< Êxodo 17 >

1 E toda a congregação dos filhos de Israel partiu do deserto de Sim, por suas jornadas, ao mandamento do SENHOR, e assentaram o acampamento em Refidim: e não havia água para que o povo bebesse.
ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သိန် ဟု​ခေါ်​သော​တော​ကန္တာ​ရ​မှ​ထွက်​၍ စ​ခန်း တစ်​ထောက်​ပြီး​တစ်​ထောက်​နား​လျက်​ခ​ရီး သွား​ကြ​၏။ သူ​တို့​သည်​ရေ​ဖိ​ဒိမ်​အ​ရပ်​သို့ ရောက်​၍​စ​ခန်း​ချ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ရပ်​၌​သောက်​စ​ရာ​ရေ​မ​ရှိ။-
2 E brigou o povo com Moisés, e disseram: Dá-nos água que bebamos. E Moisés lhes disse: Por que brigais comigo? Por que tentais ao SENHOR?
ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​အား``အ​ကျွန်ုပ် တို့​သောက်​စ​ရာ​ရေ​ပေး​ပါ'' ဟု​ညည်း​ညူ တောင်း​ဆို​ကြ​၏။ မော​ရှေ​က``အ​ဘယ်​ကြောင့်​ညည်း​ညူ​ကြ သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း'' ဟု​ပြန်​၍​ပြော​လေ​၏။
3 Assim que o povo teve ali sede de água, e murmurou contra Moisés, e disse: Por que nos fizeste subir do Egito para matar-nos de sede a nós, e a nossos filhos e a nossos gados?
သို့​ရာ​တွင်​လူ​တို့​သည်​အ​လွန်​ရေ​ငတ်​သ​ဖြင့် မော​ရှေ​အား​ညည်း​ညူ​လျက်``အ​ကျွန်ုပ်​တို့​နှင့် အ​ကျွန်ုပ်​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ ကို​ရေ​ငတ်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့်​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပါ​သ​နည်း'' ဟု​ဆို ကြ​၏။
4 Então clamou Moisés ao SENHOR, dizendo: Que farei com este povo? Daqui um pouco me apedrejarão.
ထို​အ​ခါ​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား ကို``အ​ကျွန်ုပ်​သည်​ဤ​လူ​တို့​အ​တွက်​မည်​ကဲ့ သို့​ဖြေ​ရှင်း​ပေး​ရ​ပါ​မည်​နည်း။ သူ​တို့​သည် မ​ကြာ​မီ​အ​ကျွန်ုပ်​အား​ခဲ​နှင့်​ပစ်​သတ်​ကြ ပါ​လိမ့်​မည်'' ဟု​တောင်း​ပန်​လျှောက်​ထား လေ​၏။
5 E o SENHOR disse a Moisés: Passa diante do povo, e toma contigo dos anciãos de Israel; e toma também em tua mão tua vara, com que feriste o rio, e vai:
ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို``သင်​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့​တို့​သည် လူ​အ​ပေါင်း​တို့​ကို​ဦး​ဆောင်​၍​ရှေ့​သို့​သွား လော့။ နိုင်းမြစ်​ကို​ရိုက်​သော​တောင်​ဝှေး​ကို​ယူ ၍​သွား​လော့။-
6 Eis que eu estou diante de ti ali sobre a rocha em Horebe; e ferirás a rocha, e sairão dela águas, e beberá o povo. E Moisés o fez assim em presença dos anciãos de Israel.
သိ​နာ​တောင်​၌​ရှိ​သော​ကျောက်​ဆောင်​အ​နီး တွင်​ငါ​ရပ်​နေ​မည်။ သင်​သည်​ကျောက်​ဆောင် ကို​ရိုက်​လော့။ ထို​ကျောက်​ဆောင်​မှ​လူ​တို့ သောက်​ရန်​ရေစီး​ထွက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​ရှေ့​မှောက်​တွင် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ကျောက် ဆောင်​ကို​ရိုက်​လေ​၏။
7 E chamou o nome daquele lugar Massá e Meribá, pela briga dos filhos de Israel, e porque tentaram ao SENHOR, dizendo: Está, pois, o SENHOR entre nós, ou não?
