< 1 Reis 20 >

1 Então Ben-Hadade, rei da Síria, juntou a todo seu exército, e com ele trinta e dois reis, com cavalos e carros: e subiu, e pôs cerco a Samaria, e combateu-a.
ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။-
2 E enviou mensageiros à cidade a Acabe rei de Israel, dizendo:
သူ​သည်​သံ​တ​မန်​များ​ကို​မြို့​တွင်း​သို့​စေ​လွှတ် ၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​အား``ဗင်္ဟာ​ဒဒ်​မင်း သည်​သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး တော်​များ​ကို​သူ့​အား​ပေး​အပ်​ရန်​တောင်း​ဆို လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​စေ​၏။
3 Assim disse Ben-Hadade: Tua prata e teu ouro são meus, e tuas mulheres e teus filhos belos são meus.
4 E o rei de Israel respondeu, e disse: Como tu dizes, rei senhor meu, eu sou teu, e tudo o que tenho.
ထို​အ​ခါ​အာ​ဟပ်​က``ငါ​နှင့်​ငါ​ပိုင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ်​အား​ပေး အပ်​ရန် သ​ဘော​တူ​ကြောင်း​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ် မင်း​အား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။
5 E voltando os mensageiros outra vez, disseram: Assim disse Ben-Hadade: Eu te enviei a dizer: Tua prata e teu ouro, e tuas mulheres e teus filhos me darás.
ထို့​နောက်​တစ်​ဖန်​သံ​တ​မန်​တို့​သည်​အာ​ဟပ်​ထံ သို့​ပြန်​လာ​ပြီး​လျှင်``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ​ကို ငါ​တောင်း​ဆို​ခဲ့​၏။-
6 Além disso, amanhã a estas horas enviarei eu a ti meus servos, os quais vasculharão a tua casa, e as casas de teus servos; e tomarão com suas mãos, e levarão tudo o que for precioso que tiveres.
ယ​ခု​ငါ​သည်​သင်​၏​နန်း​တော်​နှင့်​တ​ကွ​မှူး မတ်​တို့​၏​နေ​အိမ်​များ​ကို​ရှာ​ဖွေ​၍ အ​ဖိုး ထိုက်​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​သိမ်း​ယူ​ရန် တပ်​မ​တော်​အ​ရာ​ရှိ​တို့​ကို​စေ​လွှတ်​မည်။ သူ တို့​သည်​နက်​ဖြန်​ဤ​အ​ချိန်​ခန့်​၌​သင်​ထံ​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်' ဟု​မိန့်​မှာ​လိုက် ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။
7 Então o rei de Israel chamou a todos os anciãos da terra, e disse-lhes: Entendei, e vede agora como este não busca a não ser mal: pois que enviou a mim por minhas mulheres e meus filhos, e por minha prata e por meu ouro; e eu não se o neguei.
အာ​ဟပ်​မင်း​သည်​တိုင်း​ပြည်​ခေါင်း​ဆောင်​အ​ပေါင်း ကို​ခေါ်​ပြီး​လျှင်``ဤ​သူ​သည်​ငါ​တို့​အား​ပျက်​စီး စေ​လို​သူ​ဖြစ်​၏။ ငါ့​ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ ရွှေ​ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ ကို​တောင်း​ဆို​စဉ်​အ​ခါ​က ငါ​မ​ငြင်း​ဆန်​ခဲ့ ပါ'' ဟု​ဆို​၏။
8 E todos os anciãos e todo o povo lhe responderam: Não lhe obedeças, nem faças o que te pede.
ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က``ဤ​သူ​၏ စ​ကား​ကို​အ​ရေး​စိုက်​တော်​မ​မူ​ပါ​နှင့်။ အ​ညံ့ လည်း​ခံ​တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​၏။
9 Então ele respondeu aos embaixadores de Ben-Hadade: Dizei ao rei meu senhor: Farei tudo o que mandaste a teu servo ao princípio; mas isto não posso fazer. E os embaixadores foram, e deram-lhe a resposta.
သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဗင်္ဟာ​ဒဒ်​၏​သံ​တ​မန် တို့​အား``ငါ​သည်​ပ​ထ​မ​တောင်း​ဆို​ချက်​ကို လိုက်​လျော​ရန်​သ​ဘော​တူ​သော်​လည်း ဒု​တိ​ယ တောင်း​ဆို​ချက်​ကို​မူ​မ​လိုက်​လျော​နိုင်​ကြောင်း ငါ့​အ​ရှင်​ဘု​ရင်​မင်း​အား​လျှောက်​ထား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သံ​တ​မန်​တို့​သည်​ပြန်​သွား​ပြီး​နောက် တစ်​ဖန် ပြန်​လာ​၍၊-
10 E Ben-Hadade converteu a enviar-lhe a dizer: Assim me façam os deuses, e assim me acrescentem, que o pó de Samaria não bastará aos punhos de todo o povo que me segue.
၁၀``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏​မြို့​ကို​ဖြို​ဖျက်​၍ ကျောက်​ခဲ​အ​ကျိုး​အ​ပဲ့​တို့​ကို လက်​နှင့်​သယ် နိုင်​လောက်​အောင်​လူ​အ​မြောက်​အ​မြား​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ဤ​သို့​မ​ပြု​ခဲ့​သော်​ဘု​ရား များ​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​ကြ​ပါ​စေ သော' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက်​ကြ​၏။
11 E o rei de Israel respondeu, e disse: Dizei-lhe, que não se glorie o que se cinge, como o que já se descinge.
၁၁အာ​ဟပ်​မင်း​က​လည်း``စစ်​သူ​ရဲ​ပီ​သ​သူ​သည် တိုက်​ပွဲ​ပြီး​မှ​ဝါ​ကြွား​တတ်​၏။ တိုက်​ပွဲ​မ​ပြီး မီ​ဝါ​ကြွား​လေ့​မ​ရှိ​ကြောင်း ဗင်္ဟာ​ဒဒ်​မင်း​အား ပြန်​ကြား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။
12 E quando ele ouviu esta palavra, estando bebendo com os reis nas tendas, disse a seus servos: Ponde. E eles puseram contra a cidade.
၁၂ဗင်္ဟာ​ဒဒ်​သည်​မိ​မိ​၏​မ​ဟာ​မိတ်​မင်း​များ​နှင့် အ​တူ သူ​တို့​၏​တဲ​ရှင်​များ​တွင်​သေ​ရည်​သေ ရက်​သောက်​လျက် နေ​စဉ်​အာ​ဟပ်​၏​ပြန်​ကြား ချက်​ကို​ကြား​သိ​ရ​လေ​သည်။ ထို​အ​ခါ​သူ သည်​မိ​မိ​၏​စစ်​သည်​တော်​များ​အား ရှ​မာ​ရိ မြို့​ကို​တိုက်​ခိုက်​ရန်​အမိန့်​ပေး​သ​ဖြင့်​သူ​တို့ သည်​နေ​ရာ​ယူ​ကြ​ကုန်​၏။
13 E eis que um profeta se chegou a Acabe rei de Israel; e lhe disse: Assim disse o SENHOR: Viste esta grande multidão? Eis que eu a entregarei hoje em tua mão, para que conheças que eu sou o SENHOR.
၁၃ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​တစ်​ပါး​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍``ထာ​ဝ​ရ​ဘု​ရား က​သင့်​အား`ထို​ကြီး​မား​သည့်​စစ်​သည်​အ​လုံး အ​ရင်း​ကို​မြင်​၍​မ​ကြောက်​နှင့်။ ယ​နေ့​သင့် အား​ထို​တပ်​မ​တော်​ကြီး​ကို​ဖြို​ခွင်း​ခွင့်​ငါ ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။
14 E respondeu Acabe: Por meio de quem? E ele disse: Assim disse o SENHOR: Por meio dos criados dos príncipes das províncias. E disse Acabe: Quem começará a batalha? E ele respondeu: Tu.
၁၄အာ​ဟပ်​က``အ​ဘယ်​သူ​ခေါင်း​ဆောင်​၍​တိုက်​ခိုက် ပါ​မည်​နည်း'' ဟု​မေး​၏။ ပ​ရော​ဖက်​က``နယ်​မြေ​ဘု​ရင်​ခံ​များ​၏​လက် အောက်​ရှိ​စစ်​လု​လင်​တို့​ကို​ခေါင်း​ဆောင်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို ပြန်​၏။ မင်း​ကြီး​က``တပ်​မ​တော်​ကြီး​ကို​အ​ဘယ်​သူ ကွပ်​ကဲ​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှင်၊- ``ဘု​ရင်​မင်း​ကိုယ်​တိုင်​ဖြစ်​ပါ​သည်'' ဟု ပ​ရော​ဖက်​က​ပြန်​ပြော​လေ​သည်။
15 Então ele revistou os criados dos príncipes das províncias, os quais foram duzentos trinta e dois. Em seguida revistou todo o povo, todos os filhos de Israel, que foram sete mil.
