< 2 Samuel 14 >

1 E conhecendo Joabe, filho de Zeruia, que o coração do rei estava por Absalão,
ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​ကို ဒါ​ဝိဒ်​မင်း​လွန်​စွာ​လွမ်း​ဆွတ်​တ​သ​လျက်​နေ ကြောင်း​သိ​၏။-
2 Enviou Joabe a Tecoa, e tomou dali uma mulher astuta, e disse-lhe: Eu te rogo que te enlutes, e te vistas de roupas de luto, e não te unjas com óleo, antes sê como mulher que há muito tempo que traze luto por algum morto;
ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။-
3 E entrando ao rei, fala com ele desta maneira. E pôs Joabe as palavras em sua boca.
ထို​နောက်​ဘု​ရင်​၏​ထံ​တော်​သို့​သွား​၍​ငါ​ပြော သည့်​အ​တိုင်း​လျှောက်​ထား​လော့'' ဟု​ဆို​ပြီး နောက်​မင်း​ကြီး​အား​မည်​သို့​လျှောက်​ထား​ရ မည်​ကို​သင်​ကြား​ပေး​၏။
4 Entrou, pois, aquela mulher de Tecoa ao rei, e prostrando-se em terra sobre seu rosto fez reverência, e disse: Ó rei, socorre-me!
ထို​အ​မျိုး​သ​မီး​သည်​ဘု​ရင့်​ထံ​သို့​သွား​၍ ပျပ်​ဝပ်​ရှိ​ခိုး​လျက်``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​ကယ်​တော်​မူ​ပါ'' ဟု​လျှောက်​၏။
5 E o rei disse: Que tens? E ela respondeu: Eu à verdade sou uma mulher viúva e meu marido é morto.
မင်း​ကြီး​က``သင်​သည်​အ​ဘယ်​အ​ရာ​ကို အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ အ​မျိုး​သ​မီး​က``ကျွန်​တော်​မ​သည်​ဆင်း​ရဲ သူ​မု​ဆိုး​မ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​၏​ခင်​ပွန်း သည်​သေ​ပါ​ပြီ။-
6 E tua serva tinha dois filhos e os dois brigaram no campo; e não havendo quem os separasse, feriu o um à outra, e o matou.
ကျွန်​တော်​မ​တွင်​သား​နှစ်​ယောက် ရှိ​ပါ​၏။ တစ်​နေ့ သော​အ​ခါ​သူ​တို့​သည်​ဖျန်​ဖြေ​ပေး​မည့်​သူ​တစ် ဦး​တစ်​ယောက်​မျှ​မ​ရှိ​သည့်​လယ်​ကွင်း​ထဲ​၌​ရန် ဖြစ်​ကြ​သ​ဖြင့် တစ်​ယောက်​က​အ​ခြား​တစ် ယောက်​ကို​သတ်​ဖြတ်​လိုက်​ပါ​၏။-
7 E eis que toda a parentela se levantou contra tua serva, dizendo: Entrega ao que matou a seu irmão, para que lhe façamos morrer pela vida de seu irmão a quem ele matou, e tiremos também o herdeiro. Assim apagarão a brasa que me restou, não deixaram a meu marido nome nem remanescente sobre a terra.
သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။
8 Então o rei disse à mulher: Vai-te à tua casa, que eu mandarei acerca de ti.
မင်း​ကြီး​က``ဤ​အ​မှု​ကို​ငါ​ဆောင်​ရွက်​ပေး မည်။ သင်​အိမ်​သို့​ပြန်​လော့'' ဟု​ဆို​လျှင်၊
9 E a mulher de Tecoa disse ao rei: Rei senhor meu, a maldade seja sobre mim e sobre a casa de meu pai; mas o rei e seu trono sem culpa.
အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် အ​ဘယ်​သို့​ပင်​ပြု​သည်​မ​ဆို​ကျွန်​တော်​မ နှင့်​မိ​သား​စု​တို့​အ​ပေါ်​အ​ပြစ်​ရောက်​ပါ စေ​သော။ အ​ရှင်​နှင့်​အရှင့်​ဆွေ​တော်​မျိုး​တော် တို့​သည်​အ​ပြစ်​ကင်း​ကြ​ပါ​စေ​သော'' ဟု လျှောက်​၏။
10 E o rei disse: Ao que falar contra ti, traze-o a mim, que não te tocará mais.
၁၀မင်း​ကြီး​က``အ​ကယ်​၍​သင့်​အား​ခြိမ်း​ခြောက် သူ​ရှိ​လျှင်​သူ့​အား​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ သူ သည်​သင့်​ကို​နောက်​တစ်​ဖန်​မ​နှောင့်​ယှက်​ရ'' ဟု ဆို​၏။
11 Disse ela então: Rogo-te, ó rei, que te lembres do SENHOR teu Deus, que não deixes ao vingador do sangue aumentar o dano em destruir meu filho. E ele respondeu: Vive o SENHOR, que não cairá nem um cabelo da cabeça de teu filho em terra.
၁၁အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​မင်း​ကြီး၊ ကျွန် တော်​မ​၏​သား​ကြီး​အ​တွက်​လက်​စား​ချေ​ရန် ကြံ​စည်​နေ​ကြ​သော​ဆွေ​မျိုး​တို့​သည် ကျွန်​တော် မ​၏​သား​ငယ်​ကို​သတ်​ခြင်း​အား​ဖြင့် ပို​မို​ကြီး လေး​သည့်​ရာ​ဇ​ဝတ်​မှု​ကို​မ​ပြု​ကြ​စေ​ရန် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``သင်​၏​သား​ငယ်​သည်​စိုး စဉ်း​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​ရန် အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ငါ​က​တိ​ပြု​၏'' ဟု​ဆို​၏။
12 E a mulher disse: Rogo-te que fale tua criada uma palavra a meu senhor o rei. E ele disse: Fala.
၁၂အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​စ​ကား​တစ်​ခွန်း​ထပ်​မံ​လျှောက်​ထား ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​သော​အ​ခါ၊ မင်း​ကြီး​က``လျှောက်​လော့'' ဟု​ဆို​၏။
13 Então a mulher disse: Por que pois pensas tu outro tanto contra o povo de Deus? que falando o rei esta palavra, é como culpado, porquanto o rei não faz voltar a seu fugitivo.
၁၃အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား အ​ဘယ် ကြောင့်​မ​တ​ရား​ပြု​တော်​မူ​ပါ​သ​နည်း။ ပြည် နှင်​ဒဏ်​သင့်​သူ​သား​တော်​ကို​ပြန်​လာ​ခွင့်​ပေး တော်​မ​မူ​သ​ဖြင့် အ​ရှင်​သည်​ယ​ခု​ပင်​မိန့်​ကြား တော်​မူ​ခဲ့​သည့်​စ​ကား​အ​ရ မိ​မိ​ကိုယ်​ကို ပြန်​၍​အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​ပါ​ပြီ။-
14 Porque de certo morremos, e somos como águas derramadas por terra, que não podem voltar a recolher-se: nem Deus tira a vida, mas sim planeja meio para que seu desviado não seja dele excluído.
၁၄ကျွန်​တော်​မ​တို့​အား​လုံး​ပင်​သေ​ရ​ကြ​မည့် သူ​များ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​တို့​သည်​မြေ ပေါ်​သို့​ဖိတ်​ကျ​သွား​သော​ရေ​နှင့်​တူ​ပါ​၏။ ယင်း​ရေ​ကို​နောက်​တစ်​ဖန်​ကျုံး​၍​မ​ယူ​နိုင် တော့​ပါ။ ဘု​ရား​သ​ခင်​ပင်​လျှင်​သေ​သူ​ကို ပြန်​၍​ရှင်​စေ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ဘု​ရင် သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တစ်​ဦး​ကို​ပြန် လည်​ခေါ်​ယူ​နိုင်​ပါ​၏။-
15 E que eu vim agora para dizer isto ao rei meu senhor, é porque o povo me pôs medo. Mas tua serva disse: Falarei agora ao rei: talvez ele faça o que sua serva diga.
၁၅အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​ထံ​သို့​ကျွန်​တော် မ​လာ​ရောက်​လျှောက်​ထား​ရ​သည့်​အ​ကြောင်း မှာ လူ​တို့​သည်​ကျွန်​တော်​မ​အား​ခြိမ်း​ခြောက် ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန် တော်​မ​၏​ပြန်​ကြား​ချက်​အ​တိုင်း​ပြု​တော် မူ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​ကျွန်​တော်​မ သည်​အ​ရှင့်​အား​လျှောက်​ထား​ရ​သော်​ကောင်း အံ့​ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​ပါ​၏။-
16 Pois o rei ouvirá, para livrar à sua serva da mão do homem que me quer exterminar a mim, e a meu filho juntamente, da propriedade de Deus.
