< 1 Samuel 20 >

1 E Davi fugiu de Naiote que é em Ramá, e veio diante de Jônatas, e disse: Que fiz eu? qual é minha maldade, ou qual meu pecado contra teu pai, que ele busca minha vida?
ထို​နောက်​ဒါ​ဝိဒ်​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ် ရွာ​မှ​ထွက်​ပြေး​ပြီး​လျှင် ယော​န​သန်​ထံ​သို့ သွား​၍``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​ပါ​သ​နည်း။ အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကူး​လွန် မိ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ကို​သတ်​ချင်​ရ​အောင် သင့်​ခ​မည်း​တော်​အား​ကျွန်ုပ်​သည်​အ​ဘယ် သို့​ပြစ်​မှား​မိ​ပါ​သ​နည်း'' ဟု​မေး​၏။
2 E ele lhe disse: Em nenhuma maneira; não morrerás. Eis que meu pai nenhuma coisa fará, grande nem pequena, que não a revele a mim; por que pois me encobrirá meu pai este negócio? Não será assim.
ယော​န​သန်​က``ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ သင် သည်​မ​သေ​ရ​ပါ။ ကျွန်ုပ်​၏​ခ​မည်း​တော်​သည် အ​မှု​ကြီး​ငယ်​မှန်​သ​မျှ​ကို​မ​ပြု​မီ​ကျွန်ုပ် အား​ပြော​ပြ​တတ်​ပါ​၏။ ကျွန်ုပ်​ထံ​မှ​အ​ဘယ် အ​ရာ​ကို​မျှ​ဖုံး​ကွယ်​ထား​လေ့​မ​ရှိ​ပါ။ သင့် ကို​သတ်​မည်​ဆို​သည်​မှာ​မ​ဖြစ်​နိုင်​ပါ'' ဟု ဆို​၏။
3 E Davi voltou a jurar, dizendo: Teu pai sabe claramente que eu achei favor diante de teus olhos, e dirá: Não saiba isto Jônatas, para que não tenha pesar: e certamente, vive o SENHOR e vive tua alma, que apenas há um passo entre mim e a morte.
သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​ကျွန်ုပ်​အား​အ​ဘယ် မျှ​ခင်​မင်​သည်​ကို သင်​၏​ခ​မည်း​တော်​ကောင်း စွာ​သိ​ပါ​၏။ သင်​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​မည်​စိုး​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ကြံ အ​စည်​ကို​သင့်​အား​မ​ပြော​ကြား​ဘဲ​နေ လေ​ပြီ။ ကျွန်ုပ်​သည်​သေ​ဘေး​နှင့်​ခြေ​တစ် လှမ်း​မျှ​သာ​ကွာ​တော့​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင် တည်​၍​သင့်​အား​ကျိန်​ဆို​ဖော်​ပြ​ပါ​၏'' ဟု​ပြန်​ပြော​၏။
4 E Jônatas disse a Davi: Que diga tua alma, e eu o farei por ti?
ယော​န​သန်​က``သင်​အ​လို​ရှိ​သည်​အ​တိုင်း ကျွန်ုပ်​ပြု​ပါ​မည်'' ဟု​ဆို​လျှင်၊
5 E Davi respondeu a Jônatas: Eis que amanhã será nova lua, e eu costumo sentar-me com o rei a comer: mas tu deixarás que me esconda no campo até à tarde do terceiro dia.
ဒါ​ဝိဒ်​က``နက်​ဖြန်​နေ့​သည်​လ​ဆန်း​နေ့​ပွဲ တော်​ဖြစ်​၍​ကျွန်ုပ်​သည်​မင်း​ကြီး​နှင့်​အ​တူ စား​သောက်​သင့်​သည့်​အ​ချိန်​ဖြစ်​ပါ​၏။ သို့ ရာ​တွင်​သင်​ကန့်​ကွက်​ရန်​မ​ရှိ​ပါ​လျှင် ကျွန်ုပ် သည်​ကွင်း​ထဲ​သို့​သွား​၍​သန်​ဘက်​ခါ ည​နေ​အ​ထိ​ပုန်း​အောင်း​နေ​ပါ​မည်။-
6 Se teu pai fizer menção de mim, dirás: Rogo-me muito que o deixasse ir logo a Belém sua cidade, porque todos os de sua linhagem têm ali sacrifício anual.
