< یوحنا 20 >
بامدادان در اول هفته، وقتی که هنوز تاریک بود، مریم مجدلیه بهسر قبرآمدو دید که سنگ از قبر برداشته شده است. | ۱ 1 |
၁တနင်္ဂနွေနေ့မိုးမလင်းမီမှောင်လျက်နေသေး စဉ်အခါမာဂဒလမြို့သူမာရိသည်သင်္ချိုင်း တော်သို့လာရာဂူဝမှကျောက်တုံးကိုဖယ် ရှားထားသည်ကိုတွေ့ရ၏။-
پس دوان دوان نزد شمعون پطرس و آن شاگرد دیگرکه عیسی او را دوست میداشت آمده، به ایشان گفت: «خداوند را از قبر بردهاند و نمی دانیم او راکجا گذاردهاند.» | ۲ 2 |
၂သူသည်ရှိမုန်ပေတရုနှင့်သခင်ယေရှုချစ် တော်မူသောတပည့်တော်ထံသို့ပြေးသွားပြီး လျှင် ``သခင်ဘုရားကိုသင်္ချိုင်းတော်မှယူဆောင် သွားကြလေပြီ။ အဘယ်မှာထားကြသည်ကို မသိပါ'' ဟုပြော၏။
آنگاه پطرس و آن شاگرد دیگربیرون شده، بهجانب قبر رفتند. | ۳ 3 |
၃ထိုအခါပေတရုနှင့်အခြားတပည့်တော် သည်သင်္ချိုင်းတော်သို့ပြေးသွားကြ၏။-
و هر دو با هم میدویدند، اما آن شاگرد دیگر از پطرس پیش افتاده، اول به قبر رسید، | ۴ 4 |
၄ထိုသူနှစ်ဦးသည်အတူပြေးကြသော်လည်း အခြားတပည့်တော်ကပေတရုထက်လျင် မြန်စွာပြေး၍သင်္ချိုင်းတော်သို့ဦးစွာရောက် လေသည်။-
و خم شده، کفن راگذاشته دید، لیکن داخل نشد. | ۵ 5 |
၅သူသည်ငုံ့၍ကြည့်လိုက်ရာဂူထဲတွင်ပိတ် များကျန်ရစ်သည်ကိုမြင်ရ၏။ သို့သော်သူ သည်ဂူထဲသို့မဝင်ဘဲနေ၏။-
بعد شمعون پطرس نیز از عقب او آمد و داخل قبرگشته، کفن را گذاشته دید، | ۶ 6 |
၆သူ၏နောက်ကလိုက်လာသူရှိမုန်ပေတရု သည်လည်းရောက်လာပြီးနောက်ဂူထဲသို့ဝင် ရာပိတ်များကျန်ရစ်ခဲ့သည်ကိုလည်းကောင်း၊-
و دستمالی را که بر سر او بود، نه با کفن نهاده، بلکه در جای علیحده پیچیده. | ۷ 7 |
၇ကိုယ်တော်၏ဦးခေါင်းတော်မှပဝါသည်ထိုပိတ် များနှင့်အတူမရှိဘဲတစ်နေရာတွင်သီးသန့် လိပ်လျက်ရှိသည်ကိုလည်းကောင်းမြင်လေ၏။-
پس آن شاگرد دیگر که اول بهسر قبرآمده بود نیزداخل شده، دید و ایمان آورد. | ۸ 8 |
၈ထိုနောက်သင်္ချိုင်းတော်သို့ဦးစွာရောက်ရှိသည့် အခြားတပည့်တော်သည်လည်းဂူထဲသို့ဝင် လျှင်ထိုအခြင်းအရာကိုတွေ့မြင်ရသဖြင့် ယုံကြည်လေ၏။-
زیرا هنوز کتاب را نفهمیده بودند که باید او از مردگان برخیزد. | ۹ 9 |
၉(ကိုယ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် ရမည်ဟူသောကျမ်းစကားကိုထိုသူတို့နား မလည်ကြသေးချေ။)-
پس آن دو شاگرد به مکان خود برگشتند. | ۱۰ 10 |
၁၀ထိုနောက်တပည့်တော်နှစ်ဦးတို့သည်ပြန်ကြ၏။
اما مریم بیرون قبر، گریان ایستاده بود وچون میگریست به سوی قبر خم شده، | ۱۱ 11 |
၁၁မာရိသည်သင်္ချိုင်းတော်အနီးတွင်ငိုကြွေးလျက် ရပ်နေ၏။ သူသည်ငိုကြွေးနေစဉ်ငုံ့၍ဂူထဲသို့ ကြည့်လိုက်ရာ၊-
دوفرشته را که لباس سفید در بر داشتند، یکی به طرف سر و دیگری بهجانب قدم، در جایی که بدن عیسی گذارده بود، نشسته دید. | ۱۲ 12 |
၁၂သခင်ယေရှုအလောင်းတော်၏နေရာခေါင်းရင်း တွင်ကောင်းကင်တမန်တစ်ပါး၊ ခြေရင်းတွင် တစ်ပါး၊ ကောင်းကင်တမန်နှစ်ပါးဝတ်ဖြူစင် ကြယ်နှင့်ထိုင်နေသည်ကိုမြင်ရ၏။-
