​သို့​ဤ​သို့​သော​ဘေး​အန္တ​ရာယ်​ဆိုး သက်​ရောက်​အောင် ဆိုး​ညစ်​သော​အ​မှု​ကို​ပြု ကြ​သ​နည်း။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး ပြုတ်​စေ​ရန်​အ​မျိုး​သား၊ အ​မျိုး​သ​မီး၊ က​လေး​သူ​ငယ်​နှင့်​နို့​စို့​အ​ရွယ်​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​လို​ကြ​သ​လော။-
8 Irritando-me com as obras de vossas mãos, oferecendo incenso a outros deuses na terra do Egito, para onde entrastes para morar; de modo que sereis eliminados, e servireis de maldição e de humilhação entre todas as nações da terra?
သင်​တို့​နေ​ထိုင်​ရန်​လာ​ရောက်​သည့်​ဤ​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​ရုပ်​တု​များ​အား​ဖြင့် လည်း​ကောင်း၊ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့်​လည်း​ကောင်း အ​ဘယ် ကြောင့်​ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ သ​နည်း။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ဆုံး ပါး​ပျက်​စီး​စေ​၍​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​ကဲ့​ရဲ့​စ​ရာ၊ ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လာ​ကြ​လိမ့်​မည်။-
9 Por acaso já vos esquecestes das maldades de vossos pais, das maldades dos reis de Judá, das maldades de suas mulheres, e das vossas [próprias] maldades, e das maldades de vossas mulheres, que foram feitas na terra de Judá e nas ruas de Jerusalém?
ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​ပေါ် တွင် သင်​တို့​၏​ဘိုး​ဘေး​များ၊ ယုဒ​ဘု​ရင်​များ နှင့်​မိ​ဖု​ရား​များ၊ သင်​တို့​နှင့်​သင်​တို့​၏​ဇနီး များ​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​ကျင့်​ဆိုး​များ ကို​သင်​တို့​မေ့​လျော့​သွား​ကြ​လေ​ပြီ​လော။-
10 Até hoje não se contristaram, nem temeram, nem andaram em minha lei, nem em meus estatutos que pus diante de vós e diante de vossos pais.
၁၀သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ပင်​စိတ်​နှ​လုံး နှိမ့်​ချ​မှု​မ​ရှိ​ကြ​သေး​ပေ။ ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​မှု​မ​ရှိ။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ညတ်​များ နှင့်​နည်း​ဥ​ပ​ဒေ​ကို​လည်း​လိုက်​နာ​ကျင့်​သုံး မှု​မ​ပြု​ကြ။
11 Portanto assim diz o SENHOR dos exércitos, Deus de Israel: Eis que eu dirijo meu rosto a vós para o mal, e para destruir a todo Judá.
၁၁``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​၍​ယု​ဒ​ပြည်​ကို​ပျက် ပြုန်း​စေ​မည်။-
12 E tomarei os restantes de Judá que dirigiram seus rostos para entrarem na terra do Egito para ali morar, e na terra do Egito serão todos consumidos; cairão a espada, e serão consumidos pela fome; desde o menor até o maior, pela espada e pela fome morrerão. E servirão de maldição e de espanto; de amaldiçoamento e de humilhação.
၁၂ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​ကာ​အီ​ဂျစ်​ပြည်​သို့ သွား​ရောက်​နေ​ထိုင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သူ တို့​မူ​ကား​တစ်​ယောက်​မ​ကျန်​ဆုံး​ပါး​ပျက်​စီး စေ​မည်။ ကြီး​ငယ်​မ​ဟူ​ထို​သူ​အ​ပေါင်း​တို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​တို့​ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​လိမ့်​မည်။ လူ​တို့​သည်​သူ​တို့​အား​ပြက် ရယ်​ပြု​လျက်​သူ​တို့​၏​အ​မည်​နာ​မ​ကို ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-
13 Pois castigarei aos que moram na terra do Egito, tal como castiguei a Jerusalém, com espada, fome e pestilência.
၁၃ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​အား​အ​ပြစ်​ဒဏ် ခတ်​သ​ကဲ့​သို့​အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​သူ တို့​ကို​လည်း​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​မည်။-
14 De maneira que, dos restantes de Judá que entraram na terra do Egito para morar ali, não haverá quem escape, nem quem reste vivo, para voltar à terra de Judá, da qual eles anseiam para voltar a habitar lá; pois não voltarão, a não ser alguns fugitivos.
