< 2 Crônicas 36 >

1 Então o povo da terra tomou a Jeoacaz filho de Josias, e fizeram-lhe rei em lugar de seu pai em Jerusalém.
ယု​ဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏​သား​တော် ယော​ခတ်​ကို​ရွေး​ချယ်​၍ ယေ​ရု​ရှ​လင်​မြို့ တွင်​မင်း​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​၏။-
2 De vinte e três anos era Jeoacaz quando começou a reinar, e três meses reinou em Jerusalém.
ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ နန်း​စံ​ရ​လေ​သည်။-
3 E o rei do Egito o tirou de Jerusalém, e condenou a terra em cem talentos de prata e um de ouro.
အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​ကို​ဖမ်း​ဆီး​ထား ပြီး​နောက်​ယု​ဒ​ပြည်​သူ​တို့​ထံ​မှ လက်​ဆောင် ပဏ္ဏာ​အ​ဖြစ်​ဖြင့်​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ် ထောင့်​ငါး​ရာ​နှင့်​ရွှေ​ပေါင်​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ကို​တောင်း​ခံ​တော်​မူ​၏။-
4 E o rei do Egito constituiu o seu irmão Eliaquim como rei sobre Judá e Jerusalém, e mudou-lhe o nome em Jeoaquim; e Neco tomou o seu irmão Jeoacaz, e o levou ao Egito.
နေ​ခေါ​သည်​ယော​ခတ်​၏​ညီ​ဧ​လျာ​ကိမ်​ကို ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တင်​ပြီး​လျှင် ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး လေ​သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။
5 Quando começou a reinar Jeoaquim era de vinte e cinco anos, e reinou onze anos em Jerusalém: e fez o que era mau aos olhos do SENHOR seu Deus.
ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ် ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​တစ်​နှစ် နန်း​စံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၏။-
6 E subiu contra ele Nabucodonosor rei da Babilônia, e acorrentado com correntes o levou à Babilônia.
ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယု​ဒ ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယော​ယ ကိမ်​ကို​ဖမ်း​ဆီး​၍​သံ​ကြိုး​နှင့်​ချည်​နှောင်​ကာ ဗာ​ဗု​လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​လေ သည်။-
7 Também levou Nabucodonosor à Babilônia dos utensílios da casa do SENHOR, e os pôs no seu templo em Babilônia.
ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​လည်း​ယူ​၍ မိ​မိ​၏​ဗာ​ဗု​လုန်​နန်း​တော်​တွင်​ထား​တော် မူ​၏။-
8 Os demais dos feitos de Jeoaquim, e as abominações que fez, e o que nele se achou, eis que estão escritos no livro dos reis de Israel e de Judá: e reinou em seu lugar Joaquim seu filho.
ယော​ယ​ကိမ်​၏​စက်​ဆုပ်​ဖွယ်​ကောင်း​သည့် အ​ပြု​အ​မူ​များ​နှင့်​ကူး​လွန်​သည့်​ဒု​စ​ရိုက် များ​အ​ပါ​အ​ဝင်​သူ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​တွင် မှတ်​တမ်း​တင်​ထား​သ​တည်း။ သူ​၏​သား​တော် ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
9 De oito anos era Joaquim quando começou a reinar, e reinou três meses e dez dias em Jerusalém: e fez o que era mau aos olhos do SENHOR.
ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ ရ​လေ​သည်။ သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား ကို​ပြစ်​မှား​၏။-
10 Na primavera do ano, o rei Nabucodonosor mandou que o trouxessem à Babilônia, juntamente com os utensílos preciosos da casa do SENHOR; e constituiu o seu irmão Zedequias como rei sobre Judá e Jerusalém.
၁၀နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။
11 De vinte e um anos era Zedequias quando começou a reinar, e onze anos reinou em Jerusalém.
၁၁ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ သည်။-
12 E fez o que era mau aos olhos do SENHOR seu Deus, e não se humilhou diante do profeta Jeremias, que lhe falava da parte do SENHOR.
