< یوحنا 6 >

و بعد از آن عیسی به آن طرف دریای جلیل که دریای طبریه باشد، رفت. ۱ 1
ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။-
و جمعی کثیر از عقب او آمدند زیرا آن معجزاتی را که به مریضان می‌نمود، می‌دیدند. ۲ 2
သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-
آنگاه عیسی به کوهی برآمده، با شاگردان خود در آنجا بنشست. ۳ 3
သ​ခင်​ယေ​ရှု​သည်​တောင်​ပေါ်​သို့​တက်​တော်​မူ​၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။-
و فصح که عید یهود باشد، نزدیک بود. ۴ 4
ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။-
پس عیسی چشمان خود را بالا انداخته، دیدکه جمعی کثیر به طرف او می‌آیند. به فیلپس گفت: «از کجا نان بخریم تا اینها بخورند؟» ۵ 5
သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။-
و این را از روی امتحان به او گفت، زیرا خود می‌دانست چه باید کرد. ۶ 6
(ဤ​သို့​မေး​တော်​မူ​ခြင်း​မှာ​ဖိ​လိပ္ပု​ကို​အ​ကဲ ခပ်​လို​၍​ဖြစ်​၏။ ကိုယ်​တော်​ကား​မိ​မိ​အ​ဘယ် သို့​ပြု​မည်​ကို​သိ​ရှိ​ပြီး​ဖြစ်​ပေ​သည်။)
فیلپس او را جواب داد که «دویست دینار نان، اینها را کفایت نکند تا هر یک اندکی بخورند!» ۷ 7
ဖိ​လိပ္ပု​က ``လူ​တစ်​ယောက်​ကို​အ​စား​အ​စာ အ​နည်း​ငယ်​စီ​ကျွေး​ရန်​ပင်​လျှင် ငွေ​ဒေ​နာ​ရိ နှစ်​ရာ​ဖိုး​နှင့်​လုံ​လောက်​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​၏။-
یکی از شاگردانش که اندریاس برادر شمعون پطرس باشد، وی را گفت: ۸ 8
ရှိ​မုန်​ပေ​တ​ရု​၏​ညီ၊ တ​ပည့်​တော်​တစ်​ဦး​ဖြစ် သူ​အန္ဒြေ​က​ကိုယ်​တော်​အား၊-
«دراینجا پسری است که پنج نان جو و دو ماهی دارد. و لیکن این از برای این گروه چه می‌شود؟» ۹ 9
``ဤ​မှာ​သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သူ့​ထံ တွင်​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ ပါ​၏။ သို့​ရာ​တွင်​ဤ​မျှ​ကြီး​မား​သော​လူ ပ​ရိ​သတ်​အား ထို​မုန့်​နှင့်​ငါး​ကို​အ​ဘယ် သို့​လျှင်​လောက်​င​အောင်​ကျွေး​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။
عیسی گفت: «مردم را بنشانید.» و در آن مکان، گیاه بسیار بود، و آن گروه قریب به پنج هزار مردبودند که نشستند. ۱۰ 10
၁၀ကိုယ်​တော်​က ``လူ​တို့​အား​ထိုင်​စေ​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ (ထို​အ​ရပ်​တွင်​မြက်​ထူ​ထပ်​သ​ဖြင့်) ငါး​ထောင်​မျှ​သော​လူ​တို့​သည်​မြက်​ပေါ်​တွင် ထိုင်​ကြ​၏။-
عیسی نانها را گرفته و شکرنموده، به شاگردان داد و شاگردان به نشستگان دادند؛ و همچنین از دو ماهی نیز به قدری که خواستند. ۱۱ 11
၁၁ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​ပြီး​လျှင် ထိုင်​နေ​သော​သူ​တို့​အား​ဝေ​ငှ​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပြု​တော် မူ​၏။ လူ​တို့​သည်​ဝ​အောင်​စား​ကြ​ရ​၏။-
و چون سیر گشتند، به شاگردان خود گفت: «پاره های باقی‌مانده را جمع کنید تاچیزی ضایع نشود.» ۱۲ 12