ایشان بدوگفتند: «ای زن برای چه گریانی؟» بدیشان گفت: «خداوند مرا بردهاند و نمی دانم او را کجاگذاردهاند.» | ۱۳ 13 |
၁၃ကောင်းကင်တမန်များက ``အချင်းအမျိုး သမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း'' ဟုမေး၏။ မာရိက ``ကျွန်မ၏အရှင်ကိုသူတို့ယူဆောင် သွားလေပြီ။ ကိုယ်တော်အားအဘယ်အရပ်မှာ ထားကြသည်ကိုကျွန်မမသိပါ'' ဟုဆို၏။
چون این را گفت، به عقب ملتفت شده، عیسی را ایستاده دید لیکن نشناخت که عیسی است. | ۱۴ 14 |
၁၄ဤသို့ဆိုပြီးလျှင်နောက်သို့လှည့်၍ကြည့်ရာ သခင်ယေရှုရပ်လျက်နေတော်မူသည်ကိုမြင် သော်လည်းသခင်ယေရှုဖြစ်သည်ကိုမသိ။-
عیسی بدو گفت: «ای زن برای چه گریانی؟ که را میطلبی؟» چون او گمان کردکه باغبان است، بدو گفت: «ای آقا اگر تو او رابرداشتهای، به من بگو او را کجا گذاردهای تا من اورا بردارم.» | ۱۵ 15 |
၁၅သခင်ယေရှုက ``အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ သင်မည် သူ့ကိုရှာသနည်း'' ဟုမေးတော်မူ၏။ ထိုအခါမာရိသည်ကိုယ်တော်ကိုဥယျာဉ်စောင့် ဟုထင်မှတ်ကာ ``ဆရာ၊ ကိုယ်တော်၏အလောင်း တော်ကိုရှင်ယူဆောင်သွားခဲ့ပါလျှင်အဘယ် အရပ်တွင်ထားသည်ကိုကျွန်မအားပြောပြပါ။ ကျွန်မသွား၍ယူပါမည်'' ဟုဆို၏။
عیسی بدو گفت: «ای مریم!» اوبرگشته، گفت: «ربونی (یعنیای معلم ).» | ۱۶ 16 |
၁၆သခင်ယေရှုက ``မာရိ'' ဟုခေါ်တော်မူ၏။ ထိုအခါမာရိသည်လှည့်၍ ဟေဗြဲဘာသာ ဖြင့် ``ရဗ္ဗုနိ'' ဟုထူး၏။ (ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။)
عیسی بدو گفت: «مرا لمس مکن زیرا که هنوزنزد پدر خود بالا نرفتهام. و لیکن نزد برادران من رفته، به ایشان بگو که نزد پدر خود و پدر شما وخدای خود و خدای شما میروم.» | ۱۷ 17 |
၁၇သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။
مریم مجدلیه آمده، شاگردان را خبر داد که «خداوند رادیدم و به من چنین گفت.» | ۱۸ 18 |
၁၈သို့ဖြစ်၍မာဂဒလမြို့သူမာရိသည်တပည့် တော်တို့ထံသွား၍သခင်ဘုရားကိုမိမိတွေ့ မြင်ခဲ့ကြောင်းနှင့်ကိုယ်တော်မည်သို့မိန့်ကြား တော်မူလိုက်ကြောင်းကိုပြောပြ၏။
و در شام همان روز که یکشنبه بود، هنگامی که درها بسته بود، جایی که شاگردان بهسبب ترس یهود جمع بودند، ناگاه عیسی آمده، در میان ایستاد و بدیشان گفت: «سلام بر شما باد!» | ۱۹ 19 |
၁၉တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-
و چون این را گفت، دستها و پهلوی خود را به ایشان نشان داد و شاگردان چون خداوند رادیدند، شاد گشتند. | ۲۰ 20 |
၂၀သို့မိန့်တော်မူပြီးနောက်ကိုယ်တော်၏လက်တော် များနှင့်နံတော်ကိုတပည့်တော်တို့အားပြ တော်မူ၏။ တပည့်တော်တို့သည်သခင်ဘုရား ကိုတွေ့မြင်ရသောအခါဝမ်းမြောက်ကြ၏။-
باز عیسی به ایشان گفت: «سلام بر شما باد. چنانکه پدر مرا فرستاد، من نیزشما را میفرستم.» | ۲۱ 21 |
၂၁ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။-
و چون این را گفت، دمید وبه ایشان گفت: «روحالقدس را بیابید. | ۲۲ 22 |
