< Gênesis 8 >

1 E lembrou-se Deus de Noé, e de todos os animais, selvagens e domésticos que estavam com ele na arca; e fez passar Deus um vento sobre a terra, e diminuíram as águas.
ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​တ​ကွ​သင်္ဘော​ပေါ် တွင် ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​ကို​မေ့ တော်​မ​မူ။ သို့​ဖြစ်​၍​လေ​ကို​တိုက်​စေ​သ​ဖြင့် ရေ​သည်​စ​၍​ကျ​ဆင်း​လေ​၏။-
2 E se fecharam as fontes do abismo, e as comportas dos céus; e a chuva dos céus foi detida.
သ​မုဒ္ဒ​ရာ​စမ်း​ပေါက်​များ​နှင့်​မိုးကောင်း​ကင်​ရေ တံ​ခါး​များ​သည်​လည်း​ပိတ်​လေ​၏။ မိုး​စဲ​၍၊-
3 E voltaram-se as águas de sobre a terra, indo e voltando; e decresceram as águas ao fim de cento e cinquenta dias.
ရေ​သည်​ရက်​ပေါင်း​တစ်​ရာ့​ငါး​ဆယ်​ကြာ အောင်​တ​ဖြည်း​ဖြည်း​ကျ​ဆင်း​လေ​၏။-
4 E repousou a arca no mês sétimo, a dezessete dias do mês, sobre os montes de Ararate.
သင်္ဘော​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ခု​နစ်​ရက် နေ့​တွင် အာ​ရ​ရတ်​တောင်​တစ်​ခု​ပေါ်​တွင်​တင် နေ​လေ​၏။-
5 E as águas foram decrescendo até o mês décimo: no décimo, ao primeiro dia do mês, se revelaram os cumes dos montes.
ရေ​သည်​ဆက်​၍​ကျ​ဆင်း​သ​ဖြင့်​ဒ​သ​မ​လ တစ်​ရက်​နေ့​တွင် တောင်​ထိပ်​များ​ပေါ်​လာ​ကုန်​၏။
6 E sucedeu que, ao fim de quarenta dias, abriu Noé a janela da arca que havia feito,
အ​ရက်​လေး​ဆယ်​လွန်​သော်​နော​ဧ​သည်​ပြူ​တင်း ပေါက်​ကို​ဖွင့်​၍ ကျီး​အ​တစ်​ကောင်​ကို​လွှတ် လိုက်​၏။-
7 E enviou ao corvo, o qual saiu, e esteve indo e voltando até que as águas se secaram de sobre a terra.
ကျီး​အ​လည်း​ပြန်​မ​လာ​တော့​ချေ။ မြေ​ကြီး ပေါ်​တွင်​ရေ​ခန်း​ခြောက်​သည့်​တိုင်​အောင်​လူး လာ​ပျံ​သန်း​လျက်​သာ​နေ​၏။-
8 Enviou também de si à pomba, para ver se as águas se haviam retirado de sobre a face da terra;
တစ်​ဖန်​နော​ဧ​သည်​ရေ​ကျ​သည်​မကျ​သည်​ကို သိ​ရှိ​ရန် ချိုး​ငှက်​တစ်​ကောင်​ကို​လွှတ်​လိုက်​၏။-
9 E não achou a pomba onde sentar a planta de seu pé, e voltou-se a ele à arca, porque as águas estavam ainda sobre a face de toda a terra: então ele estendeu sua mão e recolhendo-a, a fez entrar consigo na arca.
မြေ​ပြင်​တစ်​ခု​လုံး​ရေ​လွှမ်း​လျက်​ရှိ​သေး​သ​ဖြင့် ချိုး​ငှက်​သည်​နား​စ​ရာ​နေ​ရာ​မ​တွေ့​ရ​ချေ။ ထို့ ကြောင့်​သင်္ဘော​သို့​ပြန်​လာ​ခဲ့​ရာ​နော​ဧ​သည် လက် ဆန့်​၍​ချိုး​ကို​ဖမ်း​ယူ​ပြီး​လျှင်​သင်္ဘော​ထဲ​သို့ ပြန်​သွင်း​ထား​လေ​၏။-
10 E esperou ainda outros sete dias, e voltou a enviar a pomba fora da arca.
၁၀ခု​နစ်​ရက်​စောင့်​ဆိုင်း​နေ​ပြီး​လျှင်​ထို​ချိုး​ငှက် ကို​အ​ပြင်​သို့​တစ်​ဖန်​လွှတ်​လိုက်​၏။-
11 E a pomba voltou a ele à hora da tarde; e eis que trazia uma folha de oliveira tomada em seu bico; então Noé entendeu que as águas haviam se retirado de sobre a terra.
