< Ezdrasza 6 >

1 Tedy król Daryjusz rozkazał, aby szukano w biblijotece między skarbami tamże złożonemi w Babilonie.
သို့​ဖြစ်​၍​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ဗာ​ဗု​လုန်​မြို့​တွင် ထား​ရှိ​သည့်​နန်း​တော်​မှတ်​တမ်း​များ​တွင်​ရှာ​ဖွေ​ကြည့်​ရှု​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
2 I znaleziono w Achmecie na zamku, który jest w ziemi Medskiej, księgę jednę, a taka była zapisana w niej pamięć:
သို့​ရာ​တွင်​အောက်​ပါ​မှတ်​တမ်း​၌​ပါ​ရှိ​သည့်​စာ​လိပ်​ကို မေ​ဒိ​ပြည်​နယ်၊ အာ​ခ​မေ​သ​မြို့​၌​သာ​တွေ့​ရှိ​ကြ​ရ​၏။
3 Roku pierwszego Cyrusa króla, król Cyrus wydał wyrok o domu Bożym, który był w Jeruzalemie, aby był dom zbudowany dla miejsca, gdzieby ofiary sprawowano; aby też grunty jego były wybudowane, wysokość jego na sześćdziesiąt łokci, a szerokość jego na sześćdziesiąt łokci.
ထို​စာ​လိပ်​တွင်``ကု​ရု​ဘု​ရင်​သည်​မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ယဇ်​များ​ကို​ပူ​ဇော်​ရန်​နှင့် ပူ​ဇော်​သကာ​များ​ကို​မီး​ရှို့​ရန်​ဌာ​န​တော်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရ​မည်​ဟု​အ​မိန့်​တော်​ရှိ​၏။ ဗိ​မာန်​တော်​သည်​အ​မြင့်​ပေ​ကိုး​ဆယ်​နှင့်​အ​ချင်း​ပေ​ကိုး​ဆယ်​ရှိ​ရ​မည်။-
4 Trzy rzędy z kamienia wielkiego, a jeden rząd z drzewa nowego, a nakład z domu królewskiego dawany będzie.
နံ​ရံ​များ​ကို​ကျောက်​တုံး​တန်း​သုံး​ဆင့်၊ သစ်​သား​တန်း​တစ်​ဆင့်​ကျ​အ​ထပ်​ထပ်​ဆောက်​လုပ်​ရ​မည်။ ကုန်​ကျ​သည့်​စ​ရိတ်​မှန်​သ​မျှ​ကို ဘု​ရင့်​ဘဏ္ဍာ​တော်​တိုက်​မှ​ထုတ်​၍​သုံး​စွဲ​ရ​မည်။-
5 Nadto i naczynia domu Bożego, złote i srebrne, które był zabrał Nabuchodonozor z kościoła, który jest w Jeruzalemie, a przeniósł do Babilonu, niech wrócą, aby się dostały do kościoła, który jest w Jeruzalemie, na miejsce swe, i złożone były w domu Bożym.
ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ယူ​ဆောင်​လာ​ခဲ့​သည့်​ရွှေ​ငွေ​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း သက်​ဆိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ပေး​ပို့​ရ​မည်'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပါ​၏။
6 Przetoż teraz Tattenaju, starosto za rzeką! z Setarbozenaimem, i z towarzyszami twymi, i Afarsechajczycy, którzyście za rzeką, ustąpcie stamtąd.
ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ပြန်​ကြား​စာ​ကို​ပေး​ပို့​တော်​မူ​သည်။ ထို​ပြန်​ကြား​စာ​တွင်၊ ``ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ၊ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ရှိ သင်​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သို့၊ ``သင်​တို့​သည်​ဗိ​မာန်​တော်​အ​နီး​သို့​မ​ချဉ်း​မ​ကပ်​ကြ​နှင့်။-
7 Dopuśćcie, żeby był budowany ten dom Boży od książęcia Żydowskiego, i od starszych Żydowskich, aby ten dom Boży zbudowali na miejscu swem.
ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​လည်း​မ​နှောင့်​ယှက်​ကြ​နှင့်။ ယု​ဒ​ဘု​ရင်​ခံ​နှင့်​ယု​ဒ​ခေါင်း​ဆောင်​တို့​အား ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​နေ​ရာ​ဟောင်း​တွင် ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု​ကြ​လော့။-
8 Odemnie też wyszedł wyrok o tem, cobyście mieli czynić z starszymi tych Żydów przy budowaniu tego domu Bożego; to jest, aby z majętności królewskich, z dochodów, które są za rzeką, dawano bez omieszkania nakład mężom tym, aby nie przestawali.
