< لوقا 7 >

و چون همه سخنان خود را به سمع خلق به اتمام رسانید، وارد کفرناحوم شد. ۱ 1
သ​ခင်​ယေ​ရှု​သည်​လူ​တို့​အား​ဤ​သို့​ဟော​ပြော သွန်​သင်​ပြီး​နောက်​က​ပေ​ရ​နောင်​မြို့​သို့​ကြွ တော်​မူ​၏။-
ویوزباشی را غلامی که عزیز او بود مریض ومشرف بر موت بود. ۲ 2
ထို​မြို့​တွင်​တာ​ဝန်​ကျ​သော​တပ်​ခွဲ​မှူး​တစ်​ယောက် ၌​အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။ တပ်​ခွဲ​မှူး​သည်​ထို အ​စေ​ခံ​ကို​အ​လွန်​ချစ်​မြတ်​နိုး​၏။ သူ​သည် ဖျား​နာ​လျက်​သေ​အံ့​ဆဲ​ဆဲ​ဖြစ်​၍​နေ​၏။-
چون خبر عیسی را شنید، مشایخ یهود را نزد وی فرستاده از او خواهش کرد که آمده غلام او را شفا بخشد. ۳ 3
တပ်​ခွဲ​မှူး​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​တော်​ကို ကြား​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင် များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ပြီး​လျှင် ကိုယ် တော်​ကြွ​၍​မိ​မိ​အ​စေ​ခံ​အား​ကျန်း​မာ​စေ​ရန် လျှောက်​စေ​၏။-
ایشان نزدعیسی آمده به الحاح نزد او التماس کرده گفتند: «مستحق است که این احسان را برایش به‌جاآوری. ۴ 4
သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​သော​အ​ခါ​ခေါင်း​ဆောင် က ``ထို​တပ်​ခွဲ​မှူး​သည်​အ​ရှင်​၏​ကျေး​ဇူး​ပြု​ခြင်း ကို​ခံ​ထိုက်​သူ​ဖြစ်​ပါ​၏။-
زیرا قوم ما را دوست می‌دارد و خودبرای ما کنیسه را ساخت.» ۵ 5
အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ​ကို​ချစ်​သော​ကြောင့် တ​ရား​ဇ​ရပ်​တစ်​ဆောင်​ကို​ဆောက်​လုပ်​ပေး​သူ ဖြစ်​ပါ​၏'' ဟု​လေး​နက်​စွာ​ထောက်​ခံ​လျှောက် ထား​ကြ​၏။
پس عیسی با ایشان روانه شد و چون نزدیک به خانه رسید، یوزباشی چند نفر از دوستان خودرا نزد او فرستاده بدو گفت: «خداوندا زحمت مکش زیرا لایق آن نیستم که زیر سقف من درآیی. ۶ 6
သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​နှင့်​အ​တူ​ကြွ​တော် မူ​၍ တပ်​ခွဲ​မှူး​၏​အိမ်​နှင့်​မ​လှမ်း​မ​ကမ်း​သို့​ရောက် တော်​မူ​၏။ ထို​အ​ခါ​တပ်​ခွဲ​မှူး​သည်​မိတ်​ဆွေ​များ ကို​ကိုယ်​တော်​၏​ထံ​သို့​စေ​လွှတ်​ကာ ``အ​ရှင်၊ ဒုက္ခ ရှာ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန် သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ ထို့​အ​တူ​အ​ကျွန်ုပ် သည်​အ​ရှင်​၏​အ​ထံ​တော်​သို့​လာ​ထိုက်​သူ​မ​ဟုတ် ဟု​ယူ​ဆ​ပါ​၏။-
و از این سبب خود را لایق آن ندانستم که نزد تو آیم، بلکه سخنی بگو تا بنده من صحیح شود. ۷ 7
အ​မိန့်​တော်​ကို​သာ​ပေး​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ် ၏​အ​စေ​ခံ​သည်​ကျန်း​မာ​လာ​ပါ​လိမ့်​မည်။-
زیرا که من نیز شخصی هستم زیر حکم ولشکریان زیر دست خود دارم. چون به یکی گویم برو، می‌رود و به دیگری بیا، می‌آید و به غلام خود این را بکن، می‌کند.» ۸ 8
အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​အ​ထက်​အ​ရာ​ရှိ​အောက် တွင်​အ​မှု​ထမ်း​သူ​ဖြစ်​၍ အ​ကျွန်ုပ်​၏​လက်​အောက် တွင်​လည်း​စစ်​သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ် ယောက်​အား `သွား​လော့' ဟု​ဆို​လျှင်​သူ​သည်​သွား ပါ​၏။ အ​ခြား​တစ်​ယောက်​အား `လာ​ခဲ့' ဟု​ဆို​လျှင် လာ​ပါ​၏။ အ​ကျွန်ုပ်​၏​ကျွန်​အား `ဤ​အ​မှု​ကို​ပြု လော့' ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု​လျှောက် ထား​စေ​၏။ ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင်​အံ့​သြ​တော်​မူ​၏။
چون عیسی این راشنید، تعجب نموده به سوی آن جماعتی که از عقب او می‌آمدند روی گردانیده، گفت: «به شمامی گویم چنین ایمانی، در اسرائیل هم نیافته‌ام.» ۹ 9
ကိုယ်​တော်​သည်​နောက်​တော်​က​လိုက်​လာ​ကြ သော လူ​ပ​ရိ​သတ်​တို့​ကို​လှည့်​ကြည့်​တော်​မူ လျက် ``ငါ​ဆို​သည်​ကား​ဤ​ကဲ့​သို့​သော​ယုံ​ကြည် ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​မှာ ပင် ငါ​မ​တွေ့​မ​ကြုံ​ဖူး​သေး'' ဟု​မိန့်​တော်​မူ​၏။
پس فرستادگان به خانه برگشته، آن غلام بیماررا صحیح یافتند. ۱۰ 10
၁၀တပ်​ခွဲ​မှူး​စေ​လွှတ်​လိုက်​သော​သူ​များ​သည်​အိမ် သို့​ပြန်​ရောက်​ကြ​သော​အ​ခါ​ထို​အ​စေ​ခံ​သည် ကျန်း​မာ​လျက်​ရှိ​သည်​ကို​တွေ့​ကြ​၏။
و دو روز بعد به شهری مسمی به نائین می‌رفت و بسیاری از شاگردان او و گروهی عظیم، همراهش می‌رفتند. ۱۱ 11
၁၁ထို​နောက်​ကိုယ်​တော်​သည်​နာ​ဣ​န​မြို့​သို့​ကြွ​တော် မူ​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​လူ​ပ​ရိ​သတ် ကြီး​သည်​လိုက်​ပါ​လာ​ကြ​၏။-
چون نزدیک به دروازه شهر رسید، ناگاه میتی را که پسر یگانه بیوه‌زنی بود می‌بردند و انبوهی کثیر از اهل شهر، با وی می‌آمدند. ۱۲ 12
၁၂မြို့​တံ​ခါး​အ​နီး​သို့​ကိုယ်​တော်​ရောက်​ချိန်​၌ လူ​တို့ သည်​မု​ဆိုး​မ​တစ်​ယောက်​၏​တစ်​ဦး​တည်း​သော သား​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန် မြို့​ပြင်​သို့​ထုတ် ဆောင်​လာ​ကြ​၏။ ထို​မု​ဆိုး​မ​နှင့်​အ​တူ​မြို့​သူ မြို့​သား​တို့​သည်​လိုက်​ပို့​ကြ​၏။-
چون خداوند او را دید، دلش بر اوبسوخت و به وی گفت: «گریان مباش.» ۱۳ 13
၁၃ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင်​သော အ​ခါ​သ​နား​တော်​မူ​သ​ဖြင့် ``မ​ငို​နှင့်'' ဟု သူ့​အား​မိန့်​တော်​မူ​၏။-
و نزدیک آمده تابوت را لمس نمود وحاملان آن بایستادند. پس گفت: «ای جوان تو رامی گویم برخیز.» ۱۴ 14
၁၄ထို့​နောက်​အ​နီး​သို့​ကြွ​တော်​မူ​ပြီး​လျှင် အ​လောင်း စင်​ကို​လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​၏။ ထို​အ​ခါ အ​လောင်း​စင်​ထမ်း​သူ​တို့​သည်​ရပ်​တန့်​ကြ​၏။ ကိုယ် တော်​က ``အ​ချင်း​လူ​ငယ်၊ ထ​လော့၊ သင့်​အား​ငါ အ​မိန့်​ပေး​၏'' ဟု​မိန့်​တော်​မူ​ရာ၊-