အ​ကယ်​၍​စား​ပွဲ​တွင်​ကျွန်ုပ်​မ​ရှိ​ကြောင်း သင့်​ခ​မည်း​တော်​မြင်​သွား​ခဲ့​သော် ယ​ခု အ​ချိန်​သည်​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့ နှစ်​ပတ်​လည်​ယဇ်​ပူ​ဇော်​ရာ​ကာ​လ​ဖြစ် သ​ဖြင့် သင့်​ထံ​တွင်​ကျွန်ုပ်​အ​ခွင့်​ပန်​သွား ကြောင်း​လျှောက်​ထား​ပေး​ပါ။-
7 Se ele disser, Está bem, teu servo terá paz; mas se se irar, sabe que a malícia está nele completa.
အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။-
8 Farás, pois, misericórdia com teu servo, já que trouxeste teu servo a aliança do SENHOR contigo: e se maldade há em mim mata-me tu, que não há necessidade de levar-me até teu pai.
ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။
9 E Jônatas lhe disse: Nunca tal te suceda; antes bem, se eu entendesse ser completa a malícia de meu pai, para vir sobre ti, não havia eu de revelá-lo a ti?
ယော​န​သန်​က``ထို​သို့​မ​စဉ်း​စား​ပါ​နှင့်။ အ​ကယ်​၍​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန် စိတ်​ပိုင်း​ဖြတ် ထား​သည်​ကို​ကျွန်ုပ်​သိ​ပါ​မူ​သင့်​ကို မ​ပြော​ဘဲ​နေ​မည်​လော'' ဟု​ဆို​၏။
10 Disse então Davi a Jônatas: Quem me dará aviso? Ou que se teu pai te responder asperamente?
၁၀ထို​အ​ခါ​ဒါ​ဝိဒ်​က``အ​ကယ်​၍​သင်​၏ ခ​မည်း​တော်​သည်​သင့်​အား​အ​မျက်​ထွက်​၍ ပြန်​လည်​ဖြေ​ကြား​ပါ​က ကျွန်ုပ်​အား​အ​ဘယ် သူ​လာ​၍​အ​သိ​ပေး​ပါ​မည်​နည်း'' ဟု​မေး ၏။
11 E Jônatas disse a Davi: Vem, saiamos ao campo. E saíram ambos ao campo.
၁၁ယော​န​သန်​က``ကွင်း​ထဲ​သို့​ငါ​တို့​သွား​ကြ စို့'' ဟု​ဆို​ပြီး​လျှင်​သူ​တို့​နှစ်​ယောက်​သွား ကြ​၏။-
12 Então disse Jônatas a Davi: Ó SENHOR Deus de Israel, quando houver eu perguntado a meu pai amanhã a esta hora, ou depois de amanhã, e ele parecer bem para com Davi, se então não enviar a ti, e o revelar a ti,
၁၂ထို​နောက်​ယော​န​သန်​သည်​ဒါ​ဝိဒ်​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ကျွန်ုပ်​က​တိ​ပြု ပါ​၏။ ကျွန်ုပ်​သည်​နက်​ဖြန်​ခါ​နှင့်​သန်​ဘက်​ခါ ဤ​အ​ချိန်​တွင်​ခ​မည်း​တော်​အား​စုံ​စမ်း​မေး မြန်း​ပါ​မည်။ သင့်​အ​ပေါ်​တွင်​သူ​၏​စိတ်​နေ စိတ်​ထား​ကောင်း​မွန်​ပါ​က သင့်​ထံ​သို့ အ​ကြောင်း​ကြား​ပါ​မည်။-
13 O SENHOR faça assim a Jônatas, e isto acrescente. Mas se a meu pai parecer bem fazer-te mal, também te o revelarei, e te enviarei, e te irás em paz: e seja o SENHOR contigo, como foi com meu pai.