ပြန်​လည်​တည်​ဆောက်​မှု​တွင်​သူ​တို့​ကို​ကူ​ညီ​ကြ​ရန် ယ​ခု​သင်​တို့​အား​ငါ​အ​မိန့်​တော်​ရှိ​သည်။ တည်​ဆောက်​မှု​အ​ဆက်​မ​ပြတ်​စေ​ရန် ကုန်​ကျ​စ​ရိတ်​များ​ကို​ဥ​ဖ​ရတ်​မြစ်​အ​နောက်​ဘက်​ဒေ​သ​မှ ကောက်​ခံ​ရ​ရှိ​သော​အ​ခွန်​ငွေ​များ​ဖြစ်​သည့်​ဘု​ရင်​၏​ဘဏ္ဍာ​တော်​မှ​မ​ဆိုင်း​မ​တွ​ထုတ်​ပေး​ကြ​လော့။-
9 A ile potrzeba i wołów, i baranów, i baranków na całopalenia Bogu niebieskiemu, zboża, soli, wina, i oliwy, na rozkazanie kapłanów, którzy są w Jeruzalemie, aby im dawano na każdy dzień, a to bez omieszkania;
ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​သည့်​ယဇ်​များ​ကို​ပူ​ဇော်​၍ ငါ​နှင့်​ငါ​၏​သား​များ​အ​တွက်​ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ပေး​ကြ​ရန် ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​က မီး​ရှို့​ရာ​ပူ​ဇော်​သကာ​များ​အ​ဖြစ်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​အား​ဆက်​သ​ရန် လို​အပ်​သ​မျှ​သော​နွား​သ​ငယ်၊ သိုး၊ သိုး​သ​ငယ်၊ ဂျုံ​စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​ကို​နေ့​စဉ်​နေ့​တိုင်း​မ​ပျက်​မ​ကွက်​ပေး​ကြ​လော့။-
10 Aby mieli skąd ofiarować wonne kadzenia Bogu niebieskiemu, i aby się modlili za zdrowie królewskie, i synów jego.
၁၀
11 Nadto uczyniony jest odemnie dekret: Ktobykolwiek wzruszył to przykazanie, aby wyjęto drzewo z domu jego, i aby je podniesiono, a na niem go powieszono, a dom jego aby był gnojowiskiem dla tego.
၁၁ထပ်​မံ​၍​ငါ​မိန့်​ဆို​သည်​မှာ ဤ​အ​မိန့်​ကို​မ​နာ​ခံ​သော​သူ​အား သူ​၏​အိမ်​မှ​ယက်​မ​တစ်​ချောင်း​ကို​ယူ​၍​ထိပ်​ကို​ချွန်​အောင်​ပြု​လျက်၊ သပ်​လျှို​၍​သတ်​စေ၊ သူ​၏​အိမ်​သည်​လည်း​အ​မှိုက်​ပုံ​ကဲ့​သို့​ဖြစ်​ပါ​စေ။-
12 A Bóg, który tam uczynił mieszkanie imieniowi swemu, niech zniszczy każdego króla i naród, któryby ściągnął rękę swą na odmianę i skazę tego domu Bożego, który jest w Jeruzalemie. Ja Daryjusz uczyniłem ten dekret; bez omieszkania niech będzie wyk onany.
၁၂ယေ​ရု​ရှ​လင်​မြို့​ကို မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​အ​ဖြစ်​ရွေး​ချယ်​သတ်​မှတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ဤ​အ​မိန့်​ကို​ဖီ​ဆန်​ကာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ရန်​ကြိုး​စား​သူ အ​ဘယ်​ဘု​ရင်​သို့​မ​ဟုတ်​လူ​မျိုး​ကို​မ​ဆို​ဖျက်​ဆီး​တော်​မူ​ပါ​စေ​သ​တည်း။ ဤ​ကား​ငါ​ဒါ​ရိ​မင်း​၏​အ​မိန့်​တော်​ဖြစ်​၏။ အ​မိန့်​တော်​အ​တိုင်း​နာ​ခံ​ကြ​လော့'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။
13 Tedy Tattenaj, starosta za rzeką, i Setarbozenaj, i towarzysze ich według tego, jako rozkazał król Daryjusz, tak uczynili bez omieszkania.
၁၃ထို​အ​ခါ​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် မင်း​ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ကြ​လေ​သည်။-
14 A starsi Żydowscy budowali, i szczęściło się im według proroctwa Haggieusza proroka, i Zachariasza, syna Iddy; i budowali i dokonali za rozkazaniem Boga Izraelskiego, i za rozkazaniem Cyrusa, i Daryjusza, i Artakserksesa, królów Perskich.