၁၂ထို​သူ​တို့​စား​၍​ဝ​ကြ​သော​အ​ခါ​ကိုယ်​တော် က ``စား​ကြွင်း​စား​ကျန်​များ​ကို​မ​လေ​မ​လွင့် ရ​အောင်​သိမ်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။-
پس جمع کردند و ازپاره های پنج نان جو که از خورندگان زیاده آمده بود، دوازده سبد پر کردند. ۱۳ 13
၁၃သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကောက်​သိမ်း ကြ​ရာ​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင် မှ စား​ကြွင်း​စား​ကျန်​အ​စ​အ​န​များ​တောင်း တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။
و چون مردمان این معجزه را که از عیسی صادر شده بود دیدند، گفتند که «این البته همان نبی است که باید در جهان بیاید!» ۱۴ 14
၁၄ဤ​သို့​ကိုယ်​တော်​ပြ​တော်​မူ​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​ကြ​ရ​သော​သူ​တို့​က ``ဤ​သူ​ကား​လော​က​သို့​ကြွ​လာ​တော်​မူ​မည် ဟု​ဆို​သော​ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​၏'' ဟု ဆို​ကြ​၏။-
و اما عیسی چون دانست که می‌خواهند بیایند و او را به زور برده پادشاه سازند، باز تنها به کوه برآمد. ۱۵ 15
၁၅သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။
و چون شام شد، شاگردانش به‌جانب دریاپایین رفتند، ۱۶ 16
၁၆ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော် တို့​သည်​ဂါ​လိ​လဲ​အိုင်​သို့​ဆင်း​သွား​ကြ​၏။-
و به کشتی سوار شده به آن طرف دریا به کفرناحوم روانه شدند. و چون تاریک شدعیسی هنوز نزد ایشان نیامده بود. ۱۷ 17
၁၇လှေ​ပေါ်​သို့​တက်​ကြ​ပြီး​လျှင်​အိုင်​တစ်​ဖက်​ကမ်း ရှိ​က​ပေ​ရ​နောင်​မြို့​သို့​ပြန်​သွား​ကြ​၏။ မိုး​ချုပ် လာ​သော်​လည်း​သ​ခင်​ယေ​ရှု​ကား​သူ​တို့​ထံ​သို့ မ​ကြွ​မ​ရောက်​သေး။-
و دریابواسطه وزیدن باد شدید به تلاطم آمد. ۱۸ 18
၁၈ထို​အ​ချိန်​၌​လေ​ပြင်း​ကျ​လျက်​နေ​သ​ဖြင့် အိုင်​တွင်​လှိုင်း​ထ​လာ​၏။-
پس وقتی که قریب به بیست و پنج یا سی تیر پرتاپ رانده بودند، عیسی را دیدند که بر روی دریاخرامان شده، نزدیک کشتی می‌آید. پس ترسیدند. ۱۹ 19
၁၉တ​ပည့်​တော်​တို့​သည်​သုံး​လေး​မိုင်​ခန့်​လှော်​ခတ် ပြီး​သော​အ​ခါ သ​ခင်​ယေ​ရှု​ရေ​ပေါ်​မှာ​စက်​တော် ဖြန့်​၍ မိ​မိ​တို့​အ​နီး​သို့​ကြွ​လာ​သည်​ကို​မြင် ကြ​၏။ ထို​အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။-
او بدیشان گفت: «من هستم، مترسید!» ۲۰ 20
၂၀ကိုယ်​တော်​က ``မ​ကြောက်​ကြ​နှင့်။ ငါ​ပင်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။-
و چون می‌خواستند او را در کشتی بیاورند، در ساعت کشتی به آن زمینی که عازم آن بودند رسید. ۲۱ 21
၂၁ထို​အ​ခါ​သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကိုယ်​တော် အား​လှေ​ပေါ်​သို့​ပင့်​ဖိတ်​ကြ​၏။ ထို​နောက်​လှေ သည်​တစ်​ခ​ဏ​ချင်း​တွင်​ရောက်​လို​ရာ​ကမ်း ခြေ​သို့​ဆိုက်​လေ​၏။
بامدادان گروهی که به آن طرف دریا ایستاده بودند، دیدند که هیچ زورقی نبود غیر از آن که شاگردان او داخل آن شده بودند و عیسی باشاگردان خود داخل آن زورق نشده، بلکه شاگردانش تنها رفته بودند. ۲۲ 22
