< لوقا 12 >

و در آن میان، وقتی که هزاران از خلق جمع شدند، به نوعی که یکدیگر راپایمال می‌کردند، به شاگردان خود به سخن‌گفتن شروع کرد. «اول آنکه از خمیرمایه فریسیان که ریاکاری است احتیاط کنید. ۱ 1
ထို​အ​ခါ​၌​ထောင်​ပေါင်း​များ​စွာ​သော​လူ​တို့ သည်​စု​ဝေး​လာ​ကြ​သ​ဖြင့်​အ​ချင်း​ချင်း​ပင် နင်း​မိ​ကြ​၏။ ကိုယ်​တော်​သည်​ဦး​စွာ​တ​ပည့် တော်​တို့​အား ``ဖာ​ရိ​ရှဲ​တို့​၏​ဟန်​ဆောင်​မှု တည်း​ဟူ​သော​တ​ဆေး​ကို​သ​တိ​ပြု​ကြ​လော့။-
زیرا چیزی نهفته نیست که آشکار نشود و نه مستوری که معلوم نگردد. ۲ 2
ဖုံး​အုပ်​ထား​သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ပွင့် လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​ချက်​ဟူ​သ​မျှ​သည် လည်း​ပေါ်​လာ​ရ​လိမ့်​မည်။-
بنابراین آنچه در تاریکی گفته‌اید، درروشنایی شنیده خواهد شد و آنچه در خلوتخانه در گوش گفته‌اید بر پشت بامها ندا شود. ۳ 3
သို့​ဖြစ်​၍​မှောင်​မိုက်​တွင်​သင်​တို့​ပြော​သော​စ​ကား များ​ကို​အ​လင်း​တွင်​လူ​တို့​ကြား​သိ​ကြ​လိမ့် မည်။ အိမ်​အ​တွင်း​ခန်း​တွင်​သင်​တို့​တီး​တိုး​ပြော ဆို​သော​စ​ကား​များ​ကို​အိမ်​ခေါင်​မိုး​ထက်​မှ ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
لیکن‌ای دوستان من، به شما می‌گویم از قاتلان جسم که قدرت ندارند بیشتر از این بکنند، ترسان مباشید. ۴ 4
``ငါ​၏​အ​ဆွေ​တို့၊ သင်​တို့​အား​ငါ​ဆို​သည် ကား​ကိုယ်​ခန္ဓာ​ကို​သတ်​ခြင်း​မှ​တစ်​ပါး အ​ခြား မည်​သို့​မျှ​အန္တ​ရာယ်​မ​ပြု​သူ​များ​ကို​မ​ကြောက် ကြ​နှင့်။-
بلکه به شما نشان می‌دهم که از که باید ترسید، از او بترسید که بعد از کشتن، قدرت دارد که به جهنم بیفکند. بلی به شما می‌گویم از او بترسید. (Geenna g1067) ۵ 5
သင်​တို့​ကြောက်​သင့်​သူ​ကို​ငါ​ဖော်​ပြ​မည်။ ကိုယ် ခန္ဓာ​ကို​သတ်​ပြီး​နောက်​သင်​တို့​အား​င​ရဲ​သို့ ချ​နိုင်​သူ​ဘု​ရား​သ​ခင်​ကို​ကြောက်​ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​အ​ရှင်​ကို ကြောက်​ကြ​လော့။ (Geenna g1067)
آیا پنج گنجشک به دو فلس فروخته نمی شود وحال آنکه یکی از آنها نزد خدا فراموش نمی شود؟ ۶ 6
``စာ​က​လေး​ငါး​ကောင်​ကို​အ​ဿ​ရိ​နှစ်​ပြား ဖြင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​စာ​က​လေး​တစ်​ကောင်​ကို​မျှ​မေ့ လျော့​တော်​မ​မူ။-
بلکه مویهای سر شما همه شمرده شده است. پس بیم مکنید، زیرا که از چندان گنجشک بهتر هستید. ۷ 7
သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​ပြီ။ ထို့ ကြောင့်​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကား​စာ ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​တန်​၏။
«لیکن به شما می‌گویم هر‌که نزد مردم به من اقرار کند، پسر انسان نیز پیش فرشتگان خدا او رااقرار خواهد کرد. ۸ 8
``သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့​တ​ပည့်​အ​ဖြစ် လူ​တို့​ရှေ့​တွင်​ဝန်​ခံ​သော​သူ​ကို လူ​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​တို့​၏​ရှေ့ တွင် မိ​မိ​တ​ပည့်​အ​ဖြစ်​ဝန်​ခံ​တော်​မူ​လိမ့်​မည်။-
اما هر‌که مرا پیش مردم انکارکند، نزد فرشتگان خدا انکار کرده خواهد شد. ۹ 9
ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သော​သူ​ကို လူ​သား​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တို့​ရှေ့​တွင်​ပစ်​ပယ်​လိမ့်​မည်။
و هر‌که سخنی برخلاف پسر انسان گوید، آمرزیده شود. اما هر‌که به روح‌القدس کفر گویدآمرزیده نخواهد شد. ۱۰ 10
၁၀``လူ​သား​ကို​နှုတ်​ဖြင့်​ပြစ်​မှား​သူ​သည်​အ​ပြစ် ပြေ​လွတ်​ခွင့်​ရ​နိုင်​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို​သူ​မူ ကား အ​ပြစ်​ပြေ​လွတ်​ခွင့်​ရ​နိုင်​လိမ့်​မည်​မ​ဟုတ်။
و چون شما را درکنایس و به نزد حکام و دیوانیان برند، اندیشه مکنید که چگونه و به چه نوع حجت آورید یا چه بگویید. ۱۱ 11
၁၁``လူ​တို့​သည်​သင်​တို့​ကို​တ​ရား​ဇ​ရပ်​များ​သို့ လည်း​ကောင်း၊ မင်း​များ​အာ​ဏာ​ပိုင်​များ​ရှေ့​သို့ လည်း​ကောင်း ခေါ်​ဆောင်​လာ​ကြ​သော​အ​ခါ အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​မ​စိုး​ရိမ်​ကြ နှင့်။-
زیرا که در همان ساعت روح‌القدس شما را خواهد آموخت که چه باید گفت.» ۱۲ 12
၁၂သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည် ထို​အ​ချိန်​၌​သွန်​သင်​ပေး တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
و شخصی از آن جماعت به وی گفت: «ای استاد، برادر مرا بفرما تا ارث پدر را با من تقسیم کند.» ۱۳ 13
၁၃ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​အား​အ​မွေ​ခွဲ​ဝေ​ပေး​ရန်​အစ်​ကို​ဖြစ် သူ​ကို​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။
به وی گفت: «ای مرد که مرا بر شما داوریا مقسم قرار داده است؟» ۱۴ 14
၁၄ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-
پس بدیشان گفت: «زنهار از طمع بپرهیزید زیرا اگرچه اموال کسی زیاد شود، حیات او از اموالش نیست.» ۱۵ 15
၁၅ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။
و مثلی برای ایشان آورده، گفت: «شخصی دولتمند را از املاکش محصول وافر پیدا شد. ۱۶ 16
၁၆ထို​နောက်​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင် ၍ ``သူ​ဌေး​တစ်​ဦး​သည် မိ​မိ​၏​လယ်​ယာ​မှ အ​သီး​အ​နှံ​များ​စွာ​ထွက်​သ​ဖြင့်၊-
پس با خود اندیشیده، گفت چه کنم؟ زیراجایی که محصول خود را انبار کنم، ندارم. ۱۷ 17
၁၇`ငါ​၏​လယ်​ယာ​ထွက်​သီး​နှံ​များ​ကို​သို​ထား ရန်​နေ​ရာ​မ​ရှိ။ ငါ​သည်​အ​ဘယ်​သို့​ပြု​ရ အံ့​နည်း' ဟု တစ်​ကိုယ်​တည်း​တွေး​တော​လျက် နေ​၏။-