၁၃သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-
14 E se eu viver, farás comigo misericórdia do SENHOR; mas se for morto,
၁၄သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊-
15 Não tirarás perpetuamente tua misericórdia de minha casa, nem quando o SENHOR exterminar um por um os inimigos de Davi da face da terra.
၁၅သင်​၏​ရန်​သူ​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော​အ​ခါ​၌ လည်း ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့​အ​ပေါ် တွင်​အ​စဉ်​အ​မြဲ​သစ္စာ​စောင့်​ပါ​လော့။-
16 Assim Jônatas fez aliança com a casa de Davi, dizendo: O SENHOR o exija da mão dos inimigos de Davi.
၁၆ကျွန်ုပ်​တို့​နှစ်​ဦး​ထား​ရှိ​ကြ​သည့်​က​တိ သစ္စာ​မ​ပျက်​မ​ပြယ်​တည်​မြဲ​ပါ​စေ​သ​တည်း။ အ​ကယ်​၍​ထို​ကတိ​သစ္စာ​ကို​ဖျက်​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ပါ​စေ​သော''ဟု​ဆို​၏။
17 E voltou Jônatas a jurar a Davi, porque o amava, porque o amava como à sua alma.
၁၇ယော​န​သန်​သည်​ဒါ​ဝိဒ်​အား​ကိုယ်​နှင့်​အ​မျှ ချစ်​သ​ဖြင့် မိ​မိ​ကို​လည်း​ချစ်​ရန်​က​တိ​ပြု စေ​၏။-
18 Disse-lhe logo Jônatas: Amanhã é lua nova, e tua falta será percebida, porque teu assento estará vazio.
၁၈ထို​နောက်​ယော​န​သန်​က``နက်​ဖြန်​နေ့​သည် လ​ဆန်း​ပွဲ​တော်​အ​ခါ​ဖြစ်​သ​ဖြင့် ပွဲ​တော် သို့​သင်​မ​တက်​ရောက်​ပါ​မူ သင်​၏​နေ​ရာ လစ်​လပ်​လျက်​နေ​သည်​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။-
19 Estarás, pois, três dias, e logo descerás, e virás ao lugar de onde estavas escondido o dia do incidente, e esperarás junto à pedra de Ezel;
၁၉သန်​ဘက်​ခါ​၌​လည်း​ယင်း​သို့​ပင်​သင်​မ​ရှိ ကြောင်း​တွေ့​ရှိ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယခင်​က သင်​ပုန်း​အောင်း​နေ​ခဲ့​ဖူး​သည့်​အ​ရပ်​သို့​သွား ၍​ကျောက်​ပုံ နောက်​တွင်​ပုန်း​ကွယ်​လျက်​နေ​လော့။-
20 E eu atirarei três flechas até aquele lado, como que me exercitando ao alvo.
၂၀ထို​အ​ခါ​ကျွန်ုပ်​၏​သည်​ကျောက်​ပုံ​ကို​ပစ် မှတ်​သ​ဖွယ်​ပြု​၍ မြား​သုံး​စင်း​ပစ်​လွှတ် လိုက်​မည်။-
21 E logo enviarei o criado dizendo-lhe: Vai, busca as flechas. E se disser ao jovem: Eis ali as flechas mais aqui de ti, toma-as: tu virás, porque tens paz, e nada há de mal, vive o SENHOR.