၂၂နောက်​တစ်​နေ့​၌​အိုင်​တစ်​ဖက်​ကမ်း​တွင်​နေ​ရစ် ခဲ့​သော​လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ရပ်​၌​လှေ တစ်​စင်း​တည်း​ရှိ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​၏။ ထို​လှေ​တွင်​သ​ခင်​ယေ​ရှု​လိုက်​ပါ​တော်​မ​မူ ဘဲ တ​ပည့်​တော်​ချည်း​သာ​လျှင်​ထွက်​ခွာ​သွား ကြ​သည်​ကို​သိ​ကြ​၏။-
لیکن زورقهای دیگر از طبریه آمد، نزدیک به آنجایی که نان خورده بودند بعد از آنکه خداوند شکر گفته بود. ۲۳ 23
၂၃သို့​သော်​လည်း​တိ​ဗေ​ရိ​မြို့​မှ​လာ​သော​လှေ​များ သည်​သ​ခင်​ဘု​ရား​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ လူ​ပ​ရိ​သတ်​အား​မုန့်​ကို​ကျွေး​မွေး​တော်​မူ​ခဲ့ သည့်​အ​ရပ်​အ​နီး​သို့​ဆိုက်​ရောက်​လာ​ကြ​၏။-
پس چون آن گروه دیدند که عیسی وشاگردانش در آنجا نیستند، ایشان نیز به کشتیهاسوار شده، در طلب عیسی به کفرناحوم آمدند. ۲۴ 24
၂၄လူ​ပ​ရိ​သတ်​သည်​ထို​အရပ်​တွင်​သ​ခင်​ယေ​ရှု သည်​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​သည်​လည်း ကောင်း​မ​ရှိ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ ထို လှေ​များ​ပေါ်​သို့​တက်​၍​ကိုယ်​တော်​ကို​ရှာ​ရန် က​ပေ​ရ​နောင်​မြို့​သို့​သွား​ကြ​၏။
و چون او را در آن طرف دریا یافتند، بدوگفتند: «ای استاد کی به اینجا آمدی؟» ۲۵ 25
၂၅အိုင်​တစ်​ဖက်​ကမ်း​တွင်​ကိုယ်​တော်​ကို​တွေ့​ကြ​သော အ​ခါ​လူ​ပ​ရိ​သတ်​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​သည် ဤ​အ​ရပ်​သို့​အ​ဘယ်​အ​ခါ​က​ကြွ​လာ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
عیسی در جواب ایشان گفت: «آمین آمین به شمامی گویم که مرا می‌طلبید نه بسبب معجزاتی که دیدید، بلکه بسبب آن نان که خوردید و سیرشدید. ۲۶ 26
၂၆သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​ငါ့​ကို​ရှာ​ကြ​ခြင်း​မှာ​ငါ​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို နား​လည်​ကြ​ရ​၍​မ​ဟုတ်။ အ​စား​အ​စာ​ကို​ဝ အောင်​စား​ကြ​ရ​၍​ဖြစ်​၏။-
کار بکنید نه برای خوراک فانی بلکه برای خوراکی که تا حیات جاودانی باقی است که پسر انسان آن را به شما عطا خواهد کرد، زیراخدای پدر بر او مهر زده است.» (aiōnios g166) ۲۷ 27
၂၇ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ (aiōnios g166)
بدو گفتند: «چه کنیم تا اعمال خدا را به‌جا آورده باشیم؟» ۲۸ 28
၂၈လူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သည့်​အ​ရာ​ကို​ဆောင်​ရွက်​နိုင် ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။
عیسی در جواب ایشان گفت: «عمل خدا این است که به آن کسی‌که او فرستاد، ایمان بیاورید.» ۲۹ 29
၂၉သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ သည့်​အ​ရာ​ကား ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော သူ​ကို​သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
بدو گفتند: «چه معجزه می‌نمایی تا آن را دیده به تو ایمان آوریم؟ چکار می‌کنی؟ ۳۰ 30