پس گفت چنین می‌کنم انبارهای خود را خراب کرده، بزرگتر بنا می‌کنم و در آن تمامی حاصل و اموال خود را جمع خواهم کرد. ۱۸ 18
၁၈ထို​နောက် `ငါ​ဤ​သို့​ပြု​မည်။ ကျီ​ဟောင်း​များ ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​သစ်​များ ကို​တည်​ဆောက်​မည်။ ငါ​၏​ဂျုံ​စ​ပါး​နှင့်​အ​ခြား ပစ္စည်း​ဥစ္စာ​များ​ကို ထို​ကျီ​သစ်​ကြီး​များ​တွင် သို​မှီး​ထား​မည်။-
و نفس خود راخواهم گفت که‌ای جان اموال فراوان اندوخته شده بجهت چندین سال داری. الحال بیارام و به اکل و شرب و شادی بپرداز. ۱۹ 19
၁၉ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။-
خدا وی را گفت‌ای احمق در همین شب جان تو را از تو خواهندگرفت، آنگاه آنچه اندوخته‌ای، از آن که خواهدبود؟ ۲۰ 20
၂၀သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။
همچنین است هر کسی‌که برای خودذخیره کند و برای خدا دولتمند نباشد.» ۲۱ 21
၂၁``မိ​မိ​အ​တွက်​ဘဏ္ဍာ​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ဆင်း​ရဲ​သော သူ​ကား အ​ဆို​ပါ​သူ​ဌေး​နှင့်​တူ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
پس به شاگردان خود گفت: «از این جهت به شما می‌گویم که اندیشه مکنید بجهت جان خودکه چه بخورید و نه برای بدن که چه بپوشید. ۲۲ 22
၂၂ထို​နောက်​သ​ခင်​ယေ​ရှု​က​တ​ပည့်​တော်​တို့ အား``သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​စား ရ​မည်​နည်း​ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး ရိမ်​ကြ​နှင့်။ အ​ဘယ်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း ဟု ကိုယ်​ခန္ဓာ​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။-
جان از خوراک و بدن از پوشاک بهتر است. ۲۳ 23
၂၃အ​သက်​သည်​အ​စား​အ​စာ​ထက်​အ​ရေး​ကြီး ၏။ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​အ​ရေး​ကြီး​၏။-
کلاغان را ملاحظه کنید که نه زراعت می‌کنندو نه حصاد و نه گنجی و نه انباری دارند و خدا آنهارا می‌پروراند. آیا شما به چند مرتبه از مرغان بهترنیستید؟ ۲۴ 24
၂၄ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ အ​သီး​အ​နှံ​များ ကို​မ​ရိတ်​မ​သိမ်း။ သူ​တို့​မှာ​ကုန်​လှောင်​ခန်း​များ၊ ကျီ​များ​မ​ရှိ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့ ကား​ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​လော။-
و کیست از شما که به فکر بتواندذراعی بر قامت خود افزاید. ۲۵ 25
၂၅သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ခြင်း အား​ဖြင့်​မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း ငယ်​မျှ​ပို​၍​ရှည်​စေ​နိုင်​သ​နည်း။-
