< متّی 1 >

کتاب نسب نامه عیسی مسیح بن داود بن ابراهیم: ۱ 1
အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊
ابراهیم اسحاق را آورد و اسحاق یعقوب را آورد و یعقوب یهودا و برادران او راآورد. ۲ 2
အာဗြဟံသား ဣဇာတ်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစု။
و یهودا، فارص و زارح را از تامار آورد وفارص، حصرون را آورد و حصرون، ارام را آورد. ۳ 3
ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။
و ارام، عمیناداب را آورد و عمیناداب، نحشون را آورد و نحشون، شلمون را آورد. ۴ 4
အာရံသားအမိနဒပ်။ အမိနဒပ်သားနာရှုန်။ နာရှုန်သားစာလမုန်။
وشلمون، بوعز را از راحاب آورد و بوعز، عوبیدرا از راعوت آورد و عوبید، یسا را آورد. ۵ 5
စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင်မြင်သော သားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သော သားဩဗက်။ ဩဗက်သားယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။
ویسا داود پادشاه را آورد و داود پادشاه، سلیمان را از زن اوریا آورد. ۶ 6
ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမတွင်မြင်သောသားရှောလမုန်။
و سلیمان، رحبعام را آورد و رحبعام، ابیا را آورد و ابیا، آسا راآورد. ۷ 7
ရှောလမုန်သား ရောဗောင်။ ရောဗာင်သား အဘိယ။ အဘိယာသား အာသ။
و آسا، یهوشافاط را آورد و یهوشافاط، یورام را آورد و یورام، عزیا را آورد. ۸ 8
အာသသားယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။
و عزیا، یوتام را آورد و یوتام، احاز را آورد و احاز، حزقیا را آورد. ۹ 9
ဩဇိသားယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။
و حزقیا، منسی را آورد ومنسی، آمون را آورد و آمون، یوشیا را آورد. ۱۰ 10
၁၀ဟေဇကိသားမနာရှေ။ မနာရှေသားအာမုန်။ အာမုန်သားယောရှိ။
ویوشیا، یکنیا و برادرانش را در زمان جلای بابل آورد. ۱۱ 11
၁၁ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစုတည်း။
و بعد از جلای بابل، یکنیا، سالتیئل را آورد و سالتیئیل، زروبابل را آورد. ۱۲ 12
၁၂ဗာဗုလုန်မြို့သို့ နေရာပြောင်းသည့်နောက်၊ ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။
زروبابل، ابیهود را آورد و ابیهود، ایلیقایم را آورد و ایلیقایم، عازور را آورد. ۱۳ 13
၁၃ဇေရုဗဗလသားအဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။
و عازور، صادوق را آورد و صادوق، یاکین را آورد و یاکین، ایلیهود را آورد. ۱۴ 14
၁၄အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သားဧလုဒ်။
و ایلیهود، ایلعازر را آوردو ایلعازر، متان را آورد و متان، یعقوب راآورد. ۱۵ 15
၁၅ဧလုဒ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။
و یعقوب، یوسف شوهر مریم راآورد که عیسی مسمی به مسیح از او متولدشد. ۱۶ 16
၁၆ယာကုပ်မြင်သောသားကား၊ မာရိ၏ ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ် သမုတ်သော ယေရှု၏ မယ်တော်ဖြစ်၏။
پس تمام طبقات، از ابراهیم تا داودچهارده طبقه است، و از داود تا جلای بابل چهارده طبقه، و از جلای بابل تا مسیح چهارده طبقه. ۱۷ 17
၁၇ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက်၊ ဒါဝိဒ် မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း။
اما ولادت عیسی مسیح چنین بود که چون مادرش مریم به یوسف نامزد شده بود، قبل ازآنکه با هم آیند، او را از روح‌القدس حامله یافتند. ۱۸ 18
၁၈ယေရှုခရစ်သည်ဘွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။
و شوهرش یوسف چونکه مرد صالح بود ونخواست او را عبرت نماید، پس اراده نمود او رابه پنهانی رها کند. ۱۹ 19
၁၉သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။
اما چون او در این چیزهاتفکر می‌کرد، ناگاه فرشته خداوند در خواب بروی ظاهر شده، گفت: «ای یوسف پسر داود، ازگرفتن زن خویش مریم مترس، زیرا که آنچه دروی قرار گرفته است، از روح‌القدس است، ۲۰ 20
၂၀ထိုသို့ ကြံစည်၍နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။
و اوپسری خواهد زایید و نام او را عیسی خواهی نهاد، زیرا که او امت خویش را از گناهانشان خواهد رهانید.» ۲۱ 21
၂၁သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သော ကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။
و این همه برای آن واقع شد تاکلامی که خداوند به زبان نبی گفته بود، تمام گردد ۲۲ 22
၂၂ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံ မည် အကြောင်းအတည်း။
«که اینک باکره آبستن شده پسری خواهدزایید و نام او را عمانوئیل خواهند خواند که تفسیرش این است: خدا با ما.» ۲۳ 23
၂၃ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။
پس چون یوسف از خواب بیدار شد، چنانکه فرشته خداوند بدو امر کرده بود، بعمل آورد و زن خویش را گرفت ۲۴ 24
၂၄ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင် ထာဝရဘုရား၏ကောင်းကင်တမန်မှာထားသည့်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။
و تا پسر نخستین خود رانزایید، او را نشناخت؛ و او را عیسی نام نهاد. ۲۵ 25
၂၅သို့သော်လည်း၊ သားဦးကို မဘွားမှီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသော အမည်ဖြင့် မှည့်လေ၏။

< متّی 1 >