< اعداد 23 >

و بلعام به بالاق گفت: «در اینجا برای من هفت مذبح بساز، و هفت گاو و هفت قوچ در اینجا برایم حاضر کن.» ۱ 1
ဗာ​လမ်​က``ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့'' ဟု ဗာ​လက်​အား​စေ​ခိုင်း​လေ​သည်။
و بالاق به نحوی که بلعام گفته بود به عمل آورد، و بالاق و بلعام، گاوی و قوچی بر هر مذبح گذرانیدند. ۲ 2
ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း​ဗာ​လက်​သည် ဆောင်​ရွက်​၍ သူ​တို့​နှစ်​ဦး​သည်​ယဇ်​ပလ္လင်​တစ်​ခု စီ​ပေါ်​တွင်​နွား​တစ်​ကောင်​နှင့်​သိုး​တစ်​ကောင် ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-
و بلعام به بالاق گفت: «نزد قربانی سوختنی خود بایست، تا من بروم؛ شاید خداوند برای ملاقات من بیاید، وهر‌چه او به من نشان دهد آن را به تو باز خواهم گفت.» پس به تلی برآمد. ۳ 3
ထို​နောက်​ဗာ​လမ်​က​ဗာ​လက်​အား``သင်​သည် မီး​ရှို့​ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​နှင့်​တွေ့​ဆုံ​ရန်​ကြွ​လာ​မည်၊ မ​ကြွ​လာ​မည်​ကို​သွား​၍​ကြည့်​မည်။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​မျှ ကို​သင့်​အား​ငါ​ပြော​ပြ​မည်'' ဟု​ဆို​လေ​၏။ ထို​ကြောင့်​သူ​သည်​တစ်​ယောက်​တည်း​တောင် ကုန်း​တစ်​ခု​ပေါ်​သို့​တက်​သွား​သော​အ​ခါ၊-
و خدا بلعام را ملاقات کرد، و او وی را گفت: «هفت مذبح برپا داشتم و گاوی و قوچی بر هرمذبح قربانی کردم.» ۴ 4
ဘု​ရား​သ​ခင်​သည်​သူ​နှင့်​တွေ့​ဆုံ​ရန်​ကြွ လာ​တော်​မူ​၏။ ထို​အ​ခါ​ဗာ​လမ်​က​ထာ​ဝ​ရ ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍​တစ်​ခု​စီ​ပေါ်​တွင် နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​ပါ​ပြီ'' ဟု လျှောက်​ထား​လေ​၏။
خداوند سخنی به دهان بلعام گذاشته، گفت: «نزد بالاق برگشته چنین بگو.» ۵ 5
ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို ရ​မည့်​စ​ကား​ကို​မိန့်​ကြား​ပြီး​လျှင်​ဗာ​လမ် ကို​ဗာ​လက်​ထံ​သို့​ပြန်​စေ​တော်​မူ​၏။-
پس نزد او برگشت، و اینک او با جمیع سروران موآب نزد قربانی سوختنی خود ایستاده بود. ۶ 6
သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာလက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ်​ပလ္လင် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​လေ​၏။
و مثل خود را آورده، گفت: «بالاق ملک موآب مرا از ارام از کوههای مشرق آورد، که بیایعقوب را برای من لعنت کن، و بیا اسرائیل رانفرین نما. ۷ 7
ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​၏။ ``မော​ဘ​ပြည်​ဘု​ရင်​ဗာ​လက်​က​ရှု​ရိ​ပြည်​တည်​ရာ အ​ရှေ့​တောင်​တန်း​များ​မှ​ငါ့​အား​ခေါ်​ဆောင်​ခဲ့​လေ ပြီ။ ဘု​ရင်​က`လာ​၍​ယာ​ကုပ်​အ​ဆက်​အ​နွယ်​တို့​ကို ကျိန်​ဆဲ​ပါ​လော့။ လာ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရှုတ်​ချ​ပါ​လော့' ဟု​ဆို​၏။
چگونه لعنت کنم آن را که خدا لعنت نکرده است؟ و چگونه نفرین نمایم آن را که خداوند نفرین ننموده است؟ ۸ 8
ဘု​ရား​သ​ခင်​ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​တို့ ကို ငါ​အ​ဘယ်​သို့​ကျိန်​ဆဲ​နိုင်​မည်​နည်း။ ဘု​ရား​သ​ခင်​ရှုတ်​ချ​တော်​မ​မူ​သော​သူ​တို့​ကို ငါ​အ​ဘယ်​သို့​ရှုတ်​ချ​နိုင်​မည်​နည်း။
زیرا از سرصخره‌ها او را می‌بینم. و از کوهها او را مشاهده می‌نمایم. اینک قومی است که به تنهایی ساکن می‌شود، و در میان امتها حساب نخواهد شد. ۹ 9
ငါ​သည်​ကျောက်​တောင်​များ​ပေါ်​မှ​သူ​တို့​ကို မြင်​ရ​၏။ ငါ​သည်​တောင်​ကုန်း​များ​ပေါ်​မှ​သူ​တို့​ကို​ရှု မြင်​နိုင်​၏။ သူ​တို့​သည်​လူ​မျိုး​အ​ပေါင်း​တို့​တွင်​ထူး​ခြား သော လူ​မျိုး​ဖြစ်​၏။ အ​ခြား​လူ​များ​ထက်​ကောင်း​ချီး​ပို​၍​ခံ​စား ရ​သူ​များ ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ​၏။
کیست که غبار یعقوب را تواند شمرد یا ربع اسرائیل را حساب نماید؟ کاش که من به وفات عادلان بمیرم و عاقبت من مثل عاقبت ایشان باشد.» ۱۰ 10
၁၀ဣ​သ​ရေ​လ​အ​ဆက်​အ​နွယ်​တို့​သည်​များ​ပြား လှ​သ​ဖြင့် မြေ​မှုန့်​ကို​မ​ရေ​မ​တွက်​နိုင်​သ​ကဲ့​သို့၊ သူ​တို့​ကို​မ​ရေ​မ​တွက်​နိုင်။ ဘု​ရား​သ​ခင်​၏​လူ​စု​ဝင်​တစ်​ယောက်​ကဲ့​သို့ သေ​ရ​ပါ​လို​၏။ ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​ငြိမ်း​ချမ်း​စွာ​သေ​ရ ပါ​လို​၏။''
پس بالاق به بلعام گفت: «به من چه کردی؟ تو را آوردم تا دشمنانم را لعنت کنی، و هان برکت تمام دادی!» ۱۱ 11
၁၁ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​မည်​သို့​ပြု​လုပ်​လိုက်​ပါ​သ​နည်း။ အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​ပါ​သော်​လည်း ကိုယ်​တော်​သည်​သူ​တို့ ကို​ကောင်း​ချီး​ပေး​ပါ​သည်​တ​ကား'' ဟု​ဆို​၏။
او در جواب گفت: «آیا نمی بایدباحذر باشم تا آنچه را که خداوند به دهانم گذاردبگویم؟» ۱۲ 12
၁၂ဗာ​လမ်​က``ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို​စေ​လို သည့်​အ​တိုင်း​သာ​လျှင် ငါ​ဆင့်​ဆို​နိုင်​သည်'' ဟု ပြန်​ဖြေ​လေ​၏။
بالاق وی را گفت: «بیا الان همراه من به‌جای دیگر که از آنجا ایشان را توانی دید، فقطاقصای ایشان را خواهی دید، و جمیع ایشان رانخواهی دید و از آنجا ایشان را برای من لعنت کن.» ۱۳ 13
၁၃ထို​နောက်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ဣသ​ရေ​လ အ​မျိုး​သား​အ​ချို့​ကို​သာ မြင်​နိုင်​သော​နေ​ရာ​သို့ လိုက်​ခဲ့​ပါ။ ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို ကျိန်​ဆဲ ပါ​လော့'' ဟု​ဆို​လေ​၏။-
پس او را به صحرای صوفیم، نزد قله فسجه برد و هفت مذبح بنا نموده، گاوی و قوچی بر هر مذبح قربانی کرد. ۱۴ 14
