< یوحنا 21 >
بعد از آن عیسی باز خود را در کناره دریای طبریه، به شاگردان ظاهر ساخت و بر اینطور نمودار گشت: | ۱ 1 |
၁တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊
شمعون پطرس وتومای معروف به توام و نتنائیل که از قانای جلیل بود و دو پسر زبدی و دو نفر دیگر از شاگردان اوجمع بودند. | ۲ 2 |
၂ရှိမုန်ပေတရုနှင့်ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။
شمعون پطرس به ایشان گفت: «میروم تا صید ماهی کنم.» به او گفتند: «مانیز باتو میآییم.» پس بیرون آمده، به کشتی سوارشدند و در آن شب چیزی نگرفتند. | ۳ 3 |
၃ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ။
و چون صبح شد، عیسی بر ساحل ایستاده بود لیکن شاگردان ندانستند که عیسی است. | ۴ 4 |
၄နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။
عیسی بدیشان گفت: «ای بچهها نزد شماخوراکی هست؟» به او جواب دادند که «نی.» | ۵ 5 |
၅ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။
بدیشان گفت: «دام را به طرف راست کشتی بیندازید که خواهید یافت.» پس انداختند و ازکثرت ماهی نتوانستند آن را بکشند. | ۶ 6 |
၆တဖန်ယေရှုက၊ လှေလက်ျားဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူ သည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။
پس آن شاگردی که عیسی او را محبت مینمود به پطرس گفت: «خداوند است.» چون شمعون پطرس شنید که خداوند است، جامه خود را به خویشتن پیچید چونکه برهنه بود و خود را در دریاانداخت. | ۷ 7 |
၇ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။
اما شاگردان دیگر در زورق آمدند زیرااز خشکی دور نبودند، مگر قریب به دویست ذراع و دام ماهی را میکشیدند. | ۸ 8 |
၈အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများ နှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး၍ လာကြ၏။
پس چون به خشکی آمدند، آتشی افروخته و ماهی بر آن گذارده و نان دیدند. | ۹ 9 |
၉ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။
عیسی بدیشان گفت: «از ماهیای که الان گرفتهاید، بیاورید.» | ۱۰ 10 |
၁၀ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ၏။
پس شمعون پطرس رفت و دام را برزمین کشید، پر از صد و پنجاه و سه ماهی بزرگ وبا وجودی که اینقدر بود، دام پاره نشد. | ۱۱ 11 |
၁၁ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက် ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။
عیسی بدیشان گفت: «بیایید بخورید.» ولی احدی ازشاگردان جرات نکرد که از او بپرسد «تو کیستی»، زیرا میدانستند که خداوند است. | ۱۲ 12 |
၁၂ယေရှုကည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ။
آنگاه عیسی آمد و نان را گرفته، بدیشان داد و همچنین ماهی را. | ۱۳ 13 |
၁၃ယေရှုသည် လာ၍မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။
و این مرتبه سوم بود که عیسی بعد ازبرخاستن از مردگان، خود را به شاگردان ظاهرکرد. | ۱۴ 14 |
၁၄ထိုပြတော်မူခြင်းကား၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
و بعد از غذا خوردن، عیسی به شمعون پطرس گفت: «ای شمعون، پسر یونا، آیا مرابیشتر از اینها محبت مینمایی؟» بدو گفت: «بلی خداوندا، تو میدانی که تو را دوست میدارم.» بدو گفت: «بره های مرا خوراک بده.» | ۱۵ 15 |
၁၅နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
باز درثانی به او گفت: «ای شمعون، پسر یونا، آیا مرامحبت مینمایی؟» به او گفت: «بلی خداوندا، تومی دانی که تو را دوست میدارم.» بدو گفت: «گوسفندان مرا شبانی کن.» | ۱۶ 16 |
၁၆တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။
مرتبه سوم بدوگفت: «ای شمعون، پسر یونا، مرا دوست میداری؟» پطرس محزون گشت، زیرا مرتبه سوم بدو گفت «مرا دوست میداری؟» پس به اوگفت: «خداوندا، تو بر همهچیز واقف هستی. تومی دانی که تو را دوست میدارم.» عیسی بدوگفت: «گوسفندان مرا خوراک ده. | ۱۷ 17 |
၁၇ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
آمین آمین به تو میگویم وقتی که جوان بودی، کمر خود رامی بستی و هر جا میخواستی میرفتی ولکن زمانی که پیر شوی دستهای خود را دراز خواهی کرد و دیگران تو را بسته بهجایی که نمی خواهی تو را خواهند برد.» | ۱۸ 18 |
၁၈ငါအမှန်အကန်ဆိုသည်ကား၊ ဥင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
و بدین سخن اشاره کردکه به چه قسم موت خدا را جلال خواهد داد وچون این را گفت، به او فرمود: «از عقب من بیا.» | ۱۹ 19 |
၁၉တိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။
پطرس ملتفت شده، آن شاگردی که عیسی او را محبت مینمود دید که از عقب میآید؛ وهمان بود که بر سینه وی، وقت عشا تکیه میزد وگفت: «خداوندا کیست آن که تو را تسلیم میکند.» | ۲۰ 20 |
၂၀ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကားအဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက် သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊
پس چون پطرس او را دید، به عیسی گفت: «ای خداوند و او چه شود؟» | ۲۱ 21 |
၂၁သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊
عیسی بدوگفت: «اگر بخواهم که او بماند تا باز آیم تو را چه؟ تو از عقب من بیا.» | ۲۲ 22 |
၂၂ယေရှုက၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ် သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
پس این سخن در میان برادران شهرت یافت که آن شاگرد نخواهد مرد. لیکن عیسی بدو نگفت که نمی میرد، بلکه «اگربخواهم که او بماند تا باز آیم تو را چه.» | ۲۳ 23 |
၂၃ထိုစကားတော်ကိုထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရဟုအနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ်။ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။
و این شاگردی است که به این چیزها شهادت داد و اینهارا نوشت و میدانیم که شهادت او راست است. | ۲۴ 24 |
၂၄ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။
و دیگر کارهای بسیار عیسی بهجا آورد که اگرفرد فرد نوشته شود گمان ندارم که جهان هم گنجایش نوشتهها را داشته باشد. | ۲۵ 25 |
၂၅သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။