၁၅သို့​ဖြစ်​၍​မင်း​ကြီး​သည် နယ်​မြေ​တပ်​မှူး​များ ၏​လက်​အောက်​ရှိ​စစ်​လု​လင်​စု​စု​ပေါင်း​နှစ်​ရာ့ သုံး​ဆယ့်​နှစ်​ယောက်​တို့​ကို​ခေါ်​ပြီး​နောက် တပ် သား​ခု​နစ်​ထောင်​ရှိ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​စု​ရုံး​စေ​တော်​မူ​၏။
16 E saíram a meio dia. E estava Ben-Hadade bebendo, embriagado nas tendas, ele e os reis, os trinta e dois reis que haviam vindo em sua ajuda.
၁၆မွန်း​တည့်​ချိန်​၌​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​သုံး​ကျိပ် နှစ်​ပါး​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​သေ ရည်​သေ​ရက်​သောက်​စား​မူး​ယစ်​နေ​ကြ​စဉ်၊-
17 E os criados dos príncipes das províncias saíram os primeiros. E havia Ben-Hadade enviado quem lhe deu aviso, dizendo: Saíram homens de Samaria.
၁၇အာ​ဟပ်​သည်​စ​တင်​၍​တိုက်​ခိုက်​လေ​သည်။ နယ် မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​က​ရှေ့​ဆုံး​မှ ချီ​တက်​ကြ​၏။ ဗင်္ဟာ​ဒဒ်​စေ​လွှတ်​ထား​သည့် အ​ထောက်​တော်​တို့​သည်​လည်း ရှ​မာ​ရိ​မြို့​မှ စစ်​သူ​ရဲ​တစ်​စု​ထွက်​ခွာ​လာ​နေ​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။-
18 Ele então disse: Se saíram por paz, tomai-os vivos; e se saíram para lutar, tomai-os vivos.
၁၈မင်း​ကြီး​က``ထို​သူ​တို့​သည်​တိုက်​ခိုက်​ရန်​လာ သည်​ဖြစ်​စေ၊ စစ်​ပြေ​ငြိမ်း​ရန်​လာ​သည်​ဖြစ်​စေ သူ​တို့​အား​အ​ရှင်​ရ​အောင်​ဖမ်း​ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
19 Saíram, pois da cidade os criados dos príncipes das províncias, e após eles o exército.
၁၉နယ်​မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​သည် ဣ​သ​ရေ​လ​တပ်​မ​တော်​၏​ရှေ့​မှ​ခေါင်း ဆောင်​၍​တိုက်​ကြ​၏။-
20 E feriu cada um ao que vinha contra si: e fugiram os sírios, seguindo-os os de Israel. E o rei da Síria, Ben-Hadade, se escapou em um cavalo com alguma gente de cavalaria.
၂၀သူ​တို့​အ​သီး​သီး​တစ်​ယောက်​ကျ​သတ်​ဖြတ် ကြ​၏။ ထို​အ​ခါ​ရှု​ရိ​တပ်​သား​တို့​သည်​ထွက်​ပြေး ကြ​သ​ဖြင့် ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​သူ​တို့ နောက်​မှ​အ​ပြင်း​လိုက်​ကြ​၏။ ထို့​ကြောင့်​ဗင်္ဟာ​ဒဒ် သည်​မြင်း​တပ်​သား​အ​ချို့​နှင့်​အ​တူ​မြင်း​စီး​၍ ထွက်​ပြေး​လေ​သည်။-
21 E saiu o rei de Israel, e feriu a cavaleiros, e os carros; e derrotou os sírios com grande estrago.
၂၁အာ​ဟပ်​မင်း​သည်​လည်း​စစ်​ပွဲ​သို့​ဝင်​တော်​မူ​၍ မြင်း​များ​စစ်​ရ​ထား​များ​ကို​ဖမ်း​ဆီး​သိမ်း ယူ​၍ ရှု​ရိ​အ​မျိုး​သား​တို့​အား​အ​ကြီး အ​ကျယ်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-
22 Chegando-se logo o profeta ao rei de Israel, lhe disse: Vai, fortalece-te, e considera e olha o que hás de fazer; porque passado o ano, o rei da Síria há de vir contra ti.