در ساعت آن مرده راست بنشست و سخن‌گفتن آغاز کرد و او را به مادرش سپرد. ۱۵ 15
၁၅သူ​သေ​သည်​ထိုင်​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။ ထို​နောက်​ကိုယ်​တော်​သည်​သူ့​ကို​မိ​ခင်​အား​အပ် ပေး​တော်​မူ​၏။
پس خوف همه را فراگرفت و خدا راتمجیدکنان می‌گفتند که «نبی‌ای بزرگ در میان مامبعوث شده و خدا از قوم خود تفقد نموده است.» ۱۶ 16
၁၆လူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက်​ဘု​ရား​သ​ခင် ၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​ကြ​၏။ သူ​တို့ က ``ငါ​တို့​တွင်​ပ​ရော​ဖက်​ကြီး​တစ်​ပါး​ပေါ်​ထွန်း လေ​ပြီ။ ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရန်​ကြွ​လာ​တော်​မူ​ပြီ'' ဟု​ဂုဏ်​ကျေး​ဇူး တော်​ကို​ချီး​ကူး​ကြ​၏။
پس این خبر درباره او در تمام یهودیه و جمیع آن مرز و بوم منتشر شد. ۱۷ 17
၁၇ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​နှင့်​ပတ်​ဝန်း​ကျင်​တွင်​ပျံ့​နှံ့​သွား​တော့ ၏။
و شاگردان یحیی او را از جمیع این وقایع مطلع ساختند. ۱۸ 18
၁၈ယော​ဟန်​အား​တ​ပည့်​များ​က​ဤ​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​တို့​ကို​ပြော​ကြား​ကြ​၏။ ထို အ​ခါ​သူ​သည်​တ​ပည့်​နှစ်​ယောက်​ကို​ခေါ်​ပြီး လျှင်​သ​ခင်​ယေ​ရှု​ထံ​သို့​စေ​လွှတ်​လျက်၊-
پس یحیی دو نفر از شاگردان خود را طلبیده، نزد عیسی فرستاده، عرض نمودکه «آیا تو آن آینده هستی یا منتظر دیگری باشیم؟» ۱۹ 19
၁၉``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ်​အ​ခြား ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည်​လော'' ဟု မေး​လျှောက်​စေ​၏။
آن دو نفر نزد وی آمده، گفتند: «یحیی تعمید‌دهنده ما را نزد تو فرستاده، می‌گوید آیا تو آن آینده هستی یا منتظر دیگری باشیم.» ۲۰ 20
၂၀ထို​သူ​နှစ်​ယောက်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ ကြ​ပြီး​နောက် ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ မည်​ဟု​ဆို​သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ် အ​ခြား​ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည် လော။ ဤ​သို့​မေး​လျှောက်​ရန်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် က​အ​ကျွန်ုပ်​တို့​ကို​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။
در همان ساعت، بسیاری را از مرضهاو بلایا و ارواح پلید شفا داد و کوران بسیاری رابینایی بخشید. ۲۱ 21
၂၁ထို​အ​ခါ​၌​ကိုယ်​တော်​သည်​လူ​တို့​၏​ရော​ဂါ ဝေ​ဒ​နာ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။ နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍​မျက်​မ​မြင်​များ​ကို မျက်​စိ​မြင်​စေ​တော်​မူ​၏။-
عیسی در جواب ایشان گفت: «بروید و یحیی را از آنچه دیده و شنیده‌اید خبردهید که کوران، بینا و لنگان خرامان و ابرصان طاهر و کران، شنوا و مردگان، زنده می‌گردند و به فقرا بشارت داده می‌شود. ۲۲ 22
