< اعداد 27 >

و دختران صلفحاد بن حافر بن جلعادبن ماکیر بن منسی، که از قبایل منسی ابن یوسف بود نزدیک آمدند، و اینهاست نامهای دخترانش: محله و نوعه و حجله و ملکه و ترصه. ۱ 1
ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေ အမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
و به حضور موسی و العازار کاهن، و به حضورسروران و تمامی جماعت نزد در خیمه اجتماع ایستاده، گفتند: ۲ 2
ပရိသတ်စည်းဝေးရာ တဲတော်တံခါး နား၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ်လျက်၊
«پدر ما در بیابان مرد و او از آن گروه نبود که در جمعیت قورح به ضد خداوندهمداستان شدند، بلکه در گناه خود مرد و پسری نداشت. ۳ 3
အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သားယောက်ျား မရှိပါ။
پس چرا نام پدر ما از این جهت که پسری ندارد از میان قبیله‌اش محو شود، لهذا ما رادر میان برادران پدر ما نصیبی بده.» ۴ 4
ထိုသို့ သားယောက်ျားမရှိ သောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ၏။
پس موسی دعوی ایشان را به حضورخداوند آورد. ۵ 5
သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့ တော်၌ ထားလေ၏။
و خداوند موسی را خطاب کرده، گفت: ۶ 6
ထာဝရဘုရားကလည်း၊ ဇလောဖဒ် သမီးတို့၏ စကားသည် လျောက်ပတ်ပေ၏။
«دختران صلفحاد راست می‌گویند، البته در میان برادران پدر ایشان ملک موروثی به ایشان بده، و نصیب پدر ایشان را به ایشان انتقال نما. ۷ 7
အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည်။
و بنی‌اسرائیل را خطاب کرده، بگو: اگر کسی بمیرد و پسری نداشته باشد، ملک او را به دخترش انتقال نمایید. ۸ 8
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။
و اگر او رادختری نباشد، ملک او را به برادرانش بدهید. ۹ 9
သမီးမရှိလျှင်၊ သူ၏ အမွေဥစ္စာကို သူ၏ ညီအစ်ကိုတို့အား ပေးရမည်။
واگر او را برادری نباشد، ملک او را به برادران پدرش بدهید. ۱۰ 10
၁၀ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီး ဘထွေး တို့အား ပေးရမည်။
و اگر پدر او را برادری نباشد، ملک او را به هر کس از قبیله‌اش که خویش نزدیکتر او باشد بدهید، تا مالک آن بشود، پس این برای بنی‌اسرائیل فریضه شرعی باشد، چنانکه خداوند به موسی‌امر فرموده بود.» ۱۱ 11
၁၁ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက်ဘော်အား ပေး၍၊ ထိုသူသည် ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအား မိန့်တော်မူ၏။
و خداوند به موسی گفت: «به این کوه عباریم برآی و زمینی را که به بنی‌اسرائیل داده‌ام، ببین. ۱۲ 12
၁၂တဖန် ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့။ ဣသရေလအမျိုးသားတို့ အား ငါပေးသောပြည်ကို ကြည့်ရှုလော့။
و چون آن را دیدی تو نیز به قوم خودملحق خواهی شد، چنانکه برادرت هارون ملحق شد. ۱۳ 13
၁၃သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရ မည်။
زیرا که در بیابان صین وقتی که جماعت مخامصه نمودند شما از قول من عصیان ورزیدید، و مرا نزد آب در نظر ایشان تقدیس ننمودید.» این است آب مریبه قادش، در بیابان صین. ۱۴ 14
၁၄အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြု ကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု၍၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ၏။
و موسی به خداوند عرض کرده، گفت: ۱۵ 15
၁၅မောရှေကလည်း၊ ထာဝရဘုရား၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ ထုတ် ခြင်း၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ၏။
«ملتمس اینکه یهوه خدای ارواح تمامی بشر، کسی را بر این جماعت بگمارد ۱۶ 16
၁၆
که پیش روی ایشان بیرون رود، و پیش روی ایشان داخل شود، و ایشان را بیرون برد و ایشان را درآورد، تاجماعت خداوند مثل گوسفندان بی‌شبان نباشند.» ۱۷ 17
၁၇
و خداوند به موسی گفت: «یوشع بن نون را که مردی صاحب روح است گرفته، دست خود را بر او بگذار. ۱۸ 18
၁၈ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သား ယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ် မှာတင်လော့။
و او را به حضورالعازار کاهن و به حضور تمامی جماعت برپاداشته، در نظر ایشان به وی وصیت نما. ۱۹ 19
၁၉ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အ ပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။
و ازعزت خود بر او بگذار تا تمامی جماعت بنی‌اسرائیل او را اطاعت نمایند. ۲۰ 20
၂၀ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏ စကားကို နားထောင်မည်အကြောင်း၊ သင်၏ ဘုန်း အသရေအချို့ကို သူ့အပေါ်၌ တင်ထားလော့။
و او به حضور العازار کاهن بایستد تا از برای او به حکم اوریم به حضور خداوند سوال نماید، و به فرمان وی، او و تمامی بنی‌اسرائیل با وی و تمامی جماعت، بیرون روند، و به فرمان وی داخل شوند.» ۲۱ 21
၂၁ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
پس موسی به نوعی که خداوند او راامر فرموده بود عمل نموده، یوشع را گرفت و اورا به حضور العازار کاهن و به حضور تمامی جماعت برپا داشت. ۲۲ 22
၂၂
و دستهای خود را بر اوگذاشته، او را به طوری که خداوند به واسطه موسی گفته بود، وصیت نمود. ۲۳ 23
၂၃သူ့အပေါ်မှာ လက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော် မူ၏။

< اعداد 27 >