၂၂ထို​အ​ခါ​ပ​ရော​ဖက်​သည်​အာ​ဟပ်​မင်း​ထံ သို့​သွား​၍``ရှု​ရိ​ဘု​ရင်​သည်​လာ​မည့်​နွေ​ဦး ပေါက်​တွင်​တစ်​ဖန်​ချီ​လာ​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​သည်​ပြန်​၍​မိ​မိ​၏​တပ်​မ​တော်​ကို​အင် အား​ပြည့်​စေ​ရန်​သ​တိ​နှင့်​စီ​မံ​လော့'' ဟု ဆို​၏။
23 E os servos do rei da Síria lhe disseram: seus deuses são deuses dos montes, por isso nos venceram; mas se lutássemos com eles na planície, se verá se não os vencemos.
၂၃ဗင်္ဟာ​ဒဒ်​မင်း​၏​မှူး​မတ်​များ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​သည် တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​များ​ဖြစ်​သ​ဖြင့် အ​ကျွန်ုပ် တို့​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​နိုင်​ရ ကြ​ခြင်း​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​သူ​တို့ နှင့်​လွင်​ပြင်​တွင်​တိုက်​ခိုက်​ရ​ကြ​ပါ​မူ​သူ​တို့ အား​ဧ​ကန်​မု​ချ​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်။-
24 Faze, pois assim: Tira aos reis cada um de seu posto, e põe capitães em lugar deles.
၂၄ယ​ခု​သုံး​ကျိပ်​နှစ်​ပါး​သော​မင်း​တို့​အား​မိ​မိ တို့​တပ်​များ​ကို​မ​အုပ်​ချုပ်​စေ​တော့​ဘဲ သူ​တို့ ၏​နေ​ရာ​တွင်​စစ်​ဗိုလ်​မှူး​များ​ကို​အ​စား​ထိုး ၍​ခန့်​ထား​တော်​မူ​ပါ။-
25 E tu, forma-te outro exército como o exército que perdeste, cavalos por cavalos, e carros por carros; logo lutaremos com eles em campo raso, e veremos se não os vencemos. E ele lhes deu ouvido, e o fez assim.
၂၅ထို့​နောက်​ယ​ခင်​အ​ခါ​က​အ​ရှင့်​အား​စွန့်​ခွာ ထွက်​ပြေး​သည့်​တပ်​မ​တော်​နှင့်​အ​မျှ​ကြီး​မား ၍ ယ​ခင်​က​ကဲ့​သို့​ပင်​များ​ပြား​သော​မြင်း တပ်၊ ရ​ထား​တပ်​များ​ပါ​ဝင်​သည့်​တပ်​မ​တော် ကို​ဖွဲ့​စည်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​လွင်​ပြင်​တွင်​တိုက် ခိုက်​ကြ​မည်​ဖြစ်​၍ ယ​ခု​အ​ကြိမ်​၌​သူ​တို့ အား​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​ကြ​၏။ ယင်း​သို့​လျှောက်​ထား​သည်​ကို​ဗင်္ဟာ​ဒဒ်​မင်း သည်​နှစ်​သက်​သ​ဖြင့် ထို​သူ​တို့​ပေး​သည့် အ​ကြံ​အ​တိုင်း​ဆောင်​ရွက်​တော်​မူ​၏။-
26 Passado o ano, Ben-Hadade revistou os sírios, e veio a Afeque a lutar contra Israel.
၂၆နွေ​ဦး​ပေါက်​သော​အ​ခါ​မင်း​ကြီး​သည် မိ​မိ​၏ စစ်​သည်​တော်​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင်​အာ​ဖက် မြို့​သို့​ချီ​တက်​လေ​၏။-
27 E os filhos de Israel foram também inspecionados, e tomando provisões foram-lhes ao encontro; e assentaram acampamento os filhos de Israel diante deles, como dois pequenos rebanhos de cabras; e os sírios enchiam a terra.
