< متّی 4 >
آنگاه عیسی بهدست روح به بیابان برده شدتا ابلیس او را تجربه نماید. | ۱ 1 |
၁ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-
و چون چهل شبانهروز روزه داشت، آخر گرسنه گردید. | ۲ 2 |
၂ကိုယ်တော်သည်ရက်လေးဆယ်ပတ်လုံးအစာ ရှောင်လျက်နေပြီးနောက်မွတ်သိပ်၍လာတော် မူ၏။-
پس تجربه کننده نزد او آمده، گفت: «اگر پسر خداهستی، بگو تا این سنگها نان شود.» | ۳ 3 |
၃ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။
در جواب گفت: «مکتوب است انسان نه محض نان زیست میکند، بلکه به هر کلمهای که از دهان خدا صادرگردد.» | ۴ 4 |
၄သို့ရာတွင်ကိုယ်တော်က ``လူသည်အစားအစာ အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရား သခင်၏နှုတ်တော်ထွက်စကားရှိသမျှအား ဖြင့်အသက်ရှင်ရမည်ဟုကျမ်းစာလာ၏'' ဟူ ၍မိန့်တော်မူ၏။
آنگاه ابلیس او را به شهر مقدس برد و برکنگره هیکل برپا داشته، | ۵ 5 |
၅ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊
به وی گفت: «اگر پسرخدا هستی، خود را به زیر انداز، زیرا مکتوب است که فرشتگان خود را درباره تو فرمان دهد تاتو را بهدستهای خود برگیرند، مبادا پایت به سنگی خورد.» | ۶ 6 |
၆``ဘုရားသခင်သည်သင့်အားကာကွယ်စောင့် ရှောက်ရန်ကောင်းကင်တမန်တို့အား အမိန့်ပေးတော်မူမည်ဖြစ်ရာ၊သူတို့သည် သင်၏ခြေကိုကျောက်ခဲများနှင့်မထိမခိုက်မိ စေရန်၊ သင့်အားချီပင့်ကြလိမ့်မည်ဟုကျမ်းစာတော်တွင် ပါရှိပါ၏။ သို့ဖြစ်၍အရှင်သည်ထာဝရဘုရား၏ သားတော်မှန်လျှင်အောက်သို့ခုန်ချပါလော့'' ဟုလျှောက်၏။
عیسی وی را گفت: «و نیزمکتوب است خداوند خدای خود را تجربه مکن.» | ۷ 7 |
၇သခင်ယေရှုကလည်း ``သင်၏ဘုရားသခင် ထာဝရဘုရားကိုအစုံအစမ်းမပြုရဟူ ၍လည်းကျမ်းစာတော်တွင်ပါရှိ၏'' ဟုမိန့် တော်မူ၏။
پس ابلیس او را به کوهی بسیار بلند برد وهمه ممالک جهان و جلال آنها را بدو نشان داده، | ۸ 8 |
၈ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။-
به وی گفت: «اگر افتاده مرا سجده کنی، همانا این همه را به تو بخشم.» | ۹ 9 |
၉ထိုနောက် ``ကိုယ်တော်သည်ငါ့အားဦးညွှတ်ရှိခိုး မည်ဆိုပါကဤအရာအလုံးစုံကိုငါပေး မည်'' ဟုဆို၏။
آنگاه عیسی وی راگفت: «دور شوای شیطان، زیرا مکتوب است که خداوند خدای خود را سجده کن و او را فقطعبادت نما.» | ۱۰ 10 |
၁၀ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
در ساعت ابلیس او را رها کرد واینک فرشتگان آمده، او را پرستاری مینمودند. | ۱۱ 11 |
၁၁ထိုအခါမာရ်နတ်သည်အထံတော်မှထွက်ခွာ သွားလေသည်။ ထိုနောက်ကောင်းကင်တမန်တို့ သည်ကိုယ်တော်ထံသို့ချဉ်းကပ်ပြီးလျှင်လုပ် ကျွေးပြုစုကြ၏။
و چون عیسی شنید که یحیی گرفتار شده است، به جلیل روانه شد، | ۱۲ 12 |
၁၂သခင်ယေရှုသည်ယောဟန်အဖမ်းခံရကြောင်း ကိုကြားသောအခါဂါလိလဲပြည်သို့ထွက်ခွာ သွားတော်မူ၏။-
و ناصره را ترک کرده، آمد و به کفرناحوم، به کناره دریا در حدودزبولون و نفتالیم ساکن شد. | ۱۳ 13 |
၁၃ကိုယ်တော်သည်နာဇရက်မြို့တွင်နေထိုင်တော် မမူဘဲဇာဗုလုန်နယ်နှင့်နဿလိနယ်စပ်ကြား၊ ဂါလိလဲအိုင်အနီးရှိကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။-
تا تمام گردد آنچه به زبان اشعیای نبی گفته شده بود | ۱۴ 14 |
၁၄ဤသို့ပြုတော်မူရခြင်းမှာပရောဖက်ဟေ ရှာယ၏ဟောကြားချက်မှန်ကန်လာစေရန် ပင်ဖြစ်သတည်း။ ပရောဖက်ဟေရှာယက၊