၁၂သူ​သည်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍​ထာ​ဝရ ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​သူ ပ​ရော ဖက်​ယေ​ရ​မိ​၏​စကား​ကို​နှိမ့်​ချ​သော​စိတ် ဖြင့်​နား​မ​ထောင်​ဘဲ​နေ​၏။
13 Rebelou-se também contra Nabucodonosor, ao qual havia jurado por Deus; e endureceu sua cerviz, e obstinou seu coração, para não voltar-se ao SENHOR o Deus de Israel.
၁၃ဇေ​ဒ​ကိ​သည်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကို​ပုန်​ကန် လေ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​ကျေး​ဇူး သစ္စာ​တော်​ကို​စောင့်​ထိန်း​ရန် သူ့​အား​အ​တင်း အ​ကြပ်​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင် တည်​ကျိန်​ဆို​စေ​တော်​မူ​ခဲ့​၏။ ဇေ​ဒ​ကိ​သည် ခေါင်း​မာ​၍​နောင်​တ​မ​ရ။ ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​မ​လာ​ဘဲ​နေ​လေ​သည်။-
14 E também todos os príncipes dos sacerdotes, e o povo, aumentaram a transgressão, seguindo todas as abominações das nações, e contaminando a casa do SENHOR, a qual ele havia santificado em Jerusalém.
၁၄ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​တို့​သည်​လည်း မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​ကျင့် ကို​လိုက်​၍ ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကာ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​သီး​သန့် ထား​တော်​မူ​သော​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။-
15 E o SENHOR o Deus de seus pais enviou a eles por meio de seus mensageiros, enviando insistentemente: porque ele tinha misericórdia de seu povo, e de sua habitação.
၁၅သူ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​နှင့်​ဗိ​မာန်​တော် ကို​ချမ်း​သာ​ပေး​တော်​မူ​လို​သ​ဖြင့် သူ​တို့​အား သ​တိ​ပေး​ရန်​စေ​တ​မန်​များ​ကို​ဆက်​လက် စေ​လွှတ်​တော်​မူ​ခဲ့​၏။-
16 Mas eles faziam escárnio dos mensageiros de Deus, e menosprezavam suas palavras, ridicularizando-se de seus profetas, até que subiu o furor do SENHOR contra seu povo, de maneira que não havia remédio.
၁၆သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​စေ​တ​မန် တို့​အား​ပြက်​ရယ်​ပြု​၍ အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။ ပ​ရော​ဖက်​တို့​အား​ပြောင်​လှောင်​ကြ​၏။ သို့ ဖြစ်​၍​နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​အား ချမ်း​သာ​မ​ပေး​တော့​ချေ။
17 Pelo qual trouxe contra eles ao rei dos caldeus, que matou à espada seus rapazes na casa de seu santuário, sem perdoar jovem, nem virgem, nem velho, nem decrépito; todos os entregou em suas mãos.
၁၇ထာ​ဝရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ခေါ် ဆောင်​တော်​မူ​ခဲ့​၏။ ထို​ဘု​ရင်​သည်​လည်း​ယု​ဒ လူ​ငယ်​လူ​ရွယ်​များ​ကို​ဗိ​မာန်​တော်​ထဲ​၌​ပင် သတ်​ဖြတ်​လေ​သည်။ ဘု​ရား​သ​ခင်​သည်​အ​သက် ကြီး​သူ၊ ငယ်​သူ၊ ယောကျာ်း​မိန်း​မ၊ ဖျား​နာ​သူ၊ ကျန်း​မာ​သူ​တို့​ကို​မ​သ​နား​ဘဲ​ရှိ​ရှိ​သ​မျှ သော​သူ​တို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​သို့ အပ်​တော်​မူ​၏။-
18 Também todos os vasos da casa de Deus, grandes e pequenos, os tesouros da casa do SENHOR, e os tesouros do rei e de seus príncipes, tudo o levou à Babilônia.