پس هرگاه توانایی کوچکترین کاری را ندارید چرا برای مابقی می اندیشید. ۲۶ 26
၂၆ဤ​သို့​သေး​ငယ်​သော​အ​မှု​ကို​မ​တတ်​နိုင်​လျှင် အ​ဘယ်​ကြောင့်​အ​ခြား​အ​မှု​များ​အ​တွက် စိုး​ရိမ်​နေ​ကြ​သ​နည်း။-
سوسنهای چمن را بنگریدچگونه نمو می‌کنند و حال آنکه نه زحمت می‌کشند و نه می‌ریسند، اما به شما می‌گویم که سلیمان با همه جلالش مثل یکی از اینها پوشیده نبود. ۲۷ 27
၂၇တော​နှင်း​ပန်း​ပင်​များ​ကို​ကြည့်​ရှု​ဆင်​ခြင် ကြ​လော့။ ထို​ပန်း​ပင်​တို့​သည်​ဗိုင်း​မ​ငင်၊ ယက် ကန်း​လည်း​မ​ရက်၊ သို့​ရာ​တွင်​ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး​ပင်​လျှင် ထို​ပန်း​များ ကဲ့​သို့​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား ငါ​ဆို​၏။-
پس هرگاه خدا علفی را که امروز درصحرا است و فردا در تنور افکنده می‌شود چنین می‌پوشاند، چقدر بیشتر شما را‌ای سست‌ایمانان. ۲۸ 28
၂၈ယုံ​ကြည်​ကိုး​စား​ခြင်း​နည်း​ပါး​သူ​တို့၊ ယ​နေ့ ကွင်း​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက် ရ​သော​တော​မြက်​ကို ဘု​ရား​သ​ခင်​သည်​ဤ​သို့ ဝတ်​ဆင်​ပေး​လျှင် သင်​တို့​အား​ထို​ထက်​မ​က ဝတ်​ဆင်​ပေး​မည်​မ​ဟုတ်​လော။''
پس شما طالب مباشید که چه بخوریدیا چه بیاشامید و مضطرب مشوید. ۲۹ 29
၂၉``အ​ဘယ်​အ​ရာ​ကို​စား​ရ​အံ့​နည်း၊ အ​ဘယ် အ​ရာ​ကို​သောက်​ရ​အံ့​နည်း​ဟူ​၍​စိုး​ရိမ်​ပူ​ပန် မှု​မ​ရှိ​ကြ​နှင့်။-
زیرا که امت های جهان، همه این چیزها را می‌طلبند، لیکن پدر شما می‌داند که به این چیزها احتیاج دارید. ۳۰ 30
၃၀ထို​အ​ရာ​များ​ကို​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရား​သ​ခင် ကို​မ​ယုံ​ကြည်​သူ​တို့​သည်​ရှာ​ဖွေ​တတ်​ကြ ၏။ ထို​အ​ရာ​များ​ကို​သင်​တို့​လို​ကြောင်း​ကို သင်​တို့​အ​ဖ​သိ​တော်​မူ​၏။-
بلکه ملکوت خدا را طلب کنید که جمیع این چیزها برای شما افزوده خواهد شد. ۳۱ 31
၃၁သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ထို​အ​ရာ​များ​ကို လည်း​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်။
ترسان مباشید‌ای گله کوچک، زیرا که مرضی پدر شما است که ملکوت را به شما عطافرماید. ۳۲ 32
၃၂``သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ သင်​တို့​၏​အ​ဖ သည်​သင်​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​ရန် အ​လို​ရှိ​တော်​မူ​၏။-
آنچه دارید بفروشید و صدقه دهید وکیسه‌ها بسازید که کهنه نشود و گنجی را که تلف نشود، در آسمان جایی که دزد نزدیک نیاید و بیدتباه نسازد. ۳۳ 33
၃၃သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။-
زیرا جایی که خزانه شما است، دل شما نیز در آنجا می‌باشد. ۳۴ 34
၃၄အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ သို့ သင်​တို့​စိတ်​သည်​လည်း​ရောက်​တတ်​သော ကြောင့်​ဖြစ်​၏။''