၁၄အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ရန်​ယု​ဒ​ပြည်​မှ ထွက်​ခွာ​လာ​ကြ​သူ​တို့​အ​နက် အ​ဘယ်​သူ ကို​မျှ​ထို​ဘေး​များ​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ မိ​မိ​တို့​တစ်​ဖန်​ပြန်​လည်​နေ ထိုင်​ရန်​မျှော်​လင့်​တောင့်​တ​ကြ​သည့်​ယု​ဒ ပြည်​သို့ ထို​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ပြန်​ရ လိမ့်​မည်​မ​ဟုတ်။ ဒုက္ခ​သည်​အ​ချို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ပြန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
15 Então todos os homens que sabiam que suas mulheres haviam oferecido incenso a outros deuses, e todas as mulheres que estavam presentes, uma grande multidão, e todo o povo que habitava na terra do Egito, em Patros, responderam a Jeremias, dizendo:
၁၅ထို​အ​ခါ​မိ​မိ​တို့​ဇ​နီး​များ​သည်​အ​ခြား ဘု​ရား​တို့​အား​ယဇ်​ပူ​ဇော်​ကြောင်း​ကို​သိ​ရှိ ကြ​သူ​များ၊ ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​သူ အ​မျိုး​သ​မီး​များ​နှင့်​အီ​ဂျစ်​ပြည်​တောင် ပိုင်း​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ အ​ပါ​အ​ဝင်​လူ​အုပ်​ကြီး​သည်​ငါ့​အား၊-
16 Quanto a palavra que tu nos falaste em nome do SENHOR, não daremos ouvidos a ti;
၁၆``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​သင်​ဟော​ပြော​သည့်​စ​ကား​များ​ကို​ငါ​တို့ နား​မ​ထောင်​လို​ပါ။-
17 Em vez disso certamente faremos toda a palavra que saiu de nossa boca, para oferecer incenso à rainha dos céus, e para lhe apresentar ofertas de bebidas, tal como temos feito, nós e nossos pais, nossos reis e nossos príncipes, nas cidades de Judá, e nas ruas de Jerusalém, quando nos fartávamos de pão, vivíamos bem, e não víamos calamidade alguma.
၁၇ငါ​တို့​သည်​မိ​မိ​တို့​ယ​ခင်​က​ပြော​ကြား​ခဲ့ သည့်​အ​မှု​တို့​ကို​သာ​ပြု​ကြ​ပါ​မည်။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​တွင်​ငါ တို့​နှင့်​ငါ​တို့​ဘိုး​ဘေး​များ၊ ငါ​တို့​ဘု​ရင် နှင့်​ခေါင်း​ဆောင်​များ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း ကောင်း​ကင်​ဘု​ရင်​မ​ဟု​အ​မည်​တွင်​သော နတ်​သ​မီး​ကို​ယဇ်​ပူ​ဇော်​၍ သူ​၏​အ​ဖို့ စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း ပါ​မည်။ ထို​စဉ်​အ​ခါ​က​ငါ​တို့​သည်​ဝ​စွာ စား​ရ​ကြ​၏။ ချမ်း​သာ​ကြွယ်​ဝ​လျက်​ဘေး ဒုက္ခ​နှင့်​ကင်း​ဝေး​ခဲ့​ကြ​၏။-
18 Mas desde que cessamos de oferecer incenso à rainha do céus, e de derramar ofertas de bebidas, tivemos falta de tudo, e fomos consumidos pela espada e pela fome.
၁၈သို့​ရာ​တွင်​ကောင်း​ကင်​ဘု​ရင်​မ​ကို​ယဇ်​ပူ​ဇော် မှု၊ သူ့​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း လောင်း​မှု​တို့​ကို​မ​ပြု​ကြ​တော့​သည့်​အ​ချိန် မှ​အ​စ​ပြု​၍ ငါ​တို့​သည်​များ​စွာ​ချို့​တဲ့ လျက်​ငါ​တို့​အ​မျိုး​သား​များ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍​သေ​ရ ကြ​ပါ​၏'' ဟု​ပြော​ကြား​ကြ​လေ​သည်။
19 E quando oferecemos incenso à rainha do céus, e lhe derramamos ofertas de bebidas, por acaso nós lhe fizemos bolos para lhe prestar culto, e lhe derramamos ofertas de bebidas, sem nossos maridos?