၂၁ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။-
22 Mas se eu disser ao jovem assim: Eis ali as flechas mais ali de ti: vai-te, porque o SENHOR te enviou.
၂၂အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။-
23 E quanto às palavras que eu e tu falamos, seja o SENHOR entre mim e ti para sempre.
၂၃ကျွန်ုပ်​တို့​နှစ်​ဦး​အ​ချင်း​ချင်း​ပြု​ခဲ့​ကြ​သည့် က​တိ​သစ္စာ​ကို ထာ​ဝ​စဉ်​မ​ပျက်​မ​ကွက်​စောင့် ထိန်း​နိုင်​ကြ​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် စီ​မံ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
24 Então Davi se escondeu no campo, e vinda que foi a lua nova, sentou-se o rei a comer pão.
၂၄ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ကွင်း​ထဲ​တွင်​ပုန်း​အောင်း လျက်​နေ​၏။ လ​ဆန်း​ပွဲ​တော်​နေ့​၌​ရှော​လု မင်း​သည်​စား​တော်​ခေါ်​ရန်​ကြွ​လာ​တော် မူ​၍၊-
25 E o rei se sentou em sua cadeira, como costumava, no assento junto à parede, e Jônatas se levantou, e sentou-se Abner ao lado de Saul, e o lugar de Davi estava vazio.
၂၅နံ​ရံ​အ​နီး​မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင် တော်​မူ​၏။ အာ​ဗ​နာ​သည်​မင်း​ကြီး​၏​နံ​ဘေး တွင်​လည်း​ကောင်း၊ ယော​န​သန်​သည်​မင်း​ကြီး ၏​ရှေ့​တွင်​လည်း​ကောင်း​ထိုင်​၏။ ဒါ​ဝိဒ်​၏ နေ​ရာ​မူ​ကား​လပ်​၍​နေ​၏။-
26 Mas aquele dia Saul não disse nada, porque se dizia: Haverá lhe acontecido algo, e não está limpo; não estará purificado.
၂၆သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။-
27 O dia seguinte, o segundo dia da lua nova, aconteceu também que o assento de Davi estava vazio. E Saul disse a Jônatas seu filho: Por que não veio a comer o filho de Jessé hoje nem ontem?
၂၇လ​ဆန်း​ပွဲ​တော်​နေ့​အ​လွန်​နောက်​တစ်​နေ့​၌ လည်း​ဒါ​ဝိဒ်​၏​နေ​ရာ​သည်​လပ်​လျက်​ပင်​ရှိ သော​ကြောင့် ရှော​လု​က​ယော​န​သန်​အား``အ​ဘယ် ကြောင့်​ဒါ​ဝိဒ်​သည်​ဤ​စား​ပွဲ​တော်​သို့​ယ​မန် နေ့​က​မ​လာ၊ ယ​နေ့​လည်း​မ​လာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
28 E Jônatas respondeu a Saul: Davi me pediu encarecidamente lhe deixasse ir até Belém.
၂၈ယော​န​သန်​က``ဒါ​ဝိဒ်​သည်​ကျွန်ုပ်​ထံ​တွင် ခွင့်​ပန်​၍ ဗက်​လင်​မြို့​သို့​သွား​ပါ​သည်။ သူ က`အ​ကျွန်ုပ်​တို့​အား​ကျေး​ဇူး​ပြု​၍​သွား ခွင့်​ပြု​ပါ။-
29 E disse: Rogo-te que me deixes ir, porque temos sacrifício os de nossa linhagem na cidade, e meu irmão mesmo me mandou; portanto, se achei graça em teus olhos, farei uma escapada agora, e visitarei a meus irmãos. Por isto, pois, não veio.
