< Ezequiel 14 >

1 E vieram a mim [alguns] dos anciãos de Israel, e se sentaram diante de mim.
ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍ ရှေ့​တော်​တွင်​ထိုင် ကြ​၏။-
2 Então veio a mim a palavra do SENHOR, dizendo:
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​အား​မိန့်​ကြား​တော်​မူ​၏။-
3 Filho do homem, estes levantaram ídolos em seus corações e puseram o tropeço de sua maldade diante de seus rostos. Por acaso devo eu deixar que me consultem?
ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​သူ​တို့ သည်​ရုပ်​တု​များ​ကို​စွဲ​လမ်း​သော​စိတ်​ရှိ ၍ မိ​မိ​ရှေ့​တွင်​ထိ​မိ​၍​လဲ​စ​ရာ​ဖြစ်​စေ ကြ​ကုန်​ပြီ။ သူ​တို့​သည်​အ​ဖြေ​ကို​ငါ့​ထံ မှ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။
4 Portanto fala com eles, e dize-lhes: Assim diz o Senhor DEUS: Qualquer homem da casa de Israel que levantar a seus ídolos em seu coração, e puser o tropeço de sua maldade diante de seu rosto, e vier ao profeta, eu, o SENHOR responderei ao que vier conforme a multidão de seus ídolos.
``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား အ ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ကိုယ်​တော်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း သည်​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​၍ မိ​မိ​တို့ ရှေ့​တွင်​ကောက်​ကျစ်​သော​ထိ​မိ​၍​လဲ​စ​ရာ ကို​ချ​ထား​ပြီး​မှ ပ​ရော​ဖက်​ထံ​သို့​ချဉ်း ကပ်​၍​မေး​မြန်း​စုံ​စမ်း​မှု​ကို​ပြု​၏။ ထို​သူ အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​မည်။ ထို​အ​ဖြေ​ကား ထို​သူ​ကိုး​ကွယ်​သည့်​ရုပ် တု​များ​ရ​ထိုက်​သော​အ​ဖြေ​ဖြစ်​သည်။-
5 Para eu tomar a casa de Israel em seus corações, pois todos se tornaram estranhos de mim por causa de seus ídolos.
ထို​ရုပ်​တု​များ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​နှင့်​ဝေး​ကွာ​စေ​ပြီ။ သို့​ရာ တွင်​သူ​တို့​သည်​ငါ​ပေး​သည့်​အ​ဖြေ​ကြောင့် ငါ့​အား​တစ်​ဖန်​ပြန်​၍​သစ္စာ​စောင့်​ကြ​လိမ့် မည်။''
6 Portanto dize à casa de Israel: Assim diz o Senhor DEUS: Convertei-vos, virai-vos de costas a vossos ídolos, e desviai vossos rostos de todas as vossas abominações.
``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့။ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား​နောင်​တ​ရ​ကြ​လော့။ စက် ဆုပ်​ဖွယ်​ကောင်း​သော​သင်​တို့​၏​လုပ်​ရပ်​များ ကို​စွန့်​ပစ်​၍ ရုပ်​တု​တို့​ကို​ထား​ခဲ့​ကြ​လော့။''
7 Porque qualquer homem da casa de Israel, e dos estrangeiros que moram em Israel, que houver deixado de me seguir, e levantar seus ídolos em seu coração, e puser diante de seu rosto o tropeço de sua maldade, e vier ao profeta para me consultar por meio dele, eu, o SENHOR, lhe responderei por mim mesmo.
``ငါ​၏​ထံ​မှ​လွဲ​ဖယ်​၍​ရုပ်​တု​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​ရှေ့​တွင်​ကောက်​ကျစ်​၍​လဲ စ​ရာ​ကို​ချ​ထား​လျက်​ပ​ရော​ဖက်​ထံ​လာ ရောက်​စုံ​စမ်း​မေး​မြန်း​သော ဣ​သ​ရေ​လ အ​မျိုး​သား​သို့​မ​ဟုတ်​ဣ​သ​ရေ​လ​နိုင်​ငံ ၌ နေ​ထိုင်​သူ​လူ​မျိုး​ခြား​အား​ငါ​ထာ​ဝရ ဘု​ရား​အ​ဖြေ​ပေး​မည်။-
8 E porei meu rosto contra tal homem, e farei com que ele seja um sinal e um ditado, e o cortarei do meio do meu povo; e sabereis que eu sou o SENHOR.