၂၂ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို​ယော​ဟန်​ထံ​သွား​၍​ပြော​ကြား​လော့။ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ကို​ပြန်​လည် ရ​ရှိ​ကြ​၏။ ခြေ​ကျိုး​သူ​များ​လမ်း​လျှောက်​ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​သည်​များ​သန့်​စင်​သွား​ကြ ၏။ နား​ပင်း​သူ​များ​နား​ကြား​ရ​ကြ​၏။ သေ သူ​များ​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-
و خوشابحال کسی‌که در من لغزش نخورد.» ۲۳ 23
၂၃ငါ့​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​သည်​မင်္ဂ လာ​ရှိ​၏'' ဟု​ယော​ဟန်​၏​တ​ပည့်​များ​အား ဖြေ​ကြား​တော်​မူ​၏။
و چون فرستادگان یحیی رفته بودند، درباره یحیی بدان جماعت آغاز سخن نهاد که «برای دیدن چه چیز به صحرا بیرون رفته بودید، آیا نی را که از باد در جنبش است؟ ۲۴ 24
၂၄ယော​ဟန်​တ​ပည့်​များ​အ​ထံ​တော်​မှ​ထွက်​သွား ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယော​ဟန် အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ်​တို့ အား ``သင်​တို့​သည်​အ​ဘယ်​အ​ရာ​ကို​ကြည့်​ရှု ရန်​တော​ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက် ၍​လှုပ်​သော​ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-
بلکه بجهت دیدن چه بیرون رفتید، آیا کسی را که به لباس نرم ملبس باشد؟ اینک آنانی که لباس فاخر می‌پوشندو عیاشی می‌کنند، در قصرهای سلاطین هستند. ۲۵ 25
၂၅ထို​သို့​မ​ဟုတ်​ပါ​မူ​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင် ထား​သူ​ကို​ကြည့်​ရှု​ကြ​ရန်​လော။ ဝတ်​ကောင်း​စား လှ​ဝတ်​ဆင်​ကာ​စည်း​စိမ်​ခံ​သူ​များ​ကား​မင်း အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-
پس برای دیدن چه رفته بودید، آیا نبی‌ای را؟ بلی به شما می‌گویم کسی را که از نبی هم بزرگتراست. ۲۶ 26
၂၆ထို​သို့​မ​ဟုတ်​ပါ​မူ​ပ​ရော​ဖက်​ကို​ကြည့်​ရှု​ရန် လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ကြီး​မြတ်​သူ ကို​ကြည့်​ရှု​ရန်​ဖြစ်​၏။-
زیرا این است آنکه درباره وی مکتوب است، اینک من رسول خود را پیش روی تومی فرستم تا راه تو را پیش تو مهیا سازد. ۲۷ 27
၂၇ကျမ်း​စာ​တော်​တွင် `နား​ထောင်​လော့၊ သင်​၏​လမ်း ကို​အ​သင့်​ဖြစ်​စေ​ရန် ငါ​၏​စေ​တ​မန်​ကို​သင့် အ​လျင်​စေ​လွှတ်​မည်' ဟု​ဖော်​ပြ​ထား​၏။ ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​ဖြစ်​၏။-
زیراکه شما را می‌گویم از اولاد زنان نبی‌ای بزرگتر ازیحیی تعمید‌دهنده نیست، لیکن آنکه در ملکوت خدا کوچکتر است از وی بزرگتر است.» ۲۸ 28
၂၈အ​မျိုး​သ​မီး​များ​မှ​ဖွား​မြင်​သူ​များ​အ​နက် ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​သူ​တို့​တွင် အ​သိမ်​ငယ်​ဆုံး​သော​သူ​သည်​ယော​ဟန်​ထက် ကြီး​မြတ်​၏'' ဟု​မိန့်​တော်​မူ​၏။