၂၉ထို​မြို့​တွင်​အ​ကျွန်ုပ်​၏​ဆွေ​မျိုး​သား​ချင်း တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကျင်း​ပ​လျက်​နေ​ကြ သ​ဖြင့် အစ်​ကို​က​လည်း​အ​ကျွန်ုပ်​အား​လာ ရ​မည်​ဟု​ဆို​ပါ​သည်။ သင်​သည်​အ​ကျွန်ုပ်​ကို ခင်​မင်​ပါ​က​အ​ကျွန်ုပ်​အား​ညီ​အစ်​ကို​တို့ ကို​တွေ့​ရန်​သွား​ခွင့်​ပြု​ပါ​ဟု​ပန်​ကြား​ပါ​၏။ ထို့​ကြောင့်​သူ​သည်​အ​ရှင်​၏​စား​ပွဲ​တော် တွင်​မ​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန်​ကြား လျှောက်​ထား​၏။
30 Então Saul se acendeu contra Jônatas, e disse-lhe: Filho da pervertida e rebelde! Não sei eu que tu escolheste ao filho de Jessé para vergonha tua, e para vergonha da nudez de tua mãe?
၃၀ရှော​လု​သည်​ယော​န​သန်​အား​ပြင်း​စွာ​အ​မျက် ထွက်​သ​ဖြင့်``တ​ရား​မ​ဝင်​သော​သား၊ သင်​သည် ဒါ​ဝိဒ်​ဘက်​သား​ဖြစ်​ကြောင်း​ယ​ခု​ငါ​သိ​ပြီ။ သင်​သည်​ကိုယ့်​ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ့် မိ​ခင်​ကို​လည်း​ကောင်း​အ​သ​ရေ​ယုတ်​စေ လေ​ပြီ​တ​ကား။-
31 Porque todo o tempo que o filho de Jessé viver sobre a terra, nem tu serás firme, nem teu reino. Envia, pois, agora, e traze-o a mim, porque morrerá.
၃၁ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
32 E Jônatas respondeu a seu pai Saul, e disse-lhe: Por que morrerá? O que ele fez?
၃၂ယော​န​သန်​က``အ​ဘယ်​ကြောင့်​သေ​ဒဏ်​ခံ ရ​ပါ​မည်​နည်း။ သူ​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း'' ဟု​လျှောက်​လျှင်၊
33 Então Saul lhe lançou uma lança para feri-lo: de onde entendeu Jônatas que seu pai estava determinado a matar a Davi.
၃၃ရှော​လု​သည်​ယော​န​သန်​အား​ထိ​မှန်​စေ​ရန် လှံ​တံ​တော်​နှင့်​ပစ်​လိုက်​လေ​သည်။ ထို​အ​ခါ ယော​န​သန်​သည် မင်း​ကြီး​အ​ကယ်​ပင်​ဒါ​ဝိဒ် အား​သတ်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​တော်​မူ ကြောင်း​ကို​သိ​လေ​၏။-
34 E levantou-se Jônatas da mesa com exaltada ira, e não comeu pão o segundo dia da lua nova: porque tinha dor por causa de Davi, porque seu pai lhe havia afrontado.
၃၄သူ​သည်​ဒေါ​သ​ဖြစ်​လျက်​စား​ပွဲ​မှ​ထ​သွား ပြီး​လျှင် လ​ဆန်း​ပွဲ​တော်​ဒု​တိ​ယ​နေ့​တစ်​နေ့ လုံး​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ဘဲ နေ​၏။ သူ​သည်​ဒါ​ဝိဒ်​အား​ရှော​လု​အ​သ​ရေ ဖျက်​သည့်​အ​တွက်​များ​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​၏။-
35 Ao outro dia de manhã, saiu Jônatas ao campo, ao tempo marcado com Davi, e um jovem pequeno com ele.
၃၅နောက်​တစ်​နေ့​နံ​နက်​၌​ယော​န​သန်​သည်​ယ​ခင် က​ချိန်း​ဆို​ထား​သည့်​အ​တိုင်း ဒါ​ဝိဒ်​နှင့်​တွေ့​ဆုံ ရန်​ကွင်း​ထဲ​သို့​သွား​၏။ မိ​မိ​နှင့်​အ​တူ​သူ​ငယ် တစ်​ယောက်​ကို​လည်း​ခေါ်​ဆောင်​သွား​ကာ၊-
36 E disse a seu jovem: Corre e busca as flechas que eu atirar. E quando o jovem ia correndo, ele atirava a flecha que passava mais além dele.
