< لوقا 20 >

روزی از آن روزها واقع شد هنگامی که او قوم را در هیکل تعلیم و بشارت می‌داد که روسا کهنه و کاتبان با مشایخ آمده، ۱ 1
တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဗိ​မာန်​တော်​တွင် လူ​တို့​အား​ဆုံး​မ​သြ​ဝါ​ဒ​ပေး​၍ သ​တင်း ကောင်း​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​စဉ်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​အ​ထံ တော်​ကို​လာ​ကြ​၏။-
به وی گفتند: «به ما بگو که به چه قدرت این کارها رامی کنی و کیست که این قدرت را به تو داده است؟» ۲ 2
သူ​တို့​က ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ ကို အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ​ပြု​တော်​မူ ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား အ​ဘယ်​သူ​အပ်​နှင်း​ပါ​သ​နည်း'' ဟု​လျှောက် ထား​မေး​မြန်း​ကြ​၏။
در جواب ایشان گفت: «من نیز از شماچیزی می‌پرسم. به من بگویید. ۳ 3
ကိုယ်​တော်​က ``ငါ​သည်​လည်း​သင်​တို့​အား မေး​ခွန်း​တစ်​ခု​ကို​မေး​ဦး​မည်။-
تعمید یحیی ازآسمان بود یا از مردم؟» ۴ 4
ယော​ဟန်​ဗတ္တိ​ဇံ​ပေး​သည်​မှာ​ဘု​ရား​သ​ခင် ၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ လူ​တို့​၏​အ​ခွင့် အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
ایشان با خود اندیشیده، گفتند که اگر گوییم از آسمان، هرآینه گوید چرا به او ایمان نیاوردید؟ ۵ 5
သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု​ငါ​တို့​ဆို​လျှင်`ယော​ဟန်​ကို သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း' ဟု​မေး​လိမ့်​မည်။-
و اگر گوییم از انسان، تمامی قوم ما را سنگسار کنند زیرا یقین می‌دارند که یحیی نبی است.» ۶ 6
သို့​ရာ​တွင်​လူ​တို့​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင် လူ​အ​ပေါင်း​တို့​က​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​အ​မှန်​ပင်​ယုံ​ကြည် ကြ​သ​ဖြင့် ငါ​တို့​အား​ခဲ​နှင့်​ပေါက်​ကြ​လိမ့် မည်'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။-
پس جواب دادند که «نمی دانیم از کجا بود.» ۷ 7
ထို့​ကြောင့်​သူ​တို့​က ``မည်​သူ့​အ​ခွင့်​အာ​ဏာ အ​ရ​ပေး​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။
عیسی به ایشان گفت: «من نیز شما را نمی گویم که این کارها را به چه قدرت به‌جا می‌آورم.» ۸ 8
ထို​အ​ခါ​သ​ခင်​ယေ​ရှု​က `ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ ပြု​သည်​ကို​လည်း သင်​တို့​အား​ငါ​မ​ပြော' ဟု မိန့်​တော်​မူ​၏။
و این مثل را به مردم گفتن گرفت که «شخصی تاکستانی غرس کرد و به باغبانش سپرده مدت مدیدی سفر کرد. ۹ 9
ထို့​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​ဤ​ပုံ ဥ​ပ​မာ​ကို​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော် က ``လူ​တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​တစ် ခု​ကို​စိုက်​ပျိုး​၍​သီး​စား​ချ​၏။ ထို​နောက် နိုင်​ငံ​ရပ်​ခြား​သို့​ကာ​လ​အ​တော်​ကြာ သွား​၍​နေ​၏။-
و در موسم غلامی نزدباغبانان فرستاد تا از میوه باغ بدو سپارند. اماباغبانان او را زده، تهی‌دست بازگردانیدند. ۱۰ 10