که «زمین زبولون و زمین نفتالیم، راه دریا آن طرف اردن، جلیل امتها؛ | ۱۵ 15 |
၁၅``အို ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ယော်ဒန်မြစ် တစ်ဖက်ကမ်း၊အိုင်လမ်းတစ်လျှောက်၊ လူမျိုးခြားတို့နေထိုင်ရာဂါလိလဲပြည်၊
قومی که در ظلمت ساکن بودند، نوری عظیم دیدند و برنشینندگان دیار موت وسایه آن نوری تابید.» | ۱۶ 16 |
၁၆အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။ သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်'' ဟုဟောကြားခဲ့၏။
از آن هنگام عیسی به موعظه شروع کرد و گفت: «توبه کنید زیراملکوت آسمان نزدیک است.» | ۱۷ 17 |
၁၇ထိုအခါမှစ၍သခင်ယေရှုသည် ``နောင်တရ ကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ'' ဟုဟောကြားတော်မူ၏။
و چون عیسی به کناره دریای جلیل میخرامید، دو برادر یعنی شمعون مسمی به پطرس و برادرش اندریاس را دید که دامی دردریا میاندازند، زیرا صیاد بودند. | ۱۸ 18 |
၁၈သခင်ယေရှုသည်ဂါလိလဲအိုင်အနီးတွင်လျှောက် သွားတော်မူစဉ် တံငါသည်ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူတို့ကားပေတရုခေါ်ရှိမုန်နှင့် သူ၏ညီအန္ဒြေ-တို့ပင်ဖြစ်၏။ သူတို့သည်အိုင်ထဲ တွင်ကွန်ပစ်လျက်နေကြ၏။-
بدیشان گفت: «از عقب من آیید تا شما را صیاد مردم گردانم.» | ۱۹ 19 |
၁၉သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု သူတို့အားမိန့်တော်မူ၏။-
در ساعت دامها را گذارده، از عقب او روانه شدند. | ۲۰ 20 |
၂၀သူတို့သည်ချက်ချင်းပင်မိမိတို့၏ပိုက်ကွန် များကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
و چون از آنجا گذشت دو برادردیگر یعنی یعقوب، پسر زبدی و برادرش یوحنارا دید که در کشتی با پدر خویش زبدی، دامهای خود را اصلاح میکنند؛ ایشان را نیز دعوت نمود. | ۲۱ 21 |
၂၁ကိုယ်တော်သည်ထိုအရပ်မှဆက်လက်၍လျှောက် သွားတော်မူသောအခါ အခြားညီအစ်ကိုနှစ် ယောက်ဖြစ်သောယာကုပ်နှင့်ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည်ဇေဗေဒဲ၏သားများ ဖြစ်၍ မိမိတို့ဖခင်နှင့်အတူလှေထဲတွင်ပိုက် ကွန်များကိုအသင့်ပြင်လျက်ရှိနေကြ၏။ ကိုယ်တော်သည်သူတို့အားနောက်တော်သို့ လိုက်ရန်ခေါ်ယူတော်မူသောအခါ၊-
در حال، کشتی و پدر خود را ترک کرده، از عقب او روانه شدند. | ۲۲ 22 |
၂၂သူတို့သည်ချက်ချင်းပင်လှေနှင့်ဖခင်ကို ထားခဲ့၍နောက်တော်သို့လိုက်ကြ၏။
و عیسی در تمام جلیل میگشت و درکنایس ایشان تعلیم داده، به بشارت ملکوت موعظه همی نمود و هر مرض و هر درد قوم راشفا میداد. | ۲۳ 23 |
၂၃ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
و اسم او در تمام سوریه شهرت یافت، و جمیع مریضانی که به انواع امراض ودردها مبتلا بودند و دیوانگان و مصروعان ومفلوجان را نزد او آوردند، و ایشان را شفا بخشید. | ۲۴ 24 |
၂၄ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
و گروهی بسیار از جلیل و دیکاپولس واورشلیم و یهودیه و آن طرف اردن در عقب اوروانه شدند. | ۲۵ 25 |
၂၅ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုရှလင် မြို့၊ ယုဒပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူပရိသတ်ကြီးများသည်ကိုယ်တော်၏နောက် တော်သို့လိုက်ကြကုန်၏။