၁၆မင်း​ကြီး​သည်​ကျွန်​တော်​မ​၏​သား​ကို​သတ် ၍​မိ​မိ​လူ​မျိုး​တော်​အား ဘု​ရား​သခင်​ပေး တော်​မူ​သည့်​ပြည်​မှ​ပယ်​ရှား​ရန်​ကြိုး​စား သူ​တို့​၏​လက်​မှ​ကျွန်​တော်​မ​ကို​ကယ်​တော် မူ​မည်​ဖြစ်​ကြောင်း​ကျွန်​တော်​မ​သည်​တွေး တော​မိ​ပါ​၏။-
17 Tua serva, pois, disse: Que seja agora a resposta de meu senhor o rei para descanso; pois que meu senhor o rei é como um anjo de Deus para escutar o bem e o mal. Assim o SENHOR teu Deus seja contigo.
၁၇အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့ ကောင်း​မ​ကောင်း​ကို​ပိုင်း​ခြား သိ​မြင်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မ သည်​အ​ရှင်​၏​က​တိ​တော်​အ​တိုင်း အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​ဟု​တစ်​ကိုယ်​တည်း ပြော​ဆို​နေ​မိ​ပါ​၏။ အ​ရှင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​နှင့်​အ​တူ​ရှိ တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။
18 Então ele respondeu, e disse à mulher: Eu te rogo que não me encubras nada do que eu te perguntar. E a mulher disse: Fale meu senhor o rei.
၁၈မင်း​ကြီး​က``သင့်​အား​မေး​ခွန်း​တစ်​ခု​ကို​ငါ မေး​မည်။ သင်​သည်​မှန်​သည့်​အ​တိုင်း​ပွင့်​လင်း စွာ​ဖြေ​ကြား​ရ​မည်'' ဟု​ဆို​သော်၊ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​မေး​လို​ရာ မေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
19 E o rei disse: Não foi a mão de Joabe contigo em todas estas coisas? E a mulher respondeu e disse: Vive tua alma, rei senhor meu, que não há que desviar-se à direita nem à esquerda de tudo o que meu senhor o rei falou: porque teu servo Joabe, ele me mandou, e ele pôs na boca de tua serva todas estas palavras.
၁၉မင်း​ကြီး​က``ဤ​သို့​ငါ့​အား​လျှောက်​ထား​ရန် သင့်​အား​စေ​ခိုင်း​သူ​မှာ​ယွာ​ဘ​ပေ​လော'' ဟု မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏​မေး ခွန်း​ကို​ဖြေ​ကြား​ရန်​လွှဲ​ဖယ်​၍​မ​ဖြစ်​နိုင်​ကြောင်း ကျွန်​တော်​မ​ကျိန်​ဆို​လျှောက်​ထား​ပါ​၏။ မည်​သို့ ပြု​ရ​မည်​ကို​လည်း​ကောင်း၊ မည်​သို့​လျှောက်​ထား ရ​မည်​ကို​လည်း​ကောင်း သင်​ကြား​ပေး​သူ​မှာ ကိုယ်​တော့်​ကျွန်​ယွာ​ဘ​ပင်​ဖြစ်​ပါ​၏။-
20 E Joabe, teu servo o fez, modificando a aparência do assunto; mas meu senhor é sábio, conforme a sabedoria de um anjo de Deus, para conhecer o que há na terra.
၂၀သူ​သည်​ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​၏ အ​ခြေ​အ​နေ​ကို​ပြောင်း​လဲ​စေ​ရန်​ပင်​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဉာဏ်​ပ​ညာ​ရှိ​၍​ဖြစ် ပျက်​သည့်​အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။
21 Então o rei disse a Joabe: Eis que eu faço isto: vai, e faze voltar ao jovem Absalão.
၂၁ထို​နောက်​မင်း​ကြီး​သည်​ယွာ​ဘ​အား``သင်​အ​လို ရှိ​သည့်​အ​တိုင်း​ပြု​ရန်​ငါ​ဆုံး​ဖြတ်​ပြီး​ပြီ။ ထို သူ​ငယ်​အ​ဗ​ရှ​လုံ​ကို​သွား​၍​ခေါ်​လော့'' ဟု မိန့်​တော်​မူ​၏။
22 E Joabe se prostrou em terra sobre seu rosto, e fez reverência, e depois que abençoou ao rei, disse: Hoje há entendido teu servo que achei favor em teus olhos, rei senhor meu; pois que fez o rei o que seu servo disse.
