< روت 4 >

و بوعز به دروازه آمده، آنجا نشست و اینک آن ولی که بوعز درباره او سخن گفته بود می‌گذشت، و به او گفت: «ای فلان! به اینجابرگشته، بنشین.» و او برگشته، نشست. ۱ 1
ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
و ده نفراز مشایخ شهر را برداشته، به ایشان گفت: «اینجابنشینید.» و ایشان نشستند. ۲ 2
တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ၏။
و به آن ولی گفت: «نعومی که از بلاد موآب برگشته است قطعه زمینی را که از برادر ما الیملک بود، می‌فروشد. ۳ 3
အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ်၍၊
ومن مصلحت دیدم که تو را اطلاع داده، بگویم که آن را به حضور این مجلس و مشایخ قوم من بخر، پس اگر انفکاک می‌کنی، بکن، و اگر انفکاک نمی کنی مرا خبر بده تا بدانم، زیرا غیر از تو کسی نیست که انفکاک کند، و من بعد از تو هستم.» اوگفت: «من انفکاک می‌کنم.» ۴ 4
သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှ တပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
بوعز گفت: «درروزی که زمین را از دست نعومی می‌خری، ازروت موآبیه، زن متوفی نیز باید خرید، تا نام متوفی را بر میراثش برانگیزانی.» ۵ 5
ဗောဇကလည်း၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော်၊
آن ولی گفت: «نمی توانم برای خود انفکاک کنم مبادا میراث خود را فاسد کنم، پس تو حق انفکاک مرا بر ذمه خود بگیر زیرا نمی توانم انفکاک نمایم.» ۶ 6
အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
و رسم انفکاک و مبادلت در ایام قدیم دراسرائیل به جهت اثبات هر امر این بود که شخص کفش خود را بیرون کرده، به همسایه خود می‌داد. و این در اسرائیل قانون شده است. ۷ 7
ဣသရေလရှေးထုံးစံ ဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
پس آن ولی به بوعز گفت: «آن را برای خود بخر.» و کفش خود را بیرون کرد. ۸ 8
သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
و بوعز به مشایخ و به تمامی قوم گفت: «شما امروز شاهد باشید که تمامی مایملک الیملک و تمامی مایملک کلیون ومحلون را از دست نعومی خریدم. ۹ 9
ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊
و هم روت موآبیه زن محلون را به زنی خود خریدم تا نام متوفی را بر میراثش برانگیزانم، و نام متوفی ازمیان برادرانش و از دروازه محله‌اش منقطع نشود، شما امروز شاهد باشید.» ۱۰ 10
၁၀သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
و تمامی قوم که نزد دروازه بودند و مشایخ گفتند: «شاهد هستیم و خداوند این زن را که به خانه تو درآمد، مثل راحیل و لیه گرداند که خانه اسرائیل را بنا کردند، و تو در افراته کامیاب شو، ودر بیت لحم نامور باش. ۱۱ 11
၁၁တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။
و خانه تو مثل خانه فارص باشد که تامار برای یهودا زایید، ازاولادی که خداوند تو را از این دختر، خواهدبخشید.» ۱۲ 12
၁၂အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။
پس بوعز روت را گرفت و او زن وی شد وبه او درآمد و خداوند او را حمل داد که پسری زایید. ۱۳ 13
၁၃ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။
و زنان به نعومی گفتند: «متبارک بادخداوند که تو را امروز بی‌ولی نگذاشته است و نام او در اسرائیل بلند شود. ۱۴ 14
၁၄မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
و او برایت تازه کننده جان و پرورنده پیری تو باشد، زیرا که عروست که تو را دوست می‌دارد و برایت از هفت پسر بهتراست، او را زایید.» ۱۵ 15
၁၅သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
و نعومی پسر را گرفته، در آغوش خود گذاشت و دایه او شد. ۱۶ 16
၁၆နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
و زنان همسایه‌اش، او را نام نهاده، گفتند برای نعومی پسری زاییده شد، و نام اورا عوبید خواندند و او پدر یسی پدر داوداست. ۱۷ 17
၁၇အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ၏။ ဩဗက် သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
این است پیدایش فارص: فارص حصرون را آورد؛ ۱۸ 18
၁၈ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
و حصرون، رام را آورد؛ و رام، عمیناداب را آورد؛ ۱۹ 19
၁၉ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
و عمیناداب نحشون راآورد؛ و نحشون سلمون را آورد؛ ۲۰ 20
၂၀အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
و سلمون بوعز را آورد؛ و بوعز عوبید را آورد؛ ۲۱ 21
၂၁စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
و عوبیدیسی را آورد؛ و یسی داود را آورد. ۲۲ 22
၂၂ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။

< روت 4 >