کمرهای خود را بسته چراغهای خود راافروخته بدارید. ۳۵ 35
၃၅``သင်​တို့​သည်​အ​ဆင်​သင့်​ဖြစ်​ရန်​ခါး​ကို​စည်း လျက်​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ထား​ကြ​လော့။-
و شما مانند کسانی باشید که انتظار آقای خود را می‌کشند که چه وقت ازعروسی مراجعت کند تا هروقت آید و در رابکوبد، بی‌درنگ برای او بازکنند. ۳۶ 36
၃၆မင်္ဂလာ​ဆောင်​မှ​ပြန်​လာ​သော​မိ​မိ​တို့​၏​သ​ခင် သည်​တံ​ခါး​ကို​ခေါက်​လျှင် ချက်​ချင်း​ဖွင့်​ပေး ရန်​စောင့်​မျှော်​နေ​ကြ​သော​အ​စေ​ခံ​များ​ကဲ့ သို့​ဖြစ်​ကြ​လော့။-
خوشابحال آن غلامان که آقای ایشان چون آید ایشان را بیداریابد. هر آینه به شما می‌گویم که کمر خود را بسته ایشان را خواهد نشانید و پیش آمده، ایشان راخدمت خواهد کرد. ۳۷ 37
၃၇အ​စေ​ခံ​တို့​စောင့်​မျှော်​နေ​ကြ​သည်​ကို သ​ခင် ပြန်​ရောက်​ချိန်​၌​တွေ့​ရှိ​ရ​၏။ ထို​အ​စေ​ခံ​တို့ သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား​အ​မှန် အ​ကန်​ငါ​ဆို​သည်​ကား သ​ခင်​သည်​ထို အ​စေ​ခံ​တို့​ကို​ဧည့်​သည်​များ​အ​ဖြစ်​စား ပွဲ​တွင်​ထိုင်​စေ​လျက် မိ​မိ​ကိုယ်​တိုင်​ခါး​ကို စည်း​ကာ​ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မည်။-
و اگر در پاس دوم یا سوم از شب بیاید و ایشان را چنین یابد، خوشا بحال آن غلامان. ۳۸ 38
၃၈သူ​သည်​သန်း​ခေါင်​ယံ​၌​သော်​လည်း​ကောင်း၊ မိုး​သောက်​ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ သော​အ​ခါ စောင့်​မျှော်​လျက်​နေ​သော​အ​စေ​ခံ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။-
اما این را بدانید که اگر صاحب‌خانه می‌دانست که دزد در چه ساعت می‌آید، بیدارمی ماند و نمی گذاشت که به خانه‌اش نقب زنند. ۳۹ 39
၃၉အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အချိန် ကို​သာ​သိ​ရ​လျှင် မိ​မိ​အိမ်​ကို​သူ​ခိုး​အ​ဖောက် ခံ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​မှတ်​ထား​ကြ​လော့။-
پس شما نیز مستعد باشید، زیرا در ساعتی که گمان نمی برید پسر انسان می‌آید.» ۴۰ 40
၄၀လူ​သား​သည်​သင်​တို့​မ​မျှော်​လင့်​သည့်​အ​ချိန် ၌​ကြွ​လာ​မည်​ဖြစ်​၍​သင်​တို့​အ​သင့်​ရှိ​နေ​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
پطرس به وی گفت: «ای خداوند، آیا این مثل را برای ما زدی یا بجهت همه.» ۴۱ 41
၄၁ပေ​တ​ရု​က ``အ​ရှင်၊ ဤ​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အ​တွက်​မိန့်​တော်​မူ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​ခပ်​သိမ်း​တို့​အ​တွက်​လော'' ဟု မေး​လျှောက်​၏။
خداوندگفت: «پس کیست آن ناظر امین و دانا که مولای اووی را بر سایر خدام خود گماشته باشد تا آذوقه را در وقتش به ایشان تقسیم کند. ۴۲ 42