وتمام قوم و باجگیران چون شنیدند، خدا راتمجید کردند زیرا که تعمید از یحیی یافته بودند. ۲۹ 29
၂၉လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​ကြား​ကြ​၏။ ထို​သူ​တို့​အ​နက်​အ​ထူး​သ​ဖြင့် အ​ခွန်​ခံ​သူ​များ​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မှန် သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​၍ ယော​ဟန် ထံ​မှ​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ခဲ့​သူ​များ​ဖြစ် ကြ​၏။-
لیکن فریسیان و فقها اراده خدا را از خود ردنمودند زیرا که از وی تعمید نیافته بودند. ۳۰ 30
၃၀သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​မူ ကား မိ​မိ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထား​ရှိ​တော် မူ​သော​အ​ကြံ​အ​စည်​တော်​ကို​ပစ်​ပယ်​သူ​များ ဖြစ်​ကြ​သ​ဖြင့် ယော​ဟန်​ထံ​တွင်​ဗတ္တိ​ဇံ​ကို မ​ခံ​မ​ယူ​ကြ။
آنگاه خداوند گفت: «مردمان این طبقه را به چه تشبیه کنم و مانند چه می‌باشند؟ ۳۱ 31
၃၁ကိုယ်​တော်​က ``ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ ဥ​ပ​မာ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သူ​တို့​သည်​အ​ဘယ် သူ​များ​နှင့်​တူ​ကြ​သ​နည်း။-
اطفالی را می مانند که در بازارها نشسته، یکدیگر را صدازده می‌گویند، برای شما نواختیم رقص نکردید ونوحه گری کردیم گریه ننمودید. ۳۲ 32
၃၂သူ​တို့​ကား​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် `ငါ​တို့ သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း​သင်​တို့​သည် မ​က​မ​ခုန်။ ငါ​တို့​ငို​ချင်း​ကို​ဆို​သော်​လည်း သင်​တို့​သည်​မ​ငို​မ​ကြွေး' ဟု​အ​ချင်း​ချင်း အော်​ဟစ်​ပြော​ဆို​သော​က​လေး​သူ​ငယ်​များ နှင့်​တူ​၏။-
زیرا که یحیی تعمید‌دهنده آمد که نه نان می‌خورد و نه شراب می‌آشامید، می‌گویید دیو دارد. ۳۳ 33
၃၃အ​ဘယ်​ကြောင့်​ဆို​သော်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည်​အ​စား​အ​စာ​ကို​မ​စား၊ စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​လာ​သော​အ​ခါ​သင်​တို့​က `ဤ သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ' ဟု​ဆို​ကြ​၏။-
پسر انسان آمد که می‌خورد و می‌آشامد، می‌گویید اینک مردی است پرخور و باده پرست و دوست باجگیران و گناهکاران. ۳۴ 34
၃၄လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​သင်​တို့​က `ကြည့်​လော့၊' ဤ​သူ​သည်​စား ကြူး​သူ​ဖြစ်​သည်။ အ​ခွန်​ခံ​သူ​များ​နှင့်​အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​မိတ်​ဖွဲ့​သူ​ဖြစ်​သည်' ဟု ဆို​ကြ​၏။-
اما حکمت از جمیع فرزندان خود مصدق می‌شود. ۳۵ 35
