< داوران 2 >

و فرشته خداوند از جلجال به بوکیم آمده، گفت: «شما را از مصر برآوردم و به زمینی که به پدران شما قسم خوردم داخل کردم، و گفتم عهد خود را با شما تا به ابد نخواهم شکست. ۱ 1
ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့ လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက်အစဉ်အမြဲစောင့်မည်။
پس شما با ساکنان این زمین عهد مبندید ومذبح های ایشان را بشکنید، لیکن شما سخن مرانشنیدید. این چه‌کار است که کرده‌اید؟ ۲ 2
သင်တို့သည် ဤပြည်သားတို့နှင့် မိဿဟာယမဖွဲ့ရ။ သူတို့ ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါ ဆိုသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။
لهذا من نیز گفتم ایشان را از حضور شما بیرون نخواهم کرد، و ایشان در کمرهای شما خارها خواهندبود، و خدایان ایشان برای شما دام خواهند بود.» ۳ 3
တဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့ တဘက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
و چون فرشته خداوند این سخنان را به تمامی اسرائیل گفت، قوم آواز خود را بلند کرده، گریستند. ۴ 4
ထာဝရဘုရား၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။
و آن مکان را بوکیم نام نهادند، و درآنجا برای خداوند قربانی گذرانیدند. ۵ 5
ထိုအရပ်ကို ဗောခိမ်အမည်ဖြင့် မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။
و چون یوشع قوم را روانه نموده بود، بنی‌اسرائیل هر یکی به ملک خود رفتند تا زمین رابه تصرف آورند. ۶ 6
အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှါ သွားကြ၏။
و در تمامی ایام یوشع و تمامی ایام مشایخی که بعد از یوشع زنده ماندند، و همه کارهای بزرگ خداوند را که برای اسرائیل کرده بود، دیدند، قوم، خداوند را عبادت نمودند. ۷ 7
ယောရှုလက်ထက်ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
ویوشع بن نون، بنده خداوند، چون صد و ده ساله بود، مرد. ۸ 8
ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။
و او را در حدود ملکش در تمنه حارس در کوهستان افرایم به طرف شمال کوه جاعش دفن کردند. ۹ 9
ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
و تمامی آن طبقه نیز به پدران خودپیوستند، و بعد از ایشان طبقه دیگر برخاستند که خداوند و اعمالی را که برای اسرائیل کرده بود، ندانستند. ۱۰ 10
၁၀ယောရှုလက်ထက်ကာလ၌ ဖြစ်သော သူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ ၏။ ထာဝရဘုရားကို၎င်း၊ ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုတို့ကို၎င်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။
و بنی‌اسرائیل در نظر خداوند شرارت ورزیدند، و بعلها را عبادت نمودند. ۱۱ 11
၁၁ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။
و یهوه خدای پدران خود را که ایشان را از زمین مصربیرون آورده بود، ترک کردند، و خدایان غیر را ازخدایان طوایفی که در اطراف ایشان بودند پیروی نموده، آنها را سجده کردند. و خشم خداوند رابرانگیختند. ۱۲ 12
၁၂အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။
و یهوه را ترک کرده، بعل وعشتاروت را عبادت نمودند. ۱۳ 13
၁၃ထာဝရဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊
پس خشم خداوند بر اسرائیل افروخته شده، ایشان را به‌دست تاراج کنندگان سپرد تا ایشان را غارت نمایند، و ایشان را به‌دست دشمنانی که به اطراف ایشان بودند، فروخت، به حدی که دیگرنتوانستند با دشمنان خود مقاومت نمایند. ۱۴ 14
၁၄ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့ အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ ရှေ့မှာ သူတို့သည် တဖန် မရပ်နိုင်ကြ။
و به هرجا که بیرون می‌رفتند، دست خداوند برای بدی بر ایشان می‌بود، چنانکه خداوند گفته، و چنانکه خداوند برای ایشان قسم خورده بود و به نهایت تنگی گرفتار شدند. ۱۵ 15
၁၅သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း၊ လက်တော် အဆီးအတားနှင့် တွေ့၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ၏။
و خداوند داوران برانگیزانید که ایشان را ازدست تاراج کنندگان نجات دادند. ۱۶ 16
၁၆သို့ရာတွင် လုယူသော သူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။
و باز داوران خود را اطاعت ننمودند، زیرا که در عقب خدایان غیر زناکار شده، آنها را سجده کردند، و از راهی که پدران ایشان سلوک می‌نمودند، و اوامرخداوند را اطاعت می‌کردند، به زودی برگشتند، و مثل ایشان عمل ننمودند. ۱۷ 17
၁၇ထိုတရားသူကြီးတို့ စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတပါးသော ဘုရားတို့နှင့် မှားယွင်း၍ ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်၍ လိုက်သော လမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။
و چون خداوندبرای ایشان داوران برمی انگیخت خداوند با داورمی بود، و ایشان را در تمام ایام آن داور از دست دشمنان ایشان نجات می‌داد، زیرا که خداوند به‌خاطر ناله‌ای که ایشان از دست ظالمان وستم کنندگان خود برمی آوردند، پشیمان می‌شد. ۱۸ 18
၁၈ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက် ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။
و واقع می‌شد چون داور وفات یافت که ایشان برمی گشتند و از پدران خود بیشتر فتنه انگیز شده، خدایان غیر را پیروی می‌کردند، و آنها را عبادت نموده، سجده می‌کردند، و از اعمال بد و راههای سرکشی خود چیزی باقی نمی گذاشتند. ۱۹ 19
၁၉တရားသူကြီး သေသောနောက်၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့ အကျင့်ဓလေ့နှင့် ကြမ်းတမ်းသော လမ်းကို မစွန့်မပယ်ကြ။
لهذاخشم خداوند بر اسرائیل افروخته شد و گفت: «چونکه این قوم از عهدی که با پدران ایشان امرفرمودم، تجاوز نموده، آواز مرا نشنیدند، ۲۰ 20
၂၀ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကို နားမထောင်။ သူတို့ ဘိုးဘေးတို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ဖျက်သောကြောင့်၊
من نیز هیچ‌یک از امتها را که یوشع وقت وفاتش واگذاشت، از حضور ایشان دیگر بیرون نخواهم نمود. ۲۱ 21
၂၁ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစုံတမျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ်။
تا اسرائیل را به آنها بیازمایم که آیاطریق خداوند را نگهداشته، چنانکه پدران ایشان نگهداشتند، در آن سلوک خواهند نمود یا نه.» ۲۲ 22
၂၂သူတို့ ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခြင်းငှါ စောင့်ရှောက်သကဲ့သို့ သူတို့သည် စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊
پس خداوند آن طوایف را واگذاشته، به‌سرعت بیرون نکرد و آنها را به‌دست یوشع تسلیم ننمود. ۲۳ 23
၂၃ထိုလူမျိုးကို ယောရှုလက်၌ မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နေတော်မူ၏။

< داوران 2 >