၁၄ယု​ဒ​ခေါင်း​ဆောင်​တို့​သည်​ဟ္ဂဲ​နှင့်​ဇာ​ခ​ရိ​တို့​၏​အား​ပေး​မှု​ကြောင့် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​တိုး​တက်​အောင်​မြင်​စွာ​ဆောင်​ရွက်​နိုင်​ကြ​လေ​သည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ဘု​ရင်​များ​ဖြစ်​သည့်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း​နှင့်​အာ​တ​ဇေ​ရဇ်​မင်း​တို့​၏​အ​မိန့်​တော်​များ​အ​ရ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင်​တည်​ဆောက်​ကြ​ရာ၊-
15 I dokończony jest on dom trzeciego dnia miesiąca Adar, a ten był rok szósty panowania Daryjusza króla.
၁၅ဒါ​ရိ​မင်း​နန်း​စံ​ခြောက်​နှစ်​မြောက်၊ အာ​ဒါ​လ​သုံး​ရက်​နေ့​၌​လက်​စ​သတ်​ကြ​၏။-
16 Tedy synowie Izraelscy, kapłani i Lewitowie, i inni z ludu, którzy przyszli z więzienia, poświęcali on dom Boży z radością.
၁၆ထို​နောက်​ဣ​သ​ရေ​လ​ပြည်​သူ​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​မှန်​သ​မျှ​တို့​သည် ဗိ​မာန်​တော်​ကို​ရွှင်​လန်း​ဝမ်း​မြောက်​စွာ အ​နု​မော​ဒ​နာ​ပြု​ကြ​ကုန်​၏။-
17 A ofiarowali przy poświęcaniu onego domu Bożego, cielców sto, baranów dwieście, baranków cztery sta, i kozłów z kóz na ofiarę za grzech za wszystkiego Izraela, dwanaście, według liczby pokolenia Izraelskiego.
၁၇ထို​အ​နု​မော​ဒ​နာ​ပွဲ​၌​သူ​တို့​သည်​နွား​ကောင်​ရေ​တစ်​ရာ၊ သိုး​ကောင်​ရေ​နှစ်​ရာ​နှင့်​သိုး​သား​ငယ်​ကောင်​ရေ​လေး​ရာ​ကို​ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ဆိတ်​တစ်​ကောင်​ကျ​ဖြင့် ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ကြ​၏။-
18 I postawili kapłanów w rzędach swych, i Lewitów w przemianach swoich, nad służbą Bożą w Jeruzalemie, jako napisane w księgach Mojżeszowych.
၁၈သူ​တို့​သည်​မော​ရှေ​၏​ကျမ်း​တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လှည့်​ကျ​ခွဲ​ထား​သော​တာ​ဝန်​ကို​ပေး​အပ်​ကြ​လေ​သည်။
19 Obchodzili też ci, co przyszli z niewoli, swięto przejścia czternastego dnia miesiąca pierwszego.
၁၉ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​သူ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ကျင်း​ပ​ကြ​၏။-
20 Bo się oczyścili kapłani i Lewitowie jednostajnie, wszyscy byli oczyszczeni; przetoż ofiarowali baranka święta przejścia za wszystkich, którzy przyszli z niewoli, i za braci swoich kapłanów, i za siebie samych.
၂၀ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း​စေ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လျက်​ရှိ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မိ​မိ​တို့​ကိုယ်​တိုင်​တို့​အ​တွက်​ပ​သ​ခါ​ယဇ်​ကောင်​များ​ကို​သတ်​ကြ​၏။-
21 A tak jedli synowie Izraelscy, którzy się wrócili z niewoli, i każdy, który się odłączył od sprosności narodów onej ziemi do nich, aby szukał Pana, Boga Izraelskiego.
၂၁ထို​ယဇ်​ကောင်​တို့​၏​အ​သား​ကို​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​ထို​ဒေ​သ​တွင်​နေ​ထိုင်​လျက်​ရှိ​သော​သူ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​စွန့်​လွှတ်​ကြ​သူ​များ​နှင့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန်​လာ​ကြ​သူ​အ​ပေါင်း​တို့​သည်​စား​ကြ​၏။-
22 I obchodzili święto uroczyste przaśników przez siedm dni z radością, przeto, że ich Pan był rozweselił, a obrócił serce króla Assyryjskiego do nich, aby zmocnił ręce ich w robocie około domu Bożego, Boga Izraelskiego.
၂၂သူ​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း အား​ထောက်​ပံ့​ကူ​ညီ​လို​စိတ်​ကို​သွင်း​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် အ​လွန်​ပင်​ဝမ်း​မြောက်​ကြ​လေ​သည်။

< Ezdrasza 6 >