၁၀အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သမား များ​ထံ​သို့​စေ​လွှတ်​၍​သီး​စား​ခ​ကို​တောင်း​ခံ စေ​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည်​ထို​ကျွန် ကို​ရိုက်​၍ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက် ကြ​၏။-
پس غلامی دیگر روانه نمود. او را نیز تازیانه زده بی‌حرمت کرده، تهی‌دست بازگردانیدند. ۱۱ 11
၁၁ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ် ယောက်​ကို​စေ​လွှတ်​ပြန်​၏။ သို့​ရာ​တွင်​ခြံ​သ​မား တို့​သည်​သူ့​ကို​လည်း​ရိုက်​၍​အ​ရှက်​ခွဲ​ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။-
و بازسومی فرستاد. او را نیز مجروح ساخته بیرون افکندند. ۱۲ 12
၁၂နောက်​တစ်​ဖန်​ဥ​ယျာဉ်​ရှင်​သည်​တ​တိ​ယ​ကျွန် ကို​စေ​လွှတ်​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည် ထို​ကျွန်​ကို​လည်း​ဒဏ်​ရာ​များ​ရ​စေ​ပြီး​နောက် အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြ​၏။-
آنگاه صاحب باغ گفت چه کنم؟ پسرحبیب خود را می‌فرستم شاید چون او را بینند احترام خواهند نمود. ۱۳ 13
၁၃ဥ​ယျာဉ်​ရှင်​သည် `ငါ​အ​ဘယ်​သို့​ပြု​ရ​အံ့​နည်း။ ငါ​၏​တစ်​ဦး​တည်း​သော​သား​ကို​စေ​လွှတ်​မည်။ သူ့​ကို​တွေ့​လျှင်​ခြံ​သ​မား​တို့​လေး​စား​ကြ ရာ​၏' ဟု​ဆို​၏။-
اما چون باغبانان او رادیدند، با خود تفکرکنان گفتند، این وارث می‌باشد، بیایید او را بکشیم تا میراث از آن ماگردد. ۱۴ 14
၁၄သို့​ရာ​တွင်​ဥ​ယျာဉ်​ရှင်​၏​သား​ရောက်​လာ​သော အ​ခါ​ခြံ​သ​မား​တို့​က `ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ ငါ​တို့​ဥ​ယျာဉ် ကို​အ​မွေ​ခံ​ရ​အောင်​သူ့​အား​သတ်​ကြ​ကုန် အံ့' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​လျက်။-
در حال او را از باغ بیرون افکنده کشتند. پس صاحب باغ بدیشان چه خواهد کرد؟ ۱۵ 15
၁၅ဥ​ယျာဉ်​ရှင်​၏​သား​ကို​အ​ပြင်​သို့​ထုတ်​ပြီး လျှင်​သတ်​ပစ်​ကြ​၏။ ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​ခြံ​သ​မား​များ အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း။-
اوخواهد آمد و باغبانان را هلاک کرده باغ را به دیگران خواهد سپرد.» پس چون شنیدند گفتندحاشا. ۱۶ 16
၁၆သူ​သည်​လာ​၍​ထို​သူ​တို့​ကို​သတ်​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို​အ​ခြား​သူ​များ​သို့​ပေး အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​စ​ကား​ကို​ကြား​သော​အ​ခါ​သူ​တို့ က ``ဘု​ရား​မ​၍​ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​ကြ​၏။
به ایشان نظر افکنده گفت: «پس معنی‌این نوشته چیست، سنگی را که معماران ردکردند، همان سر زاویه شده است. ۱۷ 17
၁၇ကိုယ်​တော်​သည်​လူ​တို့​ကို​ကြည့်​ရှု​တော်​မူ​လျက်၊ `တိုက်​ကို​တည်​ဆောက်​သူ​တို့​ပယ်​ထား​သည့်​ကျောက် သည် အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟူ​သော​ကျမ်း​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား အ​သို့​နည်း။
و هر‌که برآن سنگ افتد خرد شود، اما اگر آن بر کسی بیفتداو را نرم خواهد ساخت؟» ۱۸ 18