ငါ​သည်​သူ​တို့​ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သူ့ ကို​စံ​န​မူ​နာ​နှင့်​ကဲ့​ရဲ့​ပုံ​ဆောင်​ခံ​ရ​သူ​အ ဖြစ်​အ​သုံး​ပြု​မည်။ ငါ​၏​လူ​မျိုး​တော်​အ​သိုင်း အ​ဝိုင်း​မှ​ဖယ်​ရှား​မည်။ သို့​မှ​သာ​လျှင်​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။
9 E se o profeta se enganar e falar alguma palavra, eu o SENHOR enganei ao tal profeta; e estenderei minha mão contra ele, e eu o destruirei do meio de meu povo Israel.
``ပ​ရော​ဖက်​သည်​ဖြား​ယောင်း​ခြင်း​ခံ​ရ​၍ ပ​ရော​ဖက်​ပြု​သည်​ဆို​အံ့။ ထို​သူ​အား​ငါ ထာ​ဝ​ရ​ဘု​ရား​ဖြား​ယောင်း​ခြင်း​ပင်​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​လျက် သူ့​အား​တိုက်​ခိုက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​မှ​ဖယ် ရှား​မည်။-
10 E levarão sua maldade; tal como a maldade do que pergunta, assim será a maldade do profeta;
၁၀ထို​ပ​ရော​ဖက်​နှင့်​သူ့​ထံ​သို့​စုံ​စမ်း​မေး​မြန်း သူ​အ​ပါ​အ​ဝင် တူ​ညီ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။-
11 Para que a casa de Israel não mais se desvie de me seguir, nem se contaminem mais com todas as seus transgressões; e então serão meu povo, e eu serei seu Deus, diz o Senhor DEUS.
၁၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ကို ပစ်​ပယ်​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ပြစ်​များ​ဖြင့် မ​ညစ်​ညမ်း​စေ​ရန် ဤ​သို့​ငါ​ပြု​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​မည်။ ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
12 E veio a mim a palavra do SENHOR, dizendo:
၁၂ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
13 Filho do homem, quando uma terra pecar contra mim, rebelando-se gravemente, então estenderei minha mão contra ela, quebrarei o sustento de pão dela, mandarei nela fome, e cortarei dela homens e animais;
၁၃``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။-
14 E ainda que estivessem no meio dela estes três homens, Noé, Daniel, e Jó, eles por sua justiça livrariam [somente] suas almas, diz o Senhor DEUS.
၁၄အ​ကယ်​၍​ထို​နိုင်​ငံ​တွင်​နော​ဧ၊ ဒံ​ယေ​လ​နှင့် ယော​ဘ​တို့​သုံး​ဦး​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့ ၏​ကောင်း​မြတ်​သော​အ​ကျင့်​သည်​သူ​တို့​၏ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
15 E se eu fizer passar os animais perigosos pela terra, e eles a despojarem, e ela for tão assolada que ninguém possa passar por ela por causa dos animais,
၁၅``သို့​တည်း​မ​ဟုတ်​ငါ​သည်​လူ​တို့​အား​သုတ် သင်​ရန် သား​ရဲ​တိ​ရစ္ဆာန်​များ​ကို​စေ​လွှတ်​သ​ဖြင့် ထို​ပြည်​၌​လူ​သူ​ကင်း​မဲ့​လျက်​ဖြတ်​သန်း သွား​လာ​ရန်​မ​ဖြစ်​နိုင်​အောင် သား​ရဲ​တိရစ္ဆာန် များ​ကြောင့်​အန္တ​ရာယ်​ရှိ​လိမ့်​မည်။-
16 e estes três homens estivessem no meio dela, vivo eu, diz o Senhor DEUS, que não livrariam nem filhos nem filhas; somente eles ficariam livres, e a terra seria assolada.