၁၉ထို​နောက်​အ​မျိုး​သ​မီး​များ​က``ငါ​တို့​သည် ကောင်း​ကင်​ဘု​ရင်​မ​၏​ရုပ်​ပုံ​တူ​မုန့်​များ​ကို ဖုတ်​လုပ်​၍ ထို​နတ်​သ​မီး​အား​ယဇ်​ပူ​ဇော်​ကာ သူ​၏​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ ကို​သွန်း​လောင်း​ကြ​သော​အ​ခါ ငါ​တို့​၏​ခင် ပွန်း​များ​က​လည်း​ငါ​တို့​ပြု​သည့်​အ​မှု​ကို လက်​ခံ​အ​တည်​ပြု​ခဲ့​ကြ​ပါ​သည်'' ဟု​ထပ် လောင်း​ပြော​ဆို​ကြ​၏။
20 Então Jeremias disse a todo o povo, aos homens e às mulheres, e a todo o povo que lhe tinha respondido isto, dizendo:
၂၀ထို​အ​ခါ​ငါ​သည်​မိ​မိ​အား​ဤ​သို့​ပြော ကြား​ကြ​သူ အ​မျိုး​သား​အ​မျိုး​သ​မီး များ​နှင့်​လူ​အ​ပေါင်း​တို့​အား၊-
21 Por acaso não se lembrou o SENHOR, e não veio a sua mente o incenso que oferecestes nas cidades de Judá, e nas praças de Jerusalém, vós e vossos pais, vossos reis e vossos príncipes, e o povo da terra?
၂၁``ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း များ​တွင် သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​များ၊ သင် တို့​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင်​များ၊ ပြည်​သူ များ​ပူ​ဇော်​ခဲ့​ကြ​သည့်​ယဇ်​များ​နှင့်​ပတ် သက်​၍​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟူ​၍ သော်​လည်း​ကောင်း၊ မေ့​လျော့​တော်​မူ​လေ​ပြီ ဟူ​၍​သော်​လည်း​ကောင်း​သင်​တို့​ထင်​မှတ် ကြ​ပါ​သ​လော။-
22 De tal maneira que o SENHOR não podia mais aguentar, por causa da maldade de vossas ações, por causa das abominações que fizestes; por isso vossa terra se tornou em desolação, em espanto, e em maldição, até não restar morador, tal como hoje está.
၂၂ယ​ခု​အ​ခါ​၌​ပင်​လျှင်​သင်​တို့​၏​ပြည်​သည် ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ​ဆိတ်​ညံ​လျက် ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ယုတ် မာ​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​ကို​သည်း​ခံ တော်​မ​မူ​နိုင်​သ​ဖြင့် ထို​ပြည်​သည်​လူ​တို့ ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​လေ​ပြီ။ လူ​တို့​သည်​လည်း​ထို​ပြည်​၏​အ​မည်​နာ​မ ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လေ​ပြီ။-
23 Pois oferecestes incenso e pecastes contra o SENHOR, e não obedecestes à voz do SENHOR, nem andastes em seu lei, seus estatutos, e seus testemunhos; por isso veio sobre vós este mal, tal como há hoje.
၂၃သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ယဇ် ပူ​ဇော်​ကာ​အ​မိန့်​တော်​များ​ကို​မ​နာ​ခံ သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ယ​ခု​အ​ခါ​ဤ​ကဲ့​သို့ ပင်​ကပ်​သင့်​ခဲ့​ရ​ကြ​ပေ​သည်''ဟု​ဆို​၏။
24 Disse mais Jeremias a todo o povo, e a todas as mulheres: Ouvi a palavra do SENHOR, todos vós de Judá, que estais na terra do Egito:
၂၄ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ကြ​သော​ယု​ဒ​ပြည် သား​တို့​နှင့်​ပတ်​သက်​၍``သင်​တို့​နှင့်​သင်​တို့ ဇ​နီး​များ​သည်​ကောင်း​ကင်​ဘု​ရင်​မ​အား သစ္စာ​က​တိ​ပြု​ခဲ့​ကြ​၏။ သူ့​အား​ယဇ်​ပူ​ဇော် ပါ​မည်​ဟူ​၍​လည်း​ကောင်း၊ သူ​၏​အ​ဖို့​စ​ပျစ် ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း​ပါ​မည် ဟူ​၍​လည်း​ကောင်း က​တိ​ထား​ပြီး​လျှင်​ထို က​တိ​အ​တိုင်း​ပြု​ခဲ့​ကြ​ပေ​သည်။ ကောင်း လှ​ပြီ၊ သင်​တို့​က​တိ​ကို​တည်​စေ​ကြ​လော့။ သင်​တို့​သစ္စာ​ဋ္ဌိ​ဋ္ဌာန်​ပြု​သည်​အ​တိုင်း​ဆောင် ရွက်​ကြ​လော့။-
25 Assim diz o SENHOR dos exércitos, Deus de Israel, dizendo: Vós e vossas mulheres não somente falastes por vossas bocas, mas também com vossas mãos o cumpristes, dizendo: Certamente faremos nossos votos que fizemos, de oferecer incensos à rainha dos céus, e lhe apresentar ofertas de bebidas; Com certeza confirmastes vossos votos, e com certeza cumpristes vossos votos.