၂၇ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း​စု​ရုံး ကာ စား​နပ်​ရိက္ခာ​စုံ​နှင့်​မြို့​ပြင်​သို့​ထွက်​လာ​ကြ လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​တပ်​ကို​နှစ်​စု ခွဲ​၍​ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​ကာ​နေ​ရာ​ယူ ကြ​၏။ လွင်​ပြင်​တစ်​ခု​လုံး​ပြည့်​နှက်​နေ​သည့် ရှု​ရိ​အ​မျိုး​သား​တို့​နှင့်​နှိုင်း​ယှဉ်​ကြည့်​ပါ လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဆိတ် အုပ်​က​လေး​နှစ်​စု​နှင့်​တူ​ပေ​သည်။
28 Chegando-se então o homem de Deus ao rei de Israel, falou-lhe dizendo: Assim disse o SENHOR: Porquanto os sírios disseram, o SENHOR é Deus dos montes, não Deus dos vales, eu entregarei toda esta grande multidão em tua mão, para que conheçais que eu sou o SENHOR.
၂၈ပ​ရော​ဖက်​တစ်​ပါး​သည်​အာ​ဟပ်​မင်း​ထံ​သို့ သွား​၍``ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​သည်။ လွင်​ပြင်​ကို အ​စိုး​မ​ရ​ဟု​ရှု​ရိ​အ​မျိုး​သား​တို့​က​ဆို သော​ကြောင့် သူ​တို့​၏​ကြီး​မား​သော​တပ်​မ တော်​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​နှင့် တ​ကွ​သင်​၏​ပြည်​သူ​တို့​သိ​ရ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
29 Sete dias tiveram assentado o acampamento uns diante dos outros, e ao sétimo dia começou a batalha: e mataram os filhos de Israel dos sírios em um dia cem mil homens a pé.
၂၉ရှု​ရိ​အ​မျိုး​သား​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​သည် ခု​နစ်​ရက်​တိုင်​တိုင်​မျက်​နှာ​ချင်း​ဆိုင် တပ်​စွဲ​လျက်​နေ​ကြ​၏။ ခု​နစ်​ရက်​မြောက်​သော နေ့​၌​စ​တင်​တိုက်​ခိုက်​ကြ​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​ရှု​ရိ​အ​မျိုး​သား တစ်​သိန်း​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
30 Os demais fugiram a Afeque, à cidade: e o muro caiu sobre vinte e sete mil homens que haviam restado. Também Ben-Hadade veio fugindo à cidade, e escondia-se de câmara em câmara.
၃၀ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။-
31 Então seus servos lhe disseram: Eis que, ouvimos dos reis da casa de Israel que são reis clementes: ponhamos, pois, agora sacos em nossos lombos, e cordas em nossas cabeças, e saiamos ao rei de Israel: porventura te salvará a vida.
၃၁သူ​၏​အ​မှု​ထမ်း​များ​သည်​သူ့​ထံ​သို့​လာ​၍``ဣသ ရေ​လ​ဘု​ရင်​များ​သည်​သ​နား​ညှာ​တာ​တတ် ကြောင်း အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​ပါ​သည်။ သို့​ဖြစ် ၍​အ​ကျွန်ုပ်​တို့​အား​ဣ​သ​ရေ​လ​ဘု​ရင်​ထံ​သွား ခွင့်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ခါး​တွင် လျှော်​တေ​စည်း​၍​လည်​တွင်​ကြိုး​များ​ပတ်​ပြီး လျှင်​သွား​ရောက်​ကြ​ပါ​မည်။ သူ​သည်​အ​ရှင် ၏​အ​သက်​ကို​ချမ်း​သာ​ပေး​ကောင်း​ပေး​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
32 Cingiram, pois seus lombos de sacos, e cordas a suas cabeças, e vieram ao rei de Israel, e disseram-lhe: Teu servo Ben-Hadade disse: Rogo-te que viva minha alma. E ele respondeu: Se ele vive ainda, meu irmão é.