၁၁ည​နေ​ချမ်း​အ​ချိန်​တွင်​ချိုး​ငှက်​သည်​နှုတ်​သီး​ဖြင့် သံ​လွင်​ရွက်​စိမ်း​ကို​ကိုက်​ချီ​လျက်​နော​ဧ​ထံ​သို့ ပြန်​လာ​၏။ ထို့​ကြောင့်​ရေ​ကျ​ပြီ​ဖြစ်​ကြောင်း နော​ဧ​သိ​ရှိ​ရ​လေ​၏။-
12 E esperou ainda outros sete dias, e enviou a pomba, a qual não voltou já mais a ele.
၁၂နော​ဧ​သည်​ခု​နစ်​ရက်​ထပ်​၍​စောင့်​ဆိုင်း​နေ​ပြီး နောက် ထို​ချိုး​ငှက်​ကို​အ​ပြင်​သို့​လွှတ်​လိုက်​ပြန် ရာ​ဤ​တစ်​ကြိမ်​တွင်​ပြန်​၍​မ​လာ​တော့​ချေ။
13 E sucedeu que no ano seiscentos e um de Noé, no mês primeiro, ao primeiro do mês, as águas se enxugaram de sobre a terra e tirou Noé a cobertura da arca, e olhou, e eis que a face da terra estava enxuta.
၁၃နော​ဧ​အ​သက်​ခြောက်​ရာ​တစ်​နှစ်​ရှိ​သော​အ​ခါ ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင်​မြေ​ပြင်​ပေါ်​၌​ရေ ခန်း​လေ​၏။ နော​ဧ​သည်​သင်္ဘော​အ​မိုး​ကို​ဖွင့်​၍ အ​ပြင်​ဘက်​သို့​မျှော်​ကြည့်​သည့်​အ​ခါ​မြေ ပြင်​မှာ​ခြောက်​သွေ့​စ​ရှိ​ကြောင်း​တွေ့​မြင်​ရ​၏။-
14 E no mês segundo, aos vinte e sete dias do mês, se secou a terra.
၁၄ဒု​တိ​ယ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​တွင်​မြေ​ပြင် သည်​လုံး​ဝ​ခြောက်​သွေ့​လေ​၏။
15 E falou Deus a Noé dizendo:
၁၅ဘု​ရား​သ​ခင်​က​နော​ဧ​အား၊
16 Sai da arca tu, a tua mulher, os teus filhos, e as mulheres dos teus filhos contigo.
၁၆``သင်​သည်​သင်​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ နှင့်​တ​ကွ​သင်္ဘော​ထဲ​မှ​ထွက်​ကြ​လော့။-
17 Todos os animais que estão contigo de toda carne, de aves e de animais e de todo réptil que anda arrastando sobre a terra, tirarás contigo; e vão pela terra, e frutifiquem, e multipliquem-se sobre a terra.
၁၇ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။-
18 Então saiu Noé, e seus filhos, e sua mulher, e as mulheres de seus filhos com ele.
၁၈ထို့​ကြောင့်​နော​ဧ​သည် သူ​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ​နှင့်​အ​တူ​သ​င်္ဘော​ထဲ​မှ​ထွက်​လာ ၏။-
19 Todos os animais, e todo réptil e toda ave, tudo o que se move sobre a terra segundo suas espécies, saíram da arca.
၁၉တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​သည်​လည်း ယင်း​တို့ အ​မျိုး​အ​လိုက်​သင်္ဘော​ထဲ​မှ​ထွက်​လာ​ကြ​လေ ၏။
20 E edificou Noé um altar ao SENHOR e tomou de todo animal limpo e de toda ave limpa, e ofereceu holocaustos sobre o altar.
၂၀နော​ဧ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ် ပလ္လင်​ကို​တည်​၍ သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​အ​မျိုး မျိုး​ထဲ​မှ​တစ်​ကောင်​ကျ​စီ​ယူ​လျက် ပလ္လင်​ထက်​တွင် အ​ကောင်​လိုက်​မီးရှို့​ပူ​ဇော်​လေ​၏။-
21 E percebeu o SENHOR cheiro suave; e o SENHOR disse em seu coração: Não voltarei mais a amaldiçoar a terra por causa do ser humano; porque o intento do coração do ser humano é mau desde sua juventude: nem voltarei mais a destruir todo vivente, como fiz.
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-
22 Enquanto a terra durar, a sementeira e a colheita, o frio e calor, verão e inverno, dia e noite, não cessarão.
၂၂ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။

< Gênesis 8 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark