< اعداد 20 >

و تمامی جماعت بنی‌اسرائیل در ماه اول به بیابان صین رسیدند، و قوم درقادش اقامت کردند، و مریم در آنجا وفات یافته، دفن شد. ۱ 1
သက္ကရာဇ်လေးဆယ်၊ ပဌမလ၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ သင်္ဂြိုဟ် လေ၏။
و برای جماعت آب نبود. پس بر موسی وهارون جمع شدند. ۲ 2
ပရိသတ်တို့သောက်စရာ ရေမရှိသောကြောင့်၊ မောရှေနှင့်အာရုန်တဘက်၌ စုဝေးကြလျက်၊
و قوم با موسی منازعت کرده، گفتند: «کاش که می‌مردیم وقتی که برادران ما در حضور خداوند مردند! ۳ 3
ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ၊ ငါတို့လည်း မသေပါလေ။
و چرا جماعت خداوند را به این بیابان آوردید تا ما و بهایم ما، دراینجا بمیریم؟ ۴ 4
ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။
و ما را از مصر چرا برآوردید تا مارا به این‌جای بد بیاورید که جای زراعت و انجیرو مو و انار نیست؟ و آب هم نیست که بنوشیم!» ۵ 5
ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ၍၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ် သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ် နွယ်ပင်၊ သလဲပင်စိုက်စရာမကောင်း။ သောက်စရာရေမျှ မရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။
و موسی و هارون از حضور جماعت نزد درخیمه اجتماع آمدند، و به روی خود درافتادند، وجلال خداوند بر ایشان ظاهر شد. ۶ 6
မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွား သဖြင့်၊ ပြပ်ဝပ်လျက် နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည် ထင်ရှားလေ၏။
و خداوندموسی را خطاب کرده، گفت: ۷ 7
ထာဝရဘုရားကလည်း၊
«عصا را بگیر و توو برادرت هارون جماعت را جمع کرده، در نظرایشان به این صخره بگویید که آب خود را بدهد، پس آب را برای ایشان از صخره بیرون آورده، جماعت و بهایم ایشان را خواهی نوشانید.» ۸ 8
လှံတံတော်ကို ကိုင်ယူ၍ သင်၏အစ်ကိုအာရုန် ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ထွက် စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဘို့ ရေကို ပေးရမည်ဟု၊
پس موسی عصا را از حضور خداوند، چنانکه او را فرموده بود، گرفت. ۹ 9
မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေ သည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊
و موسی وهارون، جماعت را پیش صخره جمع کردند، و به ایشان گفت: «ای مفسدان بشنوید، آیا از این صخره آب برای شما بیرون آوریم؟» ۱۰ 10
၁၀အာရုန်ပါလျက်၊ ပရိသတ်တို့ကို ကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုံတို့၊ နားထောင်ကြလော့။ ငါတို့သည် သင်တို့အဘို့ ဤကျောက်ထဲက ရေကို ထွက်စေ ရမည်လောဟု ဆိုလျက်၊
و موسی دست خود را بلند کرده، صخره را دو مرتبه باعصای خود زد و آب بسیار بیرون آمد که جماعت و بهایم ایشان نوشیدند. ۱۱ 11
၁၁မိမိလက်ကို ဆန့်၍ ကျောက်ကို လှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ် တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
و خداوند به موسی و هارون گفت: «چونکه مرا تصدیق ننمودید تا مرا در نظر بنی‌اسرائیل تقدیس نمایید، لهذا شما این جماعت را به زمینی که به ایشان داده‌ام داخل نخواهید ساخت.» ۱۲ 12
၁၂ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကို မယုံ ကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေ ပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကို မရကြဟု မောရှေ နှင့် အာရုန်တို့အား မိန့်တော်မူ၏။
این است آب مریبه‌جایی که بنی‌اسرائیل با خداوندمخاصمه کردند، و او خود را در میان ایشان تقدیس نمود. ۱۳ 13
၁၃ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေ လေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။
و موسی، رسولان از قادش نزد ملک ادوم فرستاد که «برادر تو اسرائیل چنین می‌گوید: که تمامی مشقتی را که بر ما واقع شده است، تومی دانی. ۱۴ 14
၁၄မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံ သို့ သံတမန်တို့ကို စေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလ က၊ အကျွန်ုပ်တို့ တွေ့ရသောအမှု အလုံးစုံတည်းဟူသော၊
که پدران ما به مصر فرود آمدند ومدت مدیدی در مصر ساکن می‌بودیم، و مصریان با ما و با پدران ما، بد سلوکی نمودند. ۱۵ 15
၁၅အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့ သည်အဲဂုတ္တုပြည် မှာကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေးများကို ညှဉ်းဆဲကြောင်း၊