၃၀ထို​သူ​တို့​က ``အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​နိုင် ကြ​စေ​ရန် အ​ဘယ်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ​မည်​နည်း။ အ​ရှင်​အ​ဘယ်​အ​မှု​ကို လုပ်​ဆောင်​တော်​မူ​မည်​နည်း။-
پدران ما دربیابان من را خوردند، چنانکه مکتوب است که ازآسمان بدیشان نان عطا کرد تا بخورند.» ۳۱ 31
၃၁ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။
عیسی بدیشان گفت: «آمین آمین به شما می‌گویم که موسی نان را از آسمان به شما نداد، بلکه پدر من نان حقیقی را از آسمان به شما می‌دهد. ۳۲ 32
၃၂သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။-
زیرا که نان خدا آن است که از آسمان نازل شده، به جهان حیات می‌بخشد.» ۳۳ 33
၃၃ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
آنگاه بدو گفتند: «ای خداوند این نان را پیوسته به ما بده.» ۳۴ 34
၃၄ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
عیسی بدیشان گفت: «من نان حیات هستم. کسی‌که نزد من آید، هرگز گرسنه نشود و هر‌که به من ایمان آرد هرگز تشنه نگردد. ۳۵ 35
၃၅သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။-
لیکن به شماگفتم که مرا هم دیدید و ایمان نیاوردید. ۳۶ 36
၃၆သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ကို​တွေ့​မြင်​ကြ သော်​လည်း​မ​ယုံ​ကြည်​ကြ​ဟု​ငါ​ဆို​ခဲ့​ပြီ။-
هرآنچه پدر به من عطا کند، به‌جانب من آید و هر‌که به‌جانب من آید، او را بیرون نخواهم نمود. ۳۷ 37
၃၇ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့ ထံ​လာ​သော​သူ​ကို​ငါ​သည်​ပစ်​ပယ်​လိမ့်​မည် မ​ဟုတ်။-
زیرا از آسمان نزول کردم نه تا به اراده خودعمل کنم، بلکه به اراده فرستنده خود. ۳۸ 38
၃၈အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ငါ့​အ​လို​အ​တိုင်း ဆောင်​ရွက်​ရန် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​အ​တိုင်း​ဆောင်​ရွက်​ရန် ဆင်း​သက်​လာ​သော ကြောင့်​တည်း။-
و اراده پدری که مرا فرستاد این است که از آنچه به من عطا کرد چیزی تلف نکنم بلکه در روز بازپسین آن را برخیزانم. ۳۹ 39
၃၉ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို တော်​ကား ကိုယ်​တော်​ရှင်​ပေး​အပ်​ထား​တော်​မူ သော​သူ​အ​ပေါင်း​တို့​သည် ဆုံး​ပါး​ပျက်​စီး ခြင်း​မှ​နောက်​ဆုံး​သော​နေ့​၌ ရှင်​ပြန်​ထ​မြောက် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။-
و اراده فرستنده من این است که هر‌که پسر را دید و بدو ایمان آورد، حیات جاودانی داشته باشد و من در روز بازپسین او راخواهم برخیزانید.» (aiōnios g166) ۴۰ 40
၄၀သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။ (aiōnios g166)
پس یهودیان درباره او همهمه کردند زیراگفته بود: «من هستم آن نانی که از آسمان نازل شد.» ۴۱ 41
၄၁ကိုယ်​တော်​က ``ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​သ​ဖြင့် လူ​တို့​သည်​ညည်း​ညူ​ကြ​၏။-
و گفتند: «آیا این عیسی پسر یوسف نیست که ما پدر و مادر او را می‌شناسیم؟ پس چگونه می‌گوید که از آسمان نازل شدم؟» ۴۲ 42