၁၈ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဗိ​မာန်​တော်​ရှိ​အ​သုံး အ​ဆောင်၊ ဗိ​မာန်​တော်​ဘဏ္ဍာ၊ မင်း​ကြီး​နှင့်​မှူး မတ်​တို့​၏​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​သွား​လေ သည်။-
19 E queimaram a casa de Deus, e romperam o muro de Jerusalém, e consumiram ao fogo todos seus palácios, e destruíram todos os seus objetos valiosos.
၁၉သူ​သည်​ဗိ​မာန်​တော်​နှင့်​မြို့​တော်​ကို​မီး​ရှို့ လျက်​ယေ​ရု​ရှ​လင်​မြို့​ရိုး​တို့​ကို​ဖြို​ဖျက်​၍ နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို​အ​ဖိုး တန်​ပစ္စည်း​များ​နှင့်​အ​တူ​မီး​ရှို့​ဖျက်​ဆီး တော်​မူ​၏။-
20 Os que restaram da espada foram passados à Babilônia; e foram servos dele e de seus filhos, até que veio o reino dos persas;
၂၀အ​သတ်​မ​ခံ​ရ​ဘဲ​ကျန်​ရှိ​နေ​သူ​တို့​ကို​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ယူ​သွား​ပြီး​လျှင် ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ချိန်​တိုင်​အောင် မိ​မိ နှင့်​မိ​မိ​၏​သား​မြေး​များ​ထံ​ကျွန်​ခံ​စေ​လေ သည်။-
21 Para que se cumprisse a palavra do SENHOR pela boca de Jeremias, até que a terra houvesse aproveitado os seus descansos sabáticos; pois durante todo o tempo de sua ruina ela descansou, até que os setenta anos fossem cumpridos.
၂၁သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့်``ဥ​ပုသ် နေ့​အ​လုပ်​ရပ်​နား​မှု မ​ပြု​ခဲ့​ကြ​သည်​ကို​ပြန်​လည်​အ​စား​ထိုး သည့်​အ​နေ​ဖြင့် ပြည်​တော်​တွင်​အ​နှစ်​ခု​နစ် ဆယ်​တိုင်​တိုင်​လူ​သူ​ဆိတ်​ညံ​လျက်​နေ​လိမ့် မည်'' ဟု​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာဒိတ်​တော်​သည်​အ​ကောင်​အ​ထည်​ပေါ် လာ​တော့​၏။
22 Mas ao primeiro ano de Ciro rei dos persas, para que se cumprisse a palavra do SENHOR por boca de Jeremias, o SENHOR induziu o espírito de Ciro rei dos persas, o qual fez apregoar por todo seu reino, e também por escrito, dizendo:
၂၂ပေ​ရ​သိ​ဘု​ရင်​ကု​ရု နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝရ​ဘုရား​သည် သူ့​အား အ​မိန့်​တော်​တစ်​ရပ်​ထုတ်​ဆင့်​စေ​တော်​မူ​၍​သူ ၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝန်း​လုံး​တွင်​ဖတ်​ကြား ကြေ​ညာ​စေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့်​ထာ​ဝရ ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​အ​တိုင်း ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​သ​တည်း။
23 Assim diz Ciro rei dos persas: o SENHOR, o Deus dos céus, me deu todos os reinos da terra; e ele me encarregou que lhe edifique casa em Jerusalém, que é em Judá. Quem houver de vós de todo seu povo, o SENHOR seu Deus seja com o tal, e suba.
၂၃ထို​အ​မိန့်​တော်​တွင်``ဤ​အ​မိန့်​ကား​ပေ​ရ​သိ ဧ​က​ရာဇ်​ကု​ရု​၏​အ​မိန့်​တော်​ဖြစ်​၏။ ကောင်း ကင်​ဗိုလ်​ခြေ​ဘု​ရင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို အုပ်​စိုး​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင် မြို့​၌​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်​ကို တည်​ဆောက်​ရန်​တာ​ဝန်​ကို​ငါ့​အား​ပေး​အပ် တော်​မူ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး​၏။

< 2 Crônicas 36 >