၁၆ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့် အ​ညီ ထို​သူ​သုံး​ဦး​သည်​ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​ကယ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​မိ​တို့​အ​သက်​ကို​သာ​လျှင်​ကယ် နိုင်​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လည်း​လူ သူ​ကင်း​မဲ့​လိမ့်​မည်။''
17 Ou [se] eu trouxer a espada sobre a tal terra, e disser: Espada, passa pela terra; e eu exterminar dela homens e animais,
၁၇``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊-
18 Ainda que estes três homens estivessem nela, vivo eu, diz o Senhor DEUS, que não livrariam filhos nem filhas; somente eles ficariam livres.
၁၈ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ ထို သူ​သုံး​ဦး​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင် လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့​သည်​မိ​မိ တို့​၏​သား​သ​မီး​များ​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​အ​သက်​သာ လျှင်​ချမ်း​သာ​ရာ​ရ​နိုင်​ကြ​လိမ့်​မည်။''
19 Ou [se] eu mandar pestilência sobre tal terra, e derramar meu furor sobre ela com sangue, para exterminar dela homens e animais,
၁၉``ငါ​သည်​ထို​ပြည်​အား အ​နာ​ရော​ဂါ​ကပ် ဆိုက်​စေ​လျက်​အ​မျက်​တော်​အား​ဖြင့် မြောက် မြား​စွာ​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​သေ ကြေ​ပျက်​စီး​စေ​လျှင်၊-
20 Ainda que Noé, Daniel, e Jó estivessem no meio dela, vivo eu, diz o Senhor DEUS, que não livrariam filho nem filha; eles por sua justiça livrariam suas [próprias] almas.
၂၀ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ နော​ဧ၊ ဒံ​ယေ​လ​နှင့်​ယော​ဘ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ထိုင်​လျက်​ပင်​ရှိ​ကြ​စေ​ကာ မူ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ ကို​ကယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
21 Porque assim diz o Senhor DEUS: Quanto mais se eu enviar meus quatro calamitosos julgamentos, espada, fome, animais perigosos, e pestilência, contra Jerusalém, para exterminar dela homens e animais!
၂၁အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-
22 Porém eis que restarão nela [alguns] sobreviventes, filhos e filhas, que serão transportados. Eis que eles chegarão até vós, e vereis seu caminho e seus feitos; e ficareis consolados do mal que eu trouxe sobre Jerusalém, de tudo que trouxe sobre ela.
၂၂အ​ကယ်​၍​ထို​ဘေး​များ​မှ​လွတ်​မြောက်​သူ သား​သ​မီး​များ​ရှိ​၍ သူ​တို့​သည်​သင်​တို့ ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ​သူ​တို့ ၏​ပြု​မူ​လုပ်​ဆောင်​ချက်​များ​ကို​ကြည့်​၍ ယေ​ရု​ရှ​လင်​မြို့​အား​ငါ​အ​ပြစ်​ဒဏ်​ပေး ရာ​၌ ပေး​သ​မျှ​အ​ပြစ်​ဒဏ်​များ​သည် လည်း​တ​ရား​ကြောင်း​ကို​သင်​ကောင်း​စွာ သိ​ရှိ​ရ​လိမ့်​မည်။-
23 E eles vos consolarão quando virdes seu caminho e seus feitos; e sabereis que não sem razão que fiz tudo quanto fiz nela, diz o Senhor DEUS.
၂၃သင်​သည်​သူ​တို့​၏​ပြု​မူ​လုပ်​ဆောင်​ချက် များ​ကို​မြင်​သော​အ​ခါ ငါ​သည်​အ​ဘယ် အ​မှု​ကို​မျှ​အ​ကြောင်း​မဲ့​ပြု​တော်​မ​မူ တတ်​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​နား​လည် လာ​လိမ့်​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

< Ezequiel 14 >