၃၅သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ရွှေ​ဉာဏ်​တော်​ကို လက်​ခံ​သူ​အ​ပေါင်း​တို့​က ထို​ရွှေ​ဉာဏ်​တော် သည်​မှန်​ကန်​ကြောင်း​ကို​ပြ​သ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
و یکی از فریسیان از او وعده خواست که بااو غذا خورد پس به خانه فریسی درآمده بنشست. ۳۶ 36
၃၆ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​မိ​မိ နှင့်​အ​တူ​ည​စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ် ၏။ ကိုယ်​တော်​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍​စား ပွဲ​တွင်​ထိုင်​တော်​မူ​၏။-
که ناگاه زنی که در آن شهر گناهکاربود، چون شنید که در خانه فریسی به غذا نشسته است شیشه‌ای از عطر آورده، ۳۷ 37
၃၇ထို​မြို့​တွင်​အ​ပြစ်​ကူး​သူ​အ​မျိုး​သမီး​တစ် ယောက်​ရှိ​၏။ သူ​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​တွင်​ကိုယ်​တော် ည​စာ​သုံး​ဆောင်​တော်​မူ​ကြောင်း​ကို​သိ​သော​အ​ခါ ဆီ​မွှေး​ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို​ယူ​ဆောင်​ပြီး လျှင် ကိုယ်​တော်​၏​နောက်​၌​ခြေ​တော်​ရင်း​တွင် ရပ်​လျက်​ငို​ယို​ကာ​နေ​၏။-
در پشت سر اونزد پایهایش گریان بایستاد و شروع کرد به شستن پایهای او به اشک خود و خشکانیدن آنها به موی سر خود و پایهای وی را بوسیده آنها را به عطرتدهین کرد. ۳۸ 38
၃၈သူ​၏​မျက်​ရည်​သည်​ကိုယ်​တော်​၏​ခြေ​များ အ​ပေါ်​သို့​ကျ​သည်​ရှိ​သော်​မိ​မိ​၏​ဆံ​ပင် ဖြင့်​သုတ်​၏။ ထို​နောက်​ထို​အ​မျိုး​သ​မီး​သည် ကိုယ်​တော်​၏​ခြေ​များ​ကို​နမ်း​ရှုပ်​ပြီး​လျှင် ဆီ​မွှေး​ဖြင့်​သုတ်​လိမ်း​လျက်​နေ​၏။-
چون فریسی‌ای که از او وعده خواسته بوداین را بدید، با خود می‌گفت که «این شخص اگرنبی بودی هرآینه دانستی که این کدام و چگونه زن است که او را لمس می‌کند، زیرا گناهکاری است.» ۳۹ 39
၃၉ကိုယ်​တော်​အား​ပင့်​ဖိတ်​သူ​ဖာ​ရိ​ရှဲ​သည်​ဤ အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ``ဤ​သူ​သည်​ပ​ရော ဖက်​ဖြစ်​ပါ​မူ သူ​၏​ခြေ​ကို​ကိုင်​သော​အ​မျိုး သ​မီး​သည်​အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း ကောင်း၊ အ​ဘယ်​သို့​သော​အ​ပြစ်​ကူး​လွန်​သည့် အ​မျိုး​သ​မီး​ဖြစ်​သည်​ကို​လည်း​ကောင်း သိ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။
عیسی جواب داده به وی گفت: «ای شمعون چیزی دارم که به تو گویم.» گفت: «ای استاد بگو.» ۴۰ 40
၄၀ထို​အ​ခါ​သ​ခင်​ယေ​ရှု​က​ထို​သူ​အား ``ရှိ​မုန်၊ သင့်​အား​ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။ ရှိ​မုန်​က ``ဆ​ရာ​တော်၊အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
گفت: «طلبکاری را دو بدهکار بودکه از یکی پانصد و از دیگری پنجاه دینار طلب داشتی. ۴۱ 41
၄၁သ​ခင်​ယေ​ရှု​က ``ငွေ​ချေး​စား​သူ​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​က​ငွေ​ဒင်္ဂါး ငါး​ရာ၊ အ​ခြား​တစ်​ဦး​က​ငါး​ဆယ်​အ​ကြွေး တင်​၏။-