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​ပါ​သ​လား'' ဟု​မေး​လျက်​မော​ရှေ​အား​ညည်း​ညူ​၍​ထာ​ဝ​ရ ဘု​ရား​ကို​စုံ​စမ်း​ကြ​သ​ဖြင့် ထို​အ​ရပ်​ကို``မ​ဿာ'' ဟူ​၍​လည်း​ကောင်း``မေ​ရိ​ဘ'' ဟူ​၍​လည်း​ကောင်း ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။
8 E veio Amaleque e lutou com Israel em Refidim.
အာ​မ​လက်​အ​မျိုး​သား​တို့​သည် ရေ​ဖိ​ဒိမ် အ​ရပ်​သို့​လာ​ရောက်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ကြ​၏။-
9 E disse Moisés a Josué: Escolhe para nós homens, e sai, luta com Amaleque: amanhã eu estarei sobre o cume do morro, e a vara de Deus em minha mão.
မော​ရှေ​က​ယော​ရှု​အား``သင်​သည်​နက်​ဖြန်​နေ့ တွင်​အာ​မ​လက်​အ​မျိုး​သား​တို့​ကို​စစ်​ချီ တိုက်​ခိုက်​ရန်​လူ​အ​ချို့​ကို​ရွေး​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အပ်​နှင်း​ထား​တော်​မူ​သော တောင်​ဝှေး​ကို​ကိုင်​လျက် တောင်​ထိပ်​ပေါ်​တွင် ရပ်​နေ​မည်'' ဟု​ဆို​၏။-
10 E fez Josué como lhe disse Moisés, lutando com Amaleque; e Moisés e Arão e Hur subiram ao cume do morro.
၁၀ယော​ရှု​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​ရန် စစ်​ချီ​သွား​နေ​စဉ်​မော​ရှေ၊ အာ​ရုန်​နှင့်​ဟု​ရ တို့​သည်​တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။-
11 E sucedia que quando erguia Moisés sua mão, Israel prevalecia; mas quando ele baixava sua mão, prevalecia Amaleque.
၁၁မော​ရှေ​သည်​မိ​မိ​၏​လက်​များ​ကို​မြှောက်​ထား သည့်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘက် က​စစ်​ရေး​သာ​၏။ သူ​၏​လက်​များ​ကို​ချ​သည့် အ​ခါ​အာ​မ​လက်​အ​မျိုး​သား​တို့​ဘက်​က စစ်​ရေး​သာ​၏။-
12 E as mãos de Moisés estavam pesadas; pelo que tomaram uma pedra, e puseram-na debaixo dele, e se sentou sobre ela; e Arão e Hur sustentavam suas mãos, o um de uma parte e o outro de outra; assim houve em suas mãos firmeza até que se pôs o sol.
၁၂မော​ရှေ​၏​လက်​များ​ညောင်း​လာ​သော​အ​ခါ အာ​ရုန်​နှင့်​ဟု​ရ​တို့​သည် မော​ရှေ​အား​ကျောက် တုံး​တစ်​ခု​ပေါ်​တွင်​ထိုင်​စေ​ပြီး​လျှင် တစ်​ဘက် စီ​၌​ရပ်​လျက်​မော​ရှေ​၏​လက်​များ​ကို​ချီ​ပင့် ထား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​မော​ရှေ​၏ လက်​များ​ကို​နေ​ဝင်​သည့်​တိုင်​အောင်​ချီ​ပင့် ထား​ကြ​သည်​ဖြစ်​ရာ၊-
13 E Josué derrotou a Amaleque e a seu povo a fio de espada.
၁၃ယော​ရှု​သည်​အာ​မ​လက်​တပ်​ကို​အောင်​မြင် ချေ​မှုန်း​ခဲ့​လေ​၏။
14 E o SENHOR disse a Moisés: Escreve isto para memória em um livro, e dize a Josué que de todo tenho de apagar a memória de Amaleque de debaixo do céu.
၁၄ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ အောင်​ပွဲ​အ​ကြောင်း​ကို​အ​မှတ်​တ​ရ​ဖြစ်​စေ ရန် ရေး​၍​မှတ်​တမ်း​တင်​လော့။ ငါ​သည်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ်​မည် ဖြစ်​ကြောင်း​ယော​ရှု​အား​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။-
15 E Moisés edificou um altar, e chamou seu nome O SENHOR é minha bandeira;
၁၅မော​ရှေ​သည်​ယဇ်​ပလ္လင်​ကို​တည်​၍``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​အ​လံ​ဖြစ်​၏'' ဟု​နာ​မည် မှည့်​လေ​၏။-
16 E disse: Porquanto há mão sobre o trono do SENHOR, o SENHOR terá guerra com Amaleque de geração em geração.
၁၆ထို​နောက်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​၏​အ​လံ တော်​ကို​မြှောက်​ထား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​မ​လက်​အ​မျိုး​သား​တို့​အား​ထာ​ဝ​စဉ် တိုက်​ခိုက်​တော်​မူ​မည်'' ဟု​ဆို​လေ​၏။

< Êxodo 17 >