၄၂သူ​တို့​က ``ဤ​သူ​သည်​ယော​သပ်​၏​သား​ယေ​ရှု မ​ဟုတ်​ပါ​လော။ သူ့​မိ​ဘ​များ​ကို​ငါ​တို့​သိ​သည် မ​ဟုတ်​ပါ​လော။ သို့​ပါ​လျက်​အ​ဘယ်​ကြောင့်`ငါ သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ခဲ့​သည်' ဟု​သူ ဆို​ဘိ​သ​နည်း'' ဟု​ပြော​ကြ​၏။
عیسی در جواب ایشان گفت: «با یکدیگرهمهمه مکنید. ۴۳ 43
၄၃သ​ခင်​ယေ​ရှု​က ``သင်​တို့​အ​ချင်း​ချင်း​ညည်း​ညူ မ​နေ​ကြ​နှင့်။-
کسی نمی تواند نزد من آید، مگر آنکه پدری که مرا فرستاد او را جذب کند ومن در روز بازپسین او را خواهم برخیزانید. ۴۴ 44
၄၄ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ဆောင် တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​ငါ​သည်​နောက်​ဆုံး​သော နေ့​၌​သေ​ခြင်း​မှ​ထ​မြောက်​စေ​မည်။-
درانبیا مکتوب است که همه از خدا تعلیم خواهندیافت. پس هر‌که از پدر شنید و تعلیم یافت نزد من می‌آید. ۴۵ 45
၄၅ပ​ရော​ဖက်​ကျမ်း​များ​တွင်`ထို​သူ​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​၏။ သို့​ဖြစ်​၍​ခ​မည်း​တော် မိန့်​တော်​မူ​သော​စ​ကား​ကို​ကြား​၍ အ​ထံ​တော် မှ​နည်း​နာ​ခံ​ယူ​သူ​အ​ပေါင်း​တို့​သည်​ငါ့​ထံ သို့​လာ​ကြ​၏။-
نه اینکه کسی پدر را دیده باشد، جزآن کسی‌که از جانب خداست، او پدر را دیده است. ۴۶ 46
၄၆ဤ​သို့​ငါ​ဆို​ရာ​၌​ခ​မည်း​တော်​ကို​တွေ့​မြင် ဖူး​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​သည်​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ​သူ​တစ်​ဦး တည်း​သာ​လျှင်​ခ​မည်း​တော်​ကို​တွေ့​မြင်​ဖူး​၏။-
آمین آمین به شما می‌گویم هر‌که به من ایمان آرد، حیات جاودانی دارد. (aiōnios g166) ۴۷ 47
၄၇အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့ ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။- (aiōnios g166)
من نان حیات هستم. ۴۸ 48
၄၈ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။-
پدران شما در بیابان من را خوردند ومردند. ۴۹ 49
၄၉သင်​တို့​၏​ဘိုး​ဘေး​များ​သည်​တော​ကန္တာ​ရ​တွင် မန္န မုန့်​ကို​စား​ကြ​ရ​သော်​လည်း​သေ​လွန်​ကြ​ကုန်​၏။-
این نانی است که از آسمان نازل شد تاهر‌که از آن بخورد نمیرد. ۵۰ 50
၅၀ဤ​အ​စာ​အာ​ဟာ​ရ​သည်​ကား​ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၍ ယင်း​ကို မှီ​ဝဲ​သူ​သည်​သေ​ရ​လိမ့်​မည်​မ​ဟုတ်။-
من هستم آن نان زنده که از آسمان نازل شد. اگر کسی از این نان بخورد تا به ابد زنده خواهد ماند و نانی که من عطامی کنم جسم من است که آن را بجهت حیات جهان می‌بخشم.» (aiōn g165) ۵۱ 51
၅၁ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165)
پس یهودیان با یکدیگر مخاصمه کرده، می‌گفتند: «چگونه این شخص می‌تواند جسدخود را به ما دهد تا بخوریم؟» ۵۲ 52
၅၂ထို​အ​ခါ ``ဤ​သူ​သည်​အ​ဘယ်​သို့​လျှင်​ငါ​တို့ စား​ရန်​အ​တွက် သူ​၏​အ​သား​ကို​ပေး​နိုင်​ပါ မည်​နည်း'' ဟု​လူ​တို့​သည်​အ​ချင်း​ချင်း​ပြင်း ထန်​စွာ​ငြင်း​ခုံ​ကြ​၏။
