< مکاشفهٔ یوحنا 13 >
و او بر ریگ دریا ایستاده بود. | ۱ 1 |
၁နဂါးသည်ပင်လယ်ကမ်းခြေတွင်ရပ်လျက်နေ၏။ ထိုနောက်ပင်လယ်ထဲမှဦးချိုဆယ်ချောင်း နှင့်ဦးခေါင်းခုနစ်လုံးရှိသော သားရဲတစ် ကောင်တက်လာသည်ကိုငါမြင်ရ၏။ သူ၏ ဦးချိုတစ်ချောင်းစီတွင်သရဖူဆောင်းထား ၏။ သူ၏ဦးခေါင်းတစ်လုံးစီပေါ်၌လည်း ဘုရားသခင်၏အသရေတော်ကိုရှုတ်ချ သည့်အမည်နာမကိုရေးသားထား၏။-
و آن وحش را که دیدم، مانند پلنگ بود و پایهایش مثل پای خرس و دهانش مثل دهان شیر. و اژدها قوت خویش وتخت خود و قوت عظیمی به وی داد. | ۲ 2 |
၂ငါမြင်ရသည့်သားရဲသည်ကျားသစ်နှင့်တူ ၏။ သူ၏ခြေတို့သည်ဝက်ဝံခြေများနှင့်တူ၍ သူ၏နှုတ်သည်ခြင်္သေ့၏နှုတ်နှင့်တူ၏။ နဂါး သည်မိမိ၏တန်ခိုးနှင့်မိမိ၏ပလ္လင်ကိုလည်း ကောင်း၊ ကြီးမားသောအာဏာစက်ကိုလည်း ကောင်းထိုသားရဲအားပေးအပ်၏။-
و یکی ازسرهایش را دیدم که تا به موت کشته شد و از آن زخم مهلک شفا یافت و تمامی جهان درپی این وحش در حیرت افتادند. | ۳ 3 |
၃သူ၏ဦးခေါင်းတစ်လုံးမှာသေလောက်သည့် ဒဏ်ရာရထားသကဲ့သို့ရှိသော်လည်း ထို ဒဏ်ရာမှာပျောက်ကင်းလျက်နေလေပြီ။ ကမ္ဘာ သူကမ္ဘာသားအပေါင်းတို့သည်ထိုသားရဲ အားအံ့သြလျက်သူ၏နောက်သို့လိုက်ကြ ကုန်၏။-
و آن اژدها را که قدرت به وحش داده بود، پرستش کردند و وحش را سجده کرده، گفتند که «کیست مثل وحش وکیست که با وی میتواند جنگ کند؟» | ۴ 4 |
၄နဂါးသည်မိမိ၏အာဏာကိုသားရဲအား အပ်နှင်းပေးသူဖြစ်သဖြင့် လူတို့သည်နဂါး ကိုကိုးကွယ်ကြ၏။ လူတို့က``ဤသားရဲနှင့် အဘယ်သူတူပါသနည်း။ သူ့အားအဘယ် သူဆိုင်ပြိုင်တိုက်ခိုက်နိုင်ပါသနည်း'' ဟုဆို လျက်သားရဲကိုလည်းရှိခိုးကြ၏။
و به وی دهانی داده شد که به کبر و کفر تکلم میکند؛ و قدرتی به او عطا شد که مدت چهل ودو ماه عمل کند. | ۵ 5 |
၅ထိုသားရဲသည်ကြွားဝါ၍ဘုရားသခင်အား ပြစ်မှားပြောဆိုခွင့်ကိုလည်းကောင်း၊ လေးဆယ့် နှစ်လပတ်လုံးအုပ်စိုးပိုင်ခွင့်ကိုလည်းကောင်း ရရှိထား၏။-
پس دهان خود را به کفرهای برخدا گشود تا بر اسم او و خیمه او و سکنه آسمان کفر گوید. | ۶ 6 |
၆သူသည်ဘုရားသခင်နှင့်ကိုယ်တော်၏နာမ တော်ကိုလည်းကောင်း၊ ကိုယ်တော်ကျိန်းဝပ်တော် မူရာကိုလည်းကောင်း၊ ကောင်းကင်ဘုံတွင်စံစား သူတို့ကိုလည်းကောင်းပြစ်မှားပြောဆိုရန် မိမိ၏နှုတ်ကိုဖွင့်လေ၏။-
و به وی داده شد که با مقدسین جنگ کند و بر ایشان غلبه یابد؛ و تسلط بر هر قبیله وقوم و زبان و امت، بدو عطا شد. | ۷ 7 |
၇သူသည်ဘုရားသခင်၏လူစုတော်အားတိုက် ခိုက်၍ အနိုင်ရခွင့်နှင့်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူ အမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်ခွင့်ကို လည်းရရှိပေသည်။-
و جمیع ساکنان جهان، جز آنانی که نامهای ایشان در دفتر حیات برهای که از بنای عالم ذبح شده بود مکتوب است، او را خواهند پرستید. | ۸ 8 |
၈အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။
اگر کسی گوش داردبشنود. | ۹ 9 |
၉``ကြားတတ်သောနားရှိသူတို့ကြားကြပါစေ။-
اگر کسی اسیر نماید به اسیری رود، واگر کسی به شمشیر قتل کند، میباید او به شمشیرکشته گردد. در اینجاست صبر و ایمان مقدسین. | ۱۰ 10 |
