< مزامیر 33 >
ای صالحان در خداوند شادی نمایید، زیرا که تسبیح خواندن راستان رامی شاید. | ۱ 1 |
၁အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည် ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
خداوند را بربط حمد بگویید. با عودده تار او را سرود بخوانید. | ۲ 2 |
၂စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
سرودی تازه برای اوبسرایید. نیکو بنوازید با آهنگ بلند. | ۳ 3 |
၃ရှေ့တော်၌သီချင်းသစ်ကိုဆိုကြလော့။ သာယာစွာစောင်းကိုတီးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
زیرا کلام خداوند مستقیم است و جمیع کارهای او با امانت است. | ۴ 4 |
၄ထာဝရဘုရား၏နှုတ်ကပတ်တော်သည်မှန်ကန် ပေ၏။ ကိုယ်တော်ပြုတော်မူရာအမှုအရာတို့သည်လည်း သစ္စာတရားနှင့်ကိုက်ညီ၏။
عدالت و انصاف را دوست میدارد. جهان از رحمت خداوند پر است. | ۵ 5 |
၅ထာဝရဘုရားသည်ဖြောင့်မတ်မှန်ကန်မှုကို နှစ်သက်တော်မူ၏။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကမ္ဘာမြေကြီးကိုဖုံးလွှမ်းလျက်ရှိ၏။
به کلام خداوند آسمانها ساخته شد و کل جنود آنها به نفخه دهان او. | ۶ 6 |
၆ထာဝရဘုရားသည်အမိန့်တော်ဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့် နေ၊လ၊ကြယ်တာယာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
آبهای دریا را مثل توده جمع میکند و لجهها را در خزانهها ذخیره مینماید. | ۷ 7 |
၇ပင်လယ်ရှိသမျှတို့ကိုတစ်နေရာတည်းတွင် စုဝေးစေတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာရေများကို သိုလှောင်ခန်းများတွင်သိမ်းဆည်းထားတော် မူ၏။
تمامی اهل زمین از خداوند بترسند. جمیع سکنه ربع مسکون از او بترسند. | ۸ 8 |
၈ကမ္ဘာမြေကြီးသားအပေါင်းတို့၊ထာဝရ ဘုရားအား ရိုသေကိုင်းရှိုင်းကြလော့။ ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ကိုယ်တော်အား ကြောက်ရွံ့ရိုသေကြလော့။
زیرا که او گفت و شد. او امر فرمود و قایم گردید. | ۹ 9 |
၉ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ကမ္ဘာလောကသည်ဖြစ်ပေါ်လာ၏။ ကိုယ်တော်မိန့်တော်မူသောအခါခပ်သိမ်းသော အရာတို့သည်ပေါ်ပေါက်လာကြ၏။
خداوندمشورت امتها را باطل میکند. تدبیرهای قبائل را نیست میگرداند. | ۱۰ 10 |
၁၀ထာဝရဘုရားသည်လူမျိုးတကာတို့၏ ရည်မှန်းချက်များကိုပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည်များကိုလည်း အထမမြောက်စေရန်ဆီးတားတော်မူ၏။
مشورت خداوند قائم است تا ابدالاباد. تدابیر قلب او تا دهرالدهور. | ۱۱ 11 |
၁၁သို့ရာတွင်ကိုယ်တော်၏အကြံအစည်တော်တို့ မူကား အဘယ်ကာလ၌မျှပျက်ပြားလိမ့်မည်မဟုတ်။ ကိုယ်တော်၏ရည်မှန်းချက်တို့သည်ထာဝစဉ် အောင်မြင်သတည်း။
خوشابحال امتی که یهوه خدای ایشان است وقومی که ایشان را برای میراث خود برگزیده است. | ۱۲ 12 |
၁၂ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
از آسمان خداوند نظر افکند و جمیع بنی آدم را نگریست. | ۱۳ 13 |
၁၃ထာဝရဘုရားသည်ကောင်းကင်ဘုံမှ ငုံ့၍ကြည့်တော်မူရာ၊ လူသားအပေါင်းကိုမြင်တော်မူ၏။
از مکان سکونت خویش نظر میافکند، برجمیع ساکنان جهان. | ۱۴ 14 |
၁၄ကိုယ်တော်သည်မိမိစိုးစံတော်မူရာအရပ် မှငုံ့၍ ကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကို ကြည့်တော်မူ၏။
او که دلهای ایشان را جمیع سرشته است و اعمال ایشان را درک نموده است. | ۱۵ 15 |
၁၅ကိုယ်တော်သည်သူတို့၏စိတ်နှလုံးများကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူသဖြင့် သူတို့ကြံစည်ပြုကျင့်သမျှသော အမှုအရာများကိုသိတော်မူ၏။
پادشاه به زیادتی لشکر خلاص نخواهد شد و جبار به بسیاری قوت رهایی نخواهد یافت. | ۱۶ 16 |
၁၆ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။ စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
اسب به جهت استخلاص باطل است و به شدت قوت خودکسی را رهایی نخواهد داد. | ۱۷ 17 |
၁၇စစ်မြင်းတို့သည်အောင်ပွဲရမှုအတွက်အသုံးမဝင်။ သူတို့၏ကြီးမားသောခွန်အားကမကယ်နိုင်။
اینک چشم خداوند بر آنانی است که از او میترسند، برآنانی که انتظار رحمت او را میکشند. | ۱۸ 18 |
၁၈ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
تاجان ایشان را از موت رهایی بخشد و ایشان رادر قحط زنده نگاه دارد. | ۱۹ 19 |
၁၉ကိုယ်တော်သည်ထိုသူတို့အားသေဘေးမှ ကယ်တော်မူ၏။ အစာငတ်မွတ်ခေါင်းပါးရာကာလများ၌ သူတို့အားအသက်ရှင်နိုင်ခွင့်ကိုပေးတော် မူ၏။
جان ما منتظرخداوند میباشد. او اعانت و سپر ما است. | ۲۰ 20 |
၂၀ငါတို့သည်ထာဝရဘုရားကိုစောင့်မျှော်ကြ၏။ ကိုယ်တော်သည်ငါတို့အားကူမတော်မူ၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။
زیرا که دل ما در او شادی میکند و در نام قدوس او توکل میداریم. | ۲۱ 21 |
၂၁ငါတို့သည်ကိုယ်တော်ကြောင့်ရွှင်လန်း ဝမ်းမြောက်ကြရ၏။ ငါတို့သည်သန့်ရှင်းမြင့်မြတ်တော်မူသော နာမတော်ကိုကိုးစားကြ၏။
ای خداوندرحمت تو بر ما باد. چنانکه امیدوار توبودهایم. | ۲۲ 22 |
၂၂အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ စောင့်မျှော်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အားခိုင်မြဲသောမေတ္တာ တော်ကို ခံစားစေတော်မူပါ။