၂၅
26 Portanto ouvi a palavra do SENHOR, todos vós de Judá que habitais na terra do Egito: Eis que juro por meu grande nome, diz o SENHOR, que nunca mais meu nome será chamado pela boca homem algum de Judá, em toda a terra do Egito, dizendo: Vive o Senhor DEUS.
၂၆သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​ရှိ​သည့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​မ​ဟာ​နာ​မ တော်​ကို​တိုင်​တည်​၍​မြွက်​ဆို​သည့်​က​တိ တော်​ကို ယ​ခု​သင်​တို့​နား​ထောင်​ကြ​လော့။ သင်​တို့​သစ္စာ​က​တိ​ပြု​ကြ​ရာ​တွင်`အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည် အ​တိုင်း' ဟု​ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို ရန်​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​အား ငါ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-
27 Eis que eu os observarei para o mal, e não para o bem; e todos os homens de Judá que estão na terra do Egito serão consumidos pela espada e pela fome, até que se acabem por completo.
၂၇သင်​တို့​သည်​ကောင်း​စား​မည့်​အ​စား​ဆုံး​ရှုံး ပျက်​စီး​ကြ​စေ​ရန်​ငါ​ပြု​မည်။ အီ​ဂျစ်​ပြည် တွင်​နေ​ထိုင်​လျက်​ရှိ​သော​ယု​ဒ​ပြည်​သူ​တို့ သည်​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​သည်​တိုင် အောင်​စစ်​ဘေး​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ ဘေး​သော်​လည်း​ကောင်း​သင့်​၍​သေ​ရ​ကြ​လိမ့် မည်။-
28 E os que escaparem do espada voltarão da terra do Egito para a terra de Judá, poucos em número; e todo o restante de Judá, que entrou em Egito para ali morar, saberá qual palavra se confirmará, se a minha ou a sua.
၂၈သို့​ရာ​တွင်​သင်​တို့​အ​ချို့​သည်​အသက်​ဘေး မှ​လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​မှ​ယု​ဒ​ပြည် သို့​ပြန်​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည် သို့​လာ​ရောက်​ကြ​သော​ယု​ဒ​ပြည်​သူ​အ​ကြွင်း အ​ကျန်​များ​သည် မိ​မိ​တို့​စ​ကား​နှင့်​ငါ့ စ​ကား၊ မည်​သည်​က​မှန်​၍​နေ​သည်​ကို​သိ ရှိ​ကြ​လိမ့်​မည်။-
29 E isto tereis por sinal, diz o SENHOR, de que neste lugar eu vos castigo, para que saibais que certamente minhas palavras se confirmarão contra vós para o mal.
၂၉ငါ​သည်​ဤ​ဒေ​သ​တွင်​သင်​တို့​အား​အ​ပြစ် ဒဏ်​ခတ်​မည်​ဟူ​၍​လည်း​ကောင်း၊ သင်​တို့​ကို သုတ်​သင်​ဖျက်​ဆီး​မည်​ဟူ​၍​ထား​ခဲ့​သော ငါ ၏​က​တိ​တော်​သည်​အ​မှန်​တ​ကယ်​ဖြစ်​လာ လိမ့်​မည်​ဖြစ်​ကြောင်း​ကို သင်​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သက်​သေ​ပြ​မည်။-
30 Assim diz o SENHOR: Eis que eu entregarei ao Faraó Ofra, rei do Egito, nas mãos de seus inimigos, e nas mão dos que buscam sua morte, assim como entreguei a Zedequias rei de Judá nas mãos de Nabucodonosor rei de Babilônia, seu inimigo, e que buscava sua morte.
၃၀ငါ​သည်​ယု​ဒ​ဘုရင်​ဇေ​ဒ​ကိ​ကို​မိ​မိ​အား သတ်​ဖြတ်​လို​၍ မိ​မိ​၏​ရန်​သူ​ဖြစ်​သော​ဗာ​ဗု လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ထံ​အပ်​နှင်း​သ​ကဲ့ သို့ အီ​ဂျစ်​ဘု​ရင်​ဟော​ဖ​ရာ​ကို​လည်း​မိ​မိ အား​သတ်​ဖြတ်​လို​သော​ရန်​သူ​များ​လက် သို့​အပ်​နှင်း​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း​လူ အ​ပေါင်း​တို့​အား အ​ထူး​သ​ဖြင့်​အ​မျိုး သ​မီး​များ​အား​ဆင့်​ဆို​လေ​သည်။

< Jeremias 44 >