၃၂ထို့​နောက်​သူ​တို့​သည်​ခါး​တွင်​လျှော်​တေ​စည်း​၍ လည်​တွင်​ကြိုး​များ​ပတ်​ပြီး​လျှင် အာ​ဟပ်​မင်း ထံ​သို့​သွား​ရောက်​ကာ``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ ဒဒ်​က​သူ​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ရန်​ပန်​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက် ထား​ကြ​၏။ အာ​ဟပ်​က``ငါ့​နောင်​တော်​အ​သက်​ရှင်​သေး သ​လော'' ဟု​ဆို​၏။
33 Isto tomaram aqueles homens por bom presságio, e logo tomaram esta palavra de sua boca, e disseram: Teu irmão Ben-Hadade! E ele disse: Ide, e trazei-lhe. Ben-Hadade então se apresentou a Acabe, e ele lhe fez subir em um carro.
၃၃ဗင်္ဟာ​ဒဒ်​၏​အ​မှု​ထမ်း​တို့​သည် အ​ရိပ်​အ​ခြည် ကို​စောင့်​၍​ကြည့်​နေ​ရ​ကြ​ရာ၊ အာ​ဟပ်​က``နောင် တော်'' ဟု​ဆို​လိုက်​သော​အ​ခါ​ချက်​ချင်း​ပင် ဆက်​၍``အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဗင်္ဟာ ဒဒ်​သည်​အ​ရှင်​၏​နောင်​တော်​ပါ'' ဟု​လျှောက် ကြ​၏။ ထို​အ​ခါ​အာ​ဟပ်​က``သူ​အား​ငါ့​ထံ​သို့​ခေါ် ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ရောက်​ရှိ လာ​သော​အ​ခါ အာ​ဟပ်​သည်​သူ့​အား​မိ​မိ​၏ ရ​ထား​ပေါ်​သို့​တက်​ရန်​ဖိတ်​ခေါ်​တော်​မူ​၏။-
34 E disse-lhe Ben-Hadade: As cidades que meu pai tomou ao teu, eu as restituirei; e faze praças em Damasco para ti, como meu pai as fez em Samaria. E eu, disse Acabe, te deixarei partir com esta aliança. Fez, pois com ele aliança, e deixou-lhe ir.
၃၄ဗင်္ဟာ​ဒဒ်​က``အရှင့်​ခ​မည်း​တော်​၏​လက်​မှ​အ​ကျွန်ုပ် ၏​ခ​မည်း​တော်​သိမ်း​ယူ​ခဲ့​သော​မြို့​များ​ကို အ​ရှင့် အား​ပြန်​လည်​ပေး​အပ်​ပါ​မည်။ အ​ကျွန်ုပ်​၏​ခ​မည်း တော်​သည်​ရှ​မာ​ရိ​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ကို ထား​ရှိ​ခဲ့​သည့်​နည်း​တူ အ​ရှင်​သည်​လည်း​ဒ​မာ သက်​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ထား​ရှိ​နိုင်​ပါ သည်'' ဟု​ဆို​၏။ အာ​ဟပ်​က``ဤ​သ​ဘော​တူ​ညီ​ချက်​များ​အ​ရ သင်​၏​အ​သက်​ကို​ချမ်း​သာ​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ပြီး​လျှင် ဗင်္ဟာ​ဒဒ်​အား​သွား​ခွင့်​ပြု​တော် မူ​၏။
35 Então um homem dos filhos dos profetas disse a seu companheiro por palavra de Deus: Fere-me agora. Mas o outro homem não quis ferir-lhe.
၃၅ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​ရ​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​အား``ငါ့ ကို​ရိုက်​လော့'' ဟု​ဆို​၏။ သို့​သော်​လည်း​ပ​ရော​ဖက် က​ငြင်း​ဆန်​သ​ဖြင့်၊-
36 E ele lhe disse: Porquanto não obedeceste à palavra do SENHOR, eis que em apartando-te de mim, te ferirá um leão. E quando se separou dele, encontrou-lhe um leão, e feriu-lhe.
၃၆သူ့​အား``သင်​သည်​ထာဝရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​သည်​ဖြစ်​၍ ငါ​၏​ထံ​မှ​ထွက်​ခွာ သွား​သည်​နှင့်​တစ်​ပြိုင်​နက်​ခြင်္သေ့​ကိုက်​၍​သေ လိမ့်​မည်'' ဟု​ဆို​၏။ ယင်း​သို့​ဆို​သည့်​အ​တိုင်း ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် ထို​ပ​ရော​ဖက်​သည်​ခြင်္သေ့​ကိုက်​၍​သေ လေ​သည်။