၁၄သို့​ဖြစ်​၍​ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​ကို ပိ​သ​ဂါ တောင်​ပေါ်​ရှိ​ဇော​ဖိမ်​ကွင်း​သို့​ခေါ်​ဆောင်​သွား​လေ သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​လေ​သည်။
و او به بالاق گفت: «نزدقربانی سوختنی خود، اینجا بایست تا من در آنجا(خداوند را) ملاقات نمایم.» ۱۵ 15
၁၅ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``သင်​သည်​မီး​ရှို့ ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ငါ​သည်​သွား​၍ ဘုရား​သခင်​နှင့်​တွေ့​ဆုံ​မည်'' ဟု​ဆို​၏။
و خداوند بلعام را ملاقات نموده، و سخنی در زبانش گذاشته، گفت: «نزد بالاق برگشته، چنین بگو.» ۱۶ 16
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို​ရ​မည့် စ​ကား​ကို​မိန့်​ကြား​ပြီး​နောက်​ဗာ​လမ်​ကို​ဗာ​လက် ထံ​သို့​ပြန်​စေ​တော်​မူ​၏။-
پس نزدوی آمد، و اینک نزد قربانی سوختنی خود باسروران موآب ایستاده بود، و بالاق از او پرسیدکه «خداوند چه گفت؟» ۱۷ 17
၁၇ထို့​ကြောင့်​ဗာ​လမ်​သည်​ဗာ​လက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​၏။ ဗာ​လက် ဘု​ရင်​က​ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​ကြား တော်​မူ​ကြောင်း​ကို​မေး​မြန်း​၏။-
آنگاه مثل خود راآورده، گفت: «ای بالاق برخیز و بشنو. و‌ای پسرصفور مرا گوش بگیر. ۱۸ 18
၁၈ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။ ``ဇိ​ဖော်​၏​သား​ဗာ​လက်၊ငါ့​ထံ​သို့​လာ​၍ ငါ​ပြော​မည့်​စ​ကား​ကို​နား​ထောင်​လော့။
خدا انسان نیست که دروغ بگوید. و از بنی آدم نیست که به اراده خودتغییر بدهد. آیا او سخنی گفته باشد و نکند؟ یاچیزی فرموده باشد و استوار ننماید؟ ۱۹ 19
၁၉ဘု​ရား​သ​ခင်​သည်​လူ​ကဲ့​သို့​မု​သား​စ​ကား ကို​မ​ပြော။ လူ​ကဲ့​သို့​စိတ်​ပြောင်း​လဲ​တော်​မ​မူ။ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​၏။ အ​မိန့်​တော်​အ​တိုင်း​ဖြစ်​ပျက်​တတ်​၏။
اینک مامور شده‌ام که برکت بدهم. و او برکت داده است و آن را رد نمی توانم نمود. ۲۰ 20
၂၀ကောင်း​ချီး​ပေး​ရန်​ငါ့​အား​စေ​ခိုင်း​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကောင်း​ချီး​ကို ငါ​သည်​မ​ရုတ်​သိမ်း​နိုင်။
او گناهی دریعقوب ندیده، و خطایی در اسرائیل مشاهده ننموده است. یهوه خدای او با وی است. و نعره پادشاه در میان ایشان است. ۲۱ 21
၂၁ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​အ​ခါ ဘေး​ဒုက္ခ​ရောက်​မည်​ကို​ငါ​မ​မြင်။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​ကြောင်း ကို ကြေ​ညာ​ကြ​၏။
خدا ایشان را ازمصر بیرون آورد. او را شاخها مثل گاو وحشی است. ۲۲ 22
၂၂ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ သူ​တို့​သည်​နွား​ရိုင်း​ကဲ့​သို့​ခွန်​အား​ကြီး​၏။