၂၂ယွာ​ဘ​သည်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ရှင်​သည် အ​ကျွန်ုပ်​အား​နှစ်​သက်​တော်​မူ​ကြောင်း​ယ​ခု အ​ကျွန်ုပ်​သိ​ရှိ​ရ​ပါ​ပြီ။ အ​ဘယ်​ကြောင့်​ဆို သော်​အ​ရှင်​သည်​အ​ကျွန်ုပ်​ပန်​ကြား​သည့် အ​တိုင်း​ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။-
23 Levantou-se logo Joabe, e foi a Gesur, e voltou a Absalão a Jerusalém.
၂၃ထို​နောက်​သူ​သည်​ထ​၍​ဂေ​ရှု​ရ​မြို့​သို့​သွား​၍ အ​ဗ​ရှ​လုံ​အား​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည် ခေါ်​ခဲ့​၏။-
24 Mas o rei disse: Vá-se à sua casa, e não veja meu rosto. E voltou-se Absalão à sua casa, e não viu o rosto do rei.
၂၄သို့​ရာ​တွင်​မင်း​ကြီး​သည်​အ​ဗ​ရှ​လုံ​အား နန်း​တော်​တွင်း​၌​နေ​ထိုင်​ခွင့်​မ​ပြု​ရန်​အ​မိန့် ထုတ်​ဆင့်​တော်​မူ​၏။ မင်း​ကြီး​က``ငါ​သည်​သူ့ ကို​မ​တွေ့​မ​မြင်​လို'' ဟု​ဆို​၏။ ထို့​ကြောင့် အ​ဗ​ရှ​လုံ​သည်​ကိုယ်​ပိုင်​အိမ်​တော်​တွင်​နေ ထိုင်​ရ​သော်​လည်း​မင်း​ကြီး​၏​ရှေ့​တော်​သို့ ဝင်​ရောက်​ခွင့်​မ​ရ​ချေ။
25 E não havia em todo Israel homem tão elogiado por sua beleza como Absalão; desde a planta de seu pé até ao topo da cabeça não havia nele defeito.
၂၅ဣ​သ​ရေ​လ​ပြည်​တွင်​ရုပ်​ရည်​ချော​မော​မှု ကြောင့်​အ​ဗ​ရှ​လုံ​ကဲ့​သို့ ထင်​ပေါ်​ကျော်​ကြား သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည်​ဦး ခေါင်း​မှ​ခြေ​ဖျား​တိုင်​ခြောက်​ပြစ်​ကင်း​သူ ဖြစ်​၏။-
26 E quando se cortava o cabelo, (o qual fazia ao fim de cada ano, pois lhe incomodava, e por isso se o cortava, ) pesava o cabelo de sua cabeça duzentos siclos de peso real.
၂၆သူ​၏​ဆံ​ပင်​သည်​အ​လွန်​ကောင်း​၍​ရှည်​လွန်း လေး​လွန်း​သ​ဖြင့် ယင်း​ကို​တစ်​နှစ်​လျှင်​တစ် ကြိမ်​ဖြတ်​ပစ်​ရ​လေ​သည်။ ဖြတ်​လိုက်​သည့် ဆံ​ပင်​သည်​တော်​ဝင်​စံ​မီ​အ​လေး​ချိန်​အား ဖြင့်​ငါး​ပေါင်​ခန့်​ရှိ​၏။-
27 E nasceram-lhe a Absalão três filhos, e uma filha que se chamou Tamar, a qual era bela de ver.
၂၇အ​ဗ​ရှ​လုံ​တွင်​သား​သုံး​ယောက်​နှင့်​တာ​မာ​မည် သော​သ​မီး​တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး သည်​အ​လွန်​အ​ဆင်း​လှ​၏။
28 E esteve Absalão por espaço de dois anos em Jerusalém, e não viu a cara do rei.
၂၈အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​မ​ဝင် ရ​ဘဲ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး​နေ ထိုင်​လေ​သည်။-
29 E mandou Absalão por Joabe, para enviá-lo ao rei; mas não quis vir a ele; ele mandou mensagem ainda pela segunda vez, mas não quis vir.