၄၂သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။-
خوشابحال آن غلام که آقایش چون آید، او را در چنین کارمشغول یابد. ۴۳ 43
၄၃တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​သည်​ကို​အိမ်​ရှင် ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင် ထို​အ​စေ​ခံ​သည် မင်္ဂ​လာ​ရှိ​၏။-
هرآینه به شما می‌گویم که او رابر همه مایملک خود خواهد گماشت. ۴۴ 44
၄၄အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အိမ်​ရှင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန် ထို​အ​စေ​ခံ​အား​အပ်​နှင်း​လိမ့်​မည်။-
لیکن اگر آن غلام در خاطر خود گوید، آمدن آقایم به طول می‌انجامد و به زدن غلامان و کنیزان و به خوردن و نوشیدن و میگساریدن شروع کند، ۴۵ 45
၄၅သို့​ရာ​တွင်​အ​ကယ်​၍​ထို​အ​စေ​ခံ​သည်`ငါ့​သ​ခင် ပြန်​လာ​ရန်​ကြာ​ဦး​မည်' ဟု​စိတ်​တွင်​အောက်​မေ့ ကာ အ​စေ​ခံ​ယောကျာ်း၊ အ​စေ​ခံ​မိန်း​မ​တို့​အား ရိုက်​ပုတ်​၍ သောက်​စား​မူး​ယစ်​လျက်​နေ​သည် ဆို​အံ့။-
هرآینه مولای آن غلام آید، در روزی که منتظر او نباشد و در ساعتی که او نداند و او را دوپاره کرده نصیبش را با خیانتکاران قرار دهد. ۴۶ 46
၄၆ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင်​သည့် အ​ချိန်​၌​အိမ်​ရှင်​သည်​ပြန်​လာ​၍ သူ့​ကို​ပြင်း ထန်​စွာ​ဒဏ်​ခတ်​၍ သစ္စာ​မဲ့​သူ​တို့​ခံ​စား​ရ မည့်​ကံ​ကြမ္မာ​ကို​ခံ​စား​စေ​လိမ့်​မည်။
«اما آن غلامی که اراده مولای خویش رادانست و خود را مهیا نساخت تا به اراده او عمل نماید، تازیانه بسیار خواهد خورد. ۴۷ 47
၄၇``အ​ရှင်​၏​အ​လို​ဆန္ဒ​ကို​သိ​လျက်​နှင့်​အ​သင့် ပြင်​ဆင်​၍​မ​ထား၊ ထို​အ​လို​ဆန္ဒ​သို့​လိုက်​လျော ခြင်း​ကို​မ​ပြု​ဘဲ​နေ​သော​အ​စေ​ခံ​သည်​ကြိမ် ဒဏ်​များ​စွာ​ခံ​ရ​လတ္တံ့။-
اما آنکه نادانسته کارهای شایسته ضرب کند، تازیانه کم خواهد خورد. و به هر کسی‌که عطا زیاده شود ازوی مطالبه زیادتر گردد و نزد هر‌که امانت بیشترنهند از او بازخواست زیادتر خواهند کرد. ۴۸ 48
၄၈သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။
من آمدم تا آتشی در زمین افروزم، پس چه می‌خواهم اگر الان در‌گرفته است. ۴۹ 49
၄၉``ငါ​သည်​ဤ​လော​က​ကို​မီး​လောင်​စေ​ရန်​လာ ၏။ ယ​ခု​ပင်​မီး​လောင်​စေ​ချင်​လှ​ပြီ။-
اما مراتعمیدی است که بیابم و چه بسیار در تنگی هستم، تا وقتی که آن بسر‌آید. ۵۰ 50
၅၀ငါ​ခံ​ယူ​ရ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု ကို​ဆောင်​ရွက်​၍​မ​ပြီး​မ​ချင်း ငါ​သည်​စိတ် ဒုက္ခ​ရောက်​လှ​၏။-
آیا گمان می‌برید که من آمده‌ام تا سلامتی بر زمین بخشم؟ نی بلکه به شما می‌گویم تفریق را. ۵۱ 51
၅၁ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန် ငါ​လာ​သည်​ဟု​ထင်​ကြ​သ​လော။ ယင်း​သို့​မ​ဟုတ်။ လူ​တို့​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် သာ​လျှင်​ငါ​လာ​သ​တည်း။-