و چون نزد خداوند فریاد برآوردیم، او آواز ما را شنیده، فرشته‌ای فرستاد و ما را از مصر بیرون آورد. واینک ما در قادش هستیم، شهری که در آخرحدود توست. ۱۶ 16
၁၆အကျွန်ုပ်တို့သည် ထာဝရဘုရားကို အော်ဟစ် သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ် တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ ရှိကြပါ၏။
تمنا اینکه از زمین تو بگذریم، از مزرعه و تاکستان نخواهیم گذشت، و آب ازچاهها نخواهیم نوشید، بلکه از شاهراه‌ها خواهیم رفت، و تا از حدود تو نگذشته باشیم، به طرف راست یا چپ انحراف نخواهیم کرد.» ۱۷ 17
၁၇ကိုယ်တော့်ပြည်အလယ်၌ရှောက်၍ သွားပါရ စေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မနင်းပါ။ တွင်း ရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန် မှီတိုင်အောင်၊ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲ၊ မင်း လမ်းသို့သာ ရှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။
ادوم وی را گفت: «از من نخواهی گذشت والا به مقابله تو با شمشیر بیرون خواهم آمد.» ۱۸ 18
၁၈ဧဒုံကလည်း၊ သင်သည် ငါ့ပြည်အလယ်၌ မရှောက်မသွားရ။ ရှောက်သွားလျှင်၊ ထားလက်နက်နှင့် ဆီးတားမည်ဟု ပြန်ပြော၏။
بنی‌اسرائیل در جواب وی گفتند: «از راههای عام خواهیم رفت و هرگاه من و مواشیم از آب توبنوشیم قیمت آن را خواهم داد، فقط بر پایهای خود می‌گذرم و بس.» ۱۹ 19
၁၉ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့ သာ ရှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့ သည် ကိုယ်တော့်ရေကို သောက်လျှင် အဘိုးကို ပေးပါ မည်။ အခြားသောအမှုကို မပြုဘဲ၊ ခြေဖြင့် သွားရုံမျှသာ ပြုပါမည်ဟု ဆိုသော်လည်း၊
گفت: «نخواهی گذشت.» و ادوم با خلق بسیار و دست قوی به مقابله ایشان بیرون آمد. ۲۰ 20
၂၀ဧဒုံက၊ သင်သည် ရှောက်၍မသွားရဟုဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်း ငှါ ထွက်လာ၏။
بدینطور ادوم راضی نشد که اسرائیل را از حدود خود راه دهد، پس اسرائیل از طرف او رو گردانید. ۲۱ 21
၂၁ထိုသို့ ဧဒုံသည် သူ၏ပြည်အလယ်၌ရှောက်သွား သော အခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။
پس تمامی جماعت بنی‌اسرائیل از قادش کوچ کرده، به کوه هور رسیدند. ۲۲ 22
၂၂ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည် ကာဒေရှအရပ်မှ ပြောင်း၍ ဟောရတောင်သို့ ရောက်ကြ၏။
و خداوندموسی و هارون را در کوه هور نزد سرحد زمین ادوم خطاب کرده، گفت: ۲۳ 23
၂၃ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရ ဘုရားသည် မောရှေနှင့်အာရုန်တို့ကို ခေါ်၍၊
«هارون به قوم خودخواهد پیوست، زیرا چونکه شما نزد آب مریبه از قول من عصیان ورزیدید، از این جهت او به زمینی که به بنی‌اسرائیل دادم، داخل نخواهد شد. ۲۴ 24
၂၄သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်သို့အာရုန်သည် မဝင်ရ။ မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်။
پس هارون و پسرش العازار را برداشته، ایشان را به فراز کوه هور بیاور. ۲۵ 25
၂၅သို့ဖြစ်၍ အာရုန်နှင့် သူ၏သား ဧလာဇာကို ခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊
و لباس هارون رابیرون کرده، بر پسرش العازار بپوشان، و هارون درآنجا وفات یافته، به قوم خود خواهد پیوست.» ۲۶ 26
၂၆အာရုန်၏အဝတ်ကို ချွတ်၍ သူ၏သား ဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု၊
پس موسی به طوری که خداوند او را امرفرموده بود، عمل نموده، ایشان درنظر تمامی جماعت به فراز کوه هور برآمدند. ۲۷ 27
၂၇မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့ သည် ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။
و موسی لباس هارون را بیرون کرده، به پسرش العازارپوشانید. و هارون در آنجا بر قله کوه وفات یافت، و موسی و العازار از کوه فرود آمدند. ۲۸ 28
၂၈မောရှေသည် အာရုန်၏အဝတ်ကို ချွတ်၍ သား ဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌ သေလေ၏။ မောရှေနှင့် ဧလာဇာတို့သည် တောင်ပေါ် က ဆင်းလာကြ၏။
و چون تمامی جماعت دیدند که هارون مرد، جمیع خاندان اسرائیل برای هارون سی روز ماتم گرفتند. ۲۹ 29
၂၉အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ် အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလအမျိုး သားရှိသမျှတို့သည်၊ အာရုန်အတွက် အရက်သုံးဆယ်ပတ် လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

< اعداد 20 >