၂၉သူ​သည်​ယွာ​ဘ​အား​မိ​မိ​၏​အ​တွက်​မင်း​ကြီး ထံ​စေ​လွှတ်​လို​သ​ဖြင့်​ခေါ်​စေ​ရာ ယွာ​ဘ​သည် မ​လာ​ဘဲ​နေ​၏။ နောက်​တစ်​ကြိမ်​ခေါ်​စေ​သော် လည်း​ယွာ​ဘ​မ​လာ​ဘဲ​နေ​ပြန်​၏။-
30 Então disse a seus servos: Bem sabeis as terras de Joabe junto a meu lugar, de onde tem suas cevadas; ide, e pegai-lhes fogo; e os servos de Absalão pegaram fogo às terras.
၃၀ထို့​ကြောင့်​အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏​အ​စေ​ခံ တို့​အား``ကြည့်​လော့၊ ယွာ​ဘ​၏​လယ်​သည်​ငါ့ လယ်​နှင့်​ကပ်​လျက်​နေ​၏။ ထို​လယ်​တွင်​မု​ယော စ​ပါး​ခင်း​များ​ရှိ​၏။ ယင်း​တို့​ကို​မီး​ရှို့​ပစ် လော့'' ဟု​ဆို​လျှင်​အ​စေ​ခံ​တို့​သည်​ထို လယ်​ကို​သွား​၍​မီး​ရှို့​ကြ​၏။
31 Levantou-se, portanto, Joabe, e veio a Absalão à sua casa, e disse-lhe: Por que puseram fogo teus servos a minhas terras?
၃၁ယွာ​ဘ​သည်​အ​ဗ​ရှ​လုံ​၏​အိမ်​သို့​သွား​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​၏ လယ်​ကို​မီး​ရှို့​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
32 E Absalão respondeu a Joabe: Eis que, eu enviei por ti, dizendo que viesses aqui, a fim de enviar-te eu ao rei a que lhe dissesses: Para que vim de Gesur? Melhor me fora estar ainda lá. Veja eu agora a cara do rei; e se há em mim pecado, mate-me.
၃၂အ​ဗ​ရှ​လုံ​က``ငါ့​အ​တွက်​လျှောက်​ထား​ပေး​ရန် သင့်​အား​ဘု​ရင့်​ထံ​သို့​စေ​လွှတ်​လို​သ​ဖြင့် အ​ခေါ် ခိုင်း​ခဲ့​ပါ​၏။ ငါ​သည်​အ​ဘယ်​ကြောင့်​ဂေ​ရှု​ရ​မြို့ မှ​ထွက်​ခွာ​၍​ဤ​အ​ရပ်​သို့​လာ​ရောက်​မိ​ပါ​သ နည်း။ ထို​မြို့​တွင်​နေ​ရ​သည်​က​ငါ့​အ​တွက်​ပို ၍​ပင်​ကောင်း​မည်။ ဘု​ရင်​နှင့်​တွေ့​ဆုံ​ခွင့်​ရ​ရန် ငါ့​အ​တွက်​စီ​စဉ်​ပေး​စေ​လို​ပါ​သည်။ အ​ကယ် ၍​ငါ့​မှာ​အ​ပြစ်​ရှိ​ခဲ့​လျှင်​မင်း​ကြီး​သည်​ငါ့ ကို​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ယွာ​ဘ အား​ပြော​၏။
33 Veio, pois, Joabe ao rei, e fê-lo saber. Então chamou a Absalão, o qual veio ao rei, e inclinou seu rosto em terra diante do rei: e o rei beijou a Absalão.
၃၃သို့​ဖြစ်​၍​ယွာ​ဘ​သည်​မင်း​ကြီး​ထံ​သို့​သွား​၍ ထို​အ​ကြောင်း​ကို​လျှောက်​ထား​၏။ မင်း​ကြီး​သည် အဗ​ရှ​လုံ​အား​အ​ခေါ်​ခိုင်း​သ​ဖြင့် အ​ဗ​ရှ​လုံ သည်​လာ​ရောက်​၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ် လေ​၏။ မင်း​ကြီး​သည်​သူ့​အား​နမ်း​ရှုပ်​လေ​၏။

< 2 Samuel 14 >