၁၈ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​အ​ပိုင်း ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​အ​ကျ​ခံ​ရ​သော သူ​သည်​ညက်​ညက်​ကြေ​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
آنگاه روسای کهنه و کاتبان خواستند که در همان ساعت او را گرفتارکنند. لیکن از قوم ترسیدند زیرا که دانستند که این مثل را درباره ایشان زده بود. ۱۹ 19
၁၉ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။-
و مراقب او بوده جاسوسان فرستادند که خود را صالح می‌نمودند تا سخنی از او گرفته، اورا به حکم و قدرت والی بسپارند. ۲۰ 20
၂၀ထို့​ကြောင့်​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​ကြ​၏။ သူ​တို့ သည်​ကိုယ်​တော်​၏​စ​ကား​တွင်​အ​မှား​ကို​ရှာ​ပြီး လျှင် ကိုယ်​တော်​အား​ဘု​ရင်​ခံ​မင်း​၏​လက်​သို့ အပ်​နိုင်​ရန်​သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။-
پس از اوسوال نموده گفتند: «ای استاد می‌دانیم که تو به راستی سخن می‌رانی و تعلیم می‌دهی و از کسی روداری نمی کنی، بلکه طریق خدا را به صدق می‌آموزی، ۲۱ 21
၂၁သူ​လျှို​တို့​က ``ဆ​ရာ​တော်၊ အ​ရှင်​ဟော​ပြော သွန်​သင်​တော်​မူ​သော​အ​ရာ​များ​မှန်​ကန်​ကြောင်း ကို​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ အ​ရှင်​သည်​မျက်​နှာ ကြီး​ငယ်​မ​လိုက်၊ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း ကို​သာ​ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော် မူ​ပါ​၏။-
آیا بر ما جایز هست که جزیه به قیصر بدهیم یا نه؟» ۲۲ 22
၂၂အ​ကျွန်ုပ်​တို့​သည်​ကဲ​သာ​ဘု​ရင်​အား​အ​ခွန် ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော'' ဟု မေး​လျှောက်​ကြ​၏။
او چون مکر ایشان را درک کرد، بدیشان گفت: «مرا برای چه امتحان می‌کنید؟ ۲۳ 23
၂၃ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို သိ​မြင်​တော်​မူ​သ​ဖြင့်။-
دیناری به من نشان دهید. صورت ورقمش از کیست؟ «ایشان در جواب گفتند: «از قیصر است.» ۲۴ 24
၂၄``ဒင်္ဂါး​တစ်​ပြား​ကို​ငါ့​အား​ပြ​ကြ​လော့။ ဤ ဒင်္ဂါး​တွင်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ ပါ​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ကဲ​သာ​ဘု​ရင်​၏​ပုံ၊ ကဲ​သာ​ဘု​ရင် ၏​ကမ္ပည်း​လိပ်​စာ​ပါ​ရှိ​ပါ​သည်'' ဟု​ပြန်​၍ လျှောက်​ကြ​၏။
او به ایشان گفت: «پس مال قیصررا به قیصر رد کنید و مال خدا را به خدا.» ۲۵ 25
၂၅ကိုယ်​တော်​က ``ကဲ​သာ​ဘု​ရင်​ပိုင်​သည့်​အ​ရာ​ကို ကဲ​သာ​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင် ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
پس چون نتوانستند او را به سخنی در نظر مردم ملزم سازند، از جواب او در عجب شده ساکت ماندند. ۲۶ 26
၂၆သူ​တို့​သည်​လူ​တို့​ရှေ့​၌​ကိုယ်​တော်​၏​စ​ကား တွင်​အ​မှား​ရှာ​၍​မ​ရ​သ​ဖြင့် ကိုယ်​တော်​ဖြေ ကြား​တော်​မူ​ပုံ​ကို​အံ့​သြ​လျက်​ဆိတ်​ဆိတ် နေ​ကြ​၏။
و بعضی از صدوقیان که منکر قیامت هستند، پیش آمده از وی سوال کرده، ۲۷ 27
၂၇ထို့​နောက်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​ကြ​၏။ သူ​တို့​ကား​သေ​ခြင်း​မှ လူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ယုံ ကြည်​သူ​များ​ဖြစ်​ကြ​၏။-
گفتند: «ای استاد، موسی برای ما نوشته است که اگرکسی را برادری که زن داشته باشد بمیرد وبی اولاد فوت شود، باید برادرش آن زن را بگیردتا برای برادر خود نسلی آورد. ۲۸ 28
၂၈သူ​တို့​က ``ဆ​ရာ​တော် `တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့ သည့်​ဇနီး​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား ရ​မည်။ အစ်​ကို​၏​အ​မျိုး​အ​နွယ်​ကို​သူ​၏ ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု​အ​ကျွန်ုပ်​တို့ အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-
پس هفت برادربودند که اولی زن گرفته اولاد ناآورده، فوت شد. ۲۹ 29
၂၉အခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော် လည်း​သား​သ​မီး​မ​ရ။-
بعد دومین آن زن را گرفته، او نیز بی‌اولاد بمرد. ۳۰ 30
၃၀ထို​သူ​သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး သည်​မ​ရီး​ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို ညီ​သည်​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။-
پس سومین او را گرفت و همچنین تا هفتمین وهمه فرزند ناآورده، مردند. ۳۱ 31
၃၁ဒု​တိ​ယ​ညီ​သည်​လည်း​ထို​အ​မျိုး​သ​မီး​ကို သိမ်း​ပိုက်​၏။ ထို​နည်း​တူ​စွာ​ညီ​အစ်​ကို​ခု​နစ် ယောက်​စ​လုံး​သား​သ​မီး​မ​ရ​ဘဲ​သေ​သွား ကြ​၏။-
و بعد از همه، آن زن نیز وفات یافت. ۳۲ 32
၃၂နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​၏။-
پس در قیامت، زن کدام‌یک از ایشان خواهد بود، زیرا که هر هفت او راداشتند؟» ۳۳ 33
၃၃ညီ​အစ်​ကို​ခုနစ်​ယောက်​စ​လုံး​ပင်​သူ​နှင့်​စုံ​ဖက်​ခဲ့ ကြ​သည်​ဖြစ်​၍​သေ​ခြင်း​မှ​ထ​မြောက်​ရာ​နေ့​တွင် ထို​အ​မျိုး​သ​မီး​သည်​မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
عیسی در جواب ایشان گفت: «ابنای این عالم نکاح می‌کنند و نکاح کرده می‌شوند. (aiōn g165) ۳۴ 34
၃၄သ​ခင်​ယေ​ရှု​က ``ဤ​ဘ​ဝ​၌​လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​ပြု​တတ်​ကြ​၏။- (aiōn g165)
لیکن آنانی که مستحق رسیدن به آن عالم و به قیامت از مردگان شوند، نه نکاح می‌کنند و نه نکاح کرده می‌شوند. (aiōn g165) ۳۵ 35
၃၅သို့​ရာ​တွင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​၍ တ​မ​လွန်​သို့​ဝင်​ထိုက်​သော​သူ​တို့​မူ​ကား ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​ကြ​ကုန်။- (aiōn g165)
زیرا ممکن نیست که دیگربمیرند از آن جهت که مثل فرشتگان و پسران خدامی باشند، چونکه پسران قیامت هستند. ۳۶ 36
၃၆သူ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ် သ​ဖြင့်​သေ​နိုင်​ကြ​မည်​မ​ဟုတ်။ သူ​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​သူ​များ​ဖြစ် သော​ကြောင့်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။
و امااینکه مردگان برمی خیزند، موسی نیز در ذکر بوته نشان داد، چنانکه خداوند را خدای ابراهیم وخدای اسحاق و خدای یعقوب خواند. ۳۷ 37
၃၇``မီး​လျှံ​ထွက်​သည့်​ချုံ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ တွင်​မော​ရှေ​က `ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဆို​ရာ​၌​သေ​လွန်​သော သူ​တို့​ရှင်​ပြန်​ထ​မြောက်​ကြောင်း​ကို​ဖော်​ပြ ခြင်း​ပင်​ဖြစ်​၏။-