၁၀အဖမ်းခံရမည့်သူသည်အဖမ်းခံရမည် သာဖြစ်သည်။ ဋ္ဌားဘေးနှင့်သေရမည့်သူသည် လည်းဋ္ဌားဘေးနှင့်သေရမည်သာဖြစ်၏။ ဤ အကြောင်းကြောင့်ဘုရားသခင်၏လူစု တော်သည်တည်ကြည်သူများ၊ သစ္စာရှိသူ များဖြစ်ရန်လိုပေသည်။
و دیدم وحش دیگری را که از زمین بالامی آید و دو شاخ مثل شاخهای بره داشت و ماننداژدها تکلم مینمود؛ | ۱۱ 11 |
၁၁ထိုနောက်အခြားသားရဲတစ်ကောင်ကိုငါမြင် ရ၏။ သူသည်မြေကြီးထဲမှထွက်လာ၏။ သူ့ မှာသိုးချိုနှင့်တူသောဦးချိုနှစ်ချောင်းရှိ၏။ သူသည်နဂါးကဲ့သို့စကားပြော၏။-
و با تمام قدرت وحش نخست، در حضور وی عمل میکند و زمین وسکنه آن را بر این وامی دارد که وحش نخست راکه از زخم مهلک شفا یافت، بپرستند. | ۱۲ 12 |
၁၂သူသည်ပထမသားရဲ၏အာဏာရှိသမျှ ကိုထိုသားရဲ၏ရှေ့တွင်သုံးစွဲ၏။ သူသည် သေလောက်သည့်ဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကိုကမ္ဘာသူကမ္ဘာသားတို့ အားကိုးကွယ်စေ၏။-
ومعجزات عظیمه بعمل میآورد تا آتش را نیز ازآسمان در حضور مردم به زمین فرود آورد. | ۱۳ 13 |
၁၃ဒုတိယသားရဲသည်အံ့သြဖွယ်နိမိတ်လက္ခ ဏာများကိုပြ၏။ လူအပေါင်းတို့မျက်မှောက် ၌ကောင်းကင်မှကမ္ဘာမြေပေါ်သို့မီးများ ကျလာစေ၏။-
وساکنان زمین را گمراه میکند، به آن معجزاتی که به وی داده شد که آنها را در حضور وحش بنماید. و به ساکنان زمین میگوید که صورتی را ازآن وحش که بعد از خوردن زخم شمشیر زیست نمود، بسازند. | ۱۴ 14 |
၁၄သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
و به وی داده شد که آن صورت وحش را روح بخشد تا که صورت وحش سخن گوید و چنان کند که هرکه صورت وحش راپرستش نکند، کشته گردد. | ۱۵ 15 |
၁၅ထိုရုပ်တုသည်စကားပြောနိုင်ရန်လည်း ကောင်း၊ မိမိအားမရှိခိုးသူအပေါင်းတို့ အားသေစေနိုင်ရန်လည်းကောင်း ဒုတိယ သားရဲသည်ထိုရုပ်တုကိုအသက်သွင်း ပေးခွင့်ကိုလည်းရ၏။-
و همه را از کبیرو صغیر و دولتمند و فقیر و غلام و آزاد براین وامی دارد که بر دست راست یا برپیشانی خود نشانی گذارند. | ۱۶ 16 |
၁၆ထိုသားရဲသည်ကြီးမြတ်သူနှင့်သိမ်ငယ်သူ၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ ကျွန်နှင့်ကျွန်မ ဟုတ်သူရှိရှိသမျှသောလူတို့အားလက် ယာလက်တွင်ဖြစ်စေ၊ နဖူးတွင်ဖြစ်စေမိမိ ၏အမှတ်တံဆိပ်ရိုက်နှိပ်ထားစေ၏။-
و اینکه هیچکس خرید و فروش نتواند کرد، جز کسیکه نشان یعنی اسم یا عدد اسم وحش را داشته باشد. | ۱۷ 17 |
၁၇ထိုအမှတ်တံဆိပ်တည်းဟူသောသားရဲ၏ နာမည် သို့မဟုတ်ကိုယ်စားပြုသည့်ကိန်း ဂဏန်းကို ရိုက်နှိပ်ထားသူမှတစ်ပါးအဘယ် သူမျှကုန်ရောင်းကုန်ဝယ်ခွင့်မရ။
در اینجا حکمت است. پس هرکه فهم دارد، عدد وحش را بشمارد، زیرا که عددانسان است و عددش ششصد و شصت و شش است. | ۱۸ 18 |
၁၈ဤကိစ္စနှင့်ပတ်သက်၍ဉာဏ်ပညာရှိရန်လို ပေသည်။ ဉာဏ်ပညာရှိသူသည်သားရဲ၏ ကိန်းဂဏန်းအနက်ကိုတွက်ချက်ကြည့်နိုင် ၏။ ထိုကိန်းဂဏန်းသည်လူတစ်ယောက်၏ နာမည်ကိုကိုယ်စားပြု၏။ ထိုကိန်းဂဏန်း မှာခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ် သတည်း။