37 Encontrou-se logo com outro homem, e disse-lhe: Fere-me agora. E o homem lhe deu um golpe, e fez-lhe uma ferida.
၃၇ထို့​နောက်​အ​ရိုက်​ခိုင်း​သော​ပ​ရော​ဖက်​သည် အ​ခြား​သူ​တစ်​ဦး​ထံ​သွား​၍``ငါ့​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သူ​သည်​ပြင်း​စွာ​ရိုက် ၍​ဒဏ်​ရာ​ရ​စေ​၏။-
38 E o profeta se foi, e pôs-se diante do rei no caminho, e disfarçou-se com um véu sobre os olhos.
၃၈ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။-
39 E quando o rei passava, ele deu vozes ao rei, e disse: Teu servo saiu entre a tropa: e eis que um, que estava a sair, trouxe-me um homem, dizendo: Guarda a este homem, e se ele vier a faltar, tua vida será pela dele, ou pagarás um talento de prata.
၃၉မင်း​ကြီး​ကြွ​လာ​တော်​မူ​သော​အ​ခါ​ပ​ရော ဖက်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​တိုက်​ပွဲ ဝင်​လျက်​နေ​စဉ် စစ်​သား​တစ်​ယောက်​သည်​ရန်​သူ သုံ့​ပန်း​တစ်​ဦး​ကို​အ​ကျွန်ုပ်​ထံ​အပ်​၍`ဤ​သူ​ကို ထိန်း​သိမ်း​ထား​လော့။ အ​ကယ်​၍​ထို​သူ​ထွက်​ပြေး သွား​ပါ​က သင်​သည်​သူ​၏​အ​သက်​အ​စား​မိ​မိ ၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သို့​မ​ဟုတ်​လျှင် လည်း​ငွေ​သား​သုံး​ထောင်​ဒဏ်​ဆောင်​ရ​မည်' ဟု မှာ​ကြား​ခဲ့​ပါ​၏။-
40 E quando o teu servo estava ocupado à uma parte e à outra, ele desapareceu. Então o rei de Israel lhe disse: Essa será tua sentença: tu a pronunciaste.
၄၀သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​အ​လုပ်​များ​နေ​စဉ်​ထို​သုံ့​ပန်း​ထွက် ပြေး​သွား​ပါ​သည်'' ဟု​လျှောက်​၏။ မင်း​ကြီး​က``သင်​ကိုယ်​တိုင်​စီ​ရင်​ချက်​ချ​ပြီး ဖြစ်​၍ သင်​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု ဆို​၏။
41 Porém ele se tirou logo o véu de sobre seus olhos, e o rei de Israel conheceu que era dos profetas.
၄၁ထို​အ​ခါ​ပ​ရော​ဖက်​သည် မိ​မိ​၏​မျက်​နှာ​မှ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​လိုက်​သော​အ​ခါ မင်း ကြီး​သည်​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​ကြောင်း ကို​သိ​လေ​သည်။-
42 E ele lhe disse: Assim disse o SENHOR: Porquanto soltaste da mão o homem de meu anátema, tua vida será pela sua, e teu povo pelo seu.
၄၂ပရော​ဖက်​က​လည်း``ထာ​ဝ​ရ​ဘု​ရား​က`ရန်​သူ ကို​သတ်​ရန် ငါ​အ​မိန့်​ပေး​ထား​သော်​လည်း​သူ့ ကို​လွှတ်​ပစ်​လိုက်​သည့်​အ​တွက် ထို​သူ​၏​အ​သက် အ​စား​သင်​၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သင် ၏​တပ်​မ​တော်​သည်​လည်း​ထို​ရန်​သူ​၏​တပ်​မ တော်​ကို​ထွက်​ပြေး​ခွင့်​ပြု​သည့်​အ​တွက် သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်' ဟု​မိန့်​တော် မူ​ပါ​၏'' ဟု​မင်း​ကြီး​အား​ဆင့်​ဆို​ပါ​၏။
43 E o rei de Israel se foi a sua casa triste e irritado, e chegou a Samaria.
၄၃မင်း​ကြီး​သည် ပူ​ပင်​စိုး​ရိမ်​စိတ်​ပျက်​အား လျော့​လျက် ရှ​မာ​ရိ​မြို့​နန်း​တော်​သို့​ပြန် တော်​မူ​၏။

< 1 Reis 20 >