၃၆ထို​သူ​ငယ်​အား``ယ​ခု​ပင်​ငါ​ပစ်​လွှတ်​လိုက်​မည့် မြား​ကို​ပြေး​၍​ရှာ​လော့'' ဟု​ဆို​၏။ ထို​သူ​ငယ် ပြေး​လေ​လျှင်​ယော​န​သန်​သည်​သူ့​ကို​လွန် အောင်​မြား​တစ်​စင်း​ကို​ပစ်​လွှတ်​၏။-
37 E chegando o jovem onde estava a flecha que Jônatas havia atirado, Jônatas deu vozes atrás o jovem, dizendo: Não está a flecha mais além de ti?
၃၇မြား​ကျ​ရာ​သို့​သူ​ငယ်​ရောက်​သော​အ​ခါ ယော​န​သန်​က``မြား​သည်​ဟို​ဘက်​မှာ​ရှိ​သည်။-
38 E voltou a gritar Jônatas atrás o jovem: Apressa-te, corre, não pares. E o jovem de Jônatas agarrou as flechas, e veio a seu senhor.
၃၈ရပ်​၍​မ​နေ​နှင့်။ မြန်​မြန်​ပြေး​၍​ကောက်​လော့'' ဟု​ဟစ်​အော်​လိုက်​၏။ သူ​ငယ်​သည်​မြား​ကို ကောက်​ပြီး​လျှင် မိ​မိ​သ​ခင်​ရှိ​ရာ​သို့​ပြန် လာ​လေ​သည်။-
39 Porém nenhuma coisa entendeu o jovem: somente Jônatas e Davi entendiam o negócio.
၃၉သူ​သည်​ထို​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို မ​သိ။ ယော​န​သန်​နှင့်​ဒါ​ဝိဒ်​တို့​သာ​လျှင် သိ​ကြ​၏။-
40 Logo deu Jônatas suas armas a seu jovem, e disse-lhe: Vai-te e leva-as à cidade.
၄၀ယော​န​သန်​သည်​မိ​မိ​၏​လေး​နှင့်​မြား​တို့​ကို သူ​ငယ်​အား​ပေး​၍​မြို့​သို့​ပြန်​ယူ​သွား​စေ​၏။
41 E logo que o jovem se havia ido, se levantou Davi da parte do sul, e inclinou-se três vezes prostrando-se até a terra: e beijando-se o um ao outro, choraram o um com o outro, ainda que Davi chorou mais.
၄၁သူ​ငယ်​ထွက်​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည် ကျောက်​ပုံ နောက်​မှ​ထွက်​လာ​ပြီး​လျှင်​ဒူး​ထောက်​၍ ယော န​သန်​အား​သုံး​ကြိမ်​တိုင်​တိုင်​ပျပ်​ဝပ်​ဦး ညွှတ်​၏။ ထို​နောက်​သူ​တို့​သည်​အ​ချင်း​ချင်း ဖက်​နမ်း​ငို​ကြွေး​ကြ​၏။ ဒါ​ဝိဒ်​၏​ကြေ​ကွဲ မှု​သည် ယော​န​သန်​၏​ကြေ​ကွဲ​မှု​ထက်​ပင် ပို​မို​ပြင်း​ထန်​လေ​သည်။-
42 E Jônatas disse a Davi: Vai-te em paz, que ambos juramos pelo nome do SENHOR, dizendo: o SENHOR seja entre mim e ti, entre minha descendência e a tua descendência para sempre.
၄၂ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။

< 1 Samuel 20 >