و حال آنکه خدای مردگان نیست بلکه خدای زندگان است. زیرا همه نزد او زنده هستند.» ۳۸ 38
၃၈ထို​သူ​တို့​သည်​ကိုယ်​တော်​ရှေ့​တော်​၌ ထာ​ဝ​ရ ကာ​လ​ပတ်​လုံး​အ​သက်​ရှင်​သူ​များ​ဖြစ်​ကြ သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သေ​လွန်​သူ​တို့ ၏​ဘု​ရား​မ​ဟုတ်။ အ​သက်​ရှင်​နေ​သူ​တို့​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
پس بعضی از کاتبان در جواب گفتند: «ای استاد. نیکوگفتی.» ۳۹ 39
၃၉ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည်​ထပ်​မံ​၍ ကိုယ်​တော်​အား​မ​မေး​မ​လျှောက်​ဝံ့​ကြ။ သူ တို့​သည် ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ​သော စ​ကား​တို့​သည်​လျောက်​ပတ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။
و بعد از آن هیچ‌کس جرات آن نداشت که از وی سوالی کند. ۴۰ 40
၄၀
پس به ایشان گفت: «چگونه می‌گویند که مسیح پسر داود است ۴۱ 41
၄၁ကိုယ်​တော်​သည်​ထို​သူ​တို့​အား ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။-
و خود داود در کتاب زبور می‌گوید، خداوند به خداوند من گفت به‌دست راست من بنشین ۴۲ 42
၄၂ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင်​လျှင်​ဆာ​လံ​ကျမ်း​၌ `ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​၏​ရန်​သူ​များ ကို သင့်​ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ သို့​မ​ဖြစ်​စေ​သေး​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​ငါ​၏​အ​ရှင်​အား​မိန့်​တော်​မူ​၏' ဟု​ဆို​ချေ​သည်။-
تا دشمنان تو راپای انداز تو سازم؟ ۴۳ 43
၄၃
پس چون داود او راخداوند می‌خواند چگونه پسر او می‌باشد؟» ۴۴ 44
၄၄ဒါ​ဝိဒ်​မင်း​သည်​မေ​ရှိ​ယ​ကို `အ​ရှင်' ဟု​ခေါ်​သည် ဖြစ်​ရာ​အ​သို့​လျှင်​မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​၏​သား မြေး​ဖြစ်​နိုင်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
و چون تمامی قوم می‌شنیدند، به شاگردان خود گفت: ۴۵ 45
၄၅ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​များ​နား​ထောင် နေ​စဉ်​တ​ပည့်​တော်​တို့​အား။-
«بپرهیزید از کاتبانی که خرامیدن در لباس دراز را می‌پسندند و سلام در بازارها وصدر کنایس و بالا نشستن در ضیافتها را دوست می‌دارند. ۴۶ 46
၄၆``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝတ်​၍​ပ​လွှား သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက်​တွင်​အ​လေး ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။ တ​ရား​ဇ​ရပ်​များ​တွင် သီး​သန့်​ထား​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-
و خانه های بیوه‌زنان را می‌بلعند ونماز را به ریاکاری طول می‌دهند. اینها عذاب شدیدتر خواهند یافت.» ۴۷ 47
၄၇မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း ယူ​ပြီး​လျှင်​လူ​အ​ထင်​ကြီး​စေ​ရန်​ရှည်​လျား စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​ကြ​၏။ သူ​တို့ သည်​ပို​၍​ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

< لوقا 20 >