زیرا بعد ازاین پنج نفر که در یک خانه باشند دو از سه و سه ازدو جدا خواهند شد، ۵۲ 52
၅၂ယ​ခု​မှ​စ​၍​လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​ထောင် တွင်​နှစ်​ယောက်​က​တစ်​ဖက်၊ သုံး​ယောက်​က တစ်​ဖက်​စိတ်​ဝမ်း​ကွဲ​ပြား​ကြ​လိမ့်​မည်။-
پدر از پسر و پسر از پدرو مادر از دختر و دختر از مادر و خارسو ازعروس و عروس از خارسو مفارقت خواهندنمود.» ۵۳ 53
၅၃ဖ​ခင်​နှင့်​သား၊ မိ​ခင်​နှင့်​သ​မီး၊ ယောက္ခ​မ​ဖြစ် သူ​နှင့်​ချွေး​မ​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
آنگاه باز به آن جماعت گفت: «هنگامی که ابری بینید که از مغرب پدید آید، بی‌تامل می‌گویید باران می‌آید و چنین می‌شود. ۵۴ 54
၅၄ထို​နောက်​ကိုယ်​တော်​က ``အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​ရွာ​လိမ့် မည်​ဟု​သင်​တို့​ချက်​ချင်း​ပြော​တတ်​ကြ​၏။ သင် တို့​ပြော​သည့်​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။-
و چون دیدید که باد جنوبی می‌وزد، می‌گویید گرما خواهد شد و می‌شود. ۵۵ 55
၅၅တောင်​လေ​လာ​သည်​ကို​မြင်​သော်​နေ​ပူ​လိမ့်​မည် ဟု​ပြော​တတ်​ကြ​၏။ သင်​တို့​ပြော​သည့်​အ​တိုင်း လည်း​ဖြစ်​တတ်​၏။-
‌ای ریاکاران، می‌توانید صورت زمین و آسمان راتمیز دهید، پس چگونه این زمان رانمی شناسید؟ ۵۶ 56
၅၆ကြောင်​သူ​တော်​တို့၊ သင်​တို့​သည်​မိုး​မြေ​၏ အ​ရိပ်​အ​ခြေ​ကို​ထောက်​လျက်​ရာ​သီ​ဥ​တု အ​ခြေ​အ​နေ​ကို​ပြော​နိုင်​ကြ​ပါ​လျက်​နှင့် ဤ ခေတ်​ကာ​လ​နှင့်​စပ်​ဆိုင်​သော​နိ​မိတ်​များ​ကို အ​ဘယ်​ကြောင့်​မ​သိ​နိုင်​ကြ​သ​နည်း။''
و چرا از خود به انصاف حکم نمی کنید؟ ۵۷ 57
၅၇``မှန်​ကန်​သည့်​အ​မှု​ကို​ပြု​ရန်​အ​ဘယ်​ကြောင့် သင်​တို့​ကိုယ်​တိုင်​မ​ဆုံး​ဖြတ်​ကြ​သ​နည်း။-
و هنگامی که با مدعی خود نزد حاکم می‌روی، در راه سعی کن که از او برهی، مبادا تو رانزد قاضی بکشد و قاضی تو را به‌سرهنگ سپاردو سرهنگ تو را به زندان افکند. ۵۸ 58
၅၈သင်​၏​တ​ရား​တွေ့​ဘက်​နှင့်​အ​တူ တ​ရား သူ​ကြီး​ထံ​ကို​သွား​ရာ​လမ်း​တွင်​ကျေ​အေး အောင်​စေ့​စပ်​လော့။ ထို​သို့​မ​ပြု​ပါ​မူ သူ​သည် သင့်​အား​တ​ရား​သူ​ကြီး​၏​ရှေ့​သို့​ဆွဲ​ခေါ် သွား​လိမ့်​မည်။ တ​ရား​သူ​ကြီး​သည် သင့်​အား မင်း​မှု​ထမ်း​လက်​သို့​ပေး​အပ်​လိုက်​လိမ့်​မည်။ မင်း​မှု​ထမ်း​သည်​လည်း​သင့်​အား​ထောင်​ချ ထား​လိမ့်​မည်။-
تو را می‌گویم تا فلس آخر را ادا نکنی، از آنجا هرگز بیرون نخواهی آمد.» ۵۹ 59
၅၉အ​ကြွေး​အ​ကုန်​ပြေ​လည်​အောင်​မ​ဆပ်​မ​ချင်း သင်​သည်​ထောင်​မှ​ထွက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​၏'' ဟူ​၍​ပ​ရိ​သတ်​သင်​တို့​အား​မိန့် တော်​မူ​၏။

< لوقا 12 >