چون چیزی نداشتند که ادا کنند، هر دو را بخشید. بگو کدام‌یک از آن دو او را زیادترمحبت خواهد نمود.» ۴۲ 42
၄၂သူ​တို့​သည်​အ​ကြွေး​မ​ဆပ်​နိုင်​သ​ဖြင့်​ကြွေး​ရှင် သည် ထို​သူ​နှစ်​ဦး​လုံး​၏​အ​ကြွေး​အား​လုံး​ကို လျှော်​ပစ်​လိုက်​၏။ ထို​သူ​နှစ်​ဦး​အ​နက်​အ​ဘယ် သူ​သည် ကြွေး​ရှင်​ကို​ပို​၍​မေတ္တာ​ရှိ​လိမ့်​မည် နည်း'' ဟု​မေး​တော်​မူ​၏။
شمعون در جواب گفت: «گمان می‌کنم آنکه او را زیادتر بخشید.» به وی گفت: «نیکو گفتی.» ۴۳ 43
၄၃ရှိ​မုန်​က ``ငွေ​ပို​၍​လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​သည် ပို​၍​မေတ္တာ​ရှိ​မည်​ထင်​ပါ​သည်'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သင့်​ယူ​ဆ​ချက်​သည်​မှန်​ပေ​၏'' ဟု​မိန့်​တော်​မူ​၏။
پس به سوی آن زن اشاره نموده به شمعون گفت: «این زن را نمی بینی، به خانه تو آمدم آب بجهت پایهای من نیاوردی، ولی این زن پایهای مرا به اشکها شست و به مویهای سر خود آنها راخشک کرد. ۴۴ 44
၄၄ထို​နောက်​အ​မျိုး​သ​မီး​၏​ဘက်​ကို​လှည့်​၍ ရှိ​မုန်​အား ``သင်​သည်​ဤ​အ​မျိုး​သ​မီး​ကို မြင်​သ​လော။ ငါ​သည်​သင်​၏​အိမ်​သို့​ဝင်​သော အ​ခါ သင်​သည်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့ ရာ​တွင်​သူ​သည်​မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို ဆေး​၍​ဆံ​ပင်​ဖြင့်​သုတ်​လေ​ပြီ။-
مرا نبوسیدی، لیکن این زن ازوقتی که داخل شدم از بوسیدن پایهای من بازنایستاد. ۴۵ 45
၄၅သင်​သည်​ငါ့​ကို​မ​နမ်း။ ထို​အ​မျိုး​သ​မီး သည်​ဤ​အိမ်​သို့​ဝင်​ချိန်​မှ​စ​၍​ငါ​၏​ခြေ ကို​အ​ဆက်​မ​ပြတ်​နမ်း​လေ​ပြီ။-
سر مرا به روغن مسح نکردی، لیکن اوپایهای مرا به عطر تدهین کرد. ۴۶ 46
၄၆သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။-
از این جهت به تو می‌گویم، گناهان او که بسیار است آمرزیده شد، زیرا که محبت بسیار نموده است. لیکن آنکه آمرزش کمتر یافت، محبت کمتر می‌نماید.» ۴۷ 47
၄၇ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။
پس به آن زن گفت: «گناهان تو آمرزیده شد.» ۴۸ 48
၄၈ထို​နောက်​ကိုယ်​တော်​က ``သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​အ​မျိုး​သ​မီး​အား​မိန့်​တော်​မူ​၏။
و اهل مجلس در خاطر خود تفکر آغاز کردندکه این کیست که گناهان را هم می‌آمرزد. ۴۹ 49
၄၉ကိုယ်​တော်​နှင့်​အ​တူ​ည​စာ​စား​နေ​ကြ​သူ​တို့ သည် ``အ​ပြစ်​ကို​ပင်​ဖြေ​လွှတ်​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
پس به آن زن گفت: «ایمانت تو را نجات داده است به سلامتی روانه شو.» ۵۰ 50
၅၀သို့​ရာ​တွင်​ကိုယ်​တော်​က​ထို​အ​မျိုး​သ​မီး အား ``သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ကို​ကယ် တင်​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့'' ဟု​မိန့် တော်​မူ​၏။

< لوقا 7 >