၂၂ဤသို့မိန့်တော်မူပြီးလျှင်ကိုယ်တော်သည် တပည့်တော်တို့အပေါ်သို့မှုတ်တော်မူလျက် ``သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြ လော့။-
گناهان آنانی را که آمرزیدید، برای ایشان آمرزیده شد وآنانی را که بستید، بسته شد.» | ۲۳ 23 |
၂၃သင်တို့သည်လူတို့၏အပြစ်များကိုဖြေလွှတ် လျှင်သူတို့သည်အပြစ်လွတ်ကြလိမ့်မည်။ သင် တို့မဖြေမလွှတ်လျှင်မူကားသူတို့အပြစ် ပြေလွတ်ကြလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
اما توما که یکی از آن دوازده بود و او را توام میگفتند، وقتی که عیسی آمد با ایشان نبود. | ۲۴ 24 |
၂၄သခင်ယေရှုကြွလာတော်မူချိန်၌ (အမြွှာပူး ဟုနာမည်တွင်သည့်) သောမကားတပည့်တော် တို့နှင့်အတူမရှိ။-
پس شاگردان دیگر بدو گفتند: «خداوند رادیدهایم.» بدیشان گفت: «تا در دو دستش جای میخها را نبینم و انگشت خود را در جای میخهانگذارم و دست خود را بر پهلویش ننهم، ایمان نخواهم آورد.» | ۲۵ 25 |
၂၅သို့ဖြစ်၍အခြားတပည့်တော်များက ``သခင် ဘုရားကိုငါတို့တွေ့မြင်ကြရပြီ'' ဟုသောမ အားပြောဆိုကြ၏။ သောမက ``လက်တော်၌သံရိုက်ရာကိုမမြင်၊ သံရိုက်ရာကိုလက်ညှိုးဖြင့်မတို့မစမ်း၊ နံဘေး တော်ကိုလက်ဖြင့်မစမ်းမသပ်ရလျှင်ငါယုံ မည်မဟုတ်'' ဟုဆို၏။
و بعد از هشت روز باز شاگردان با توما درخانهای جمع بودند و درها بسته بود که ناگاه عیسی آمد و در میان ایستاده، گفت: «سلام بر شماباد.» | ۲۶ 26 |
၂၆ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။-
پس به توما گفت: «انگشت خود را به اینجا بیاور و دستهای مرا ببین و دست خود رابیاور و بر پهلوی من بگذار و بیایمان مباش بلکه ایمان دار.» | ۲۷ 27 |
၂၇ထိုနောက်သောမအား ``သင်၏လက်ညှိုးဖြင့်ဤ နေရာကိုတို့ကြည့်လော့။ ငါ၏လက်များကို ကြည့်လော့။ သင့်လက်ကိုဆန့်၍ငါ၏နံဘေး ကိုစမ်းသပ်လော့။ ယုံမှားသံသယမဖြစ်နှင့်။ ယုံလော့'' ဟုမိန့်တော်မူ၏။
توما در جواب وی گفت: «ای خداوند من وای خدای من.» | ۲۸ 28 |
၂၈သောမက ``အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားပါတကား'' ဟုပြန်၍လျှောက်၏။
عیسی گفت: «ای توما، بعد از دیدنم ایمان آوردی؟ خوشابحال آنانی که ندیده ایمان آورند.» | ۲۹ 29 |
၂၉သခင်ယေရှုက ``သင်သည်ငါ့ကိုမြင်ရ၍ ယုံကြည်သလော။ ငါ့ကိုမမြင်ရဘဲယုံကြည် သူတို့သည်မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
و عیسی معجزات دیگر بسیار نزد شاگردان نمود که در این کتاب نوشته نشد. | ۳۰ 30 |
၃၀ဤကျမ်းတွင်ရေးမထားသောအခြားများစွာ သောအံ့သြဖွယ်နိမိတ်လက္ခဏာများကိုလည်း သခင်ယေရှုသည်တပည့်တော်တို့ရှေ့မှောက်တွင် ပြတော်မူ၏။-
لیکن این قدرنوشته شد تا ایمان آورید که عیسی، مسیح و پسرخدا است و تا ایمان آورده به اسم او حیات یابید. | ۳۱ 31 |
၃၁သို့ရာတွင်သခင်ယေရှုသည်ဘုရားသခင်၏ သားတော်မေရှိယအရှင်ဖြစ်တော်မူကြောင်း သင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ယင်း သို့ယုံကြည်ခြင်းအားဖြင့်ကိုယ်တော်၏နာမ တော်ကိုအမှီပြု၍အသက်ကိုရနိုင်ကြစေ ရန်လည်းကောင်းဤကျမ်းကိုရေးသားပြုစု သတည်း။