عیسی بدیشان گفت: «آمین آمین به شما می‌گویم اگر جسد پسرانسان را نخورید و خون او را ننوشید، در خودحیات ندارید. ۵۳ 53
၅၃သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။-
و هر‌که جسد مرا خورد و خون مرا نوشید، حیات جاودانی دارد و من در روزآخر او را خواهم برخیزانید. (aiōnios g166) ۵۴ 54
၅၄ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။- (aiōnios g166)
زیرا که جسد من، خوردنی حقیقی و خون من، آشامیدنی حقیقی است. ۵۵ 55
၅၅ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။-
پس هر‌که جسد مرا می‌خورد و خون مرا می‌نوشد، در من می‌ماند و من در او. ۵۶ 56
၅၆ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည်​ငါ​၌​ကျိန်း​ဝပ်​၏။ ငါ​သည်​လည်း​ထို​သူ ၌​ကျိန်း​ဝပ်​၏။-
چنانکه پدر زنده مرا فرستاد و من به پدر زنده هستم، همچنین کسی‌که مرا بخورد او نیز به من زنده می‌شود. ۵۷ 57
၅၇အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည်​ငါ့​ကို စေ​လွှတ်​တော်​မူ​၏။ ငါ​သည်​လည်း​ခ​မည်း​တော် ကြောင့်​အ​သက်​ရှင်​သည်​နည်း​တူ ငါ့​အ​သား ကို​စား​သော​သူ​သည်​လည်း​ငါ့​ကြောင့်​အ​သက် ရှင်​လိမ့်​မည်။-
این است نانی که از آسمان نازل شد، نه همچنان‌که پدران شما من را خوردند و مردند؛ بلکه هر‌که این نان را بخورد تا به ابد زنده ماند.» (aiōn g165) ۵۸ 58
၅၈သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (aiōn g165)
این سخن را وقتی که در کفرناحوم تعلیم می‌داد، در کنیسه گفت. ۵۹ 59
၅၉သ​ခင်​ယေ​ရှု​သည်​က​ပေ​ရ​နောင်​မြို့​တ​ရား ဇ​ရပ်​တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​က ဤ သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ​သ​တည်း။
آنگاه بسیاری از شاگردان او چون این راشنیدند گفتند: «این کلام سخت است! که می‌تواندآن را بشنود؟» ۶۰ 60
၆၀ထို​သြ​ဝါ​ဒ​များ​ကို​တ​ပည့်​တော်​အ​မြောက် အ​မြား​ပင်​ကြား​ကြ​၏။ သူ​တို့​က ``ဤ​သွန်​သင် တော်​မူ​ချက်​တို့​သည်​ခက်​ခဲ​လှ​သ​ဖြင့် အ​ဘယ် သူ​လိုက်​နာ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
چون عیسی در خود دانست که شاگردانش در این امر همهمه می‌کنند، بدیشان گفت: «آیا این شما را لغزش می‌دهد؟ ۶۱ 61
၆၁ဤ​သို့​တ​ပည့်​တော်​တို့​သည်​ညည်း​တွား​နေ​ကြ သည်​ကို သ​ခင်​ယေ​ရှု​သည်​အ​လို​အ​လျောက်​သိ တော်​မူ​သ​ဖြင့် ``ဤ​စ​ကား​ကြောင့်​သင်​တို့​စိတ် ပျက်​ကြ​သ​လော။-
پس اگرپسر انسان را بینید که به‌جایی که اول بود صعودمی کند چه؟ ۶۲ 62
၆၂အ​ကယ်​၍​လူ​သား​သည်​မိ​မိ​နေ​ရင်း​ရပ်​ထံ သို့​တက်​ကြွ​တော်​မူ​သည်​ကို​မြင်​ကြ​ရ​ပါ​မူ သင်​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​မည်​နည်း။-
روح است که زنده می‌کند و اما ازجسد فایده‌ای نیست. کلامی را که من به شمامی گویم روح و حیات‌است. ۶۳ 63
၆၃ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​က​သာ​လျှင် အ​သက်​ကို​ရှင်​စေ​နိုင်​၏။ လူ​တို့​၏​တန်​ခိုး စွမ်း​ရည်​မူ​ကား​မည်​သို့​မျှ​မ​တတ်​နိုင်။ သင် တို့​အား​ငါ​ပြော​သော​စ​ကား​သည်​အ​သက် ရှင်​စေ​သည့်​ဝိ​ညာဉ်​တော်​နှင့်​သက်​ဆိုင်​၏။-