به درستی که بر یعقوب افسون نیست وبر اسرائیل فالگیری نی. درباره یعقوب و درباره اسرائیل در وقتش گفته خواهد شد، که خدا چه کرده است. ۲۳ 23
၂၃မှော်​အ​တတ်၊စုန်း​အ​တတ်​တို့​၏​အ​ကူ​အ​ညီ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို၊ အ​ဘယ်​သူ​မျှ​မ​တိုက်​ခိုက်​နိုင်။ ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ပုံ​မှာ အံ့​သြ​ဘွယ်​ဟူ​၍​ဆို​စ​မှတ်​ပြု​ကြ​လိမ့်​မည်။
اینک قوم مثل شیر ماده خواهندبرخاست. و مثل شیر نر خویشتن را خواهندبرانگیخت، و تا شکار را نخورد، و خون کشتگان را ننوشد، نخواهد خوابید.» ۲۴ 24
၂၄ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော​ခြင်္သေ့ နှင့်​တူ​၏။ သား​ကောင်​ကို​မ​သတ်​ဖြတ်​သွေး​ကို​မ​သောက် ရ​လျှင် ထို​ခြင်္သေ့​သည်​ငြိမ်​ဝပ်​၍​နေ​မည်​မ​ဟုတ်။''
بالاق به بلعام گفت: «نه ایشان را لعنت کن ونه برکت ده.» ۲۵ 25
၂၅ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​ကျိန် ဆဲ​ပါ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​ကောင်း​ချီး မ​ပေး​ပါ​နှင့်'' ဟု​ဆို​၏။
بلعام در جواب بالاق گفت: «آیاتو را نگفتم که هر‌آنچه خداوند به من گوید، آن را باید بکنم؟» ۲۶ 26
၂၆ဗာ​လမ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း ပြု​လုပ်​ရ​သည်​ဟု​သင့်​အား​ငါ ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဖြေ​ကြား​လေ​သည်။
بالاق به بلعام گفت: «بیا تا تو را به‌جای دیگر ببرم، شاید در نظر خدا پسند آید که ایشان را برای من از آنجا لعنت نمایی.» ۲۷ 27
၂၇တစ်​ဖန်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``အ​ခြား တစ်​နေ​ရာ​သို့​လိုက်​ခဲ့​ပါ​လော့။ ကိုယ်​တော်​အား ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို​ကျိန်​ဆဲ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​ကောင်း​ရှိ​မည်'' ဟု​ဆို​၏။-
پس بالاق بلعام را بر قله فغور که مشرف بر بیابان است، برد. ۲۸ 28
၂၈သို့​ဖြစ်​၍​သူ​သည်​ဗာ​လမ်​အား​တော​ကန္တာ​ရ​ကို မြင်​နိုင်​သော ပေ​ဂု​ရ​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင် သွား​လေ​သည်။-
بلعام به بالاق گفت: «در اینجا برای من هفت مذبح بساز و هفت گاو و هفت قوچ از برایم دراینجا حاضر کن.» ۲۹ 29
၂၉ဗာ​လမ်​က ဘု​ရင်​အား``ဤ​အ​ရပ်​တွင်​ငါ့​အ​တွက် ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ် ကောင်​နှင့်​သိုး​ထီး​ခု​နစ်​ကောင်​ကို​ယူ​ဆောင်​ခဲ့ လော့'' ဟု​စေ​ခိုင်း​လေ​သည်။-
و بالاق به طوری که بلعام گفته بود، عمل نموده، گاوی و قوچی بر هر مذبح قربانی کرد. ۳۰ 30
၃၀ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း ယဇ်​ပလ္လင်​များ​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော် လေ​၏။

< اعداد 23 >