ولیکن بعضی از شما هستند که ایمان نمی آورند.» زیرا که عیسی از ابتدا می‌دانست کیانند که ایمان نمی آورند وکیست که او را تسلیم خواهد کرد. ۶۴ 64
၆၄သို့​သော်​လည်း​သင်​တို့​အ​နက်​အ​ချို့​သော​သူ တို့​သည်​မ​ယုံ​ကြည်​ကြ'' ဟု​မိန့်​တော်​မူ​၏။ (မည် သူ​တို့​မ​ယုံ​ကြည်​ကြ​သည်​ကို​လည်း​ကောင်း၊ မည်​သူ​သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​နှံ​မည်​ကို​လည်း​ကောင်း သ​ခင်​ယေ​ရှု​သည် အ​စ​က​တည်း​က​ပင်​သိ​တော်​မူ​ပြီး​ဖြစ်​၏။)-
پس گفت: «از این سبب به شما گفتم که کسی نزد من نمی تواند آمد مگر آنکه پدر من، آن را بدو عطاکند.» ۶۵ 65
၆၅ဆက်​လက်​၍​ကိုယ်​တော်​က ``ဤ​အ​ကြောင်း ကြောင့်​ခ​မည်း​တော်​အ​ခွင့်​ပေး​တော်​မ​မူ လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင် ဟု​သင်​တို့​အား​ငါ​ဆို​ခဲ့​ပြီ'' ဟူ​၍​မိန့် တော်​မူ​၏။
در همان وقت بسیاری از شاگردان اوبرگشته، دیگر با او همراهی نکردند. ۶۶ 66
၆၆ထို​အ​ချိန်​မှ​စ​၍​တ​ပည့်​တော်​အ​များ​ပင် အ​ထံ​တော်​မှ​ဆုတ်​ခွာ​လျက် ကိုယ်​တော်​နှင့် အ​တူ​မ​လိုက်​ဘဲ​နေ​ကြ​၏။-
آنگاه عیسی به آن دوازده گفت: «آیا شمانیز می‌خواهید بروید؟» ۶۷ 67
၆၇သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​လည်း ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လို​ကြ​ပါ​သ​လော'' ဟု​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား မေး​တော်​မူ​၏။
شمعون پطرس به اوجواب داد: «خداوندا نزد که برویم؟ کلمات حیات جاودانی نزد تو است. (aiōnios g166) ۶۸ 68
၆၈ရှိ​မုန်​ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ​ထံ​သို့​သွား​ကြ​ရ​ပါ​မည်​နည်း။ ကိုယ် တော်​ရှင်​သာ​လျှင်​ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ တ​ရား​ကို​ဟော​ပါ​၏။- (aiōnios g166)
و ما ایمان آورده و شناخته‌ایم که تو مسیح پسر خدای حی هستی.» ۶۹ 69
၆၉ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ကြွ​လာ​သော​သန့်​ရှင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​တို့​ယုံ​ကြည် သိ​မြင်​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။
عیسی بدیشان جواب داد: «آیا من شما دوازده را برنگزیدم و حال آنکه یکی از شماابلیسی است.» ۷۰ 70
၇၀သ​ခင်​ယေ​ရှု​က ``ငါ​သည်​တစ်​ကျိပ်​နှစ်​ပါး သော​သင်​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ခဲ့​သည် မ​ဟုတ်​ပါ​လော။ သို့​သော်​လည်း​သင်​တို့​တွင် နတ်​မိစ္ဆာ​တစ်​ဦး​ပါ​လျက်​နေ​၏'' ဟု​မိန့်​တော် မူ​၏။-
و این را درباره یهودا پسرشمعون اسخریوطی گفت، زیرا او بود که می‌بایست تسلیم‌کننده وی بشود و یکی از آن دوازده بود. ۷۱ 71
၇၁ရှိ​မုန်​ရှ​ကာ​ယုတ်​၏​သား​ယု​ဒ​သည်​တစ်​ကျိပ် နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော်​လည်း ကိုယ်​တော် အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ဖြစ်​သ​ဖြင့် ထို​သူ​ကို​ရည်​ဆောင်​၍​ဤ​သို့​မိန့်​တော်​မူ​ခြင်း ဖြစ်​သ​တည်း။

< یوحنا 6 >